← Chapters

မသေမျိုးလက်ဖွဲ့အဆောင်

Vol. 92 Ch. 1273

မသေမျိုးလက်ဖွဲ့အဆောင်

Vol. 92 Ch. 1273

မျက်လုံးကို ဖွင့်ထားသော်လည်း အမြင်တွင် အတားအဆီးများ၊ မြူခိုးများဖြင့် ပြည့်နှက်နေသူများစွာ ရှိ၏။ သူတို့က ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို ဘဝ၏ အလင်းတန်းရှိရာကိုလည်း အာရုံမခံမိကြပေ။ ထိုအရာက သူတို့၏ ကိုယ်ပိုင်အခြေအနေများကြောင့် သို့မဟုတ် ပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်နိုင်၏။

ဤသို့သော လူအမျိုးအစားက ကမ္ဘာပေါ်တွင် အများဆုံး တွေ့ရတတ်သည်။ သူတို့က မပျော်ရွှင်ဘူးဟု မဆိုနိုင်သော်လည်း သူတို့တွင် လွတ်လပ်မှု မရှိပေ။ သူတို့အနေနှင့် ဘဝဆိုတာ အချိန်ကို ဝိညာဉ်စွမ်းအားတွေအဖြစ် ကျင့်ကြံရေးတစ်ခုဆိုတာ သိတာ ဖြစ်နိုင်သလို မသိတာလည်း ဖြစ်နိုင်သည်။ သို့သော်လည်း သူတို့က ဉာဏ်အလင်းပွင့်ဖို့ လိုအပ်နေဆဲ ဖြစ်၏။ သို့သော်လည်း လူတချို့က ဘဝကို ဖြည်းဖြည်းချင်း ဖြတ်သန်းကာ နောက်တဆင့်သို့ ရောက်ရှိသွားသည့်သူများလည်း ရှိသည်။ သူတို့က မျက်လုံးကို ရှင်းရှင်းလင်းလင်း ပိတ်ထားသော်လည်း တစ်ကမ္ဘာလုံးက သူတို့၏ အသိစိတ်ထဲတွင် ပိုမိုနက်ရှိုင်းလာ၏။ သူတို့က အကုန်လုံးကို ထိုးဖောက်မြင်နေရသလိုမျိုး ထိတွေ့မိကြသည်။ ထိုအရာက သူတို့က ပိုမိုလှပကာ အရောင်စုံသည့် အသက်ဓာတ်ဖြင့် ပြည့်ဝသွားကြသည်။

ဤသို့သော လူစားမျိုးလည်း ရှိတတ်ကြ၏။

ဝမ်ပေါင်လဲ့က တစ်ခါက အရှေ့က လူစားမျိုး ဖြစ်ခဲ့သော်လည်း ယခုအခါ အနောက်က လူစားမျိုး ဖြစ်သွားခဲ့သည်။ သူက နောက်တစ်ခု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ သူက ဉာဏ်အလင်းပွင့်မှုကို မရရှိခဲ့သော်လည်း ကိုယ်ပိုင်သဘာဝကို နားလည်သွားခဲ့သည်။

သူ့ဘဝ၏ မှတ်ဉာဏ်များက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာသည်။ သူက ကြယ်တာရာကောင်းကင်ထဲ လျှောက်လှမ်းနေရင်း မျက်လုံးကို အသာမှိတ်ကာ ရေရွတ်လိုက်သည်။

“ဘဝဆိုတာက ကျင့်ကြံရေးခရီးလမ်းတစ်ခုပဲ။ နှလုံးသားကို ကျင့်ကြံရေး၊ သဘာဝကို ကျင့်ကြံရေး၊ ကိုယ်တိုင်ကို ပြုစုပျိုးထောင်ရေးတို့ပဲ”

ဝမ်ပေါင်လဲ့က ရေရွတ်လိုက်ရင်း ပြုံးလိုက်မိသည်။ သူ့အပြုံးက ဖြူစင်မှု၊ ရိုးသားမှုနှင့် ငြိမ်းအေးမှုတို့ ရှိနေသည်။ ထိုအပြုံး၃ခု ပေါင်းစည်းသွားသည့်အခါ သူ့ခန္ဓာကိုယ်က ပိုမိုလွတ်လပ်သွားဟန်ပေါ်သည်။

တစ်လှမ်းချင်းစီဖြင့် သူက သူ့ဂိုဏ်းတူအစ်ကိုကြီး၏ အမွေအနှစ်ကို ချန်ထားခဲ့သည့် နေရာဆီ ဦးတည်လိုက်သည်။

