ကောင်းကင်မျိုသားရဲနဲ့ တိုက်ခိုက်ပြီ
Vol. 95 Ch. 4.942
"ကျွန်တော်တို့ သခင်လေးရွှမ်ကျီးကို ဂါဝရပြုပါတယ်!"
ရွှမ်ကျီးသည် လုရွှမ်နှင့် ယှဉ်လျှင် ဂုဏ်သတင်းသည် သာလွန်ကောင်းမွန်သည်။ သူသည် ကျိုးနွံပြီး ယဉ်ကျေးသိမ်မွေ့သူ၊ ကြင်နာတတ်သူ၊ ဖြောင့်မတ်သူ၊ သူ့ကျင့်ကြံမှုက အဆင့်မြင့်သလို သူ့အပြုအမူကိုလည်း အခြားသူများက အထင်ကြီး လေးစားကြသည်။
"လုရွှမ် အဆင်ပြေတယ်မလား!"
"မင်းရော အဆင်ပြေရဲ့လား? အဲဒီထန်မြွေပျံတွေရော ဘယ်လိုနေလဲ"
ရွှမ်ကျီး ထွက်လာဖို့ ကြာနေတာက အထဲမှာ ပိတ်ဆို့ထားတဲ့ မြွေတွေကြောင့်ပဲ ဖြစ်ပုံသည်။ သူမေးတော့ ရွှမ်ကျီးက ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
"ထန်မြွေတွေက တကယ်ကို သောင်းကျန်းလွန်းတယ်... ကံကောင်းစွာနဲ့ လင်ထျန်းခန်းမကနေ သူတို့ကို တားဆီးဖို့ ရတနာတစ်ခု ရခဲ့တယ်လေ!"
လုရွှမ်သည် ဒီရွှမ်ကျီ သူ့အတွက် အထူးတလည် ပြောပေးနေကြောင်း သိသဖြင့် အသာ ခေါင်းညိတ်လိုက်သည်။ ရွှမ်ကျီးက အားလုံးကို လှည့်ကြည့်လိုက်ပြီးနောက် ဦးညွတ်လိုက်သည်။
"လူကြီးမင်းတို့ သူငယ်ချင်းတို့ ရွှမ်ကျီးက အားလုံးကို တောင်းပန်ဖို့ ဒီကို ရောက်လာတာ... ပါရမီရှင်တွေ့ဆုံပွဲကို ကျွန်တော် ကျင်းပခဲ့တယ် ဒါပေမဲ့ ကြန့်ကြာမှုတွေ အမျိုးမျိုးကြောင့် အခုမှ ပေါ်လာရမယ်လို့ မမျှော်လင့်ထားပါဘူး... လူတိုင်းရှေ့မှာ တောင်းပန်ချင်ပါတယ် ခွင့်လွှတ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”
"အခုနတုန်းက သခင်လေးလုရွှမ် ကောင်းကင်မျိုသားရဲကို တိုက်တော့မယ်ဆိုတာ ကြားလိုက်ရတယ်.... ကျွန်တော်က ပွဲသခင်ဆိုတော့ ဒီလောင်းကြေးကို သဘာဝအတိုင်းပဲ ထိန်းရမှာပေါ့... သခင်လေးလုရွှမ် အနိုင်ရမယ်လို့ စွမ်းအင်သလင်းကျောက် သန်း၁၀၀နဲ့ လောင်းကြေးထပ်တယ်... ဘယ်သူက ကျွန်တော်နဲ့ ကျေကျေနပ်နပ်ကြီး အလောင်းအစား လုပ်ရဲမလဲ မသိဘူးနော်!"
