← Chapters

ကျရှုံးခြင်း

Vol. 95 Ch. 4.943

ကျရှုံးခြင်း

Vol. 95 Ch. 4.943

"ကောင်လေး... မင်းရဲ့မြင့်မြတ်တဲ့ နတ်မိုးခြိမ်းသံနဲ့ ကောင်းကင်မီးက မင်းရဲ့အရိုးတွေထဲကို စိမ့်ဝင်ထားရင်တောင် ကိစ္စမရှိပါဘူး... ကောင်းကင်ကို မျိုချနိုင်တဲ့ သားရဲငါ့ကို အကုန်ပေးရမှာပဲ...."

သူ့ခန္ဓာကိုယ်ကို လှိမ့်လိုက်သည်နှင့် အရွယ်အစား လျင်မြန်စွာ ကြီးထွားလာလေသည်။ ၎င်းက သားရဲတစ်ကောင်အဖြစ် တစ်ခဏအတွင်း ပြောင်းလဲသွားပြီး ပါးစပ်ကို ဖွင့်ဟကာ စုပ်ယူလိုက်လေသည်။

အလွန်အစွမ်းထက်သော စုပ်ယူမှု စွမ်းအားတစ်ခု ထွက်ပေါ်လာစဥ် လုရွှမ်ရဲ့ ခန္ဓာကိုယ်သည်လည်း အေးခဲသွားသည်။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ကောင်းကင်မျိုသားရဲ၏ ပါးစပ်ဆီသို့ ကူကယ်ရာမဲ့ ပျံသန်းသွားရလေသည်။

"ဒါက ကောင်းကင်မျိုသားရဲရဲ့ မှော်ဆန်တဲ့ စွမ်းအားပဲကိုး... တကယ် အံ့သြစရာကောင်းသားပဲ"

အနီးနားရှိ လူတော်တော်များများမှာ အရင်က ကြုံဖူးကြသလိုဖြင့် ထိုသားရဲရဲ့ ဝမ်းထဲကို တိုက်ရိုက် မျိုချခံရပြီးပါက ဘာမှ မကျန်တော့ကြောင့် ပြောပြနေကြသည်။

လုရွှမ် ညည်းပြီး သူ့ခန္ဓာကိုယ်က လေထဲမှာ ပျံဝဲနေတုန်းပင်။ ခြေဖဝါးကို ရှေ့သို့ချထားပြီး နောက်သို့ အနည်းငယ် ယိမ်းယိုင်ထားသည်။ သူ့ခြေဖဝါးအောက်မှာတော့ လေပြင်းနိယာမတွေ တဖျပ်ဖျပ် ခတ်လျက်ရှိ၏။

"ဟဲဟဲ တကယ်မိုက်တယ်မလား... မင်းအတွက် ခက်ခဲမှန်း ငါသိသားပဲ... ဒါပေမဲ့ မလုံလောက်သေးဘူး.... ဒီကို လာခဲ့!"

ကောင်းကင်မျိုသားရဲသည် ကျယ်လောင်စူးရှစွာ အော်ဟစ်ကာ ၎င်းရဲ့လျှာကို လိပ်ကာ လက်တစ်ဖက်ကဲ့သို့ ဆန့်ထုတ်လိုက်သည်။ ၎င်းသည် အနီရောင် သွေးတွေနဲ့ ရက်စက် ကြမ်းကြုတ်ချင်​နေတဲ့ ရည်ရွယ်ချက်ရှိတဲ့ မြင်းတစ်ကောင်လိုပါပဲ။

လုရွှမ်သည် သူ့ခန္ဓာကိုယ်အား ထိန်းမနိုင်သိမ်းမရဖြစ်ကာ လျှာထဲသို့ တိုက်ရိုက် ထုပ်ပိုးခံလိုက်ရကာ မျက်စိတစ်မှိတ်အတွင်း ဆွဲထုတ်ခံလိုက်ရသည်။

