လက်နက်များ
Vol. 92 Ch. 1277
ကျောက်ပြားကမ္ဘာတစ်ခုလုံးက ဖရိုဖရဲဖြစ်နေပြီး ကြယ်တာရာကောင်းကင်ကလည်း လှုပ်ခတ်နေသည်။ ထိုရုတ်တရက် အပြောင်းအလဲက နတ်ဧကရာဇ်၏ ကိုယ်ပွား ဖြစ်ပေါ်လာသည့်နေရာမှ ဖြစ်သလို ဝမ်ပေါင်လဲ့၏ တာအိုမျိုးစေ့ ဖွဲ့စည်းမှုကြောင့်လည်း ဖြစ်၏။ နောက်တစ်ခုက ပိုမိုသက်ရောက်မှု ကြီးမားသည်။ ထိုအရာက နတ်ဧကရာဇ်ကိုယ်ပွား၏ စိတ်နှလုံးသားကိုပင် တုန်ယင်သွားစေပြီး သူ့ဆီ ကပ်ဘေးကြီးက ကျရောက်လာတော့သလိုမျိုး ဖြစ်နေသည်။ လူငယ်လေးက ပျာယာခတ်လာ၏။ ထို့ကြောင့် သူက ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် တခြားသူများကို ခါထုတ်ဖို့ ကြိုးစားလိုက်သည်။ သူက ဝမ်ပေါင်လဲ့ကို အဆင့်တက်ခြင်းမှ တားဆီးဖို့ ကြိုးစားရမည် ဖြစ်၏။
သို့သော်လည်း ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးသာဆိုပါက သူတို့ကို ဖိနှိပ်ထားဖို့အတွက် အသေးအဖွဲကိစ္စသာ ဖြစ်၏။ သို့သော်လည်း စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကလည်း ရှိနေခဲ့သည်။ တစ်ဖက်လူ၏ ကြောက်မက်ဖို့ကောင်းသည့် ဓားချက်က သွေးနီရောင်လူငယ်လေးကို ထိတ်လန့်သွားစေသည်။ ထိုစွမ်းအားက သူ့ကို ဖျက်ဆီးပစ်လောက်အောင် အားမကောင်းသော်လည်း သူတို့သုံးယောက်က အတူတကွ တွဲလုပ်ပါက သူ့ကို အချိန်ဆွဲထားပြီး ထွက်မသွားအောင် တားဆီးထားနိုင်လိမ့်မည်။
ရလဒ်အနေဖြင့် သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုက ပိုမိုကြီးမားလာသည်။ သူက ဒေါသကို မထိန်းနိုင်တော့ပေ။ သူက အော်ဟစ်ရင်းဖြင့် သူ ပြောင်းလဲထားသည့် သွေးနီရောင်ကင်းခြေများက ဆိုးယုတ်မှုကို ထုတ်လွှတ်လာကာ ကျောက်ပြားကမ္ဘာ၏ ကောင်းကင်ကို အနီရောင် ပြောင်းလဲသွားစေသည်။
ဆူဆူညံညံအသံများကြား တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေ၏။ တခြားတစ်ဖက်တွင် မီးဓာတ်တာအိုမျိုးစေ့ကို ဖွဲ့စည်းဖို့ ကြိုးစားနေသည့် ဝမ်ပေါင်လဲ့က အရေးကြီးသည့် အခိုက်အတန့်၌ ရောက်ရှိနေသည်။
မီးဓာတ်တာအိုမျိုးစေ့ ဖွဲ့စည်းနိုင်သည်နှင့် ဤနေရာရှိ မီးဓာတ်စည်းမျဉ်းဥပဒေသက ဇစ်မြစ်ရှိသွားရုံသာမကဘဲ သူ့ဓာတ်ငါးပါးကလည်း ပြီးပြည့်စုံသွားမည်ဖြစ်ကာ တိုက်ခိုက်စွမ်းအားက ယခင်ကထက် ပိုမိုအားကောင်းလာလိမ့်မည်။
ဤသည်က နောက်ထပ်အနေအထားတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် နောက်ဆုံးသော ကိစ္စကို ပြီးမြောက်ဖို့ရာအတွက် ခက်ခဲနေခြင်း ဖြစ်၏။ ထို့အပြင် ကျောက်ပြားကမ္ဘာကို အာရုံစိုက်နေသည့် အကြည့်တချို့လည်း ရှိနေသည်။
