← Chapters

လွတ်လပ်သည့် မသေမျိုး

Vol. 92 Ch. 1272

လွတ်လပ်သည့် မသေမျိုး

Vol. 92 Ch. 1272

အမှန်တရားကို မြင်သည့်အခါ လူတစ်ယောက်က အမှန်တကယ် လွတ်လပ်သွားသည်ဟု ဆိုနိုင်ပေသည်။

မသေမျိုးများက လွတ်လပ်ကာ အနှောင်အဖွဲ့မရှိသူများ ဖြစ်၏။

ဝမ်ပေါင်လဲ့အတွက် အတိတ်က မပြောင်းလဲနိုင်သလို အနာဂတ်ကိုလည်း ဖမ်းဆုပ်၍ မရပေ။ သူက မလိုချင်တော့လျှင် မည်သို့ဖြစ်မည်နည်း။

သူက မလိုချင်သည့်အတွက် ထိုအရာကို ပိုမိုနားလည်လာခဲ့သည်။ သူက အတိတ်ကို စည်းမျဉ်းဥပဒေသအဖြစ် ပြောင်းလဲကာ အနာဂတ်ကိုလည်း စည်းမျဉ်းဥပဒေသအဖြစ် ပြောင်းလဲပြီး မိုးမြေကြားတွင် သူ့တာအိုအုတ်မြစ်အဖြစ် သို့မဟုတ် ဝမ်ရီရီ အသက်ပြန်ရှင်ဖို့ လိုအပ်သည့် ကံကြမ္မာ ဖြစ်စေဖို့ ခွင့်ပြုပေးခဲ့သည်။

ငါ မင်းကို ကံကြမ္မာပေးမယ်။ ငါက ပစ္စုပ္ပန်ကိုပဲ လိုချင်တာ။ အခုကစပြီး ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းပြီး လျှောက်လှမ်းလာတဲ့သူက အတိတ်လည်း မလိုအပ်သလို အနာဂတ်လည်း မလိုအပ်ဘူး။

သူက ပစ္စုပ္ပန်ကာလတွင် တည်ရှိရုံမျှသာ လိုအပ်ပေသည်။

ဝမ်ပေါင်လဲ့၏ စိတ်က ပိုမိုကြည်လင်လာသည်။ သူ့ဆံပင်များက လေဟုန်နှင့်အတူ မျောလွင့်နေပြီး ခန္ဓာကိုယ်ဝန်းကျင်တွင် တာအိုစည်းချက်များ ထွက်ပေါ်နေပြီး ထိုအရာက အဖက်ဖက်သို့ ပျံ့လွင့်သွားသည်။ တစ်ချိန်တည်းဆိုသလို သူ့ကျင့်ကြံဆင့်က ဉာဏ်အလင်းပွင့်မှုကြောင့် သိသိသာသာ တိုးတက်လာခဲ့သည်။

သူက အလယ်အလတ် ကြယ်နယ်မြေအဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ကာ ဆက်လက်တိုးတက်နေဆဲ ဖြစ်၏။

သူ့အဆင့်ထိ ကျင့်ကြံထားသည့် စွမ်းအားကြီးပုဂ္ဂိုလ်မျိုးက ကျင့်ကြံဆင့်ကို ချိုးဖောက်ရာအတွက် သူ့ကိုယ်ပိုင်စွမ်းအားကို မလိုအပ်တော့ပေ။ ထိုအရာက မိုးမြေ၊ စကြဝဠာ၊ စည်းမျဉ်းဥပဒေသနှင့် သူ့ကိုယ်ပိုင်ခန္ဓာအပေါ် နားလည်နိုင်စွမ်းဖြင့် ဆုံးဖြတ်ပေးနိုင်သည်။

သူက တာအိုကို နားလည်သွားသည်နှင့် တာအိုကို ရရှိနိုင်လိမ့်မည်။

ထိုစဉ် ဝမ်ပေါင်လဲ့က တာအိုကို ရယူနေခြင်း ဖြစ်၏။

သူ ဆုံးရှုံးလိုက်သည့် အတိတ်နှင့် သူ စွန့်ပယ်လိုက်သည့် အနာဂတ်က သူ့တာအိုအဖြစ် ပြောင်းလဲကာ နှလုံးသားကို အလင်းရောင်ပေးပြီး သူ့ကိုယ်ပိုင်လမ်းစဉ်ကို မြင်လာစေပြီး အတွေးများကို ခိုင်မာသွားစေသည်။