သူက မျက်လုံးက ပိတ်လျက်သာ ရှိနေပြီး ဖွင့်ကြည့်ဖို့ မလိုအပ်ပေ။

သူက ယခု မည်သည့်ကျင့်ကြံဆင့်တွင် ရောက်နေမှန်း မသိပေ။ သူက ပြီးပြည့်စုံသည့် ကြယ်နယ်မြေအဆင့်တွင် ရှိနေနိုင်သလို ထပ်ပြီး အဆင့်မြင့်သွားတာမျိုးလည်း ဖြစ်နေနိုင်သည်။ သူက စကြဝဠာအဆင့်ဟု ခေါ်ဆိုသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေတာလည်း ဖြစ်နေနိုင်သည်။ ဒါမှမဟုတ် အမည်မသိအနေအထားတစ်ခုသို့ ရောက်ရှိနေတာလည်း ဖြစ်နေနိုင်သည်။

သူ့ရှေ့တွင် သူ့ဂိုဏ်းတူအစ်ကိုကြီးကသာ ကျောက်ပြားကမ္ဘာထဲ ဤအနေအထားထိ ရောက်ရှိခဲ့ဖူးသည်။

သူက သူ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကို ကောင်းကောင်းမသိသော်လည်း ကိစ္စတစ်ခုကိုမူ ကောင်းကောင်းသိထားသည်။ သူက မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ ဖိနှိပ်ထားသည့် ကျင့်ကြံဆင့်က ချက်ချင်းဆိုသလို ပေါက်ထွက်လာလိမ့်မည်။ ထိုပေါက်ထွက်မှုက ကျောက်ပြားကမ္ဘာပင် တောင့်ခံနိုင်သည့်အရာမျိုး မဟုတ်ပေ။

“နည်းနည်းလောက် ထပ်စောင့်လိုက်ဦး” ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ပြောလိုက်သလိုလို ဗလာကို ပြောလိုက်သလိုလို ဖြစ်နေသည်။ သူက ခြေထောက်ချလိုက်သည့်အခါ သူ့ပုံရိပ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက မဟာဒိဋ္ဌိနယ်မြေအစွန်အဖျားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနေရာက လူသူကင်းမဲ့သည့် ကြယ်တာရာကောင်းကင်တစ်ခု ဖြစ်၏။ ထိုနေရာတွင် ကြယ်စင်အနည်းငယ်သာရှိပြီး ဥက္ကာပျံများက မြစ်သဖွယ် မျောလွင့်နေသည်။ ထူးဆန်းသည့်စွမ်းအား သို့မဟုတ် မြေဆွဲအားအောက်တွင် သူတို့က ထိုနေရာကြီးမှ ထွက်မသွားနိုင်ကြပေ။ ထိုအစား သူတို့က အဆုံးသတ်ကို မခွဲခြားနိုင်သည့် ဧရာမ စက်ကွင်းတစ်ခုလို ဖြစ်နေသည်။

အကယ်၍ မြင့်မားသည့်အနေအထားမှ ကြည့်ပါက ထိုဥက္ကာပျံများသည် တူညီသည့် ဇစ်မြစ်ဖြစ်ကြောင်း မြင်တွေ့ရမည်။ တခြားနည်းဖြင့် ပြောရလျှင် သူတို့က နဂိုဇစ်မြစ်က တစ်ခုတည်းသာ ဖြစ်၏။

ဧရာမကြယ် သို့မဟုတ် မပြောပြနိုင်လောက်အောင် ကြီးမားသည့် ဥက္ကာပျံက ဤနေရာတွင် တည်ရှိခဲ့ဟန်ပေါ်သည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုအရာသည် ပြိုကွဲသွားကာ သူတို့ ယခုမြင်ကွင်းမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အကယ်၍ တခြားတစ်ယောက်သာ ဖြစ်နေပါက သူတို့သည် ဥက္ကာပျံများရှိ မူမမှန်မှုကို ခံစားမိမည် မဟုတ်ပေ။ ဤသည်က စကြဝဠာအဆင့် ကျင့်ကြံသူများအတွက်လည်း အတူတူသာ ဖြစ်၏။

ဤနေရာက သာမန်ဖြစ်လွန်းနေသည်။ ဤနှစ်များစွာတစ်လျှောက် ဤဥက္ကာပျံစက်ကွင်းအတွင်း ဆင်းသက်ခဲ့သည့် ကျင့်ကြံသူများစွာလည်း ရှိခဲ့ဖူးသော်လည်း မည်သူကမှ ဘာမှရှာမတွေ့ခဲ့ကြပေ။ ထိုအရာက ဤနေရာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမိုနည်းပါးသွားစေသည်။

