← Chapters

ခရမ်းရောင်လျှပ်စစ် သံချပ်ကာ

Vol. 95 Ch. 4.940

ခရမ်းရောင်လျှပ်စစ် သံချပ်ကာ

Vol. 95 Ch. 4.940

လုရွှမ်၏ဆုတ်ခွာမှု အရှိန်သည် အလွန်လျင်မြန်နေပြီ ဖြစ်သော်လည်း လော်ရှနွီ ရှေ့ကိုတိုးလာတဲ့ အရှိန်ထက် မမြန်သေးပါ။ အထူးသဖြင့် ကြောက်စရာ ကောင်းတာက သူ့ရဲ့ လက်သည်းဟာ သူ့ရဲ့ လက်ရှိအနေအထားမှ အနည်းဆုံး တစ်ပေလောက် ရှေ့ကို ရွေ့နေတာပါပဲ။

သို့သော် စွမ်းအား လုံးဝမလျော့ဘဲ လုရွှမ်သည် သူ့လက်မောင်းတစ်ဖက် စုတ်ပြဲသွားသော နာကျင်မှုကို ခံစားခဲ့ရသည်။ ရောင်ဝါတချို့ကို ပိတ်ဆို့ထားသလိုမျိုး သူ့ဒဏ်ရာက ချက်ချင်း ပြန်ကောင်းမလာပေ။

ထိုအခိုက် ဒီလော်ရှနွီရဲ့ လက်သည်းတွေက ပြဿနာရှိကြောင်း သိသွားသည်။ လုရွှမ်ရဲ့ မျက်နှာထား ပြောင်းလဲသွားတာကို မြင်လိုက်ရတော့ လော်ရှနွီလည်း အေးစက်သော မျက်နှာသည် ပထမဆုံးအကြိမ် ပြုံးပြလိုက်သည်။ သူမ၏ လက်သည်းများကို လျှော့တွက်ပါက နောင်တရလိမ့်မည်။

လုရွှမ်ဆီမှ ဖီးနစ်နတ်မီးဖြစ်သည့် ခရမ်းရောင် မီးတောက်အုပ်စု ခုန်တက်လာသည်။ လော်ရှနွီက အေးစက်စွာ ဟစ်အော်ရင်း မီးတောက်ကိုပင် မျက်လုံးထဲ မထည့်ဘဲ လက်သည်းများကို ဝှေ့ယမ်းကာ ဆက်လက် တိုက်ခိုက်လာသည်။

လုရွှမ်ကလည်း မဆိုင်းမတွဘဲ ဤအခိုက်အတန့်တွင် စိတ်ဝိညာဥ်မီးတောက်ရဲ့ နီရဲနေသော မီးတောက်ကိုပါ ထုတ်လွှတ်လိုက်သည်။ ၎င်းက ဖီးနစ်နတ်မီးထက် အပူချိန် အလွန်ပူပြင်းသည်။

"မီးက ငါ့အတွက် အသုံးမဝင်ဘူး"

လော်ရှနွီက ခုန်ထပြီး ထူးဆန်းတဲ့ မီးအုပ်စုနှစ်စုထဲကို တိုးဝင်ပစ်လိုက်သည်။ သူမလက်သည်းက ဘယ်လို မှော်စွမ်းအားလဲတော့ မသိချေ။

လုရွှမ် ကိုင်ဆောင်ထားသော ထူးဆန်းသော မီးနှစ်မျိုး၏ အပူဒဏ်ကို သူတို့အဝေးကတောင် ဝခံစားရနိုင်သော်လည်း လော်ရှနွီသည် အမှန်တကယ်ပင် မိမိကိုယ်ကို မီးထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။ ဒါ့အပြင် သူမ လုံးဝ အဆင်ပြေနေ၏။

လုရွှမ်မှာ နောက်တစ်ကြိမ် ပြန်ဆုတ်ဖို့ကလွဲလို့ ရွေးစရာ မရှိတော့ပေ။ လော်ရှနွီ လျင်မြန်စွာ ထိုးထွက်ကာ လုရွှမ်ကို ဓားဆွဲရန် အခွင့်မပေးချေ။ လုရွှမ်မှာ နတ်လက်နက်ကို သူ့နောက်ကျောတွင် ထမ်းထားသော်လည်း ၎င်းကို လက်ထဲတွင် ဖမ်းဆုပ်ရန် အခွင့်အရေး မရှိပေ။

လုရွှမ်သည် သူ့ခြေရင်းအောက်တွင် လေပြင်းနိယာမကို နင်းကာ လေထဲတွင် လွင့်မျောရင်း ဆက်လက် ဆုတ်သွားသည်။