သူက ဆက်လက် လျှောက်လှမ်းလာစဉ် သူ့အနီးအနားမှ တာအိုစည်းချက်များက ပိုမိုအားကောင်းလာ၏။ သူ့တာအိုအရှိန်အဝါက ထူးကဲသည့် အငွေ့အသက်အဖြစ် သိသိသာသာ အပြောင်းအလဲတစ်ခု ဖြစ်သွားသည်။

ဝမ်ပေါင်လဲ့၏ ပြောင်းလဲမှုကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသည့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက အံ့အားသင့်နေသည်။ သူ့အနေနှင့် ယခင်က မသေမျိုးတစ်ယောက်ကို မမြင်တွေ့ခဲ့ဖူးသော်လည်း သူ့ဘဝ၌ အတွေ့အကြုံနှစ်ခါ ရှိခဲ့ဖူးပြီး တစ်ခါက သူ့သခင်ဖြစ်သူ ဝမ်ရီရီ၏ ဖခင်ဖြစ်သူဆီမှ ဖြစ်၏။ ထိုအရာက နတ်ဘုရားတစ်ပိုင်းနှင့် မသေမျိုးတစ်ပိုင်း၏ တည်ရှိမှုဖြစ်ကာ သူ့တာအိုမှ စည်းချက်များနှင့် တူညီနေသည်။

နောက်တစ်ကြိမ်တွင် နောက်ထပ် လူတစ်ယောက်ကမူ မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းသော်လည်း သူက နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းခဲ့သူ ဖြစ်၏။

“ဒါက မသေမျိုးလား” စန္ဒာကြယ်ဂိုဏ်းက ရေရွတ်လိုက်သည်။

“ဒါက မသေမျိုးလား” သူ့ကို တုံ့ပြန်သည့်သူက ဝမ်ပေါင်လဲ့ ဖြစ်၏။ သူ့ဆံပင်များက လေနှင့်အတူ မျောလွင့်နေသည်။ ခန္ဓာကိုယ်ရှိ တာအိုစည်းချက်များက ပြောင်းလဲသွားခဲ့သည်။

သူ တုံ့ပြန်လိုက်သည့်အခါ ဝမ်ပေါင်လဲ့က ရပ်တန့်လိုက်သည်။ သူက စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို ကျောပေးလျက် ရပ်နေသည်။ သူ့တာအိုနှလုံးသားက ကြည်လင်နေပြီး အတွေးနက်နေဟန်ပေါ်၏။

“သစ်သားက ရှင်သန်မှုရဲ့ တာအို။

ရေဓာတ်က အရင်းအမြစ် တာအို။

သတ္တုဓာတ်က နောက်ဆုတ်လမ်းမရှိတဲ့ တာအို။

မြေဓာတ်တာအိုက ဖိနှိပ်ခြင်း ရှိတဲ့ တာအို။

မီးဓာတ်တာအိုက ပျက်စီးခြင်း တာအို။

ဓာတ်ငါးပါးက အခြေခံအုတ်မြစ်ဖြစ်ပြီးတော့ အတိတ်နဲ့ အနာဂတ်ကို နားလည်လိုက်တာက  တာအိုအသစ်အဖြစ် ပြောင်းလဲသွားတယ်။ အားလုံးက လွတ်လပ်မှု တာအိုအတွက်ပဲ”

သူက ပြောလိုက်ရင်းဖြင့် ပြုံးလိုက်သည်။ သူက ရှေ့တစ်လှမ်းတိုးကာ ကြယ်တာရာ ကောင်းကင်ထဲ လျှောက်လှမ်းသွားသည်။ သူ့တာအိုစည်းချက်က အပြီးတိုင် ပြောင်းလဲသွားပြီး မသေမျိုး စည်းချက်တစ်ခု ဖြစ်လာသည်။

သူ့မသေမျိုးစည်းချက်က ပျံ့နှံ့သွားသည့်အခါ ဝမ်ပေါင်လဲ့အနောက်ဘက်တွင် အနက်ရောင်သစ်သားပြားပုံရိပ် ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်သစ်သားပြား၏ အရှိန်အဝါက ပိုမိုအားကောင်းလာပြီး ဝမ်ပေါင်လဲ့၏ မသေမျိုး စည်းချက်နှင့် ပေါင်းစည်းထားသလိုမျိုး ဖြစ်၏။ ထိုအရာက တစ်ခုနှင့်တစ်ခု ခွဲခြား၍ မရနိုင်တော့ပေ။