တစ်ခုက စန္ဒာကြယ်ဂိုဏ်းတွင်ရှိနေသည့် မမလေးဆီမှ ဖြစ်၏။ သူမက စိတ်ရှုပ်ထွေးသည့် ခံစားချက်များစွာ ရှိနေပြီး နောင်တနှင့် အပြစ်ရှိစိတ်တို့လည်း ပါဝင်သည်။ သူမက ဝမ်ပေါင်လဲ့ရှိရာဆီ ကြည့်နေရင်း မျက်ဝန်းအထက် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင် ဖြတ်ပြေးသွားခဲ့သည်။ သူမက ခေါင်းငုံ့ထားပြီး သူမလက်ထဲတွင် ပုံရိပ်ယောင် ကျောက်စိမ်းပြားတစ်ခု ပေါ်ထွက်လာသည်။ ထိုကျောက်စိမ်းပြားက ပုံပျက်ယွင်းသွားလေ၏။
“ဖေဖေ သမီး နည်းနည်း ဝမ်းနည်းမိတယ်။ တကယ်လို့ သူသာ ဒီလို အဆုံးသတ်သွားမယ်ဆိုရင် ဖေဖေ ဝင်လှုပ်ရှားပေးလို့ရမလား”
သခင်မလေးက သူ့ကိုယ်သူ ပြောနေဟန်ထင်ရသော်လည်း ကျောက်ပြားကမ္ဘာ၏ အပြင်ဘက်တွင် လေသင်္ဘောပေါ် ထိုင်နေသည့် ပုံရိပ်က စိတ်ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ပြည့်နှက်လာသည်။ အဆုံးသတ်တွင် သူတို့က သက်ပြင်းချသံအဖြစ် ပြောင်းလဲသွား၏။
“ဒါက သမီးရဲ့ ရွေးချယ်မှုလား”
“ဟုတ်ပါတယ်”
ထိုပုံရိပ်က ဘာမှမပြောဘဲ မျက်လုံးမှိတ်လိုက်သည်။
တစ်ချိန်တည်းဆိုသလို စကြဝဠာတစ်ဝန်းမှ ကြယ်တာရာကောင်းကင်ထဲတွင် စုဝေးနေသည့် အကြည့်များက ရှိနေသည်။ သူတို့အတွက် အရေးကြီးသည့် တစ်စုံတစ်ခု ဖြစ်ပျက်တော့မည့်အလား ဖြစ်၏။
“လက်နက်က ပုံပေါ်လာတော့မယ်” တစ်စုံတစ်ယောက်က ကောင်းကင်ထဲ ရေရွတ်လိုက်သည့်အခါ ထိုအကြည့်ပိုင်ရှင်များ၏ စိတ်ထဲ ပဲ့တင်ထွက်သွားလေသည်။ တချို့က တိတ်ဆိတ်နေကာ တချို့က သက်ပြင်းချလိုက်ကြသည်။ လေသင်္ဘောပေါ်တွင် ရှိနေသည့်ပုံရိပ်က မျက်လုံးဖွင့်ကာ အေးစက်စက် နှုာမှုတ်လိုက်၏။
“တာအိုရောင်းရင်းဝမ် … မင်း တာအိုကို ရောက်ရှိတာက ငါနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ဒါက ငါတို့အားလုံးအတွက်ပဲ။ မင်းက ဘာလို့ ငါ့ကို ငြင်းနေတာလဲ” လေဟာနယ်ထဲ ရှေးကျသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။
“ထွက်သွားစမ်း” လေသင်္ဘောပေါ်တွင် ရှိနေသည့်သူက စူးစူးရှရှ ကြည့်လျက် ပြန်ပြောလိုက်သည်။ သူ့ပါးစပ်မှ ထိုစကား ထွက်ပေါ်လာသည်နှင့် မဟာစကြဝဠာရှိ ကြယ်တာရာကောင်းကင်ထဲ ပဲ့တင်သံထွက်ပေါ်သွားကာ နေရာတစ်ခုလုံးက ပြိုလဲသွားပြီး ထိုအသံပိုင်ရှင်က ရုတ်ချည်း ပျောက်ကွယ်သွားဟန်ပေါ်သည်။
လေဟာနယ်သင်္ဘောပေါ်ရှိ လူက ခေါင်းမော့ကြည့်ပြီး ထိုကြယ်တာရာကောင်းကင်ကို ဂရုမစိုက်တော့ပေ။ ထိုအစား သူက သူ့ရှေ့တွင်ရှိနေသည့် ကျောက်ပြားကမ္ဘာကိုသာ ကြည့်လိုက်သည်။ ခဏအကြာတွင် သူက ပြောလိုက်သည်။