လော်ရှနွီသည် ရက်စက်ပုံရသော်လည်း ပထမတိုက်ခိုက်မှုမှ လွဲ၍ လုရွှမ်ကို ထပ်မံ မတိုက်ခိုက်နိုင်တော့ပါ။ အရေးကြီးတဲ့ အခိုက်အတန့်တွေ ကြုံလာတိုင်း လုရွှမ်ဟာလည်း အမြဲတမ်း ပေါ့ပေါ့ပါးပါး ရှောင်တိမ်းနိုင်တုန်းပင်။

တဖြည်းဖြည်းနဲ့ စိတ်လှုပ်ရှားစွာ ကြည့်နေတဲ့လူတွေ ငြိမ်သက်သွား၏။ ဘုရားက အချိန်မရွေး ရှုံးတော့မည်ဟု ထင်ရသော်လည်း လုံးလုံးတည်ငြိမ်နေပြီး ဆက်တိုက် နောက်ဆုတ်သွားသော်လည်း ရှက်ရွံ့ခြင်း မရှိပေ။

"သူ့ခြေရာကို ကြည့်လိုက်!"

လူတိုင်းသည် ရံဖန်ရံခါ ရုတ်တရက် ထွက်လာသော အသံများကို ကျင့်သားရနေပြီ ဖြစ်တာကြောင့် လုရွှမ်ရဲ့ ခြေရာများဆီသို့ လျင်မြန်စွာ ကြည့်လိုက်ကြသည်။ ချက်ချင်းပဲ တစ်စုံတစ်ယောက်က သတိထားမိသွား၏။

"သူက မပျံဘဲ လေပေါ်မှာ လမ်းလျှောက်နေတာဟ"

ကျင့်ကြံသူများသည် တိုက်ပွဲတွင် ပျံသန်းရင်း လှုပ်ရှားသွားလာတာကို အားလုံးသိကြပြီး ဖြစ်သည့်တိုင် မြေပြင်ပေါ်တွင် တိုက်ခိုက်ခြင်းထက် အဆမတန် တည်ငြိမ်စွာ ပျံသန်းနိုင်ကြဆဲ ဖြစ်သည်။

သို့သော် လုရွှမ်သည် မြေပြင်ပေါ် လျှောက်သွားနေသကဲ့သို့ ပြေးလွှားနေတာကြောင့် လူတိုင်းရဲ့ မျက်လုံးများကို ထိတ်လန့်သွားစေသည်။ သူသည် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ချောမွေ့စွာ၊ တည်ငြိမ်စွာ ရှောင်တိမ်းနိုင်တာ အံ့သြစရာမဟုတ်ပေ။

မျှော်စင် နယ်ပယ်မှ လူတော်တော်များများကလည်း ဒါကို မလုပ်နိုင်ကြတာကြောင့် ကိုယ့်ကိုကိုယ် တိတ်တဆိတ် ပြန်သုံးသပ်နေကြလေသည်။ ထိုလှုပ်ရှားမှုကို အလွန်နက်ရှိုင်းစွာ နားလည် သဘောပေါက်ရန်နှင့် ၎င်းကိုလုပ်ဆောင်နိုင်ရန် လေကို နက်နဲသော ထိန်းချုပ်မှုတစ်ခု လိုအပ်သည်။

တချို့က မတတ်နိုင်မှန်း သိပြီး တချို့ကလည်း တစ်ခါမှ မကြိုးစားဖူးတာကို တွေ့ရသည်။ သူ့ပတ်ဝန်းကျင်က လူတွေက ဒါကို သတိထားမိသလို လော်ရှနွီလည်း သတိထားမိတာ ကြာပါပြီ။

ပထမတော့ လုရွှမ်က နတ်ဝိညာဥ်ဒိုင်းလွှာနဲ့ အခင်းအကျင်း မျိုးစုံကို အသုံးပြုပြီး သူမကို ပိတ်ဆို့ပြီး အခွင့်အရေးကို ဆုပ်ကိုင်မယ်လို့ ထင်ခဲ့သည်။ ဒါဟာ ထူးထူးခြားခြား ခြေရာတစ်ခု ရှိနေတာမှန်း မကြာခင်မှာပဲ သိလိုက်ရသည်။

သူမ အေးစက်စွာ ဟစ်အော်လိုက်သည်။ ဤနည်းဖြင့် သူမ၏ တိုက်ခိုက်မှုကို ရှောင်နိုင်မည်ဟု ထင်​နေသလော။ သူမ၏လက်သည်းများသည် ထပ်မံ ရှည်လျားလာပြီး ချွန်ထက်သော လက်ချောင်းများက ဓားရှည်ဆယ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားကာ လုရွှမ်ကို ရူးသွပ်စွာ သတ်ဖြတ်တော့သည်။

