ပုံသေဖြစ်ပြန်ပြီ
Vol. 95 Ch. 4.941
စိမ်းပြာနဂါး၏ အငွေ့အသက်သည် အလွန်ဂုဏ်သိက္ခာရှိပြီး စွမ်းအားပြည့်ဝသည်။ ပေါ်ထွက်လာသော စိမ်းပြာနဂါး၏ ဦးခေါင်းထိပ်ရှိ နဂါးချို တစ်စုံသည် ထူးထူးခြားခြား အသွင်အပြင် ရှိပြီး ၎င်းတို့အပေါ်တွင် ခရမ်းရောင် နတ်မိုးခြိမ်းသံများ ပေါင်းစပ်ထားတာကြောင့် အလွန်အမင်း ထွန်းလင်းတောက်ပနေပါသည်။
စိမ်းပြာနဂါးကြီးသည် အလွန်လျင်မြန်စွာ ပေါ်ထွက်လာရင်း ကောင်းကင်သို့ ဟောက်လိုကိသည်။ ခြေသည်းလေးချောင်းက လေကို ဖြေကုပ်ယူလျက် ၎င်း၏ခန္ဓာကိုယ်သည် လေထုထဲတွင် ကွေ့ကောက်နေပြီး ခဏအတွင်း လော်ရှနွီ၏ ရှေ့တွင် ပေါ်လာသည်။
ဝူး!
ဟောက်သံကြောင့် လေလှိုင်းများ တုန်ခါသွားကာ ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး တိတ်ဆိတ်နေသွားသည်။ သူတို့အား စိမ်းပြာနဂါး၏ အသံကိုသာ ကြားစေ၏။
လော်ရှနွီ၏ မျက်နှာသည်လည်း သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲတွင် လူးလိမ့်ကာ ခရမ်းရောင်အကြေးခွံဖြင့် ဖုံးအုပ်ထားသော သင်းခွေချပ်အဖြစ် ပြောင်းလဲသွားသည်။
သူမဆီမှ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး အနက်ရောင် အရိပ်တစ်ခု ပေါ်ထွက်လာသည်။ အဲဒီနောက် လေထုအတွင်း အက်ကွဲကြောင်းတစ်ခု တိုက်ရိုက် ထွက်ပေါ်လာ၏။ သူမ၏ ဦးခေါင်းနှင့် အမြီးကို ခါယမ်းကာ လေထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်က လူတွေ အားလုံးလည်း ထိတ်လန့်သွားကုန်သည်။ လော်ရှနွီမှာ ဒီလိုမှော်အစွမ်းတွေ တကယ်ရှိနေမယ်လို့ မယုံနိုင်ကြပါဘူး။
မတူကွဲပြားသော လူအုပ်စုသည် သူတို့၏ မျက်နှာတွင် ရွှင်လန်းမှု လုံးဝ ပြသလာသည်။ လုရွှမ်က လော်ရှနွီအား ဒီလိုစွမ်းရည်မျိုးနှင့် တွန်းလှန်နိုင်စွမ်း ရှိမည်ဟု မမျှော်လင့်ထားပေ။
လုရွှမ် အသွင်ပြောင်းထားတဲ့ နတ်နဂါးကို ကြည့်ပြီး ဘယ်သူမှ စကားမပြောနိုင်တော့ပါ။ အကြောင်း စိမ်းပြာနဂါးက ကြီးမားသလောက် နဂါး၏စွမ်းအားကို ပြသခြင်းသည်လည်း ၎င်းတို့ကဲ့သို့သော သားရဲများအပေါ် သဘာဝအလျောက် အဟန့်အတား ဖြစ်စေလေသည်။ ထို့အပြင် နဂါးရောင်ဝါက ပြင်းထန်လှသည်။
မျှော်စင်နယ်ပယ်က လူတွေတောင် ဒီစိမ်းပြာနဂါးကြောင့် ကြောက်လန့်သွားမိမှာ အမှန်ပင်။
'ဒီအတိုင်း ထွက်ပြေးချင်တယ်ပေါ့!"
