← Chapters

လော်ရှနွီ

Vol. 95 Ch. 4.939

လော်ရှနွီ

Vol. 95 Ch. 4.939

"လူကြီးမင်း ခင်ဗျား နောင်တရချင်​နေတာ​တော့ မဟုတ်ဘူးမလား"

လုရွှမ် ဆိုလိုက်သည်။

ကောင်းကင်မျိုတဲ့သားရဲပါ နောင်တရရုံတင်မကဘဲ လုရွှမ်နဲ့ အလောင်းအစား လုပ်ခဲ့တဲ့ လူလေးယောက်လည်း နောင်တရသွားခဲ့သည်။ အကျိုးကျေးဇူး ကြီးကြီးမားမား ရနိုင်မယ်လို့ ထင်မိပေမယ့် ပိုက်ဆံအကုန်လုံး ဆုံးရှုံးသွားမယ်လို့ ဘယ်သူက ထင်မှာလဲ။

လုရွှမ် သူတို့ရတနာများကို မယူဆောင်သွားသော အခြားသူများကတော့ ယခုအချိန်မှာ အလွန်ပျော်ရွှင်နေပါ​ပြီ။ ကံကောင်းထောက်မစွာနဲ့ လုရွှမ်သည် ၎င်းတို့၏ ရတနာများကို မျက်လုံးထဲ မထည့်ခဲ့ပေ။ မဟုတ်ပါက သူတို့​သည်လည်း ထိုလေးယောက်လို ငိုနေရပေလိမ့်မည်။

ကောင်းကင်မျိုတဲ့သားရဲက ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်သည်။

"ငါ့ရဲ့ အမှတ်အသားက ဘယ်လိုပဲ ဖြစ်နေပါစေ ငါ့ရဲ့ကတိကို သဘာဝအတိုင်း ဖျက်မှာ မဟုတ်ဘူး.... ဒါပေမဲ့ လူသား​ဖြစ်တဲ့ မင်းဆီကိုတော့ ငါမပေးချင်ဘူး... ဒီလိုလုပ်မယ် ငါ့ဘက်က နောက်တစ်ယောက် ထပ်ထည့်မယ်... လော်ရှနွီ... မင်းသူ့ကို အနိုင်ယူနိုင်ရင် ငါ့ရဲ့ကောင်းကင်ကို မျိုချနိုင်တဲ့ မှော်အစွမ်းကို မင်းဆီ မဆိုင်းမတွ လွှဲပေးမယ်"

ကောင်းကင်ကို မျိုချနိုင်တဲ့ အစွမ်းက မှော်ဆန်တဲ့ စွမ်းအားပဲ ဖြစ်သည်။ လူတိုင်း၏ မျက်လုံးများက ချက်ချင်း ပူလောင်လာသည်။ လုရွှမ်ဆီက်ုလည်း မျှော်လင့်ချက်များ၊ ငြူစူမှုများဖြင့် ကြည့်နေသည်။

"အရှက်မရှိဘူး... ကတိမတည်ဘူး.... တစ်ကြိမ်ရှုံးရင် ဒုတိယအကြိမ် ထပ်လောင်းချင်လိမ့်မယ် ဟမ့် ဒုတိယ အကြိမ်ရှုံးရင် တတိယအကြိမ် လောင်းချင်ဦးမလား ဘယ်သူက သိမှာလဲ?"

ပေါင့်တာထင်း၏ လေသံသည်​ လူအုပ်​ကြားထဲတွင်​ ထပ်​​မံ ထွက်ပေါ်လာသည်​။ ကောင်းကင်မျို သားရဲ၏ မျက်နှာသည်လည်း မည်းမှောင်သွားကာ ဒေါသတကြီး ပြန်ဟောက်သည်။

"ဘယ်သူလဲ....ထွက်လာခဲ့စမ်း!"

သူ့မျက်လုံးတွေက လူအုပ်ကြားထဲ လှည့်ပတ်သွားပေမယ့် ဘယ်သူက စကားပြောနေမှန်း မပြောနိုင်ဘူး ဖြစ်နေသည်။

လုရွှမ်က ပြုံးပြီးပြော၏။

"မင်း ဘာပြောလိုက်တယ်? မင်းရဲ့ကတိကို ဆက်ဖောက်ဖျက်ပြီး ကောင်းကင်ကို ထပ်မျိုချလိုက်ရင် ဘယ်လိုလုပ်မလဲ"

"ငါ့စကားကို မစောင့်ထိန်းဘူးဆိုရင် မြှားထောင်ချီစိုက်ပြီး သေစေ!"

