စတင်ခြင်း
Vol. 92 Ch. 1275
ဤသည်က အထွတ်အထိပ် တာအိုအုတ်မြစ်ဟု ပြောလျှင်ပင် လွန်ကဲရာကျမည် မဟုတ်ပေ။
ထိုအခိုက်အတန့်၌ အထွတ်အထိပ် တာအိုအုတ်မြစ်က နောက်ဆုံးအဆင့်တစ်ခုကိုသာ လိုအပ်နေလေသည်။ မသေမျိုး၏ မီးတောက်ကို တာအိုမျိုးစေ့အနေနှင့် ဖွဲ့စည်းပြီးသည်နှင့် ဓာတ်ငါးပါးက ပြီးပြည့်စုံသွားမည် ဖြစ်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ အစွန်းရောက်တာအို၈ပါး အုတ်မြစ်က ပြီးပြည့်စုံသွားလိမ့်မည်။
ကြယ်တာရာကောင်းကင်က တုန်ခါလာသည်။ ထိုအခိုက်အတန့် ဝမ်ပေါင်လဲ့၏ ဆံပင်များနှင့် ဝတ်ရုံများက လေမတိုက်ဘဲ တလူလူ လွင့်နေလေ၏။ သူက မျက်လုံးမှိတ်ထားသော်လည်း သူ့ခန္ဓာကိုယ်က သူ့အကြည့်ထက်ပင် တောက်ပနေသည်။
သူ ညာဖက်လက်ကို မြှောက်ကာ လက်ဝါးကို ဖြန့်လိုက်သည်။ ထိုစဉ် သူ့လက်ဝါးထဲ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာ၏။ အကယ်၍ သေချာအနီးကပ်ကြည့်ပါက မီးတောက်ဟုခေါ်ဆိုသည့် အရာက တကယ်တမ်းတော့ ရွှေရောင်သင်္ကေတအက္ခရာများဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရလိမ့်မည်။ ထိုသင်္ကေတအက္ခရာများက တစ်ခုနှင့်တစ်ခု ထပ်ကာ အတူတကွ ပေါင်းစည်းသွားကြ၏။ သူ့လက်ဝါးထဲတွင် ရှိနေသည့် သင်္ကေတအက္ခရာက တစ်သားတည်းအဖြစ် ပေါင်းစည်းသွားသည့်အခါ ထိုအရာက တာအိုမျိုးစေ့ ဖြစ်သွားလိမ့်မည်။
တစ်ခုမှ တစ်သောင်းဖြစ်ခြင်း၊ တစ်သောင်းမှ တစ်ခုသို့ ပြန်လည်ရောက်ခြင်း ဖြစ်စဉ် ဖြစ်၏။ ထိုဖြစ်စဉ်က မီးတောက်တာအိုမျိုးစေ့ကို ဖွဲ့စည်းသည့်ဖြစ်စဉ် ဖြစ်ပေသည်။
အကယ်၍ ထိုဖြစ်စဉ်ကို ၁၀မှတ် အထိ နှိုင်းယှဉ်ပါက ထိုဖြစ်စဉ်တစ်ခုလုံးသည် သုံးမှတ် ရနိုင်သည်။ ထိုအရာသည် အဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ဆက်လက်မြင့်တက်လာသည်။
သူ့ကျင့်ကြံဆင့်ကလည်း ထပ်မံ တိုးပွားလာ၏။ သူ့ဝိညာဉ်က ပိုမိုအားကောင်းလာကာ ခန္ဓာကိုယ်ရှိ မသေမျိုးစည်းချက်များကလည်း အတူတူ ဖြစ်၏။
သူက ပိုမိုအားကောင်းလာခဲ့သည်။
လေဟာနယ်ကပင် ကန့်သတ်ချက်သို့ ရောက်ရှိပြီး ဖိအားကို တောင့်မခံနိုင်တော့ပေ။ ဝမ်ပေါင်လဲ့က မျက်လုံးကိုမှိတ်လျက်သားဖြင့် သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသော်လည်း ပတ်ဝန်းကျင်ကြယ်တာရာကောင်းကင်ထဲ အက်ကြောင်းများ ထွက်ပေါ်လာဆဲ ဖြစ်၏။
အက်ကြောင်းများ ပျံ့နှံ့သွားပြီး နယ်မြေတစ်ဝက်ကျော်ကို လွှမ်းမိုးသွားခဲ့သည်။
စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီး၏ အမူအရာက ပြောင်းလဲသွားပြီး ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းခေါင်းဆောင်ကြီး၏ အမူအရာကလည်း အံ့အားသင့်နေဟန်ပေါ်သည်။
ဤနယ်မြေက တောင့်ခံနိုင်တော့မည်မဟုတ်ပေ။
ထိုအက်ကြောင်းက ကြီးမားသည်ထက် ကြီးမားလာ၏။ ထိုအရေးကြီးသည့်အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က ညာဖက်လက်ကို မြှောက်ကာ သူ့မျက်ခုံးကို လက်ညှိုးထိုးလိုက်သည်။
“ပိတ်ဆို့စေ”
သူ့နားက ချက်ချင်းဆိုသလို ပိတ်ဆို့သွား၏။ သူ့ဒွာရခုနစ်ပေါက်က သူ့ဝိညာဉ်အာရုံက ပြင်ပလောကနှင့် ပေါင်းစည်းနေသည့် နေရာများ ဖြစ်၏။ သူ့မျက်လုံးပေါ် ပိတ်ဆို့မှုက ဖိနှိပ်မထားနိုင်တော့သည့်အတွက် နားကိုပါ ပိတ်ဆို့လိုက်သည်။
သူ့နားကို ပိတ်ဆို့လိုက်သည်နှင့် သူ့အရှိန်အဝါက ချက်ချင်းဆိုသလို ဖိနှိပ်နိုင်သွားသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပတ်ဝန်းကျင်ရှိ အက်ကြောင်းများကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
မီးဓာတ်တာအိုမျိုးစေ့ကို သန့်စင်လိုက်သည်နှင့် မဟာဒိဋ္ဌိနယ်မြေက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ကြယ်စင်အားလုံးက လှုပ်ခတ်နေပြီး သက်ရှိအားလုံးက တုန်ယင်နေကြသည်။ ဗလာနတ္ထိဖြစ်စေ၊ ဖုန်မှုန့်ဖြစ်စေ၊ အားလုံးက အပြင်းအထန် သက်ရောက်ခံလိုက်ရသည်။ တကယ်တော့ လွှမ်းမိုးမှုရှိသည့်နေရာက မဟာဒိဋ္ဌိနယ်မြေထက်ပင် ကျော်လွန်နေပြီဖြစ်၏။ ထိုအရာက အလယ်ပိုင်းတာအိုနယ်မြေအထိ ရောက်ရှိလာခဲ့သည်။
အလယ်ပိုင်းတာအိုနယ်မြေတွင် သီးသန့်ကျင့်ကြံရေးဝင်ရောက်ကာ ချီကံကြမ္မာအစီအရင်ကို ဖွဲ့စည်းဖို့ ကြိုးစားနေသည့် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးပင် ချက်ချင်းအာရုံခံမိလိုက်သည်။ သူက ခေါင်းမော့ကာ မဟာဒိဋ္ဌိနယ်မြေရှိရာဖက် လှမ်းကြည့်လိုက်၏။ အကြည့်များက တုန်လှုပ်မှုနှင့် မသေချာမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက ကြယ်တာရာကောင်းကင်ရှိ လှိုင်းတွန့်များကို ခံစားမိလိုက်သည်။ လှိုင်းတွန့်များက အားကောင်းလွန်းသည့်အတွက် သူ့တာအိုကိုပင် လှုပ်ခတ်သွားစေသည်။
ဒါက ဝမ်ပေါင်လဲ့ပဲ…
ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီး၏ အံ့ဩတုန်လှုပ်မှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော်လည်း လေးနက်မှုတို့ အစားထိုးဝင်ရောက်လာကာ သက်ပြင်းချသံအဖြစ် ပြောင်းလဲသွားခဲ့၏။
ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်က သူ အိပ်မက်မက်ခဲ့ရသည့်အရာ ဖြစ်၏။ သို့သော်လည်း ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက သူ့တာအိုသည် ရှေ့ဆက်မတိုးနိုင်တော့ကြောင်း သိထားသည်။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူက ကံကြမ္မာအစီအရင်ကို ပြီးမြောက်ဖို့ရာအတွက် သူ့အသက်ကို စတေးဖို့ မလိုအပ်တော့ပေ။ ကျောက်ပြားကမ္ဘာကြီးက ရင်ဆိုင်ရမည့် ကပ်ဘေးအတွက် သင့်တော်သည့် လူ ရှိလာပြီ ဖြစ်၏။ တစ်ဖက်လူက ကပ်ဘေးကို မဖိနှိပ်ထားနိုင်လျှင် သူက သူ့အသက်ကို စတေးလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
သူကိုယ်တိုင်ပင် အပြင်းအထန် သက်ရောက်ခံရသည့်အတွက် အလယ်ပိုင်းတာအိုနယ်မြေရှိ တခြားသောကျင့်ကြံသူများကို ထည့်ပြောဖို့ပင် မလိုတော့ပေ။ အလယ်ပိုင်းတာအိုနယ်မြေရှိ ကျင့်ကြံသူအားလုံးက အားကောင်းသည့် တုန်ခါမှုကို ခံစားမိလိုက်ကြသည်။
ထိုတုန်ခါမှုက ရှင်သန်မှု မီးတောက်ဆီမှ ဖြစ်၏။ မီးတောက်ကို အစစ်အမှန်နှင့် အတုအယောင်ဟူ၍ ခွဲခြားထားပြီး ရှင်သန်မှုမီးတောက်ကလည်း မီးတောက်တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူနိုင်သည်။ တကယ်တွင် ဓာတ်ငါးပါးက ဝေးကွာနေဟန် ထင်ရသော်လည်း သူတို့ကန့်သတ်ချက် ရောက်ရှိသွားသည့်အခါ အဆုံးသတ်၌ အားလုံးက တစ်ခုနှင့်တစ်ခု ဆက်နွယ်နေကြလေသည်။
ထိုအရာက မဟာတာအိုနှင့် ကျင့်ကြံရေးအတွက်လည်း အတူတူသာ ဖြစ်၏။
အလယ်ပိုင်းတာအိုနယ်မြေက လှုပ်ခတ်သွားစဉ် ဝမ်ပေါင်လဲ့၏ မီးဓာတ်တာအိုမျိုးစေ့က ထွက်ပေါ်လာသည်နှင့် ဤလက်နှင့် တိုက်ခိုက်နေသည့် သွေးနီရောင်လူငယ်လေးကလည်း ထိုအရာကို ချက်ချင်းခံစားမိလိုက်သည်။ သူ့အမူအရာက ထပ်မံ ပြောင်းလဲသွားခဲ့၏။
သူက ဝမ်ပေါင်လဲ့၏ မသေမျိုးစည်းချက်ကို ခံစားမိသည့်အခါ ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။ ယခု သူက မီးဓာတ်တာအိုကို ခံစားမိသည့်အတွက် အမူအရာ ပြောင်းလဲသွားခဲ့သည်။
အကယ်၍ ဤသို့ဆက်ဖြစ်နေပါက ဤနေရာကို ဖိနှိပ်ပြီး ပြန်လည်သွားဖို့ရာ မဖြစ်နိုင်တော့ပေ။ သူ့အနေဖြင့် အချိန်ဖြုန်းဖို့ မတတ်နိုင်တော့ပေ။