လုရွှမ် ပေါ့ပေါ့ပါးပါး အော်ဟစ်လိုက်သည်။
"ချင်ထျန်း!"
နတ်ဓားတစ်လတ် လေထုအလယ်သို့ ပြေးထွက်၍ အနီးတစ်ဝိုက်တွင် အလင်းရောင်များစွာကို ထုတ်လွှတ်လိုက်သည်။
နောက်ဆုံးတွင် သူမသည် မွေးရာပါ မှော်စွမ်းအားများဖြင့် လေထုထဲ၌သာ ပုန်းအောင်းနေနိုင်သည်။ အကယ်၍ သူမသာ အာကာသထဲ အမှန်တကယ် သွားလာနိုင်ခဲ့ပါက လုရွှမ်လည်း သူ့ရဲ့ ရှုံးနိမ့်မှုကို ချက်ချင်း ဝန်ခံရလိမ့်မည်။ အခုအရာက အစွမ်းထက်သည်ဟု ထင်ရသော်လည်း လှည့်စားမှုမျှသာ ဖြစ်သည်။
"သွား!"
စိမ်းပြာနဂါးက ဟိန်းဟောက်သွားကာ ၎င်း၏ လက်သည်းများက လော်ရှနွီအား ဖမ်းယူရန် ဆန့်ထုတ်လိုက်သည်။ ထိုတိုက်ခိုက်မှုက လော်ရှနွီရဲ့ ရုပ်သွင်ကို ပေါ်လာစေ၏။ ရုတ်တရက် သူမ ခန္ဓာကိုယ်သည် ပိုကြီးလာပြီး စိမ်းပြာနဂါးရဲ့ လက်သည်းတစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
လုရွှမ် ခန္ဓာကိုယ်ထဲရှိ နဂါးနှလုံးသားသည် ပြင်းထန်စွာ ခုန်နေသည်။ အထူးသဖြင့် သူ့နောက်ကျောရှိ ကလီတုံးကြီးသည် ဖြောင့်စင်းနေပြီး အထွန့်ပေါက်နေလေသည်။ ထို့နောက် စိမ်းပြာနဂါးရဲ့ နှလုံးကြောင့် စိမ်းပြာနဂါးကြီး၏ လှုပ်ရှားမှုများသည် သူ့နှလုံးဖြင့် ထိန်းချုပ်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။
စိမ်းပြာနဂါးသည် သူ့ခါးကို လှည့်ပတ်ကာ လက်ပြန်ခြေသည်းကို အသုံးပြု၍ ရန်သူ့ရဲ့လက်သည်းတွေကို ရိုက်ထုတ်ပြီး လော်ရှနွီရဲ့ ခါးကို ကိုက်လိုက်သည်။
တစ်ဖက်လူက အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားသည်။ လော်ရှနွီ နဂိုပုံစံအတိုင်း ပြန်ဖြစ်လာ၏။ စိမ်းပြာနဂါးကြီးသည် သူ့ပါးစပ်ထဲက တံတွေးတွေကို ထွေးထုတ်လိုက်သည့်နှယ် လော်ရှနွီအား ထွေးထုတ်လိုက်ရာ သူမသည် သားရဲအုပ်စုထဲသို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
စိမ်းပြာနဂါးကြီးက တဖန်ဟောက်ပြီး ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။ ထို့နောက် နတ်လက်နက် ပြန်လည် ပြောင်းလဲလျက် လုရွှမ်လက်ထဲကို အလိုအလျောက် ရောက်ရှိသွားသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပါပြီ။
လေထုအလယ်မှာ ရပ်နေတဲ့ လုရွှမ်ကိုသာ အားလုံးက တိတ်တဆိတ် ကြည့်နေသည်။ သူက အဝေးမှာ ဘာမှမထူးခြားသလို ရပ်နေပေမယ့် သူကတော့ တောက်ပနေ၏။
"ကောင်းကင်မျိုသားရဲ... မင်းရဲ့လက်ဖဝါးနဲ့ မင်းရဲ့ကောင်းကင်ကို မျိုချနိုင်တဲ့ မှော်စွမ်းအားကို လွှဲပြောင်းပေးလိုက်တော့...."