လုရွှမ်၏ စကားများသည် လူတိုင်းအတွက် မောက်မာနေပုံ ရသော်လည်း ယခု သခင်လေးရွှမ်ကျီးကပါ သူ့ကို ပွင့်ပွင့်လင်းလင်း ထောက်ခံလိုက်သောကြောင့် လှုပ်ရှားရန် အသင့်ရှိနေသည့် ကျင့်ကြံသူများ ရုတ်တရက် တုံ့ဆိုင်းသွားကြသည်။
ဖန်းလုံ လုရွှမ်ကို မရှုံးခင်မှာ ဘယ်သူက အကောင်းမြင်ခဲ့လဲ။ ဘယ်သူမှ မမြင်ခဲ့ပေ။ ရလဒ်အနေဖြင့် လုရွှမ်က လွယ်လင့်တကူ အနိုင်ယူခဲ့သည်။
လော်ရှနွီရဲ့ အရည်အချင်းသည်လည်း အလွန်ထူးခြားပြီး သူမသည် အမှန်တကယ်ပင် နတ်မီး ခုနစ်လုံးကို ထွန်းညှိကာ တားမြစ်မြေကြီးကို သိမ်းပိုက်ထားသူ ဖြစ်သည်။
သို့သော်လည်း လုရွှမ်၏ တိုက်ပွဲ တစ်ခုလုံးသည် အစပိုင်းတွင် အနည်းငယ် ခက်ခဲသော်လည်း သူက ရှောင်တိမ်းနိုင်ဆဲ ဖြစ်သည်။ တန်ပြန် တိုက်ခိုက်မှု စတင်သည်နှင့် တစ်ပြိုင်နက် လုရွှမ်သည် ပျက်စီးခြင်းတစ်ခုသာ သယ်ဆောင်လာကာ လော်ရှနွီမှာ ခုခံရန် အင်အားပင် မရှိခဲ့ပေ။
ယခု လုရွှမ်သည် မျှော်စင်နယ်ပယ်က ကောင်းကင်မျိုသားရဲကို ထပ်မံ စိန်ခေါ်လိုကြောင်း သူကိုယ်တိုင် ပြောလာခဲ့သည်။ သူ့လေသံကို ကြည့်ရလျှင် သူသည် အစကတည်းက ကောင်းကင်မျိုသားရဲကို တိုက်ချင်နေပုံရပြီး သူ့အစွမ်းက ကောင်းကင်မျိုသားရဲထက် မနည်းဘူးလို့ ထင်နေပုံပဲ။
တွေးကြည့်ရုံနဲ့ သူတို့ စိတ်တွေကို တဆတ်ဆတ် တုန်လာစေသည်။
သူတို့သည် ပထမအကြိမ်တုန်းက သံသယဝင်ပြီး အခွင့်အရေးကို လွဲချော်ခဲ့သည်။ ဒုတိယ အကြိမ်မှာလည်း သံသယဝင်ကာ အခွင့်အရေးကို ထပ်ပြီး လက်လွှတ်လိုက်ရရာ အခု တတိယအကြိမ်မှာရော ဒီအခွင့်အရေးကို ယုံဖို့ ရွေးချယ်သင့်လား။
သူတို့ခမျာ ချီတုံချတုံ ဖြစ်နေပြီး ရွေးချယ်ဖို့က တကယ် ခက်ခဲနေကြလေသည်။
သူတို့သည် နတ်မီးနယ်ပယ်များကို ဘယ်လို တိုက်ခိုက်ရမလဲ တွေးတောနေကြစဉ်တွင် သူတို့၏ မျက်လုံးများထဲက မျှော်စင်နယ်ပယ်ကို လုရွှမ်က ယှဉ်ပြိုင်ရန် အာရုံစိုက်နေပြီ ဖြစ်သည်။
ဒါပေမဲ့ အဲဒါက ပါရမီရှင်တွေရဲ့ လုပ်ရပ်တွေကို တွေးတောဖို့ သူတို့ရဲ့ကိုယ်ပိုင် တွေးခေါ်မှုကို အသုံးချလိုက်တဲ့အခါ အရူးတွေလို ဖြစ်သွားကြပေ၏။ ခဏလောက် ကြာတဲ့အထိ ဘယ်သူမှ စကားမပြောဘဲ ရွှမ်ကျီးနဲ့လည်း အလောင်းအစား မလုပ်ချင်ကြပါဘူး။
လုရွှမ်သည် နောက်ဆုံးအချီတွင် စွမ်းအင်ပမာဏ 20 ဘီလီယံနီးပါးကို ရရှိခဲ့ပြီးသား ဖြစ်သည့်အတွက် လုံးဝ လုံလောက်ပါသည်။ တတိယမြောက် လောင်းကြေးမှာ လူတိုင်းကို လှောင်ပြောင်ရန်သာ ဖြစ်သည်။
"ကောင်းကင်မျိုသားရဲရေ... မင်းကိုကြည့်တဲ့လူတွေ သိပ်မရှိပုံပဲ!"