“ငါ ဝမ်က မင်းအပေါ် အကြွေးတင်နေတယ်။ အဲဒါကြောင့် မင်းရဲ့ ကံကြမ္မာကို သုံးဖို့ ကြိုးစားတဲ့သူတိုင်းကို ဖြတ်တောက်ဖို့ ကူညီပေးမယ်”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ကျောက်ပြားကမ္ဘာအတွင်း နတ်ဧကရာဇ်၏ ကိုယ်ပွားဖြစ်သည့် သွေးနီရောင်လူငယ်လေးက နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလိုက်သည်။ သူက သွေးပင်လယ်အဖြစ် ပြောင်းလဲလိုက်ပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားစေသည်။
ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက သွေးတစ်ပွက် အန်လိုက်ရ၏။ သူ့ရုပ်ခန္ဓာက တောင့်မခံနိုင်တော့ဘဲ ပြိုလဲသွားခဲ့သည်။ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကလည်း အတူတူသာ ဖြစ်၏။ ကံကောင်းစွာဖြင့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက သူတို့ကို ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့်သာ သူတို့၏ ဝိညာဉ်များက ပျောက်ကွယ်မသွားခြင်း ဖြစ်၏။
သွေးနီရောင်လူငယ်လေးက သူတို့ကို သတ်ဖို့အချိန်မရှိဘဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူ ပြောင်းလဲထားသည့် သွေးပင်လယ်က ကြီးမားသည့် အင်အားဖြင့် ထွက်ပေါ်လာသည်။ ထိုအရာက ဝမ်ပေါင်လဲ့ရှိရာ မဟာဒိဋ္ဌိနယ်မြေဆီ ဦးတည်နေ၏။ သူက မြန်ဆန်လွန်းသည့်အတွက် အလယ်ပိုင်းတာအိုနယ်မြေကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်လာသည်။ ကြယ်တာရာကောင်းကင်ကို သွေးနီရောင်အလင်းတန်းအဖြစ် ဖုံးလွှမ်းထားကာ မိုးမြေကြားမှ ထွက်ပေါ်လာသည့် ထူထဲသော သွေးချီကိုသာ ခံစားမိနိုင်သည်။
မြေကြီးက အက်ကွဲသွားပြီး အသက်ဓာတ်က ညှိုးနွမ်းခြောက်သွေ့သွား၏။ ကျောက်ပြားကမ္ဘာတွင် ရှိနေသည့် အရာအားလုံးက အနီရောင် ဆိုးခံလိုက်ရဟန်ပေါ်သည်။ အပြင်ဘက်မှ ကြည့်လျှင် ကျောက်ပြားကမ္ဘာတစ်ခုလုံးက ဖြည်းဖြည်းချင်း အနီရောင်ပြောင်းလဲသွားခဲ့၏။
နီနီရဲရဲ အုတ်ခဲပူပူ တစ်လုံးက ပေါက်ကွဲလုမတတ် ဖြစ်နေသလိုမျိုး ဖြစ်သည်။ အက်ကြောင်းများက နေရာအနှံ့အလျင်အမြန် ပေါ်ထွက်လာ၏။ ထိုမြင်ကွင်းကို ကြည့်နေသည့်သူများကလည်း ပိုမိုအာရုံစိုက်လာကြသည်။ လေသင်္ဘောပေါ်တွင်ရှိနေသည့် ပုံရိပ်က ညာဖက်လက်ကို မြှောက်လိုက်၏။
ပြင်ပကမ္ဘာရှိ အာရုံစူးစိုက်မှုက ပိုမိုပြင်းထန်လာစဉ် သွေးပင်လယ်အဖြစ် ပြောင်းလဲထားသည့် သွေးနီရောင်လူငယ်လေးက ကြယ်တာရာကောင်းကင်အထက် ပေါ်ထွက်လာကာ အလယ်ပိုင်းတာအိုနယ်မြေကို ဖြတ်ကျော်လျက် မဟာဒိဋ္ဌိနယ်မြေဆီ ဝင်ရောက်သွားခဲ့သည်။ နောက်အခိုက်အတန့်၌ သူက ဝမ်ပေါင်လဲ့ရှိရာ ကြယ်တာရာကောင်းကင်ထဲ ပေါ်ထွက်လာခဲ့သည်။
“သေလိုက်တော့” ထိုအသံက လူသားတစ်ယောက်၏ အသံနှင့်မတူဘဲ သက်ရှိအားလုံး၏ စိတ်ထဲမှ ထွက်ပေါ်လာသလိုမျိုး ဖြစ်နေသည်။ သွေးနီရောင်လူငယ်လေး ဖွဲ့စည်းထားသည့် သွေးပင်လယ်က ဧရာမလက်ကြီးအသွင်ပြောင်းလဲသွား၏။