လုရွှမ်ခမျာ သူ့ကိုယ်ပေါ်က ဖိအားများစွာ ကျဆင်းသွားချိန်၌ သူသည် ခံနိုင်ရည် လုံးဝ မရှိတော့သလို ဖြစ်သွားသည်။ အခုတော့ သူ ကောင်းကင်မျိသားရဲ၏ ခန္ဓာကိုယ်ထဲ တိုက်ရိုက် ​ရောက်နေလေပြီ။

အရာအားလုံး ချောမွေ့သွားတာကြောင့် ကောင်းကင်မျိုသားရဲ ကိုယ်တိုင်တောင် ခဏလောက် အံ့အားသင့်သွားခဲ့ပြီး ကြောင်အသွား၏။ သို့သော်လည်း သူက သူ့နှုတ်ခမ်းတွေကို နမ်းလိုက်ပြီး ကျယ်လောင်စွာ ရယ်မောရင်း ဆိုလိုက်သည်။

"ငါကတော့ နည်းလမ်း​တွေ အများကြီး ပြင်ဆင်ထားတာ... ဒါပေမဲ့ မင်းအစွမ်းအစက ဒါထက် ဘာမှ မပိုပါဘူး... ဟမ့် အမှိုက်ကောင်!"

လူသား ကျင့်ကြံသူ အတော်များများလည်း လုရွှမ် ခေတ္တသာ အရှက်ကွဲနိုင်သည်ဟု ထင်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် အညီအမျှ ဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ် လုရွှမ်သည် သူ့ဝှက်ဖဲကို ထုတ်ပြပြီး ကောင်းကင်မျို သားရဲကို ဖယ်ရှားရန် နတ်တန်ခိုးကို အသုံးပြုမည်ဟု တွေးထားကြသည်။

သို့သော် သားရဲပါးစပ်ထဲသို့ ရိုးရှင်းစွာ မျိုချခံရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ကောလဟာလတွေအရ ကောင်းကင်မျိုသားရဲရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်က သဘာဝအတိုင်း ဖြစ်ပေါ်နေပြီး တချို့က ဝင်သွားပေမယ့် ဘယ်တော့မှ ပြန်မထွက်နိုင်ကြတော့ပေ။

သူ့ခန္ဓာကိုယ်ထဲကို အသွင်းခံလိုက်ရတာနဲ့ သေမှာ သေချာပါတယ်။

"အိုက်ယိုး...စောစောကသာ သိခဲ့ရင် ငါ ဝင်လောင်းလိုက်ပါတယ်..."

"ဟာဟားဟား လုရွှမ် သေသွားရင် ငါတို့ရဲ့ အရင်အကြွေးတွေလည်း ရှင်းသွားပြီပေါ့"

လူတော်တော်များများက ရယ်မောကြသည်။ ရုတ်တရက် ပျော့ပျောင်းစွာ ထွက်ပေါ်လာသော လေသံသည် လူတိုင်း၏ အိပ်မက်များကို အနှောင့်အယှက် ဖြစ်သွားစေ၏။

"အားလုံးပဲ လုရွှမ် တကယ်သေသွားပြီလို့ ထင်လား"

စကားပြောသူကတော့ ရွှမ်ကျီးပါပဲ။ လူတိုင်းလည်း အသံများ တိတ်ဆိတ်ကာ အံ့အားသင့်သွားကြသည်။ လုရွှမ် တကယ်သေပြီလား မသိရသေးဘူး မဟုတ်လား။

ကောင်းကင်မျို သားရဲ၏ ခန္ဓာကိုယ်ထဲက ထွက်လာနိုင်သူကတော့ အံ့ဖွယ်အမှုများကို လုပ်ဆောင်နိုင်သူသာ ​ဖြစ်လိမ့်မည်။ သို့သော် လုရွှမ် ပေါ်လာပြီးကတည်းက အံ့ဖွယ်အမှုတွေ ပေါ်လာခဲ့တာပဲ မဟုတ်ပါလား။

ကောင်းကင်မျိုသားရဲက သူ့ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလာခဲ့သည်။

“ငါ့ဝမ်းထဲ ဝင်သွားသူတိုင်း တစ်ယောက်မှ မထွက်လာနိုင်ဘူးကွ!”

