← Chapters

နတ်ဆိုးမီးက ၎င်းရဲ့စွမ်းအားကို ပြသပြီ

Vol. 95 Ch. 4.945

နတ်ဆိုးမီးက ၎င်းရဲ့စွမ်းအားကို ပြသပြီ

Vol. 95 Ch. 4.945

ရွှမ်ကျီး ဘာမှပြန်မပြောမီ လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းရဲ့ အမူအရာကြောင့် ထင်ရှားနေပြီ ဖြစ်သည်။

ရွှီထျန်းလျောက်ရဲ့ မျက်လုံးများသည်လည်း လုရွှမ်ကို အပေါ်အောက် အကဲခတ်လိုက်ကာ လှောင်ပြောင် ပြောဆိုလေတော့သည်။

"ကောင်းကင်ဘုံသခင်လောက်ကို ပါရမီရှင်လို့ ခေါ်တယ်ပေါ့.... ဟမ့် မင်းတို့ရဲ့ ထန်းယွမ်ကြယ်လေးက တကယ်ကို ပိုပိုပြီး ယုတ်ညံ့လာတာပဲ"

"အိုး မင်းရဲ့ဓားကတော့ တော်တော် ကောင်းတယ် ငါအရမ်းကြိုက်တယ် ငါ့ဆီ ယူလာပေး!"

ရွှီထျန်းလျောက် သူ့လက်ဖဝါးကို ဆန့်လျက် လုရွှမ်နောက်ကျောက နတ်ဓားကို စုပ်လိုက်သည်။ ထိုစဥ် ပြင်းထန်သောလေသည် ဘေးဘက်မှ မှုတ်ထုတ်လိုက်ရာ စုပ်ယူမှုအားက ပျက်ပြယ်သွားလေသည်။ ၎င်းမှာ သခင်လေးရွှမ်ကျီးပင်။

"ရွှီထျန်းလျောက် မင်းက အဝေးကြီးက လာပြီးတော့ ဒီကိုရောက်တာနဲ့ တခြားလူရဲ့ လက်နက်ကို လုယူချင်နေတာလား? ဘာလဲ... သည်းမခံနိုင်ဘူးလား"

သခင်လေးရွှမ်ကျီးရဲ့ လုပ်ရပ်တွေကို လူတော်တော်များများ မမြင်ဖူးကြသလို၊ မာနကြီးတဲ့ ဆန်းကြယ်ကောင်းကင် အိမ်တော်နဲ့ နောက်မဆုတ်ဘဲ ယှဉ်ပြိုင်ဝံ့မယ်လို့လည်း မမျှော်လင့်ခဲ့ကြပါဘူး။

လူတိုင်းရဲ့ ရင်ထဲမှာ လျှို့ဝှက်အံ့သြစရာတွေ ပေါက်ဖွားလာခဲ့ပြီး သခင်လေးရွှမ်ကျီးဟာ ထန်းကျီဂိုဏ်းရဲ့ မျိုးဆက်သစ် ခေါင်းဆောင် ဖြစ်လာမယ် ဆိုတာ အမှန်ပဲဟု မှတ်ချက် ပေးနေကြလေသည်။

"လွှမ်းမိုးနိုင်သားပဲ... ရွှမ်ကျီး...မင်းက အသက်ရှင်လေ ဆန်းကြယ်လေပဲ...ဒီကမ္ဘာပေါ်မှာ တရားမျှတမှုလို့ ခေါ်တာ ရှိလို့လား မင်း သန်မာရင် တစ်ကမ္ဘာလုံးကို မင်းပိုင်တယ်။ မင်း အားနည်းရင်တော့ တခြားသူနဲ့ သက်ဆိုင်သွားပြီ... ဒီကောင်လေးက နတ်ဓားကို လိုချင်တယ် ဆိုရင်တော့ ရှင်းပါတယ်... သူ့မှာ ခွန်အားရှိဖို့ လိုတယ်...”