ထိုမြင်ကွင်းက ရှင်းလင်းလွန်းသည့်အတွက် မဟာဒိဋ္ဌိနယ်မြေရှိ သက်ရှိအားလုံးက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူတို့က ခေါင်းမော့ကာ ဧရာမလက်ကြီးအသွင်ပြောင်းလဲသွားသည့် သွေးနီရောင်ကောင်းကင်ကြီးကို ကြည့်လိုက်၏။ ထိုစဉ် သူတို့က ဝိညာဉ်အနက်ပိုင်းမှ ထွက်ပေါ်လာသည့် အကြောက်တရားကို ခံစားမိလိုက်ကြသည်။ ထိုအခိုက်အတန့်၌ မည်သူကမှ ဘာမှမပြောကြဘဲ ကြောက်ရွံ့နေကြ၏။
ထိုအခိုက်အတန့်၌ ဧရာမလက်ဝါးကြီးက ဝမ်ပေါင်လဲ့ဆီ ကျရောက်လာသည်။ ထိုအရာက အဆုံးမဲ့အကွာအဝေးကို ဖြတ်ကျော်ပြီး ဝမ်ပေါင်လဲ့ထံ တိုက်ရိုက်ကျရောက်လာခြင်း ဖြစ်၏။ ထိုအရာသည် သူ့ကို ဖျက်ဆီးပစ်လိုဟန်ပေါ်သည်။
သို့သော်လည်း ထိုလက်ဝါးကြီး ကျရောက်လာသည်နှင့် ဝမ်ပေါင်လဲ့က ခေါင်းကိုမော့ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မီးဓာတ်” သူ့ရှေ့တွင်ရှိနေသည့် မသေမျိုးမီးဓာတ် တာအိုမျိုးစေ့က အပြည့်အဝ ပြီးမြောက်သွားခဲ့သည်။
ထိုအရာ ပြီးမြောက်သွားသည်နှင့် မီးဓာတ်တာအိုမျိုးစေ့က စူးရှသည့် အလင်းရောင်တစ်ခု ထုတ်လွှတ်လာကာ ကျောက်ပြားကမ္ဘာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေသည့် ဧရာမမီးတောက်ပန်းပွင့်အသွင် ပြောင်းလဲသွားသည်။ ကျောက်ပြားကမ္ဘာအတွင်းရှိ ပုံရိပ်ယောင် သို့မဟုတ် အစစ်အမှန်မီးတောက်အားလုံးက လှုပ်ခတ်သွားကြသည်။
“မြေဓာတ်”
မပြီးသေးဘူး…
နောက်အခိုက်အတန့်တွင် ပုံရိပ်ယောင်နှင့် အစစ်အမှန်ဖြစ်ဟန်ပေါ်သည့် ဧရာမကျောက်ပြားကြီးက သူ့မြောက်ဖက်မှ ဆင်းသက်လာဟန်ပေါ်သည်။
ကျောက်ပြားကြီးဆင်းသက်လာသည်နှင့် ကျောက်ပြားကမ္ဘာရှိ မြေကြီးက လှုပ်ခတ်သွားခဲ့သည်။ မြေဓာတ်နှင့် သက်ဆိုင်သည့်ပစ္စည်းများ သို့မဟုတ် လူများက တုန်ယင်ကာ ထပ်မံကိုးကွယ်လိုစိတ် ပေါ်ထွက်လာသည်။ ကြယ်စင်များကပင် လမ်းကြောင်းပြောင်းပြီး စတင်လှုပ်ရှားလာ၏။ ပြောရလျှင် ကျောက်ပြားကမ္ဘာကြီးက အသက်ဝင်လာသလိုမျိုး ဖြစ်နေသည်။
“ရွှေဓာတ်” တတိယစကား ပေါ်ထွက်လာသည့်အခါ သဘာဝစည်းမျဉ်းနှင့် သက်ဆိုင်နေသည့် အရာအားလုံးက စတင်လှုပ်ခတ်လာသည်။ စူးစူးရှရှအော်သံကိုပင် ကြားလိုက်ရ၏။ ပြောရလျှင် ကျောက်ပြားကမ္ဘာကြီးက ရူးသွပ်စွာ အော်ဟစ်သလိုမျိုး ဖြစ်နေသည်။
ကျောက်ပြားကမ္ဘာ၏ တောင်ဘက်ပိုင်းထံ ငွေပြားတစ်ပြား ထွက်ပေါ်လာသည်။
ထိုငွေပြားက သေးငယ်သော်လည်း မျက်နှာတစ်ခုကို မြင်တွေ့နေရ၏။ ထိုသူက တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့အင်္ကျီပေါ်တွင် ဆေးမီးဖိုပုံရိပ်ကို မြင်တွေ့နိုင်သည်။ သူ ပေါ်ထွက်လာမှုက သတ္တုဓာတ် အရှိန်အဝါကို ကြောက်ခမန်းလိလိ တိုးပွားလာစေသည်။