သွေးနီရောင်လူငယ်လေး၏ အမူအရာက အင်မတန်ပျက်ယွင်းနေပြီး သူ့စိတ်ထဲမှ ရှားရှားပါးပါး စိုးရိမ်ပူပန်မှု ထွက်ပေါ်လာခဲ့သည်။ သူ့မျက်ဝန်းက ခက်ထန်မှုဖြင့် တောက်လောင်နေပြီး အသံကျယ်ကြီးနှင့်အတူ သူ့ခန္ဓာကိုယ်ကို သွေးမြူအဖြစ် ပြောင်းလဲကာ လော့၏လက်ကို ခက်ထန်စွာ ရစ်ပတ်လိုက်သည်။
အချိန်က ကုန်ဆုံးသွားပြီးသည့်နောက်တွင်ပင် ဝမ်ပေါင်လဲ့၏ အရှိန်အဝါက ဆက်လက်ပျံ့လွင့်နေဆဲသာဖြစ်၏။ သက်ရှိများကြား ရုတ်ရုတ်သဲသဲဖြစ်မှုက ပိုမိုအားကောင်းလာသည်။ ဝမ်ပေါင်လဲ့က မီးဓာတ်တာအိုဖွဲ့စည်းမှု ၄၀ရာခိုင်နှုန်း၊ ၅၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းအထိ ပြီးမြောက်နေပြီ ဖြစ်၏။
သူ့ဖွဲ့စည်းမှု တိုးတက်လာသည်နှင့် သူ့ ကျင့်ကြံဆင့်ကလည်း ထပ်မံ မြင့်တက်လာခဲ့သည်။ ထိုအခါ ကျောက်ပြားကမ္ဘာကြီးက မခုခံနိုင်လောက်မည့် အနေအထားသို့ ရောက်ရှိသွားပြီး အက်ကြောင်းများစွာ ထပ်မံပေါ်ထွက်လာသည်။ ဤတစ်ကြိမ် သူတို့က ဝမ်ပေါင်လဲ့ အနီးဝန်းကျင်တွင် ပေါ်ထွက်လာခြင်းတင် မကဘဲ မဟာဒိဋ္ဌိနယ်မြေနှင့် အလယ်ပိုင်းတာအိုနယ်မြေတစ်ခုလုံးအထိ ပျံ့နှံ့သွားခဲ့သည်။
ထိုအရာက မဟာဒိဋ္ဌိနယ်မြေနှင့် အလယ်ပိုင်းတာအိုနယ်မြေရှိ ကျင့်ကြံသူများကို ပိုမိုတုန်လှုပ်သွားစေ၏။ သူတို့က ခေါင်းမော့ကာ အကြောက်တရားကို ခံစားမိလိုက်ကြသည်။
“ကြယ်တာရာကောင်းကင်ကြီးက ပြိုကွဲတော့မယ်”
“ဘာဖြစ်နေတာလဲ။ ကောင်းကင်မှာ အက်ကြောင်းတွေနဲ့ ပြည့်နှက်နေတာပဲ”
သက်ရှိများ၏ ရုတ်ရုတ်သဲသဲဖြစ်မှုကြားတွင် ဝမ်ပေါင်လဲ့က မဟာဒိဋ္ဌိတာအိုနယ်မြေထဲ ညာဖက်လက်ကို မြှောက်လိုက်သည်။
“ပိတ်ဆို့စေ”
ဤတစ်ကြိမ် သူက နှာခေါင်းကို ပိတ်ဆို့လိုက်၏။
လူသားဒွာရ ၇ပေါက်မှ ၆ခုကို ပိတ်ဆို့ပြီးပြီ ဖြစ်၏။ ဤနည်းလမ်းဖြင့် အက်ကြောင်းက နောက်ဆုံးတွင် ပျံ့နှံ့မှု ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ အရှိန်အဝါက ဆက်လက်တိုးပွားနေဆဲ ဖြစ်၏။
ထိုအရာအားလုံးက သူ့တာအိုအုတ်မြစ်သည် နက်ရှိုင်းလွန်း၍ မယုံကြည်နိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိနေ၍ ဖြစ်သည်။
သူ့အရှိန်အဝါက အလယ်ပိုင်းတာအိုနယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားပြီး မဟာလက်ဝဲတာအိုနယ်မြေအထိ စတင်ပျံ့နှံ့လာသည်။ မီးဓာတ်တာအိုဖွဲ့စည်းမှုက ၆၀ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့၏။