လုရွှမ်ကလည်း ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး။

"ဟုတ်တယ် ဒီကမ္ဘာက ဘယ်တုန်းကမှ တရားမျှတမှု မရှိခဲ့ဘူး.... ရတနာတွေကို ကာကွယ်ချင်ရင် ခွန်အားကို အားကိုးရမယ်"

"ဟားဟာဟား...."

ရွှီထျန်းလျောက်က ရယ်လိုက်သည်။

"ရွှမ်ကျီး.... ကြည့်စမ်း ဒီညီလေး ကိုယ်တိုင်ကတောင် ဒီအမှန်တရားကို အသိအမှတ် ပြုနေပြီ မင်းငါ့ကို တားဖို့ ဘာလို့ကြိုးစားနေတာလဲ!"

ရွှမ်ကျီးသည် တစ်ဖက်က လုရွှမ်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး ခပ်တိုးတိုး ဆိုလိုက်သည်။

"လုရွှမ်... ရွှီထျန်းလျောက်က ဆန်းကြယ်ကောင်းကင် အိမ်တော် အတွင်းစည်းထဲက တပည့်တစ်ယောက်ပဲ ထိပ်တန်းဆယ်ယောက်ထဲ အဆင့်သတ်မှတ်နိုင်တယ်... သူက အစွမ်းထက်ပြီး သာမန်လူလို မဟုတ်ဘူး"

ရွှမ်ကျီးက ခေတ္တရပ်ပြီး “သူ့လက်အောက်မှာဆို သိုင်းကွက် ဆယ်ကြိမ်ထက် ပိုပြီး ခုခံနိုင်သူ မရှိဘူး” ဟု ထပ်ပြော​လေသည်။

ဆိုလိုရင်းမှာ ရွှမ်ကျီးသည် ဤရွှီထျန်းလျောက် အပေါ် အကောင်းမြင်စိတ် မရှိသည်မှာ ထင်ရှားပါသည်။ ဆယ်ကွက်အထိတောင် မခုခံနိုင်ဘူးတဲ့လား။

လုရွှမ်သည် ရွှီထျန်းလျောက်ကို တစ်ချက် ကြည့်လိုက်သည်။ ရွှမ်ကျီးက သူ့မျက်လုံးများထဲတွင် အစွမ်းထက်နေပြီ ဖြစ်ပြီး သေချာသည်မှာ သူကိုယ်တိုင်မှလွဲ၍ ရွှမ်ကျီးသည် သူမြင်ဖူးသမျှ အရည်အချင်း အရှိဆုံးလူအဖြစ် သတ်မှတ်ခံရ​လေသည်။

သို့သော် ရွှီထျန်းလျောက် လက်ထဲတွင် သိုင်းကွက် ဆယ်ကွက်အတွင်း အနိုင်ယူနိုင်စွမ်း မရှိခဲ့ပေ။ ဒါကြောင့် သူလည်း သတိရှိထားရမည်။

"ကောင်းပြီ ငါနားလည်ပါတယ်... စိတ်မပူပါနဲ့ ငါအရည်အချင်း ငါသိတယ်... နောက်ပြီး အခု သူက ဒုက္ခလာပေးနေတာပဲ မဟုတ်ဘူးလား? "

ရွှမ်ကျီး သက်ပြင်းသာ ချလိုက်ရသည်။ ဟုတ်ပါတယ်။ တစ်ဖက်လူက သူတို့ကို အနိုင်ကျင့်နေတယ် ဆိုရင်တောင် မရိုက်နိုင်ရင် အသက်ကို ပေးလိုက်ရလိမ့်မည်။

"ရွှီထျန်းလျောက် ဟုတ်တယ်မလား ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ အတွင်းစည်း ထိပ်တန်းသခင် ဆယ်ယောက်ထဲက ဆိုတော့ အရမ်းကြောက်ဖို့ ကောင်းတာပဲ... ငါ့ရဲ့ နတ်လက်နက်ကို သိမ်းချင်ရင်တော့ မင်းမှာ ခွန်အားရှိမရှိပေါ်မှာပဲ မူတည်တယ်"