မသေမျိုး စည်းချက်များ ပေါ်ထွက်လာသည်နှင့် ကြယ်တာရာကောင်းကင်က ဖြူဖျော့သွားပြီး ကျောက်ပြားကမ္ဘာကလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ အားလုံး၏ စိတ်ထဲ ဗလာကျင်းသွား၏။ လော့၏ လက်နှင့် တိုက်ခိုက်နေသည့် သွေးနီရောင် လူငယ်လေးကပင် ပထမဦးဆုံးအကြိမ်အနေဖြင့် တုန်ယင်သွားခဲ့သည်။ မျက်နှာအထက် ရှားရှားပါးပါး ထိတ်လန့်တကြားဖြစ်နေသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။

သူက မသေမျိုးစည်းချက်များကြောင့်သာ ထိတ်လန့်နေခြင်းသာမကဘဲ မသေမျိုးစည်းချက်နောက်ကွယ်တွင် အလျင်အမြန် ကြီးထွားလာသည့် နောက်ထပ်အရှိန်အဝါ တစ်ခု ရှိနေသည်။ ထိုအရာက အပြီးတိုင် နိုးထလာတော့သလိုမျိုး ဖြစ်နေ၏။

ထိုအရှိန်အဝါက အနက်ရောင်သစ်သားပြားဆီမှ ရောက်ရှိလာခြင်း ဖြစ်သည်။ တစ်ချိန်တည်းဆိုသလို ကျောက်ပြားကမ္ဘာအပြင်ဘက်တွင် သင်္ဘောပေါ်၌ ပုံရိပ်က စိုက်ကြည့်နေသည်။ ထို့နောက် သူ့မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာကာ တီးတိုးရေရွတ်လိုက်၏။

“မကြာခင် အချိန်ပြည့်တော့မယ်”

ရုတ်ရုတ်သဲသဲအလယ်တွင် ကျောက်ပြားကမ္ဘာ စန္ဒာကြယ်ဂိုဏ်း၏ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲ ဝမ်ပေါင်လဲ့၏ ဆံပင်များက ဖရိုဖရဲဖြစ်နေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ မသေမျိုးစည်းချက်တို့ ထုတ်လွှတ်နေသည်။ သူ့ပုံရိပ်က ဝေဝါးသွားပြီး သူ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ကြယ်တာရာကောင်းကင်က မတည်မငြိမ်ဖြစ်လာပြီး သူ့ခြေထောက်အောက်တွင် အက်ကြောင်းများ စတင်ပေါ်ထွက်လာသည်။ ထိုအရာက သူ့တည်ရှိမှုကို တောင့်မခံနိုင်တော့သည့်အလား ဖြစ်၏။

ထိုအဆင့်ကို နောက်ဆုံးရောက်ရှိခဲ့သူက ချန်ရှင်းသာ ဖြစ်သည်။

“မစိုးရိမ်ပါနဲ့” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။

သူက သက်ရှိကို စိတ်အေးအောင် ဖျောင်းဖျနေခြင်း မဟုတ်ဘဲ ကျောက်ပြားကမ္ဘာကို ဖျောင်းဖျနေခြင်း ဖြစ်၏။

“ငါက မင်းကို ထိခိုက်အောင် မလုပ်ဘူး” ဝမ်ပေါင်လဲ့က နွေးထွေးစွာ ပြောလိုက်သည်။ သူ ပြောလိုက်သည်နှင့် သူ့ခြေထောက်အောက်ရှိ အက်ကြောင်းများက ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်သွား၏။ ကျောက်ပြားကမ္ဘာမှ တုန်ခါနေမှုကလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။ ထို့နောက်တွင် လိုက်ပါလာသည်က ဝန်လေးမှု ဖြစ်၏။

ကြယ်တာရာကောင်းကင်ထဲမှ ဝန်လေးမှုက ဤနေရာရှိ ဝမ်ပေါင်လဲ့၏ အချိန်သည် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ခန့်မှန်းမိဟန်ပေါ်သည်။

