ဖန်းလုံ
Vol. 95 Ch. 4.936
ယိုးမင်သည် သူ့စိတ်ထဲက ဒေါသထွက်နေသော ခံစားချက်များကြောင့် သူ့မျက်နှာက တင်းမာနေသည်။ မျှော်ကြည့်လိုက်တော့ ဖန်းလုံဖြစ်နေရာ သူ့စိတ်ထဲက မကျေနပ်မှုတွေကို မျိုသိပ်ပြီး။
"အဲဒီမိန်းမရဲ့ဓားက တကယ်ကို အထင်ကြီးစရာပဲ... မင်းမှာ သတ္တိရှိရင် တက်သွားခုတ်လိုက်"
"ဒါက လှည့်ကွက်ပဲ သေသေချာချာ ကြည့်ပြီး သင်ယူ...."
သူသည် သူ့လက်ဖဝါးဖြင့် ဆန့်ထုတ်လိုက်သည်နှင့် လီလင်ရွှမ်း၏ ပေါင်ကို ထိမှန်သွား၏။ ထိုအခိုက် သူ့လက်ထဲမှာ ပုလဲပန်းပွင့်လေး တစ်ပွင့် ပါလာခဲ့သည်။ ဖန်းလုံသည် ထိုပုလဲပန်းလေးကို နှာသီးဖျားမှာ ညင်သာစွာ နမ်းလိုက်ရင်း။
"အနံ့အရမ်းကောင်းတယ်!"
လီလင်ရွှမ်း၏ အေးစက်သော ပါးပြင်မှာ ပထမဆုံးအကြိမ်အဖြစ် အမူအရာများ ပြောင်းလဲသွားတော့သည်။ သူမမျက်ခုံးများမှ ကြောက်ရွံ့မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။ အစောတုန်းက ပုလဲပန်းကို မထိဘဲ လက်ဖဝါးနဲ့ ပေါ့ပေါ့ပါးပါး ရိုက်လိုက်မယ်ဆိုရင် သူမ သေလိမ့်မယ်။
"နတ်မီးနယ်ပယ် အဆင့်၅ နတ်မီးခြောက်လုံး.... ဖန်းလုံပါ...."
ဖန်းလုံ၏ ပါးစပ်ထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေပြီး သူ့မျက်လုံးများက ခရမ်းရောင် အလင်းရောင်များဖြင့် တောက်ပနေသောကြောင့် သူ့ကို ပို၍ပင် ထူးဆန်းနေစေသည်။
"ပန်းတစ်ပွင့်ကို ရက်ရက်စက်စက် လက်နဲ့ ဖျက်လိုက်တာက အလှတရားကို နားမလည်တဲ့ သူတွေပဲ လုပ်လိမ့်မယ်.... လှပတဲ့ မိန်းမတွေကို ငါကတော့ အရမ်း မြတ်နိုးတယ် နတ်သမီး ငါတို့ ဒီကစားပွဲမှာ ကြိုးချည်လိုက်ကြမယ် ဘယ်လိုလဲ"
လီလင်ရွှမ်း၏ ပါးစပ်ထောင့်များ တုန်လှုပ်သွားသည်။ ဒီကောင်က သူမကို မျက်လုံးထဲ လုံးဝ မထည့်ထားတာ အသိသာကြီး။ စိတ်ကောင်းစေတနာကောင်းဖြင့် အဆိုပြုပုံရသော်လည်း အမှန်တကယ်တော့ သူမကို ခြိမ်းခြောက်နေသူပင်။
လီလင်ရွှမ်း ဧကရာဇ်လက်နက်ကို ဆွဲထုတ်ကာ ဖန်းလုံအား ဓားဖျားကို ထိုးညွှန်လိုက်သည်။
"ငါ့ကို ပြန်ဆုတ်စေချင်ရင် နင့်မှာ အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့"
"ဓားကိုကြည့်စမ်း!"
သူမက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင်တစ်ခု လွှတ်ထုတ်လိုက်သည်။ ဖန်းလုံမှာ သူ့ကို ဓားစွမ်းအင်တွေ ဗုံးကြဲလယပေမယ့် ရှောင်ဖို့တောင် မကြိုးစားတော့ဘဲ သူ့လက်ဖဝါးက ဓားစွမ်းအင်ကို တစ်ချက် ဆုပ်ကိုင်လိုက်ပြီး အပိုင်းပိုင်း ခွဲပစ်လိုက်သည်။
"ဟား ဟား ဟား!"