ရွှီထျန်းလျောက်က ရယ်မောပြီး လုရွှမ်ကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းက ငါနဲ့ တိုက်ခိုက်ဖို့ မထိုက်တန်ပါဘူးကွာ... သူ့ကို သင်ခန်းစာ ပေးနိုင်တဲ့သူ ဘယ်သူရှိလဲ"

သူ့အဖွဲ့ထဲက လူတစ်​​ယောက်​ ထရပ်​လိုက်​သည်​။ ထိုလူ၏ မျက်နှာက အနည်းငယ် အရောင်ပြောင်းနေကာ ဒေါသထွက်နေသလား အလုပ်အရမ်း ကြိုးစားချင်လို့လားတော့ မသိ။

"ခုနက ဒီသခင်လေး အရှက်ရလိုက်တယ်... ဒီတစ်ခါတော့ ဒီကောင်လေးရဲ့ ဘဝကို သုတ်သင်ပစ်လိုက်မယ်!"

ရွှီထျန်းလျောက်က "ကောင်းပြီ မင်း သူ့ကို ဆယ်ကွက်အတွင်း ဖမ်းလို့မရဘူးဆိုရင် မင်းခြေထောက်နဲ့ ထွက်သွားလိုက်တော့..."

ထိုလူက ပြင်းပြင်းထန်ထန် ရယ်မောလိုက်သည်။

"ဆယ်ကွက်လား...ဟမ့် ငါသူ့ကို သုံးကွက်အတွင်း ဖျက်စီးပစ်မယ်!"

ထိုလူက ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်၏။ သူထုတ်လွှတ်လိုက်သော အသံသည် ကျားဟောက်သံနှင့် အတူတူပင်။ သူ့ရဲ့ ဟိန်းသံက ကောင်းကင်နဲ့မြေကြီးကို တုန်လှုပ်သွားစေ၏။

မီးတောက်နေသော အနီရောင် ကျားတစ်ကောင်သည် သူ့နောက်မှ ခုန်တက်လာတာကြောင့် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

"ကျားနီ!"

ထိုလူက ရယ်မောပြီး "ကမ္ဘာငယ်လေးမှာ တစ်ခါတုန်းက ကျားနီတစ်ကောင်ကို သတ်ခဲ့ဖူးတယ်... သူ့ခွန်အားက သာမန်ပဲဆိုပေမယ့် သွေးအရင်းအမြစ်က ကောင်းတယ်... ကောင်လေး ကျားနီရဲ့ ခြေသည်းအောက်က သေဆုံးရတာ ဂုဏ်ယူလိုက်တော့"

ထိုစကားကို ပြောပြီးနောက် ထိုလူ၏ ခန္ဓာကိုယ်သည် ခုန်ထွက်လာပြီး ကျားနီထဲသို့ ပေါင်းစည်းသွားကာ သူက ထပ်မံဟိန်းဟောက်၍ လုရွှမ်ဆီသို့ ပြေးသွားခဲ့သည်။

ထိုလူသည် အလွန် လျင်မြန်သောကြောင့် လုရွှမ်မှာ သူ့အမြင်အာရုံ အနည်းငယ် မှုန်ဝါးသွားသည်ဟုပင် ခံစားလိုက်ရသည်။ သူ အံ့သြသွား၏။ ဆန်းကြယ်ကောင်းကင် အိမ်တော်က တကယ်ကို အားကောင်းတာပဲ။ သူသည် နတ်မီးနယ်ပယ် အဆင့်၅ တွင် ရှိပြီး တားမြစ်လူသားလည်း ဟုတ်သော်ငြား ဖန်းလုံနှင့် နှိုင်းယှဉ်ပါက ဤလူက အဆများစွာ အားကောင်း​ပေသည်။