ဝူး!

ကောင်းကင်မျိုသားရဲ ရုတ်တရက် ယိမ်းယိုင်သွားကာ ကြည့်နေသူများ၏ ခန္ဓာကိုယ်များလည်း တုန်လှုပ်သွားကြသည်။ ကောင်းကင်မျိုသားရဲမှာ မကျေမနပ်ဖြင့် ပြင်းပြင်းထန်ထန် အော်ဟစ်နေလေတော့သည်။

ကောင်းကင်မျို သားရဲ၏ ဝမ်းဗိုက်သည် ကိုယ်ဝန်ဆယ်လရှိသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကဲ့သို့ ဖောင်းကားလာတာ တွေ့လိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....”

ကောင်းကင်မျို သားရဲသည် တင်ပျဉ်ခွေထိုင်ကာ လက်တစ်ဖက်က ကောင်းကင်ကို ညွှန်ပြပြီး နောက်လက်တစ်ဖက်က မြေပြင်ကို ထိုးထားသည်။ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေက လက်ချောင်း နှစ်ချောင်းထဲကနေ အလိုလို တိုးထွက်လာပြီး သူ့နှာခေါင်းထဲမှာ တိုးဝင်သွားလေသည်။

"အဲဒါတွေက ယင်နဲ့ယန်ရဲ ချီနှစ်ခုပဲ.... ဒဏ္ဍာရီအရ ကောင်းကင်မျိုသားရဲက ယင်ယန် ချီနှစ်ခုကို သူ့ဘာသာသူ ဆင့်ခေါ်နိုင်တယ် အဲဒါတာကြောင့်လည်း ကမ္ဘာကြီးကို ဝါးမြိုသွားနိုင်တာ"

ပညာရှိ တစ်ယောက်က ကောင်းကင်မျိုသားရဲ၏ လျှို့ဝှက်ချက်ကို ထောက်ပြလာသည်။ သို့သော် ကောင်းကင်မျိုသားရဲသည် မည်မျှပင် ကြိုးစားပါစေ သူ့ဝမ်းဗိုက်သည် ဖောင်းကားနေသေးပြီး ပို၍ ကြီးမားလာတာကြောင့် တင်ပျဉ်ခွေတောင် မထိုင်နိုင်တော့ချေ။

"ကောင်းကင်မျိုသားရဲရေ... လုရွှမ်က မင်းရဲ့ဗိုက်ထဲကို လွယ်လွယ်နဲ့ စုပ်ယူခံရမယ်လို့ မင်းထင်နေတာလား"

ကောင်းကင်မျို သားရဲထံမှ ရုတ်တရက် အသံထွက်လာ၏။ ဒီအသံက လုရွှမ်ဖြစ်ကြောင်း လူတိုင်းက ရှင်းရှင်းလင်းလင်း သိကြသည်။

"ကောင်းပြီ ငါထွက်လာတော့မယ်...."

ကောင်းကင်မျို သားရဲ၏ ဝမ်းသည် ခရမ်းရောင် အလင်းတန်းများဖြင့် တောက်ပလာခဲ့ကာ တစ်ခဏအတွင်း သားရဲ၏ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ခရမ်းရောင် ဖြစ်သွားခဲ့သည်။

လုရွှမ်သည် နတ်ဓားရဲ့ ရည်ရွယ်ချက်ကို တိတ်တိတ်ဆိတ်ဆိတ် လွှတ်လိုက်သည်။ ၎င်းက ကောင်းကင်မျိုသားရဲ၏ အငွေ့အသက် မဟုတ်ဘဲ လုရွှမ်ရဲ့ ဓားစွမ်းအင် ဖြစ်ကြောင်း သူတို့အားလုံး သေချာပေါက် သိပါသည်။

