← Chapters

ကောင်းကင်လျှောက်လှမ်းခြင်းလား

Vol. 92 Ch. 1278

ကောင်းကင်လျှောက်လှမ်းခြင်းလား

Vol. 92 Ch. 1278

ထိုအခိုက်အတန့် မီးဓာတ်၊ မြေဓာတ်နှင့် သတ္တုဓာတ် စည်းမျဉ်းဥပဒေသများ တစ်ပြိုင်နက် ပေါ်ထွက်လာသည်။ ထိုအရာမှ ဖွဲ့စည်းလာသည့် ဖိနှိပ်စွမ်းအားက အားပြင်းလွန်းသည့်အတွက် ကြယ်တာရာကောင်းကင်တစ်ခုလုံးကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိဟန်ပေါ်၏။ သွေးနီရောင်လူငယ်လေးဆီမှ ဖြစ်ပေါ်လာသည့် ဧရာမ သွေးနီရောင်လက်ဝါးကြီးက တုန်ခါလာသည်။

အဝေးမှ ထိုဧရာမလက်ကြီးသည် မိုးမြေကို ဖုံးလွှမ်းလုမတတ် ဖြစ်နေသည်။ ထိုအရာက ကြယ်တာရာကောင်းကင်တစ်ခုလုံးကို နေရာယူထား၏။ သို့သော်လည်း ဝမ်ပေါင်လဲ့အနား နီးကပ်လာသည့်အခါ သူ့ရှေ့၌ နှေးကွေးသွားသည်။ သတ္တုဓာတ်တာအိုက ဖြစ်တည်လာသည့်အလား ဧရာမလက်ကြီးက နေရာမှာတင် အေးခဲသွားပြီး ဆက်လက် ရှေ့မတိုးနိုင်တော့ပေ။

ထိုအရာက ဧရာမလက်ကြီးနှင့် ဝမ်ပေါင်လဲ့ကြားတွင် မမြင်နိုင်သည့် အကာအရန်တစ်ခု ရှိနေသလိုမျိုး ဖြစ်၏။ လေဟာနယ်က အစိုင်အခဲဖြစ်သွားတာ ဧရာမလက်ကြီးက ကျောက်တုံးနှင့် မာကြောသည့်နေရာကြား ညပ်မိနေသလိုမျိုး ဖြစ်နေသည်။

ထိုမြင်ကွင်းက သွေးနီရောင်လူငယ်လေး၏ အမူအရာကို ပျက်ယွင်းသွားစေ၏။ ထိုအရာက သူတို့နောက်တွင် လိုက်ပါလာသည့် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် တခြားသူနှစ်ယောက်လုံးကလည်း မျက်လုံးအပြူးသား ကြည့်နေကြသည်။ သူတို့က အရမ်း အနီးမကပ်ရဲဘဲ အဝေးမှသာ ကြည့်နေလေ၏။ သို့သော်လည်း ထိုသို့ဆိုလျှင်ပင် သူတို့၏ စိတ်ထဲ အားကောင်းသည့် တုန်လှုပ်မှုတစ်ခုကို ခံစားမိလိုက်သည်။

ထိုတုန်လှုပ်မှုက သွေးနီရောင်လူငယ်လေး ဖွဲ့စည်းထားသည့် သွေးနီရောင်လက်ကြီးဆီမှ လာရုံသာမက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ကြောက်ခမန်းလိလိ အရှိန်အဝါကြောင့်လည်း ဖြစ်၏။

ထိုအရှိန်အဝါက ကျောက်ပြားကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေသည်။

ဝမ်ပေါင်လဲ့၏ အမူအရာက တည်ငြိမ်နေလျက်ရှိပြီး စိတ်ခံစားချက် ကင်းမဲ့နေသည်။ သူက ဤနေ့ရက်အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသည်။

အနောက်ဖက်တွင် ကောင်းကင်ထဲ မသေမျိုးမီးတောက် သင်္ကေတ ပေါ်ထွက်လာသည်။ မြောက်ဖက်၌ ကျောက်ပြားကြီးက ကောင်းကင်ကို လှုပ်ခတ်သွားစေသည်။ တောင်ဘက်တွင်မူ ငွေပြားဆီမှ ဆင်းသက်လာသည့် ပုံရိပ်ယောင်တစ်ခု ရှိနေသည်။ သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ နောက်အခိုက်အတန့်လေး၌ မျက်လုံးမှိတ်ထားသည့် ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ပြောလိုက်၏။

 သူ့လေးခွန်းမြောက်က…

“ရေဓာတ်”