“ငါ မင်း တောင့်မခံနိုင်တဲ့ အနေအထား မရောက်ခင်အထိ ငါ့ကိုယ်ငါ ထိန်းချုပ်ပါမယ်။ ငါ့ကို စောင့်နေ။ ရွှေတာအိုနဲ့ မီးဓာတ်တာအိုနဲ့ ပေါင်းစည်းပြီးတဲ့အထိ စောင့်နေ။ ငါ မင်းကို ငါနဲ့အတူ ခေါ်သွားမယ်” ဝမ်ပေါင်လဲ့၏ အသံက ညင်သာလှသည်။ ထို့နောက် အဖက်ဖက်မှ ရင်းနှီးသည့် ခံစားချက်တစ်ခု စုဝေးလာပြီး ဝမ်ပေါင်လဲ့ကို လွှမ်းခြုံကာ ကံကြမ္မာအသွင် ပြောင်းလဲသွားပြီး သူ့ကို လွှမ်းခြုံသွားခဲ့သည်။

ထိုသူက ကျောက်ပြားကမ္ဘာ၏ ကံကြမ္မာ ဖြစ်၏။ ထိုအရာ ပျံ့နှံ့လာသည်နှင့် ဝမ်ပေါင်လဲ့က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့အကြည့်က အရာအားလုံးကို ထိုးဖောက်မြင်နေရဟန်ပေါ်သည်။ သူက လေဟာနယ်အဆုံးသတ်ရှိ လော့၏ လက်နှင့်တိုက်ခိုက်နေသည့် သွေးနီရောင်လူငယ်လေးကို ကြည့်ကာ ဖြည်းဖြည်းချင်း အေးစက်သွား၏။

“အလျင်လိုနေဖို့ မလိုဘူး။” ဝမ်ပေါင်လဲ့က အေးစက်မှုကို ဖုံးကွယ်လိုက်သည်။ သူ့အမူအရာက တည်ငြိမ်မှုအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ သူက သွေးနီရောင်လူငယ်လေးကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသော်လည်း မစွန့်စားလိုပေ။

သူ့တာအိုက ပြီးမြောက်ဟန်ထင်ရသော်လည်း အပြင်ပိုင်းသာ ပြီးမြောက်သေးလေသည်။ ပြီးပြည့်စုံဖို့ရာ လိုအပ်နေသည့် အဓိကအချက်တချို့ ကျန်ရှိနေသေး၏။

ပထမဦးစွာ သတ္တုတာအို ဖြစ်၏။ ဒုတိယတစ်ခုက မီးဓာတ်တာအို ဖြစ်ပေသည်။ နောက်တစ်ခုကမူ မသေမျိုးတာအို ဖြစ်၏။

ဝမ်ပေါင်လဲ့က မသေမျိုးတာအိုကို ကျွမ်းကျင်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်ရှိ မသေမျိုးအငွေ့အသက်က  တာအိုနှင့် အသိစိတ်တို့ ပေါင်းစည်းမှု၏ ရလဒ် ဖြစ်၏။ သို့သော်လည်း သေချာသည့် အနေအထားမှကြည့်လျှင်  ထိုအရာက အပြီးတိုင် မပြီးမြောက်သေးပေ။

တကယ်လို့ ငါ ခန့်မှန်းတာသာ မှန်တယ်ဆိုရင် ဂိုဏ်းတူအစ်ကိုကြီး ထားခဲ့တဲ့ဟာက မသေမျိုးရဲ့ အမွေအနှစ်ပဲ ဖြစ်လိမ့်မယ်…

ထိုအရာက မသေမျိုးမီးတောက် ဖြစ်နေနိုင်သည်။

ထိုမီးတောက်က ဓာတ်ငါးပါးဖြင့် ပေါင်းစည်းကာ သူ့တာအိုသယ်ဆောင်သူ ဖြစ်လာနိုင်သည်။

ဝမ်ပေါင်လဲ့က မျက်လုံးကို အသာမှိတ်ထား၏။ နောက်အခိုက်အတန့်၌ သူက ပြန်ဖွင့်လိုက်သည့်အခါ လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးပေးလိုက်သည့် ငွေသုံးပြားက ပေါ်ထွက်လာ၏။

ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်ဖြင့် သာမန်ငွေပြားက ထိတ်လန့်ဖွယ်အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။ ထိုအငွေ့အသက်တွင် ကံအကြောင်းတရား ပါဝင်နေပြီး သူ့ဆုတောင်းပုလင်းနှင့် တူညီသည့်ဇစ်မြစ် ရှိဟန်ပေါ်သည်။

“လူတစ်ယောက်ဆီက ကံအကြောင်းတရားလား” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူ့ မသေမျိုး အရှိန်အဝါက ပြောင်းလဲသွားပြီး သင်္ကေတများစွာ ထွက်ပေါ်လာ၏။ ထိုအရာက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး မျက်စိနှင့် မြင်နိုင်လောက်သည်အထိ ပြည့်နှက်သွားခဲ့သည်။