"အလှလေး ဒီအကွက်ကို ထပ်ပြီး မသုံးပါနဲ့.
.. အခုပဲ အမြန်ဆုံး လှုပ်ရှားလိုက်ပါ မဟုတ်ရင် မင်းကို စိတ်ဆိုးအောင် လုပ်မိမှ နောင်တရနေလိမ့်မယ်နော်"
ဖန်းလုံ၏ စကားများသည် မောက်မာခြင်းနှင့် အထင်အမြင် သေးခြင်းများဖြင့် ပြည့်နှက်နေသော်လည်း အမှန်ပင် သူ့တွင် ထိုစွမ်းရည်ရှိနေခဲ့ပါသည်။
သူတို့ပတ်ဝန်းကျင်ကို ကြည့်နေသော လူတိုင်းမှာ အနည်းငယ် စိတ်ဓာတ်ကျလာသည်။ ဖန်းလုံသည် လှုပ်ရှားမှုနှစ်ခုသာ ပြုလုပ်ခဲ့သော်လည်း လီလင်ရွှမ်း အတွက် အမှန်တကယ်ပင် မယှဉ်နိုင်တော့မှန်း လူတိုင်းမြင်နိုင်သည်။ ထို့အပြင် ကွာဟချက်သည် အလွန်ထင်ရှားနေပြီလေ။
ခွန်အားဖြစ်စေ အရည်အချင်းအရဖြစ်စေ ဤလူအားလုံးသည် လူသားတို့၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားသော ပါရမီရှင်များ ဖြစ်သည်။
"လင်ရွှမ်း.... ဆင်းလာခဲ့တော့ မင်းသူ့ကို မယှဉ်နိုင်ဘူး..."
ဧကရာဇ်လက်နက်ကို ကိုင်ထားသည့် လီလင်ရွှမ်း၏ လက်ဖဝါးများ တင်းမာနေကာ တွန့်ဆုတ်မှု အပြည့်ဖြင့်။ သူမလက်မောင်းတွင်ရှိ သွေးကြောများ ပေါက်ထွက်တော့မတတ်ပင်။
"တခြားသူတွေရဲ့ စကားကို နားထောင်လိုက်ပါ... မင်းငါနဲ့ မယှဉ်နိုင်ဘူး... မင်းကငါ့ကို တိုက်ခိုက်ဖို့တောင် မထိုက်တန်ဘူး ဒီမှာရှိတဲ့ ငါ့ရဲ့ ရွယ်တူတွေကြားမှာ ငါ့ကိုတိုက်ခိုက်ထိုက်သူ တစ်ယောက်ပဲ ရှိတယ်"
ဖန်းလုံ လူအုပ်ထဲသို့ လက်ညှိုးညွှန်ပြပြီးနောက် သူ့လက်ညှိုးက လုရွှမ်အပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ဆင်းသက်သွားသည်။ လုရွှမ် ဘေးကို လှည့်ကြည့်လိုက်တော့ စုံစမ်းမေးမြန်းတဲ့အိတ် ပေါင့်တာထင်းမှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး သူဘယ်ရောက်သွားမှန်း မသိလိုက်ချေ။
လူတိုင်းရဲ့ မျက်လုံးများက ဤဘက်သို့လှည့်သွားပြီးနောက် လုရွှမ်ကို တွေ့လိုက်ကြသည်။ ဖန်းလုံ စိတ်ဝင်စားတဲ့လူက လုရွှမ် ဆိုတာကို လူတော်တော်များများ သိလိုက်စဥ် ထိုသူက ကောင်းကင်ဘုံသခင် ဖြစ်နေလေသည်။
လုရွှမ်၏ နာမည်သည် လွန်ခဲ့သော နှစ်လအတွင်း အလွန်ပျံ့နှံ့ခဲ့ပြီး ဒဏ္ဍာရီမျိုးစုံကို သူ့နာမည်ဖြင့် တံဆိပ်ခတ်ထားသော်လည်း သူ၏ ခွန်အားအစစ်အမှန်ကို ဘယ်သူမှ မသိနိုင်သေးပေ။
ယခုမူ ထန်းယွမ်မြို့ရှိ အဓိက အင်အားစု ကိုးခု၏ မျိုးဆက်သစ် မျိုးဆက်သစ်များကိုပင် အခြားသူများက သတိမထား မိကြသော်လည်း လုရွှမ်ကိုတော့ ၎င်းတို့ သတိမထားမိသော အပြင်လူဟု အတိအကျ အမည်ပေးထားသည်။
လုရွှမ်၏အမူအရာမှာ ဘာမှမထူးခြားသလိုပါပဲ။ သူသည် ကောင်းကင်တွင် မြင့်မားစွာ ပျံဝဲနေသည်။ သူ့ရဲ့တည်ရှိမှုကို မမြင့်သော်လည်း တောင်ငယ်တစ်လုံးကဲ့သို့ ဖြစ်နေသည်။ သူ့ရောင်ဝါက ငြိမ်သက်နေကာ မျှော်စင်နယ်ပယ်များ ရှိသော်လည်း မတုန်မလှုပ်ပင်။
"မင်းက လုရွှမ်ဖြစ်ရမယ်... မင်းနာမည်ကို ငါ ကြားဖူးနေတာ ကြာပြီ... မင်းရဲ့တိုက်ခိုက်နိုင်စွမ်းကိုလည်း ငါ အရမ်းသိချင်နေတာ... လာ တစ်ပွဲလောက် တိုက်ရအောင်!"