လုရွှမ် ခြေဖဝါးအောက်မှ လေပြင်းနိယာမ စွမ်းအင်များ ထိုးတက်လာပြီး လက်နှစ်ဖက်ကို သူ့ရှေ့တွင် ဆန့်ထုတ်ရင်း နတ်ဝိညာဉ်ဒိုင်းလွှာကို ဖော်ထုတ်လိုက်သည်။

လုရွှမ် သူရှောင်လို့မရမှန်း သိသွားပြီ။ ဒီနတ်ဝိညာဉ်ဒိုင်းကတော့ သူ့ကို ရှောင်ဖို့ အချိန်နည်းနည်း ပေးလိုက်ပါ၏။

ကျားနီက အရှိန်ပြင်းပြင်းနဲ့ သူ့လက်ဖဝါးကို ပွတ်ဆွဲလိုက်တာကြောင့် အနည်းငယ် နှောင့်နှေးသွားတဲ့ နတ်ဝိညာဉ်ဒိုင်းလွှာက ကွဲအက်သွားသည်။ ဒါပေမဲ့ ဒီနှောင့်နှေးမှုက လုံလောက်ပြီ ဖြစ်တဲ့အတွက် လုရွှမ် တစ်ဖက်ကို ရှောင်ထွက်သွားလိုက်သည်။

ကျားနီက သူ့ခန္ဓာကိုယ်ကို လှည့်ကာ သူ့အမြီးကို လှန်လိုက်၏။ သူ့ရဲ့ ကျားနီနဲ့ ချိတ်ဆက်မှု တိုက်ခိုက်မှုက အရမ်းမြန်နေတာ သိသာလှသည်။

လုရွှမ်ကလည်း ကျားနီရဲ့ နောက်ကျောဘက်ကို ချက်ချင်း ခုန်လိုက်သည်။ သေချာတာကတော့ ကျားနီဟာ သူ အားအင်အပြည့်နဲ့ ခုန်နေတာကို တွေ့တော့ ကျားအမြီးကို ဝေ့ယမ်းလိုက်၏။ လုရွှမ် လက်ဖဝါးကို မြှောက်လိုက်ပြီး ကျားနီရဲ့အမြီးကို ခွန်အားအပြည့်နဲ့ ဆုပ်ကိုင်ထားလိုက်သည်။

"ဟားဟား မင်းဒီလိုလုပ်မယ်လို့ ငါမတွေးမိဘူးများ ထင်လား?"

ကျားနီက အော်လိုက်သည်။ လုရွှမ် သူ့လက်ဖဝါးများကို ပြင်းထန်စွာ ဖိထားသော်လည်း ကျားနီက လုံးဝ မလှုပ်ချေ။

"မင်း သေလိုက်တော့!"

ကျားနီ အော်ပြောလိုက်ပေမယ့် သူ့စကားမဆုံးခင်မှာ သူ့ခန္ဓာကိုယ်ကို လုရွှမ်က မြှောက်ချလိုက်ပြီး သူ့စကားတွေက ပြီးပြည့်စုံတဲ့ ဟာသတစ်ခု ဖြစ်လာခဲ့ပါတော့သည်။ လုရွှမ်က သူ့အမြီးကို လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားကာ သူ့ခန္ဓာကိုယ်ကို စက်ဝိုင်းပုံစံ အားရပါးရ ဝေ့ယမ်းပေးလိုက်သည်။

"အို တောင်းပန်ပါတယ် မင်းပြောတာကို ရှင်းရှင်းလင်းလင်း မကြားလိုက်မိဘူး"

ကျားနီမှာ ယောက်ျားပီသစွာ အော်ဟစ်သော်လည်း သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ချေ။

"မင်းငါ့ကိုသေစေချင်ရင် မင်းလည်းသေဖို့ ပြင်ထားရမယ်"

လုရွှမ် အေးစက်စွာ ဆိုရင်း သူ့လက်ဖဝါးမှ အနီရောင်တောက်တောက်ဖြင့် တောက်လောင်နေသော မီးတောက်များကို ထုတ်လွှတ်လိုက်သည်။

"အစ်ကိုလု... မလုပ်လိုက်နဲ့!"