"ကောင်းပြီ... ငါမင်းကို ယုံလိုက်မယ်"

လုရွှမ် ထိုစကားကို ယူလိုက်ပြီး အရင်က သူနဲ့ အလောင်းအစား လုပ်ထားတဲ့ လူလေးယောက်ကို ကြည့်လိုက်သည်။

"အလောင်းအစားကို ဆက်လုပ်ချင်လား... ဒါမှမဟုတ် အခုရှုံးနိမ့်တာကို ဝန်ခံပြီး မင်းတို့ရဲ့အရာတွေအတွက် ပေးဆပ်ချင်လား"

လူလေးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ တစ်ယောက်က "ထပ်လောင်းစားချင်လား" ဟု ရုတ်တရက် အော်ကာ ကျန်နှစ်ယောက်က ခေါင်းညိတ်ပြသော်လည်း ပထမလူကြီးမှာတော့ ခဏလောက် စဉ်းစားပြီး ချန်ခွမ်းခေါင်းလောင်းကို လွှဲပေးလိုက်သည်။

"ဉာဏ်ကောင်းတဲ့သူပဲ... မင်းသုံးယောက်က သေသေချာချာ စဉ်းစားပြီးပြီလား... ဒီတစ်ခေါက်ရော ဘာနဲ့ လောင်းမှာလဲ? ရတနာတွေ မရှိရင် စွမ်းအင်သလင်းကျောက်တွေကို သုံးနိုင်တယ်... လူတစ်​ယောက်ကို စွမ်းအင်သလင်းကျောက် သန်းငါးဆယ်.... ငါရှုံးရင် အနည်းဆုံး အဆင့်၆ ဧကရာဇ်လက်နက်ကို ပေးမယ်.... ဘယ်သူမဆို ပါဝင်နိုင်တယ်”

စွမ်းအင်သလင်းကျောက် သန်းငါးဆယ်။ လုရွှမ် သန့်စင်ထားသော အဆင့်၆ ဧကရာဇ်ဧကရာဇ်လက်နက်ကို အနည်းဆုံး သန်း၅၀နဲ့ လောင်းနိုင်မှာတဲ့လား။ ဘာပဲဖြစ်ဖြစ် လုရွှမ်ဆီက ဧကရာဇ်လက်နက်များ​၏ အရည်အသွေးသည် အာမခံချက်တစ်ခု ဖြစ်သည်။

ပထမအဆင့် ဧကရာဇ်လက်နက် ဓားပျံဆိုလျှင် သလင်းကျောက် ၂၅ သန်းတန်ဖိုးရှိပြီး အဆင့်၆ ဧကရာဇ်လက်နက်သည် စွမ်းအင်သလင်းကျောက် သန်းငါးဆယ်သာ တန်ဖိုးရှိလေသည်။ ဒါက အလောင်းအစား လုပ်ဖို့ အရမ်းတန်ပါသည်။

စွမ်းအင်သလင်ကျောက်က ဘာအရေးကြီးလို့လဲ။ အခွင့်အလမ်း တစ်ခုရဖို့အတွက် သန်း 50 ကို အသုံးပြုမယ်ဆိုရင် ကြိုးစားရကျိုး နပ်ပါသည်။

"ရပြီလား?"

"ကောင်းပြီ ငါလောင်းမယ် အဲဒါက စွမ်းအင်သလင်းကျောက် သန်း ၅၀ ပဲမလား... ငါ့ကို ထည့်တွက်လိုက်"

"ငါ့ကိုရော ထည့်တွက်!"

"ငါ့ကိုရော!"

ဤလူများသည် ပထမပွဲတုန်းက မျှော်စင်နယ်ပယ် တစ်ယောက် ရှုံးသွားတဲ့ ကိစ္စကို ထည့်မတွက်နိုင်တော့ဘဲ နားမလည်နိုင်စွာ အော်ဟစ်နေကြ​လေသည်။ များမကြာမီတွင် ကျင့်ကြံသူအယောက် ၃၀၀ ကျော် ပါဝင်လာခဲ့သည်။

တစ်စုံတစ်ယောက်သည် ၎င်းကို တွက်ချက်ကြည့်ရာ လုရွှမ် အနိုင်ရခဲ့ပါက ၎င်းသည် သေးငယ်သော ဂိုဏ်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအင် ၁၅ ဘီလီယံ သလင်းကျောက်များ ရရှိလိမ့်မည်ဟု တွေ့ရှိခဲ့သည်။