လုရွှမ်သည် လူတိုင်း မျှော်လင့်ထားသည့်ပုံစံကို လျစ်လျူရှုပြီး ပေါ့ပေါ့ပါးပါး တိုးတိုးလေး ပြောလိုက်သည်။
"ဘာမလို့လဲ?"
ဖန်းလုံ ခဏလောက် အံ့သြသွား၏။
"ဘာမလို့လဲ ဟုတ်လား... မင်းတို့လူသားတွေတော့ မျက်နှာပျက်သွားပြီ... မင်းလည်း လူသားမျိုးနွယ်ပဲလေ... မင်းမျက်နှာကို ပြန်မလိုချင်ဘူးလား"
"သူတို့က သူတို့... ငါက ငါ... သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်ကွဲမှုက ငါနဲ့ ဘာဆိုင်လို့လဲ?"
ဖန်းလုံက အကျယ်ကြီး ရယ်မောချလိုက်သည်။
"မင်းက နာမည်ပျက်တဲ့လူပဲ... မင်းငါ့ကို မတိုက်ခိုက်ရဲဘူးပေါ့လေ... ဟားဟား မင်းတို့လူသားတွေ အဲဒီကတည်းက ကျဆုံးသွားခဲ့ပြီ တကယ် ရှက်ဖို့ကောင်းလိုက်တာကွာ ဒါပေမဲ့ မင်းတို့လူသားတွေ အားနည်းပြီး ကျောရိုးမရှိတာ သဘာဝပါပဲ"
"လူသားမျိုးနွယ် ပြိုလဲသွားမယ်လို့ ဘယ်သူပြောလဲ.... ကောင်လေး မင်းရဲ့စကားတွေကို ဆင်ခြင်ပြီး ပြောစမ်းပါ... လုရွှမ် မင်းကိုမတိုက်ခိုက်ချင်တာက မင်းကို သူ့မျက်လုံးထဲ မထည့်ထားလို့ပဲ...ဟားဟား ခေါင်းမညိတ်တာနဲ့ပဲ မင်းကို ကြောက်တယ် ဖြစ်သွားရောလား... အဲဒါမင်းကို အာရုံစိုက်ဖို့ ပျင်းလွန်းလို့ပဲကွ!"