ရွှမ်ကျီး မြန်မြန် ထွက်အော်လိုက်သည်။ ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ အတွင်းစည်းနဲ့ အပြင်စည်းတပည့်တွေက လုံး၀ ကွဲပြားသည်။ အကယ်၍ သင်သည် ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ အတွင်းစည်းမှ လူများကို သတ်မိပါက ဆန်းကြယ်ကောင်းကင် အိမ်တော်နဲ့ လုံးဝရန်သူ ဖြစ်သွားလိမ့်မည်။

"ဟားဟားဟား.... မီး​တောက် နည်းနည်းလေးပါကွာ"

လူငယ်က ရုတ်တရက် ဟောက်လိုက်သည်။

လုရွှမ် လက်ဖဝါးပေါ်ရှိ မီးတောက်များသည် သူ့ခန္ဓာကိုယ်ကို ချက်ချင်း ဖြတ်ကျော်ကာ တစ်ကိုယ်လုံး မီးတောက်များဖြင့် ပြည့်လျှံသွားသည်။ လုရွှမ်သည် ကျားနီကို နောက်ကျောဘက်သို့ ရွှီထျန်းလျောင်နှင့် သူ့အဖွဲ့ထံ ရှောင်တခင် ပစ်ချလိုက်သည်။

လူနှစ်ယောက် ပြေးထွက်လာပြီး တစ်ယောက်က သူ့လက်ဖဝါးမှ ရေခဲပန်းများကို ဖျန်းပြီး ကျန်တစ်ယောက်က သူ့လက်ထဲမှ ရေငွေ့များကို ဖျန်းပေးသည်။

ဗုန်း!

လူနှစ်ယောက် ပစ်သွင်းလိုက်သော ရေငွေ့နှင့် ရေခဲပန်းများသည် မီးတောက်၏ ပျံ့နှံ့မှုကို ရပ်တန့်မသွားစေဘဲ ချက်ချင်းပင် လူနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ပါ တိုက်ရိုက် လောင်ကျွမ်းသွားကာ မီးတောက်များ ရစ်ပတ်သွားခဲ့သည်။

သူတို့ သုံးယောက်သည် တစ်ချိန်တည်းတွင် မီးလောင်နေသော လူများအဖြစ်သို့ ပြောင်းလဲသွားသည်။ လူတိုင်း အော်ဟစ်နေကြကာ ဆန်းကြယ်ကောင်းကင် အိမ်တော်က အဖွဲ့သည်လည်း အထိတ်တလန့်ဖြင့် နောက်​ပြန် ဆုတ်သွားကြသည်။

အဲဒါက ဘယ်လိုမီးတောက်​​ကြီးလဲ။

ရွှီထျန်းလျောက်လည်း ညင်သာစွာ အော်ဟစ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ပြင်းထန်တဲ့ လေပြင်းက လူသုံးယောက်ရဲ့ ခန္ဓာကိုယ်ကို မှုတ်ထုတ်လိုက်သော်လည်း မီးတောက်က လုံးဝ မလျော့တဲ့အပြင် လောင်ကျွမ်းမှုက ပိုပြင်းထန်လာတာကြောင့် လူသုံးယောက်က စူးစူးဝါးဝါး အော်ဟစ်နေကြရ၏။

ပထမဆုံးလူသည် နောက်ဆုံးတွင် ပါးစပ်ပိတ်ကာ မြေပေါ်သို့ လဲကျသွားလေသည်။ သူ့ခန္ဓာကိုယ်သည် မီးသွေးတုံးများ ဖြစ်သွားတာကြောင့် လူတိုင်း လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။

ဒါက ဘယ်လောက် ကြာသွားလဲဆိုရင် ဘယ်လောက်မှ မကြာလိုက်ပါဘူး။ အသက်ငါးခါ ရှူတုန်းရှိသေး နတ်မီးနယ်ပယ်က ပြာကျသွားပြီ။

All Chapters