ဝမ်ပေါင်လဲ့၏ အုတ်မြစ်တည်ရှိရာ မဟာလက်ဝဲတာအိုနယ်မြေတွင် နေအဖွဲ့အစည်းလည်း ရှိပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မသေမျိုး အငွေ့အသက်ပျံ့လွင့်လာသည်နှင့် မဟာလက်ဝဲတာအိုနယ်မြေရှိ ကျင့်ကြံသူများက သတိထားမိသည့်အခါ အံ့အားသင့်ခြင်း မရှိပေ။ သူတို့က တင်ပျဉ်ခွေထိုင်ပြီး သူတို့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲကို ခံစားဖို့ ကြိုးစားလိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့၏ မျက်ဝန်းအထက် တောက်ပသည့် အမူအရာမျိုး ပေါ်ထွက်လာ၏။
တစ်ချိန်တည်းဆိုသလို လော့၏ လက်နှင့် တိုက်ခိုက်နေသည့် သွေးနီရောင်လူငယ်လေးကလည်း ရူးသွပ်လုနီးပါး ဖြစ်နေလေသည်။ သူ မည်သည့်မန္တန်ကို အသုံးပြုလိုက်မှန်း မသိရသော်လည်း သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကြီးကြီးမားမား ရှိလာခဲ့သည်။ ထိုအရာ၏ စွမ်းအားက အံ့မခန်း ဖြစ်၏။ သူ့ခန္ဓာကိုယ်မှ သွေးနီရောင်အမှတ်အသားအဖြစ် ပြောင်းလဲသွားကာ လော့၏ လက်ကို တုန်ခါသွားစေသည်။
ထိုအခိုက်အတန့်၌ သွေးနီရောင်လူငယ်လေးက ကောင်းကင်ကို ထိုးထွက်သွားသည့် သွေးနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက လေဟာနယ်ကို ထိုးခွင်း၍ ကျောက်ပြားကမ္ဘာ ဗဟိုချက်ဆီ ဦးတည်လာ၏။
“ဝမ်ပေါင်လဲ့ … ငါ့ရဲ့တာဝန်က မင်းကို ရှင်းထုတ်ဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ လော့ရဲ့ လက်ကို ဖိနှိပ်ဖို့ ငါ့ရဲ့ ပင်မခန္ဓာကိုယ်နဲ့ ဆက်နွယ်နေတဲ့ သင်္ကေတကို သုံးရမယ်ဆိုရင်တောင် မင်းကို ဆက်လက်တည်ရှိခွင့်မပြုနိုင်ဘူး” သွေးနီရောင်လူငယ်လေး၏ မျက်နှာက သွေးနီရောင်အလင်းတန်းထဲ ပေါ်ထွက်လာသည်။ သူ့မျက်ဝန်းက ရူးသွပ်မှုဖြင့် ပြည့်နှက်နေပြီး ကျောက်ပြားကမ္ဘာရှိ ကြယ်တာရာကောင်းကင်ထဲ ပြေးဝင်လာနေသည်။
ထိုအခိုက်အတန့်၌ ကျောက်ပြားကမ္ဘာအတွင်း မဟာဒိဋ္ဌိနယ်မြေရှိ ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်သည်။ သူ့နားရွက်၊ မျက်လုံးနှင့် နှာခေါင်းတို့က သူ့ကိုယ်၌ ပိတ်ဆို့ထားသော်လည်း သူ့အာရုံခံစားမှုအပေါ် သက်ရောက်မှုမရှိပေ။
သူက သူ့မီးဓာတ်တာအိုမျိုးစေ့သည် ၈၀ ရာခိုင်နှုန်းအထိ ပုံပေါ်လာပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။ ထို့အပြင် လေဟာနယ်ထဲ ကြောက်မက်ဖို့ကောင်းသည့် သွေးချီက ကျောက်ပြားကမ္ဘာဆီ အလျင်အမြန် ချဉ်းကပ်လာနေကြောင်း ခံစားမိလိုက်သည်။