လက်သည်းများသည် ​လေထုအတွင်း ကုတ်ခြစ်ကာ အနက်ရောင် စွမ်းအင်များ ချန်ထားခဲ့သည်။ ပြင်းထန်သော လေက အအေးဓာတ်နဲ့အတူ သူတို့နှစ်ဦးကို ဓားသွားကဲ့သို့ တိုက်ခတ်လာသည်။

လုရွှမ် ဤမိန်းမသည် ထက်မြက်သူပဲဟု စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။ ပြီးတော့ သူမရဲ့ခြေရာလက်ရာက တည်ငြိမ်နေတာမို့ သူမ လိုအပ်တာက လေထုနဲ့ လိုက်လျောညီထွေရှိဖို့ပါပဲ။ ဒါ့အပြင် လေထုက ကွဲအက်ပြီး လေပြင်းတိုက်ခတ် လာတာကြောင့် လုရွှမ်ရဲ့ ခြေရာတွေကို သဘာဝအတိုင်း လုံးဝ ဖြတ်တောက်ပစ်လိုက်သလို ဖြစ်သွား၏။

'နင့်ရဲ့ခြေရာတွေကို အားကိုးနိုင်မယ်လို့ ထင်နေတာလား?'

လုရွှမ် ထိုမိန်းက​လေးကို သေချာ စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် ဤမိန်းကလေး၏ တားမြစ်လူသားသည် နောက်ထပ် မွေးရာပါမှော်အစွမ်းနှစ်ခု ရှိ​​နေသည်။

အခြားတစ်မျိုးကို သူ မှန်းဆ၍ မရသော်လည်း ထိုလက်သည်းများကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှု စွမ်းအားရှိနိုင်ကြောင်း သူသေချာသိသည်။ ၎င်းသည် သူမ၏ ကျင့်ကြံမှု သာမက မှော်စွမ်းအားများ၏ ကောင်းချီးများလည်း ဖြစ်နိုင်သည်။

အထူးသဖြင့် ဒဏ်ရာရနေသော နေရာက အငွေ့အသက်အပေါ် သူ့ရဲ့ စိမ်းပြာနဂါး စွမ်းအားကို ရှေ့သို့ တွန်းထုတ် လိုက်သော်လည်း ပြင်းထန်သော ခုခံမှုကိုသာ ခံစားလိုက်ရသည်။ စဉ်းစားကြည့်ရရင် ဒီအမျိုးသမီးဟာ သားရဲတွေထဲမှာတောင် သွေးအကောင်းဆုံး မျိုးနွယ်ထဲက တစ်ယောက် ဖြစ်ရမယ်။

တခြားသူသာဆိုလျှင် ဤအချိန်တွင် သဘာဝအတိုင်း ကူကယ်ရာမဲ့ ဖြစ်​​နေလိမ့်မည်။ သို့သော် လုရွှမ်ကတော့ တည်ငြိမ်ပြီး အလျင်စလို မဖြစ်နေချေ။ စိတ်ထဲမှတစ်ဆင့် အာကာသကျောက်စိမ်းပြားထဲကို ဆက်သွယ်နေသည်။

"ကျီးဖိုးဖိုး... ဒီမိန်းမက ဘယ်သူလဲ သူက ဘယ်လို မျိုးရိုးဗီဇမျိုးနဲ့ သက်ဆိုင်တာလဲ?"

"ကျစ်ကျစ်... မြေကမ္ဘာမှာ ဒီလိုသင်းခွေချပ်ကို ရှာတွေ့နိုင်မယ်လို့ မမျှော်လင့်ထားဘူး... အင်း သူ့အသွေးက အရမ်းဖြူစင်တယ် သင်းခွေချပ်တွေရဲ့ ဘုရင်မျိုးနွယ်က ဖြစ်လိမ့်မယ် သူ့မှာ ခရမ်းရောင် လျှပ်စစ်ချပ်ဝတ်တန်ဆာနဲ့ အလေးစားရဆုံး လက်သည်းတွေရှိတယ်... အရမ်း လျင်မြန်ပြီး ဓာတ်ငါးပါးကို မကြောက်ဘူး... သူမကို သတ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကောင်းကင်မိုးကြိုးပဲ"

ထူးဆန်းသော မီးက သူမအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တာ အံ့ဩစရာတော့ မဟုတ်ပေ။ ယခုအခါတွင် နတ်ဆိုးမီးသည် စိတ်ဝိညာဥ်မီးတောက်ထဲ၌ ရောပါနေပြီ ဖြစ်သော်လည်း ထိုမိန်းကလေးက ဒြပ်စင်ငါးပါးကို မကြောက်ပေ။