စတုတ္ထမြောက်စကားလုံး ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ အရှေ့ဘက်တွင် မျက်ရည်စက်တစ်စက် ပေါ်ထွက်လာသည်။ ထိုမျက်ရည်စက်က အင်မတန် သေးငယ်လှသော်လည်း ထိုအရာပေါ်ထွက်လာသည်နှင့် ကြယ်တာရာကောင်းကင်တစ်ခုလုံးက စိုစွတ်ကာ မဖော်ပြနိုင်သည့် ဝမ်းနည်းမှုက ကြီးစိုးသွားခဲ့သည်။

ထိုအရာက သက်ရှိအားလုံး၏ စိတ်ခံစားချက်အပေါ် သက်ရောက်မှုရှိပြီး ရေဓာတ်စည်းမျဉ်းကို ကျင့်ကြံထားသည့် ကျင့်ကြံသူအားလုံးကိုလည်း လှိုင်းထသွားစေကာ မြစ်ချောင်း၊ ပင်လယ်နှင့် ရေနှင့် သက်ဆိုင်သည့်အရာအားလုံးက ပွက်ပွက်ဆူလာစေသည်။

နောက်ဆုံးတွင် ကြယ်တာရာကောင်းကင်မှ ရေဓာတ်တာအိုစွမ်းအားက စုဝေးကာ ဧရာမမျက်နှာကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမျက်နှာက ဝေဝါးနေသည့်အတွက် အမျိုးသားလား၊ အမျိုးသမီးလားပြောဖို့ မဖြစ်နိုင်ပေ။

လူများက ရေများဖြင့် ဖွဲ့စည်းထားသည့် ဆံပင်ရှည်ရှည်သည် ကြယ်စင်စုထဲ ဖြန့်ကျက်နေပြီး ထိုသူ၏ မျက်ဝန်းထောင့်တွင် မျက်ရည်စက်ပုံစံ လင်းလက်နေသည်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းဆိုသလို ရေဓာတ်တာအို ပေါ်ထွက်လာမှုက သွေးနီရောင်လက်ကြီးကို တုန်ခါသွားစေသည်။ ဧရာမလက်ကြီးက စတင်ပြိုလဲလာ၏။ ထိုအရာက တောင့်မခံနိုင်တော့ဘဲ သွေးနီရောင်လူငယ်လေး၏ အမူအရာကလည်း အပြီးတိုင် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူ့မျက်ဝန်းအထက် ရူးသွပ်မှုက ပိုမိုပြင်းထန်လာ၏။ သူ ဖော်ထုတ်လိုက်သည့် ဝှက်ဖဲသည် တစ်ဖက်သူကို ဘာမှမလုပ်နိုင်ကြောင်း မြင်လိုက်ရသည့်အခါ သူ့ပါးစပ်မှ စူးစူးရှရှအသံများ ထွက်ပေါ်လာပြီး ဧရာမလက်ကြီးက တွန့်လိမ်လာသည်။

ထိုအခိုက်အတန့်၌ ထိုအရာသည် သွေးနီရောင်ကင်းခြေများအသွင် ပြောင်းလဲသွား၏။ ထိုအရာက အော်ဟစ်ကာ ဝမ်ပေါင်လဲ့ဆီ ထပ်မံတိုးဝင်လာသည်။ ဤတစ်ကြိမ် သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက ပိုမိုပင် ကြောက်ဖို့ကောင်းနေသည်။ ထိုအရာက လေဟာနယ်ကို ထိုးခွင်းနိုင်သည့် အထွတ်အထိပ်အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားလေ၏။ ထိုအရာသည် အားကောင်းလွန်းသည့်အတွက် အဝေးမှ ကြည့်လျှင် သွေးနီရောင်ကင်းခြေများကြီးက ကင်းခြေများကို ပင်မခန္ဓာကိုယ်အဖြစ် သုံးထားသည့် ထက်ရှရှ ဓားတစ်ချောင်းသဖွယ် ဖြစ်နေသည်။

ထိုဓားက ထက်ရှသည့် အသံကို ထုတ်လွှတ်လာ၏။ ထိုအသံနှင့်အတူ ပြိုလဲလုနီးပါးအခြေအနေမှ ပြန်လည်ကောင်းမွန်လာသည်။ ထိုအရာက ရှေ့တိုးလာပြီး အရှိန်အဝါက ထပ်မံမြင့်တက်လာ၏။ ထိုအရာသည် ဝမ်ပေါင်လဲ့ဆီ ဦးတည်လျက် အတားအဆီးအားလုံးကို ကျော်လွှားလိုက်သည်။

ဝမ်ပေါင်လဲ့က မျက်လုံးပိတ်လျက်ဖြင့် ခေါင်းကို အသာမော့လိုက်သည်။ သူက ကြည့်ဖို့ပင် မလိုပေ။ သူ့အာရုံက သူ့ဝန်းကျင်တွင် ရှိနေသည့် အရာအားလုံးကို ကောင်းကောင်း ခံစားမိ၏။ ကင်းခြေများ ဓားရှည်က သူ့အနား နီးကပ်လာသည်နှင့် သူ့ပါးစပ်မှ ၅ကြိမ်မြောက် စကားထွက်ပေါ်လာသည်။