လုရွှမ်သည် ကောင်းကင်မျိုသားရဲနှင့် တိုက်ပွဲတွင် အန္တရာယ်များစွာ ရှိနိုင်မှန်း သိထားပါသည်။ ဖြစ်နိုင်ရင် သူ့ကိုယ်သူ ဒုက္ခမပေးချင်ပေမယ့် သူ့လက်ထဲမှာရှိ ငါးရောင်ခြယ် လက်ဖဝါးကတော့ မရှိမဖြစ် လိုအပ်လေသည်။ ထိုအရာက အခင်းအကျင်း ကောင်းကင်စာအုပ်ကို ရှာဖွေရန် အဓိကအရာများထဲမှ တစ်ခုဖြစ်နိုင်ကြောင်း 90% သေချာလေသည်။
ကောင်းကင်မျိုသားရဲငလည်း ၎င်းကို အလွယ်တကူ ပေးမည်မဟုတ်ပါ။ ထို့ကြောင့် ရလဒ်သည် အလွန်ရိုးရှင်းပါ၏။ ထိုသားရဲကို ရိုက်နှက်ရုံသာ ရှိတော့သည်။
ထိုဂူထဲတွင် အဘိုးကြီးနဂါးကို သတ်ရန် ကောင်းကင်ဘုရင် ချန်ထားခဲ့သော တောက်ပသော စင်မြင့်ကို အသုံးပြုပြီးနောက် လုရွှမ်သည် ငါးရောင်ခြယ်လက်ဝါးက ကောင်းကင်ဘုရင် ချန်ထားခဲ့သည့် အရိပ်အာဝါသ ဖြစ်သင့်သည်ဟု ခံစားမိပါသည်။
ကောင်းကင်ဘုရင် ချန်ထားခဲ့သော ဤကောင်းကင်မျိုသားရဲကလည်း အမှန်တကယ်ပင် စွမ်းအား ကြီးမားသောသော်လည်း လုရွှမ် မကြောက်ပါ။ ထို့အပြင် အဘိုးကြီး နဂါးဆီက ရရှိထားသော မျှော်စင်ကလည်း အရင်းအနှီး ပိုများရာ ကောင်းကင်မျိုသားရဲသည် သေချာပေါက် အစွမ်းထက်သော်လည်း ၎င်းကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း ယုံကြည်ပါသည်။
ထို့အပြင် ဤသည်မှာ အာဏာပိုင်တို့၏ သရုပ်ပြမှု ဖြစ်ပြီး ထန်းယွမ်မြို့က ကျင့်ကြံသူ အားလုံးရဲ လောဘကြီးသော ရည်ရွယ်ချက်များကိုလည်း လုံးဝ ချေမှုန်းပစ်နိုင်လိမ့်မည်။ လူတိုင်းရှေ့မှာ သူသည် မျှော်စင်နယ်ပယ်မှ ထူးဆန်းသော သားရဲတစ်ကောင်ကို သတ်နိုင်ခဲ့လျှင် ထိုအချိန်မှစ၍ သူ့ကို ဆန့်ကျင်ဖို့ ကြံရွယ်သူတိုင်း သေသေချာချာ စဉ်းစားရပေမည်။
သူထွက်သွားရင်တောင် ဒီအင်အားစုတွေက သူ့လက်ကျန်အာဏာကို ထည့်သွင်းစဉ်းစားပြီး ကမ္ဘာ့နံပါတ် ၁ လက်နက်သန့်စင်ရေး အလုပ်ရုံကို ပြဿနာရှာရဲမည် မဟုတ်ချေ။
"အငယ်တန်းလေး.. နတ်လက်နက်ရဲ့ တန်ခိုးကို အားကိုးပြီး မာနထောင်လွှားနေတယ်ပေါ့... မာနထောင်လွှားတာကလည်း အကန့်အသတ် ရှိတယ်ကွ...."