ကောင်းကင်မျိုသားရဲသည် ၎င်း၏သွားများကို တင်းတင်းကြိတ်လျက် မျက်လုံးများက နီရဲနေပြီး နာကြည်းမှုများနှင့် ပြည့်နှက်နေသည်။ သူ့အကြည့်တွေက ပို၍ပင် ပြင်းထန်သော မနာလိုမှုများ ရှိနေသည်။ ဒီလိုမျိုး အဆင့်နဲ့ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အစွမ်းတွေ ရှိလိမ့်မယ်လို့ သူမထင်ထားပေ။
သူသည် ခေါင်းငုံ့ကာ အရောင် ငါးရောင်ရှိသော လက်ဖဝါးကို စိုက်ကြည့်နေ၏။ တခြားသူများက သေချာ မသိနိုင်သော်လည်း သူ့လက်ဖဝါးပေါ်က အရာဟာ သူနဲ့ အနှစ်တစ်သောင်းကြာ နေခဲ့တာကြောင့် ဒါဟာ ရတနာတစ်ခုဖြစ်ကြောင်း သူပဲ သိသည်။
အတိုင်းအတာ တစ်ခုအထိ နတ်ဓားသည် ဤငါးရောင်ရှိသော လက်ဖဝါးကို မထိုးဖောက်နိုင်ချေ။
နှစ်ထောင်ပေါင်းများစွာ ကြာအောင် သူသည် ဤလက်ဖဝါး၏ လက္ခဏာကို မှန်းဆခဲ့ပေမယ့် မရေရာသော ခန့်မှန်းချက် တစ်ခုရှိသည်။ ဤလက်ဖဝါးသည် မြေကမ္ဘာမှ ဆင်းသက်လာပြီး အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးမှ ကျန်ရစ်သော ရုပ်ကြွင်းတစ်ခု ဖြစ်သည်။
၎င်းရဲ့ လျှို့ဝှက်ချက်များကို ဖြတ်ကျော်နိုင်လျှင် သူသည် မြေကမ္ဘာသို့ ပြန်သွားရန် နည်းလမ်းရှာနိုင်မည် ဖြစ်သည်။ ဒီလက်ဖဝါးကို သူ မပေးနိုင်ပါ။
"ကောင်းကင်မျိုသားရဲ... မင်း ထပ်ပြီး နောင်တရနေပြန်ပြီလား... မင်း အရှက်မဲ့တာတော့ များနေပြီနော်... မင်းရဲ့ လက်ဖဝါးကို ဒီအတိုင်းထားခဲ့ပြီး မင်းမျက်နှာကို ပါးပြန်ရိုက်ဖို့ လုပ်လိုက်စမ်းပါ"
လူအုပ်ကြားတွင် မေးမြန်းသံများ ထပ်မံထွက်ပေါ်လာသည်။ တချို့လူအများကလည်း ကျယ်လောင်စွာ ရယ်မောကြသည်။
လုရွဗမ်သည် သူစိမ်းများနှင့် တိုက်ပွဲနှစ်ခုတွင် ထူးခြားသော ခွန်အားကို ပြသခဲ့သလို ဖန်းလုံနဲ့ လော်ရှနွီကိုလည်း အနိုင်ယူခဲ့ပြီး လူများစွာကို ပျော်ရွှင်စေခဲ့သည်။
နောက်ဆုံးတွင် လောင်းကစားတွင် ပါဝင်သူ အနည်းငယ်သာ ရှိသော်လည်း သလင်းကျောက်သန်း 50 ကိုရအောင် ဖန်တီးနိုင်ခဲ့သူ မဟုတ်ပါလား။ အဓိက အင်အားစု ကိုးခုအပြင် ဤနေရာတွင် စောင့်ကြည့်နေသူများသည် အသေးစားနှင့် အလတ်စား တပ်ဖွဲ့များမှ မွေးမြူထားသော ထူးချွန်သူများ ဖြစ်ပေသည်။