၎င်းသည် ပြင်းထန်ပြီး ဆိုးဝါးသော်လည်း ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ရဲ့ အငွေ့အသက်များ ပါရှိပြီး လူအများကို ဝတ်ပြု ကိုးကွယ်ချင်စိတ်များကို ခံစားရစေသည်။

လူအုပ်ထဲတွင် တိုက်ပွဲကို ကြည့်နေသော လီလင်ရွှမ်းလည်း ရုတ်တရက် တုန်လှုပ်သွားသည်။ သေချာပေါက် ဒါဟာ လီမိသားစု၏ ဓားသိုင်းပညာထဲက ဘုရင်အငွေ့အသက်ပါသည့် ဓားသိုင်း ဖြစ်ပါသည်။ အစပိုင်းတွင် သူမက ပြတ်သားမှုနှင့် အရှိန်အဟုန်ကို လိုက်လျှောက်ရန် မဆိုင်းမတွ စွန့်လွှတ်ခဲ့ဖူးသည်။

ယခုမူ သူမသည် လုရွှမ်ဓားသိုင်းကို မြင်လိုက်ရပြီ။ အစွမ်းထက်လွန်းသဖြင့် သူမသည် ခေါင်းချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်ရန် အနည်းငယ်ပင် သတ္တိမရှိတော့ပေ။

"ဖျက်!"

"အား..."

သားရေဗုံဖြင့် ရစ်ပတ်ထားသည့်နှယ် ထွက်ပေါ်လာသော အသံသည် ကောင်းကင်မျိုသားရဲ၏ ဝမ်းဗိုက်ထဲမှ ဖြစ်ကာ နောက်ထပ် အသံတစ်သံကတော့ စိတ်ပျက်ဖွယ်ကောင်းသည့် ကောင်းကင်မျိုသားရဲ၏ အော်သံကြီးပဲ ဖြစ်ပေသည်။

သို့သော် နောက်အခိုက်အတန့်တွင် သားရေဗုံက ကွဲသွားကာ အသံက ကျယ်လောင် ပြင်းပြလာသည်။

မီးရှူးမီးပန်းတစ်စင်း တောက်ပလာပြီး လူတစ်ဦး ပြေးထွက်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ဖြူစင်ကာ အညစ်အကြေး သဲလွန်စပင် မရှိပေ။

ထိုလူသားဟာ လုရွှမ်ပါပဲ။

ကောင်းကင်မျိုသားရဲသည် ၎င်း၏ ပါးစပ်မှ သွေးများကို အန်ထုတ်ရင်း ခွန်အားတွေက ဆက်တိုက် ကျဆင်းသွားခဲ့သည်။ စွမ်းအင်များ ပေါက်ထွက်လာသည်နှင့်အမျှ ယင်ယန် စွမ်းအင်များ သူ့ဗိုက်ထဲမှ ယိုစိမ့်ထွက်လာသည်။

မူလက ကြီးမားလှသော ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့သွားတဲ့အတွက် စွမ်းအင်များ အားနည်းလာသည်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်တွေ ပြုတ်ကျသွားပြီ ဆိုတာ လူတိုင်း မမေးဘဲတောင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

ကောင်းကင်မျို သားရဲသည် ၎င်း၏ဗိုက်ရှိ ဒဏ်ရာကို ဖုံးအုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း မဖုံးကွယ်နိုင်ခဲ့ပါ။ သူ့ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွား၏။ သူသည် လေထဲက လုရွှမ်ကို စိုက်ကြည့်ရင်း။

"ဘာလို့လဲ ဘာလို့လဲ"