ကောင်းကင်မိုးကြိုးကိုပဲ ကြောက်တယ် ဆိုမှတော့ အဆင်ပြေသားပဲ။

လုရွှမ် လက်ဖဝါးပေါ်ရှိ မီးတောက်များ လျော့သွားကာ ခရမ်းရောင် နတ်မိုးခြိမ်းသံများ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့လက်မောင်းပေါ်က ဒဏ်ရာတွေဆီက တစိမ့်စိမ့် စူးစူးရှရှ အသံများ ထွက်ပေါ်လာသည်။

လော်ရှနွီရဲ့ အမူအရာက ခဏတာလောက်သာ ပြောင်းလဲသွားပေမယ့် လုရွှမ် ရှင်းရှင်းလင်းလင်း မြင်နေရပါသေးသည်။

"သွား!"

လုရွှမ်သည် နတ်မိုးကြိုးသံကို ထိန်းချုပ်ပြီး လက်တစ်ဆုပ်စာ ဓားအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူ့လက်ညှိုးကို လှန်လိုက်သည်နှင့် နတ်မိုးကြိုးသည် သေးငယ်သော ဓားပျံကြီး အဖြစ် ပြေးထွက်လာသည်။

လော်ရှနွီကလည်း ပျံသန်းနေသော ဓားကို သူမ၏ လက်သည်းများနှင့် ခုတ်ထစ်လိုက်သည်။ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး သူမလက်သည်းများမှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာ၏။

လော်ရှနွီက အော်ဟစ်ပြီး လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကာ နောက်ထပ် ပစ်ခတ်လာသော နတ်မိုးကြိုး ဓားများစွာကို အလျင်စလို ရှောင်တိမ်းခဲ့သည်။

"ဒြပ်စင်ငါးပါးကို မကြောက်ဘူး... မိုးကြိုးကိုပဲ ကြောက်တာပေါ့လေ... ဟားဟား လော်ရှနွီ ငါပြောတာ ဟုတ်ရဲ့လား?"

သူမရဲ့ ဝိသေသလက္ခဏာကို ဖော်ထုတ်လိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် လော်ရှနွီသည် လုရွှမ်ကို ရဲရဲကြီး စိုက်ကြည့်ကာ သူမ၏မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးထားသည်။

"ဒီလို မိုးကြိုးသံမျိုးကို နင်ဘယ်လိုလုပ် ရနိုင်မှာလဲ!"

အကုန်လုံး ဆွံ့အသွားကုန်သည်။ အစကတည်းက လော်ရှနွီ အသာစီးရနေတာ မဟုတ်ဘူးလား။ လုရွှမ်က ဘာကြောင့် ရုတ်တရက် အသာစီး ရသွားပြန်တာလဲ။

ဒြပ်စင်ငါးပါးကို မကြောက်ဘဲ မိုးကြိုးကိုပဲ ကြောက်တယ်တဲ့လား။ ဒါက လော်ရှနွီကို အနိုင်ယူဖို့ လျှို့ဝှက်နည်းလမ်းလား။

"ဟူး.... လော်ရှနွီ ရုတ်တရက်ကြီး မတိုက်ခိုက်နိုင်တာကို မြင်လိုက်ရတော့ လုရွှမ် ပြန်တိုက်ခိုက်လာနိုင်မှာကို စိုးရိမ်ရတယ်... ဒါပေမဲ့ တကယ် ဖြစ်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး"

လုရွှမ်သည် သူ့နောက်ကျောမှ နတ်ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်ကာ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် ကြည့်လိုက်သည်။

"မင်းက ဒြပ်စင်ငါးပါးကို မကြောက်ဘူးပေါ့... မင်းတကယ်ပဲ ဒြပ်စင်ငါးပါးကို မကြောက်ဘူးလား ဒါမှမဟုတ် တိုက်ခိုက်ဖို့ လုံလောက်တဲ့ အင်အားမရှိတာလား ငါကြည့်ချင်ပါသေးရဲ့... ငါ့ရဲ့ ယွမ်ယန်ဓားကိုးစင်းကို ကြည့်ထား"

ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး လုရွှမ်၏ ခန္ဓာကိုယ်သည် လူတိုင်း၏ မျက်လုံးများထဲ ပိုမိုမောက်မာလာပုံပေါ်သည်။

သူ​ြမျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပလျက်ရှိကာ သူ့ခန္ဓာကိုယ်သည် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ဓားဆီမှလည်း စိမ်းပြာနဂါး ဟောက်သံတစ်ချက် ထွက်ပေါ်လာလေသည်။

All Chapters