ပါရမီရှင်တွေ့ဆုံပွဲတွင် အသိအမှတ်ပြု ခံရသည့် လူထက် ကျော်လွန်သော ခြေတစ်လှမ်းကို ရောက်သွားလျှင်ပင် လူအများ၏ မနာလိုမှုနှင့် ဝေဖန်မှုတို့ကို ဖြစ်စေသည်။ ဒါပေမဲ့ လုရွှမ်ရဲ့ စွမ်းပကားက သူတို့ထက် အဆပေါင်းများစွာ သာလွန်နေခဲ့ပြီး သူတို့နှလုံးသားထဲမှာ ငြူစူခြင်းတွေ မရှိတော့ဘဲ လေးလေးနက်နက် မြတ်နိုးခြင်းတွေသာ ကျန်ရှိပါတော့သည်။
ပျော်ရွှင်မှုများသည် ပိုမိုကျယ်လောင်လာပုံမှာ လုရွှမ်က သူတို့ နှလုံးသားများကို အပြည့်အဝ အနိုင်ယူခဲ့သည့် အတိုင်းပင်။ လုရွှမ် လူတိုင်းကို လက်ဝှေ့ယမ်းပြီး ကောင်းကင်မျိုသားရဲကို ပြုံးပြလိုက်သည်။
"ထုတ်လိုက်... ကောင်းကင်မျိုသားရဲ!"
ကောင်းကင်မျို သားရဲသည်လည်း ၎င်း၏သွားများကို အံကြိတ်ကာ နောက်ဆုံးတွင် အသံထွက်လာခဲ့သည်။
“ငါ့ကို ဖယ်ထုတ်ချင်ရင်တော့ ရပါတယ်.... ဒါပေမဲ့.... ”
"ဟားဟားဟား"
လုရွှမ်ဆီက ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာပြီး ကောင်းကင်မျိုသားရဲ၏ မျက်နှာမှာ နီရဲလာပြီး "မင်း ဘာရယ်နေတာလဲ" ဟု ဟစ်အော်လိုက်သည်။
"မင်း လွယ်လွယ်နဲ့ ထုတ်ပေးမှာ မဟုတ်မှန်း ငါအစောကတည်းက ခန့်မှန်းမိထားပြီးသား... မင်း ထုတ်ပေးမယ်လို့လည်း မမျှော်လင့်ထားဘူး... ဒီတစ်ခါတော့ ငါကိုယ်တိုင် လာယူမယ်"
လုရွှမ်က ဘာကို ဆိုလိုတာလဲ။ သူ ကောင်းကင်မျိုသားရဲကို တိုက်ခိုက်မလို့လား။
လုရွှမ်၏ ထူးခြားသော အောင်မြင်မှုများသည် ယခင်က ၎င်းတို့အား အံ့အားသင့်စေခဲ့ပြီးသားပင်။ ကောင်းကင်ဘုံသခင် တစ်ဦးသည် တားမြစ်လူသားနှင့် တားမြစ်မြေကြီး အဆင့်ရှိ တန်ခိုးရှိသော နတ်မီးနယ်ပယ်မှ ထူးကဲသော ပါရမီရှင်ကို စိန်ခေါ်ခဲ့သည်။
ယခု သူသည် မျှော်စင်နယ်ပယ်က လူကို တကယ် စိန်ခေါ်တော့မယ်တဲ့လား။
ဒီကောင်းကင်မျို သားရဲဟာ သာမန်နတ်ဆိုး တစ်ကောင် မဟုတ်ပေ။ ၎င်းကိုယ်တိုင်က မွေးရာပါ မှော်အစွမ်းတွေရှိတဲ့ ထူးဆန်းတဲ့ သားရဲတစ်ကောင် ဖြစ်ကြောင်း သိထားရမည်။ ပါရမီအရဆိုရင် လူသားတွေက ဝန်မခံချင်ပေမယ့် အစကတည်းက လူသားနဲ့ သားရဲတွေကြားက ကွာခြားချက်တွေ အများကြီးရှိတယ် ဆိုတာ သိပါသည်။