သို့သော်လည်း ယခုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ကိစ္စအားလုံးသည် ကွဲပြားသွားကြောင်း ခံစားမိနေသည်။ ထိုအရာက ဥက္ကာပျံစက်ကွင်းတစ်ခု ဖြစ်နေသေးသော်လည်း ဖုံးကွယ်ထားစရာ တန်ဖိုး မရှိပေ။ သို့သော်လည်း အာရုံမခံမိနိုင်ဖွယ် မသေမျိုးစည်းချက်တချို့ ရှိနေသည်။

မသေမျိုးစည်းချက်က မှေးမှိန်လွန်းလှသည့်အတွက် စကြဝဠာအဆင့် ကျင့်ကြံသူများပင် အာရုံခံမိကြမည် မဟုတ်ပေ။ ယခင် ဝေ့ယန်ကျစ်ပင် ထိုအရာကို ခံစားမိမည် မဟုတ်ပေ။ သူ့ကိုယ်သူ ယခင်က နားမလည်ခဲ့သည့် ဝမ်ပေါင်လဲ့ကပင် မသေမျိုးတစ်ယောက်၏ အမွေအနှစ်ကို ရရှိထားသည်ဆိုသော်လည်း တခြားသူများကဲ့သို့ ဤနေရာမှ ဘာမှရရှိမည် မဟုတ်ပေ။

သို့သော် ယခုအခိုက်အတန့်၌ သူ့ကိုယ်သူနားလည်ပြီး တာအိုအငွေ့အသက်ကို မသေမျိုးအငွေ့အသက်အဖြစ် ပြောင်းလဲပြီးသည့်နောက် ဝမ်ပေါင်လဲ့က ဤကွဲပြားချက်ကို ပိုမိုမြင်လာမိသည်။

“ဂိုဏ်းတူအစ်ကိုကြီးက တကယ်ကို ပါရမီရှင်ပဲ”ထိုအရာကို ခံစားကြည့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အသာရေရွတ်လိုက်သည်။

ဤနေရာတွင် လျှို့ဝှက်ထားသည့် အရာဟူ၍ မရှိပေ။ ထိုသို့လုပ်ဖို့ရာလည်း မလိုအပ်ပေ။ သူ့ရှေ့တွင်ရှိနေသည့် ဥက္ကာပျံစက်ကွင်းက အဖိုးတန်ဆုံးအရာ ဖြစ်နေ၏။

လွန်ခဲ့သည့်နှစ်ပိုင်းခန့်က ဤနေရာတွင် တည်ရှိသည်က ဂြိုဟ်တစ်ခု မဟုတ်သလို ဥက္ကာပျံတစ်ခုလည်း မဟုတ်ဘဲ ကမ္ဗည်းကျောက်စာတစ်ခုသာဖြစ်၏။

ထိုကျောက်စာက ကြေမွသွားပြီး ဥက္ကာပျံများစွာကို ဖြစ်ပေါ်သွားစေသည်။ ဥက္ကာပျံတစ်ခုချင်းစီက ထိုကမ္ပည်းကျောက်စာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြ၏။ ပုံကားချပ်တစ်ခုက ကြေမွသွားသလိုမျိုး တစ်ခုက အပိုင်းပိုင်းအစစ ကွဲသွားပြီး ပုံကားချပ်ဆက်ရသည့် ပဟေဠိသဖွယ် ဖြစ်လာသည်။

အကယ်၍ ထိုအရာကို အတူတကွ ပြန်လည်ပေါင်းစည်းခဲ့ပါက ကမ္ပည်းကျောက်စာသည် ကမ္ဘာထဲ ပြန်လည်ပေါ်ထွက်လာလိမ့်မည်။ သို့သော်လည်း နဂိုကမ္ပည်းကျောက်စာက ဘာနှင့်တူမှန်း မသိသည့်အတွက် ထိုအရာကို အတူတကွ ထားရှိဖို့ရာ မဖြစ်နိုင်ပေ။

အကယ်၍ အင်မတန် မှေးမှိန်နေသည့် မသေမျိုးစည်းချက်ကို ခံစားမိပါက သူတို့သည် ထိုအရာမှတဆင့် ကမ္ပည်းကျောက်စာ၏ နဂိုသွင်ပြင်ကို ရှာနိုင်လိမ့်မည်။ ထိုအတားအဆီးများဖြင့် ဤနေရာရှိ ချန်ရှင်း၏ အမွေအနှစ်ကို ရရှိနိုင်သည့်သူက ဇစ်မြစ်တူသည့် မသေမျိုးတစ်ယောက်သာ ဖြစ်လိမ့်မည်။