ကောင်းကင်မျိုသားရဲက အော်ဟစ်၍ လက်ဝှေ့ယမ်းကာ လက်ဝါးရာကြီးကို လုရွှမ်ဆီသို့ ဖိချပစ်လိုက်သည်။ လက်ဖဝါးသည် တောင်ကြီးကဲ့သို့ ကြီးမားပြီး အလင်းရောင် ငါးရောင်ကို ထုတ်လွှတ်ထားကာ အနားမရောက်ခင်မှာပင် လေပြင်းများက တိုက်ခတ်နေပြီ ဖြစ်သည်။
ကောင်းကင်မျိုသားရဲ ရှေ့သို့ ပြေးထွက်လာသည်။ ၎င်းက ပါးစပ်ကို ဖွင့်ကာ တံတွေးနှင့် ထွေးထုတ်လိုက်ရာ ရုတ်ရုတ်သဲသဲ တိမ်တိုက်များ ထွက်ပေါ်လာကာ လုရွှမ်ကို ခဏအတွင်း ဝန်းရံလိုက်သည်။
လုရွှမ်ရဲ့ စိတ်လည်း တုန်ခါသွားကာ အငွေ့များက သူ့အဝတ်အစားများကိုပါ စွန်းထင်းသွားတာ မြင်လိုက်ရသည်။ လုရွှမ် ခန္ဓာကိုယ်မှ မိုးကြိုးများ ပေါက်ကွဲထွက်လာပြီး အငွေ့များကို ပေါက်ကွဲသွားစေသည်။ ထို့နောက် မီးတောက်များကိူ အလွှာလိုက် အလိုလို လွင့်ပျံလာစေကာ အနီရောင် တောက်တောက်ဖြင့် ပတ်ဝန်းကျင်လေထုကို ချက်ချင်း သုတ်သင်ရှင်းလင်းကာ လောင်ကျွမ်းပစ်လေသည်။
လေထဲမှာ လက်ဖဝါးကို မော့ကြည့်လိုက်ရင်း လုရွှမ် သူ့ဓားကို ဖြတ်ပစ်လိုက်သည်။ ဓားစွမ်းအင်က လေထဲမှာ ပျံ့သွားကာ လက်ဖဝါးကို ချိုးဖျက်ပစ်လိုက်၏။ လုရွှမ်၏ လှုပ်ရှားမှုများသည် သက်တောင့်သက်သာရှိပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနေသည့်အတိုင်းပင်။
သူသည် မျှော်စင်နယ်ပယ်မှ သခင်နှင့် တိုက်ခိုက်နေသော်လည်း သူ့ရဲ့ တည်ငြိမ်တဲ့ အသွင်အပြင်က သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းကို စိတ်အေးလက်အေး ပျော်ရွှင်စေပြီး သူ့ကို အဆုံးမရှိ သဘောကျသွားစေသည်။
ကောင်းကင်မျိုသားရဲ၏ ခန္ဓာကိုယ်သည် လေထုအလယ်တွင် ရပ်နေကာ သူ့မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ အော်ဟစ်လိုက်စဥ် လုရွှမ်ကလည်း ရွတ်ဆိုလိုက်၏။
“ကောင်းကင်က မိုးခြိမ်းသံ နိယာမအဖြစ် ပြောင်းစေ.... ကောင်းကင်ကမီး အရိုးအဖြစ် ကျုံ့စေ”
လူအားလုံး ပဟေဠိများ ဖြစ်ကုန်ကြသည်။ မတိုင်ခင်က လုရွှမ် ခန္ဓာကိုယ်မှ နတ်မိုးကြိုးများ ခုန်ထွက်လာခဲ့ရာ တစ်စုံတစ်ယောက်က စမေးလိုက်သည့်နှင့် သူတို့အားလုံး၏ နှလုံးသားထဲတွင် သံသယများစွာဖြင့် လျှို့ဝှက်စွာ တွေးတောနေခဲ့ကြသည်။