လုရွှမ်သည်လည်း အရာအားလုံးကို သဘာဝကျကျ ထည့်သွင်း စဉ်းစားထားပြီး သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးက ပို၍ပို၍ တောက်ပလာလေသည်။ သူသည် စွမ်းအင်သလင်ကျောက်များကို ဒီမှာ စုဆောင်းမိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ လောင်းကစားတွင် ပါဝင်သူဦးရေဟာ နောက်ဆုံး စုစုပေါင်းမှာ ၃၉၇ ဦးအထိ ဖြစ်လာသည်။

"အစ်ကိုပေါင့် ဒီလူတွေကို စောင့်ရှောက်ပေးပါလား!"

"ကောင်းပါပြီဗျာ!"

ပေါင့်တာထင်း၏ အသံက လူအုပ်ထဲမှ ထွက်ပေါ်လာ​ပြန်သည်။ စိတ်ငြိမ်ငြိမ် ထားနေသော ကျင့်ကြံသူတချို့လည်း အံ့ဩသွားကုန်သည်။ လုရွှမ်ကတော့ ဤလူများကို လျစ်လျူရှုပြီး ကွဲပြားသော အုပ်စုမှ အမျိုးသမီးတစ်ဦးကို စိုက်ကြည့်လိုက်သည်။

ထိုအမျိုးသမီးသည် ယိုးမင်၊ ဖန်းလုံတို့နှင့် နှိုင်းယှဉ်ပါက ၎င်းထက် နှစ်ဆပိုမို အားကောင်းနေတာကို သူသတိပြုမိသည်။

အမျိုးသမီးကလည်း လုရွှမ်ရဲ့ မျက်လုံးတွေကို သတိထားမိတာကြောင့် လူအုပ်ထဲမှ ထွက်လာခဲ့၏။ သူမသည် လုရွှမ်ဘက်သို့ လက်သီးလက်ဝါး ဆုပ်လိုက်သည်။

"လော်ရှနွီ.... နတ်မီးအဆင့်၅ နတ်မီးခုနစ်လုံး..."

ချက်ချင်းလက်ငငိး နေရာအနှံ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အော်ဟစ် ပြောဆိုမှုတွေ အများကြီး ထွက်ပေါ်လာကာ လူတိုင်း သူတို့ကြားလိုက်ရတဲ့ အရာကို မယုံနိုင်လောက်အောင် အံ့သြနေကြကာ လှည့်ပတ်ပြီး မေးနေကြလေသည်။

ဤတိုက်ပွဲတွင် အမျိုးသမီးသည် အမှန်တကယ်ပင် အလောင်းအစားတွင် ပါဝင်ခြင်းမပြုသည့် ပါရမီရှင် တစ်ဦးဖြစ်ကြောင်း လူအများက သိရှိခဲ့ကြသည်။ လောင်းကစားတွင် ပါဝင်သူတိုင်းသည် စိတ်လှုပ်ရှားနေပြီး မရှင်းပြနိုင်လောက်အောင် ပျော်ရွှင်နေကြသည်။

"ဟားဟား... လုမျိုးရိုးရေ.. မင်း ငါတို့အတွက်​ လက်​နက်​​တွေ ပြင်​ဆင်​ဖို့ တစ်​သက်​လုံး ​အချိန်ယူပေတော့...!"

အကယ်၍ သူမသည် တားမြစ်လူသား တစ်ဦးဖြစ်ကြောင်း အမှန်ဆိုလျှင် လော်ရှနွီဟူသော ကောင်မလေးကို မြင်သောအခါ သူမသည် ထူးကဲသူဖြစ်ကြောင်း အမှန်တကယ်ပင် မှန်းဆနိုင်ခဲ့သည်။

"လုရွှမ် ကောင်းကင်ဘုံသခင် အဆင့်၇"

မောက်မာသော၊ မာနကြီးပြီး ရိုင်းစိုင်းသော အသံများ ရုတ်ချည်း ကွယ်ပျောက်သွားသည်။

လုရွှမ်က သူတို့ကို မျက်နှာကို အထပ်ထပ် ပါးရိုက်ပြီး သူ့ရန်သူတွေကို သတ်ပစ်တာကို မြင်တော့ လူတွေဟာ သူ့ကျင့်ကြံမှုကို မေ့သွားပုံရသည်။ ယခုအခိုက်အတန့်၌ ထိုစကားကို နားထောင်ရင်း သူတို့ခေါင်းပေါ်သို့ ရေအေးအေးနဲ့ လောင်းချလိုက်သလို နှလုံးတွေပါ တုန်သွားခဲ့​သည်။