ထိုသင်္ကေတများက တာအိုမျိုးစေ့ ဖန်တီးဖို့ လိုအပ်သည့် အရာများ ဖြစ်၏။ သူတို့က ပျံ့နှံ့သွားသည့်အခါ ဝမ်ပေါင်လဲ့က ညာဖက်လက်ကို လက်သီးအသွင် ဆုပ်လိုက်သည်။ သူက အနက်ရောင် တွင်းနက်ကြီးအသွင် ပြောင်းလဲသွားပြီးနောက် ပျံ့နှံ့နေသည့် သင်္ကေတများက မိုးခြိမ်းသံသဖွယ် မြည်လာပြီး ပင်လယ်သဖွယ် စီးဝင်လာသည်။

မျက်စိတစ်မှိတ်အတွင်း သူတို့က ဝမ်ပေါင်လဲ့၏ လက်အတွင်း စုဝေးလာကာ ငွေပြားများဖြင့် တစ်ခုပြီးတစ်ခု ပေါင်းစည်းသွားခဲ့သည်။ ထိုအရာက ပတ်ဝန်းကျင်ရှိ ချီဖြင့် အားဖြည့်ထားပြီး ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်ဖြင့် ရွှေဓာတ်တာအိုမျိုးစေ့က ပေါ်ထွက်လာဖို့ သိပ်မကြာလိုက်ပေ။ အမွှေးတိုင်ဝက်စာ လောင်ကျွမ်းချိန်မျှသာ လိုအပ်ခဲ့၏။ ဝမ်ပေါင်လဲ့က လက်ကို ဖွင့်လိုက်သည့်အခါ ရွှေဓာတ်တာအိုမျိုးစေ့က ပေါ်ထွက်လာသည်။

ထိုအရာ ပေါ်ထွက်လာသည်နှင့် ကျောက်ပြားကမ္ဘာက ထပ်မံ လှုပ်ခတ်သွားသည်။ ဤတစ်ချိန် ကြယ်စင်များ၊ လူမှုအဖွဲ့အစည်းအားလုံး၊ သက်ရှိအားလုံးနှင့် ရွှေဓာတ်စည်းမျဉ်းနှင့် သက်ဆိုင်နေသည့် အရာအားလုံးက သတ္တုဖြစ်စေ၊ ဓမ္မလက်နက်ဖြစ်စေ သို့မဟုတ် လက်နက်များဖြစ်စေ တုန်ယင်သွားကြသည်။

အကြောင်းအရင်းက သတ္တုဓာတ်က ဇစ်မြစ်ရှိလာ၍ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ပေါက်ထွက်သွား၏။ သူက လက်ရှိအနေအထားထက် ကျော်လွန်သွားခဲ့သည်။ သို့သော်လည်း ကျောက်ပြားကမ္ဘာမှာ ထိုအရာကို တောင့်မခံသည့်အတွက် ဝမ်ပေါင်လဲ့က ဖိနှိပ်ထားလိုက်ရသည်။ ထိုအရာက သူ့ခန္ဓာကိုယ်အတွင်း စုဝေးနေသလို အပြင်ထွက်ပေါ်ခြင်း မရှိပေ။ သူက မျက်လုံး ထပ်မံ မှိတ်လိုက်သည်။

သူက မျက်လုံးကို မဖွင့်နိုင်သေးပေ။ သူသာ ဖွင့်လိုက်သည်နှင့် ကြယ်တာရာကောင်းကင်က ကြေမွသွားကာ ကမ္ဘာကြီးက ပြိုလဲသွားပြီး ကျောက်ပြားကမ္ဘာသည်လည်း ထိုအရာကို ခုခံနိုင်မည် မဟုတ်ပေ။

ပြီးရင် ငါ ဂိုဏ်းတူအစ်ကိုကြီး ချန်ထားခဲ့တဲ့နေရာဆီ သွားရမယ်။

မျက်လုံးကို မှိတ်ထားသည့် ဝမ်ပေါင်လဲ့က ကမ္ဘာရှိအရာအားလုံးကို မြင်တွေ့ဖို့ မျက်လုံးကို ဖွင့်ထားစရာ မလိုပေ။ သူက ရေရွတ်လိုက်ပြီး ခြေလှမ်းတစ်လှမ်း  လှမ်းကာ ပျောက်ကွယ်သွားလေ၏။

All Chapters