လုရွှမ် ထိုကောင်အား သူ့စိတ်ထဲမှ လှောင်ရယ်နေလိုက်လေသည်။ ကောင်းကင်မျိုချ သားရဲသည် ဤမျှလောက် မောက်မာလွန်းပြီး သူ့ကိုယ်တွင်းသို့ မျိုချလိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူ၏ ယွမ်ယန်စွမ်းအင်များသည် လက်ထဲမှ လွင့်ပျံလာကာ နေရောင်တွင်ပင် ဖြူစင်သော အလင်းရောင်ဖြင့် တောက်ပနေပုံမှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့် အတိုင်းပင်။

ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အလွန်ပင် အံ့အားသင့်နေတာကြောင့် စကားသံပင် မထွက်နိုင်ကြသေးပေ။ သူတို့၏ မျက်လုံးများသည် ကောင်းကင်မျိုသားရဲကဲ့သို့ မယုံကြည်နိုင်စွာ ပြူးကျယ်နေသည်။

ကောင်းကင်နှင့်မြေကြီးသည် ယင်နှင့်ယန်ဖြစ်ပြီး ကျင့်ကြံသူများ၏ ကျင့်စဉ်သည်လည်း ယင်ယန်နှင့် သဘာဝအတိုင်း ဆက်စပ်နေသည်။ ကျွမ်းကျင်မှု ပိုကောင်းလေ၊ ယင်နှင့်ယန် ပိုဖြူစင်လေ၊ ကျင့်ကြံမှုအဆင့်ကလည်း သဘာဝအတိုင်း လျင်မြန်စွာ တိုးတက်လာမည်ကို လူတိုင်းသိသည်။

စစ်မှန်တဲ့ ယင်ယန်ချီကို ဘယ်သူက လုပ်နိုင်မလဲ။ ဒါကို လုပ်နိုင်ဖို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ လေ့ကျင့်မှု၊ အရာအားလုံးနှင့် ပတ်သက်​နေ​လေသည်။

ကောင်းကင်မျို သားရဲက ထိတ်လန့်စွာ ရယ်မောလိုက်သည်။ ခါးသီးသော ရယ်မောသံများက မိမိကိုယ်ကို လှောင်ပြောင်နေသည့်နှယ်။ သွေးများက အဆက်မပြတ် စိမ့်ထွက်လာကာ ၎င်း၏ ဝမ်းတွင်းရှိ ယင်ယန် စွမ်းအင်များ တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် အရေခွံတစ်ခုထဲသို့ တိုးဝင်သွားသည့်နှယ် မျှော်စင်နှင့် ငါးရောင်ခြယ်လက်ဝါးက ဘေးကို ပြုတ်ကျကာ ဘာမှမကျန်တော့ပေ။ လုရွှမ်လည်း ထိုပစ္စည်းနှစ်ခုကို သိမ်းယူလိုက်သည်။ လှည့်ကြည့်လိုက်တော့ အားလုံးက သူ့ကို အံ့သြနေကြတာ တွေ့လိုက်ရ၏။

လုရွှမ်ရဲ့ ကျင့်ကြံမှုနဲ့ အရည်အချင်းကို လူတိုင်းက အသိအမှတ်ပြုခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း သူ၏ အောင်မြင်မှုများသည် အနာဂတ်တွင် မည်မျှအထိ မြင့်မားလာဦးမယ် ဆိုတာက လူတိုင်းအတွက် ကိုယ်စီ တွေးစရာများ ဖြစ်သည်။ သို့သော် လုရွှမ်၏ ဖြူစင်သော ယွမ်ယန်ရောင်ဝါကို မြင်ပြီးနောက် ငြင်းခုံမှုများက ပြီးဆုံးသွားခဲ့သည်။

မျှော်စင်နယ်ပယ်ဟာ ထက်မြက်သော ကျင့်ကြံသူ များစွာအတွက် မြင့်မြတ်သောနေရာ ဖြစ်နေပြီ ဖြစ်သော်လည်း လုရွှမ်အတွက်တော့ ၎င်းသည် သူ့ခရီးအတွက် ရှုခင်းတစ်ခုသာ ဖြစ်​လေသည်။

All Chapters