ထိုအရာအားလုံးကို ခံစားမိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။ သူက ညာဖက်လက်ကို အသာမြှောက်ကာ သူ့ရှေ့တွင်ရှိနေသည့် ဥက္ကာပျံစက်ကွင်းကို အသာဝှေ့ယမ်းလိုက်သည်။ ထိုလက်တစ်ချက်အဝှေ့တွင် နေရာတစ်ဝိုက် စိမ့်ထွက်နေသည့် မသေမျိုးစည်းချက်က ချက်ချင်းဆိုသလို စုဝေးလာကာ ဝမ်ပေါင်လဲ့၏ ညာဖက်လက်နှင့် ပေါင်းစည်းသွားခဲ့သည်။ ထို့နောက် သူ့စိတ်ထဲ သင်္ကေတအက္ခရာတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအက္ခရာပေါ်ထွက်လာသည်နှင့် ကြယ်တာရာကောင်းကင်ထဲ လှိုင်းတွန့်များစွာ ထွက်ပေါ်လာသည်။ ထိုအရာက အဆုံးမဲ့အပူလှိုင်းအဖြစ် ပြောင်းလဲသွားသည့် မမြင်နိုင်ဖွယ် မီးတောက်တစ်ခုလည်း ရှိလာခဲ့၏။ ထိုအရာက လေထုထဲ ပေါ်ထွက်လာကာ နေရာတစ်ဝိုက်ကို အနည်းငယ် ပုံပျက်ယွင်းသွားစေသည်။

ထို့နောက် ဖိအားကလည်း ပျံ့လွင့်လာ၏။

ခဏအကြာတွင် ဝမ်ပေါင်လဲ့က ညာဖက်လက်ကို မြှောက်ပြီး လက်သီး ဆုပ်လိုက်သည်။ သူက သူ့ရှေ့တွင်ရှိနေသည့် ဥက္ကာပျံစက်ကွင်းကို ထိုးချလိုက်သည်။ ချက်ချင်းဆိုသလို ဥက္ကာပျံစက်ကွင်းက တုန်ခါသွားပြီး ပျက်စီးသွားကာ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

သူက တည်နေရာမျိုးစုံ ပျံ့နှံ့သွားသည့်အခါ ဝမ်ပေါင်လဲ့က သူ့နတ်ဘုရားအသိစိတ်ဖြင့် ဥက္ကာပျံတစ်ခုချင်းစီကို လွှမ်းခြုံလိုက်သည်။ ထို့နောက် သူက ထိန်းချုပ်ပြီး သူ့စိတ်ထဲတွင် ပေါ်ထွက်လာသည့် သင်္ကေတအတိုင်း ပြန်လည်စီရီလိုက်သည်။

ဥက္ကာပျံမြောက်များစွာက လှုပ်ရှားနေသလို သင်္ကေတအက္ခရာများကလည်း ဖြည်းဖြည်းချင်း ပြန်လည်ပေါ်ထွက်လာသောကြောင့် မဟာလက်ဝဲတာအိုတစ်ခုလုံးတွင် ဆူဆူညံညံအသံများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် လှိုင်းတွန့်များလည်း ပျံ့နှံ့နေသည့်အတွက် မဟာလက်ဝဲတာအိုနယ်မြေရှိလူအားလုံးက တုန်လှုပ်နေကြပြီး သက်ရှိအားလုံး၏ စိတ်နှလုံးသားကလည်း တုန်ယင်နေကြသည်။

ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ အမူအရာကလည်း ပြောင်းလဲသွားကာ သူ့စိတ်ထဲ ဂယက်ရိုက်နေသည်။ သူ့စကြဝဠာအဆင့် ကျင့်ကြံဆင့်ဖြင့်ပင် စိတ်ထဲမှ အကြောက်တရားကို ခံစားမိနေဆဲ ဖြစ်၏။

သူသာလျှင်မကဘဲ စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးကလည်း အတူတူသာ ခံစားနေရသည်။ သူ့ကျင့်ကြံဆင့်က တစ်ခါတုန်းက ကြောက်ဖို့ကောင်းသည့် အနေအထားရောက်ခဲ့သော်လည်း သူ့စိတ်နှလုံးသားက တုန်ယင်နေဆဲ ဖြစ်၏။

သူ့စိတ်နှလုံးသားဖြစ်စေ၊ တုန်ယင်နေမှုဖြစ်စေ ဤသည်က ရန်လိုမှုကြောင့် မဟုတ်ဘဲ အလိုလိုသိစိတ်ကြောင့်သာ ဖြစ်၏။ သူက သေမျိုးတစ်ယောက်ဖြစ်သွားပြီး မကြာခင် နိုးထလာတော့မည့် နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသလိုမျိုး ဖြစ်နေသည်။

နတ်ဘုရားကို တိုက်ရိုက်ကြည့်၍ မရသလို နတ်ဘုရားတစ်ပါးကို ခုခံ၍လည်း မရပေ။

All Chapters