လူအုပ်ထဲတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာပြီး လူအများကလည်း ထိုအသံကို မှတ်မိနေကြသည်။ အဲဒါအစောတုန်းက ကျောင်းတန်းဖုန်းကို သွေးအန်စေခဲ့တဲ့ အသံပဲ မဟုတ်ပါလား။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီး နောက်မှ အသံထွက်လာပြန်သည်။
လုရွှမ်သည် ဤအသံနှင့် ရင်းနှီးလွန်းပြီး ပေါင့်တာထင်းမှန်း ချက်ချင်း သိသည်။ သူသည် ထိုအကြောင်းကို မေးဖူးသော်လည်း ယခု သူဘယ်ရောက်သွားမှန်း မသိပေ။ ပြီးတော့ ဒီလိုပွဲမျိုးကျရင် တကယ်ကြီး ထွက်လာတတ်သည်။
သေချာတာကတော့ ဖန်းလုံ ဒေါသထွက်နေပါပြီ။
"ကံကောင်းချင်လိုက်တာ... မင်းငါ့ကို အနိုင်ယူနိုင်သမျှ ငါတတ်နိုင်သမျှ ပေးနိုင်တယ်... ငါအနိုင်ရရင် မင်းရဲ့ နတ်လက်နက်ကို လိုချင်တယ်"
သူ့မျက်လုံးများထဲတွင် မာနအရိပ်အယောင်များ ပေါ်လွင်လာကာ အသံရှင်က ဘယ်သူလဲ၊ ဘာရည်ရွယ်ချက်လဲ မသိပေမယ့် သူကတော့ စင်မြင့်ပေါ်တက်ပြီး လုရွှမ်ကို တိုက်ခိုင်းလိုက်သည်။ လူတော်တော်များများက အရှက်မရှိတဲ့ ဖန်းလုံကို အော်ဟစ် ငေါက်ငေါ့တာမျိုး မလုပ်နိုင်ကြဘူး။
ဤလူများသည် သူတို့ကိုယ်၌က ပစ္စည်းကောင်းများ ရှိကြသော်လာ်း လုရွှမ်ရဲ့ နတ်လက်နက်ကို အမှန်တကယ် လိုချင်ကြသည်။ လူတိုင်းလိုလို ထိုနတ်လက်နက်ကို လိုချင်နေကြတာပါပဲ။
လူတိုင်းက မကျေမနပ် ဖြစ်ပြီး နည်းနည်းတော့ နာကျည်းမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် အများစုကတော့ ဒီအဖြစ်မှန်ကို အသိအမှတ် ပြုကြပါ၏။
လုရွှမ်လက်ထဲက နတ်လက်နက်ဟာ အဲဒီလူအုပ်စု လက်ထဲရောက်သွားရင် လုယူဖို့ ပိုလွယ်သွားပြီလေ။
"အစ်ကိုလု.... မင်း ဒီလူတွေရဲ့ လက်ထဲက ရတနာတွေကို မလိုချင်ဘူးလား? ကောင်းကင်ဘုရင်က ခန်းမရှစ်ခန်း ထားခဲ့တယ် ဒါပေမဲ့ ခန်းမတစ်ခုစီမှာ အခင်းအကျင်းနဲ့ ရတနာတစ်ခု ကျန်ခဲ့တယ်... အဲဒီရတနာရှစ်ခုကနေ ရတနာကို မင်း ဆွဲထုတ်နိုင်တယ်... လုရွှမ် မင်းဒီအကြောင်းကို သိနေတာကြာပြီ မဟုတ်လား?"
"ငါတို့လည်း ဒီကောင်ကို သင်ခန်းစာပေးပြီး ရတနာကို ပြန်ယူနိုင်မယ် ဟုတ်တယ်မလား"
သူ့နားထဲတွင် ပေါင့်တာထင်းထံမှ အသံစွမ်းအင် တစ်ခု ရုတ်တရက် ရောက်လာသည်။ လုရွှမ်သည် ဤလျှို့ဝှက်ချက်ကို သူနဲ့ ရွှမ်ကျီးကသာ သိခဲ့သော်လည်း ပေါင့်တာထင်းကပါ ၎င်းကို သိနေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
"ဟေး....အများကြီး လျှောက်မတွေးနဲ့လေ ငါဘယ်သူလဲ... ငါက ပေါင့်တာထင်း မဟုတ်ဘူးလား"
ခဏလောက် စဉ်းစားပြီးနောက် လုရွှမ်သည် ပေါင့်တာထင်းနှင့်ပတ်သက်သော သံသယများကို သူ့နှလုံးသားထဲမှ ဖျောက်ပစ်လိုက်နိုင်ခဲ့သည်။ အနည်းဆုံးတော့ ပေါင့်တာထင်း ပြောတာ မှန်ပါသည်။ သူ အဲဒီရတနာတွေကို အရင်ယူရမယ်။
"ကောင်းပြီ... မင်းက လက်ဆောင်တစ်ခု ပေးချင်တယ် ဆိုမှတော် ငါက ဘာလို့ ပြန်မပေးနိုင်ရမှာလဲ? မင်းငါ့ရဲ့ နတ်ဓားကို လိုချင်ရင် ရတယ်... ငါအဲဒီကောင်းကင်မျို သားရဲရဲ့ လက်ဖဝါးကို လိုချင်တယ်"
လုရွှမ် ပြောလိုက်ပြီး ကောင်းကင်မျိုသားရဲမှ လူအဖြစ် ပြောင်းလဲသွားတဲ့ ကျင့်ကြံသူကို ညွှန်ပြလိုက်သည်။ တခြားလူများနှင့် မတူဘဲ သူ့ညာလက်မှ ရောင်စုံအလင်းတန်းများ ဖြာထွက်တေကာ အလွန်တရာမှ မှော်ဆန်သည့် အရာ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။