လုရွှမ်သည် ကောင်းကင်ဘုံသခင် အဆင့်၇သာ ဖြစ်သော်လည်း ပါရမီရှင်နှင့် ပတ်သက်လာလျှင် သူသည် တခြားသူများထက် များစွာ သာလွန်သည်။

ထိုသို့သော သူများသည် အမှန်တကယ်ပင် အခြားသူများနှင့် ပဋိပက္ခများ ရှိတတ်ကြပြီး အလှည့်တိုင်းတွင် အခြားသူများအတွက် အတားအဆီးများ ထားရှိထားတတ်တာ အမှန်ပင်။

"နင်က အရမ်းပါရမီအား ကောင်းပါတယ်... ဒါပေမဲ့ မကြီး​ပြင်းလာရင်တော့ ပါရမီရှင် မဖြစ်နိုင်တော့ဘူး"

လော်ရှနွီက အော်လိုက်သည်။ သူမအသံသည် အနည်းငယ် မာကျော၏။ သူမခန္ဓာကိုယ်တွင် လက်နက် မရှိသော်လည်း သူမလက်များကတော့ အနည်းငယ် တုန်ယင်နေသည်။

လုရွှမ် ထိုလက်များကို လျှော့မတွက်ဝံ့ပေ။ ထိုလက်များသည် လော်ရှနွီဆီက အကြောက်ရဆုံး အရာဖြစ်ကြောင်း သူကောင်းကောင်းသိသည်။

ထိုစဥ် လော်ရှနွီ၏ ခန္ဓာကိုယ်သည် တဖျပ်ဖျပ် ပျောက်သွား၏။ သူမအမြန်နှုန်းက ဖန်းလုံထက်တော့ မဆိုးလှပေ။ လုရွှမ် ရင်ဘတ်ပေါ်တွင် နတ်ဝိညာဉ်ဒိုင်းတစ်ခု တိတ်တဆိတ်ပေါ်လာပြီး တိုးညှင်းသော အသံနှင့်အတူ လော်ရှနွီရဲ့ လက်သည်းကို ပိတ်ဆို့ထားလိုက်သည်။

လော်ရှနွီရဲ့ လက်ဖဝါးတွေဟာ အပြာရောင်အလင်းတန်းတွေ တောက်ပနေတာကို တွေ့လိုက်ရ၏။ သိူက အနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် လက်ဖဝါးအရောင်က ရုတ်တရက် အလွန်မှောင်မည်ူသွားကာ လက်သည်းများလည်း ဆန့်ထွက်လာသည်။ ပြီးတာနဲ့ လုရွှမ်ရဲ့ နတ်ဝိညာဥ်ဒိုင်းလွှာကို ထပ်မံ ဖမ်းဆုပ်လိုက်သည်။

လုရွှမ်သည်လည်း နတ်ဝိညာဥ်ဒိုင်းလွှာကို အဝါရောင် တောက်တောက်ဖြင့် ထပ်မံ အသက်သွင်းလိုက်ရာ အလွန်လှပသွားသည်။

ဝုန်းကနဲ ကျယ်လောင်သော အသံနှင့်အတူ ဝိညာဉ်ဒိုင်းက အပိုင်းပိုင်း ကွဲသွားကာ အမှန်တကယ် လော်ရှနွီရဲ့ လက်ဖဝါးဖြင့် ကုတ်ခြစ်ခံခဲ့ရသည်။ လုရွှမ် မျှော်လင့်ထားတာထက် ကျော်လွန်ကာ လက်ဖဝါးက လုံးဝ ကြီးထွားလာသည်။

လုရွှမ် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လေပြင်းများ အလိုလို ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ထိန်းထားရင်း နောက်ပြန်ဆုတ်သွားသည်။

ဒါပေမဲ့ အရမ်းနောက်ကျသွားပြီ။ လော်ရှနွီက သူ့လက်မောင်းကို ရယ်မောရင်း တိုက်ရိုက် ခြစ်ထုတ်ပစ်လေသည်။ သူမကြောင့် အသားတစ်စ စုတ်ပြဲသွားသော်လည်း အရှိန်မလျှော့ဘဲ လုရွှမ်လက်မောင်းကို ဆက်လက် တိုက်ခိုက်လေသည်။

All Chapters