ကောင်းကင်မျို သားရဲသည် ထူးဆန်းသော သားရဲများကြားတွင် ထိပ်တန်းသားရဲများထဲ ပါ၀င်လေသည်။ ယခု လုရွှမ်က ထိုသားရဲကို တိုက်ခိုက်မယ် ဆိုတာက အတော်လေး ကြောက်စရာ ကောင်းနေချေပြီ။
လုရွှမ် အရမ်းစိတ်ကြွနေလို့လား ဒါမှမဟုတ် သူ့မှာ တကယ်ပဲ အစွမ်းအစ ရှိနေတာလား။
ကောင်းကင်မျို သားရဲသည် ခဏတာ အံ့အားသင့်သွားကာ လုရွှမ်တစ်ယောက် ဒေါသူပုန်ထနေခြင်း ရှိမရှိ မသိသော်လည်း ထိုသူ သေခြင်းတရားကို ရှာနေလျှင်ပင် သူတပါးကို အပြစ်မတင်နိုင်ပေ။
"ကောင်းပြီ... မင်းပြောတဲ့အတိုင်းပဲ မင်းအရမ်းစိတ်ကြီးပြီး ငါ့ကိုအလေးအနက် မထားဘူးဆိုမှတော့ တိုက်လိုက်ရအောင်.... မင်းအနိုင်ရရင် အရာအားလုံးကို ယူလိုက် ဟမ့် မင်းရှုံးသွားရင်တော့ မင်းပိုင်သမျှ အားလုံး ငါ့ဟာပဲ!"
"စိတ်မပူပါနဲ့ မင်းအသက်အပါအဝင် မင်းမှာရှိတဲ့အရာ အားလုံးကို ငါယူမှာ..."
လုရွှမ်ဟာ တကယ်ကို ရူးသွပ်နေပြီလို့ လူတော်တော်များများက အော်ဟစ်နေကြပြီး ဆွေးနွေးမှုတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ယခင်က အော်ငေါက်နေသော ပေါင့်တာထင်းပင်လျှင် ဒီလုရွှမ် သူ့ယုံကြည်ချက်တွေကို ဘယ်က ရသွားသလဲ မသိဘူး ဖြစ်နေသည်။ အရင်ကပြသခဲ့တဲ့ စွမ်းအားက အလွန်အစွမ်းထက်ပေမယ့် နယ်ပယ်နှစ်ခုကို ဖြတ်ကျော်ပြီး သားရဲတွေကို တိုက်ခိုက်ချင်နေသေးတာလား။
ဒီလုရွှမ်မှာ ဝှက်ဖဲတွေ ရှိနေသေးလို့ ဖြစ်နိုင်သလား။
"ငါ လုရွှမ်ဘက်ကနေ စွမ်းအင်သလင်းကျောက် သန်း ၁၀၀နဲ့ လောင်းမယ်... ဘယ်သူ ငါနဲ့ပြိုင်လောင်းရဲလဲ!"
အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ သူရဲကောင်းဆန်သော အငွေ့အသက် အနည်းငယ် ပါဝင်သော ထိုအသံက ကြည်လင်လှသည်။
အားလုံး အတူတူ ကြည့်လိုက်သော် မကြာခဏ ပျောက်ဆုံးသွားခဲ့တဲ့ သို့မဟုတ် ပါရမီရှင်တွေ့ဆုံပွဲကို ကျင်းပခဲ့တဲ့ သခင်လေးရွှမ်ကျီးပဲ ဖြစ်နေလေသည်။