ရွှမ်ကျီး သဘောကျစွာ သက်ပြင်းချလိုက်ပေသည်။ သူ့နှလုံးသားထဲမှာ လုရွှမ်အပေါ် ကြည်ညိုလေးစားမှုက သုံးမှတ်တိုးလာခဲ့ပြီ။
"နတ်မိုးခြိမ်းသံက နိယာမစွမ်းအင် အဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်မီးက အရိုးတွေထဲကို ထိုးဖောက် ဝင်ရောက်သွားတယ်... လုရွှမ်က အဲဒီနာကျင်မှုတွေကို ခံစားခဲ့ရဖူးတယ်... နတ်မိုးခြိမ်းသံနဲ့ ခန္ဓာကိုယ်ထဲက ပူလောင်တဲ့ နာကျင်မှုတွေကို စတေးပြီး နတ်မိုးကြိုးကို အရိုးထဲမှာ ထွင်းထုထားတာ”
"အားလုံး အတုမယူကြဖို့ အကြံပြုပေးပါတယ်... ဒါက အရမ်းအန္တရာယ်များတယ် မင်းမှာ အရည်အချင်း မပြည့်မီဘူး၊ မသန့်ရှင်းတဲ့စိတ် ဒါမှမဟုတ် စိတ်ဆန္ဒအားနည်းရင် သေမှာသေချာတယ်"
"အနည်းဆုံးတော့ ကျွန်တော်တောင် လုံးဝ မလုပ်နိုင်ဘူး!"
သူသည် ယခင်ကလည်း ၎င်းကို စမ်းသပ်ပြီး မိုးကြိုးရေကန်ထဲသို့ တစ်ကြိမ်ဝင်ခဲ့ဖူးသော်လည်း သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။ ဒါကြောင့် လုရွှမ်ရဲ့ ဒီအရည်အချင်းကိုတော့ သူ တကယ်ကို သဘောကျပါ၏။
"သခင်လေးလုရွှမ်က ကောင်းကင်ဘုံသခင် ကျင့်ကြံမှုအဆင့်မှာပဲ ရှိတာတောင် ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေ ရှိနေတာ အံ့သြစရာတော့ မရှိပါဘူး.. လူတိုင်းလည်း သူဘယ်လောက် ရက်စက် ကြမ်းကြုတ်လဲ ဆိုတာကို အခုပဲ မြင်ဖူးကြမှာပါ... သူဘယ်လောက် အနစ်နာခံပြီး သူ့လက်ရှိ ခွန်အားကို ရအောင် ဘယ်လောက်အထိ ခံနိုင်ရည်ရှိလဲဆိုတာ ဘယ်သူက သိမှာလဲ"
"ဟုတ်တယ် ငါအရင်က ပါရမီရှင်တစ်ယောက် ဖြစ်ရလို့ ဂုဏ်ယူခဲ့ဖူးတယ်... ဒါပေမဲ့ သခင်လေးလုရွှမ်နဲ့ နှိုင်းယှဉ်ပြီးမှ ငါက အလယ်အလတ် လူတစ်ယောက်ပဲဆိုတာ သိလိုက်ရတာ"
"သခင်လေးလုရွှမ် နိုင်လိမ့်မယ်!"
"ဟုတ်တယ်... သခင်လေးလုရွှမ် နိုင်လိမ့်မယ်!"
ဆွေးနွေးမှုကြားတွင် တမူထူးခြားသော အားပေးသံ အနည်းငယ်လည်း ထွက်ပေါ်လာသည်။ လုရွှမ်သည် အော်ဟစ်နေသော လူများကို ပြန်ကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသလိုပင်။