“သစ်သားဓာတ်”

သစ်သားဓာတ်တာအိုက ဝမ်ပေါင်လဲ့၏ မူလတာအိုဖြစ်သလို မူလဇစ်မြစ်လည်း ဖြစ်ပေသည်။ ထိုအရာက သူ့တကယ့်အသွင် ဖြစ်၏။ သူ့ပါးစပ်မှ ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် တည်နေရာလေးခုလုံးကို ချက်ချင်းဆိုသလို အပိုင်သိမ်းသွားခဲ့သည်။ သူ့နေရာက ဗဟိုချက်ဖြစ်ကာ ဧရာမအနက်ရောင်သစ်သားပြားက ရုတ်ချည်း ပုံပေါ်လာသည်။

ထိုအရာ ပေါ်ထွက်လာသည်နှင့် ကောင်းကင်က အရောင်ပြောင်းသွားသည်။ သူ့နေရာမှ မဖော်ပြနိုင်သည့် ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ထွက်ပေါ်လာရင်း အနက်ရောင်သစ်သားပြားက ပုံရိပ်ယောင်မှ တကယ့်အသွင်အဖြစ် ပြောင်းလဲသွား၏။ ထိုအရာသည် အနက်ရောင်သစ်သားပြားနှင့်တူပြီး ရှေးကျသည့် အရှိန်အဝါမျိုးကို ထုတ်လွှတ်နေလျက်ရှိသည်။

ထိုတာအိုလေးခုကလည်း အချိန်ကာလများစွာ ဖြတ်ကျော်လာသည့် ခံစားချက်မျိုးကို ပေးစွမ်း၏။ သို့သော် သူတို့နှင့် ယှဉ်လိုက်ပါက အနက်ရောင်သစ်သားပြားသည် ဟိုးရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့သည်ဟု ဆိုရပေမည်။

အသံကျယ်ကြီးက ကောင်းကင်အထက် ပဲ့တင်ထွက်သွား၏။ သွေးနီရောင်လူငယ်လေး၏ အော်သံက မိုးမြေအထက် ပဲ့တင်ထွက်သွားသည့်အခါ ကင်းခြေများဖြင့် ဖွဲ့စည်းထားသည့် ဓားရှည်က အနီရောင်တောက်ပလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့နှင့် တောက်ပမှုချင်း ယှဉ်ချင်သလိုမျိုး ဖြစ်၏။ ထို့နောက် လမ်းတွင်ရှိသမျှအရာအားလုံးကို ထိုးဖောက်လာကာ သူ့ရှေ့ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းဆိုသလို လေဟာနယ်ထဲ အသံကျယ်ကြီး ထွက်ပေါ်လာကာ သက်ရှိအားလုံး၏ နှလုံးခုန်သံဖြင့် ပေါင်းစည်းသွားခဲ့၏။ ဓာတ်ငါးပါးတာအိုက ပုံပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ပေါက်ထွက်လာခဲ့သည်။

သူ့ကျင့်ကြံဆင့်က သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားလေ၏။ သူ့နားထဲ နားကွဲလုမတတ် အသံမျိုးထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်များက ကျောက်ပြားကမ္ဘာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။

ဓာတ်ငါးပါးက ပြီးပြည့်စုံသွားပြီ ဖြစ်၏။

အစွန်းရောက်တာအို ၈ပါး၏ အုတ်မြစ်က ယခုအခါ ပြီးပြည့်စုံသွားခဲ့သည်။

ဝမ်ပေါင်လဲ့၏ သူ့လက်ရှိကျင့်ကြံဆင့်ကို ဂရုမစိုက်ဘဲ အနာဂတ်နှင့် အတိတ်မရှိဘဲ ပစ္စုပ္ပန်သာရှိသည့် လူတစ်ဦးအနေဖြင့် ဝမ်ပေါင်လဲ့ ဂရုစိုက်သည့်အရာများစွာ မရှိပေ။ သူက ညာဖက်လက်ကို မြှောက်ကာ လက်နှစ်ချောင်းဖြင့် = သွေးနီရောင်ဓားရှည်ကို ဖမ်းဆုပ်လိုက်၏။

လေထုထဲ အက်သံများစွာ ထွက်ပေါ်လာခဲ့သည်။ ဝမ်ပေါင်လဲ့ ရပ်နေသည့် နေရာမှ အက်ကြောင်းများ အလျင်အမြန် ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့က ဓားရှည်မျက်နှာပြင်အနှံ့ ပျံ့နှံ့သွားလေသည်။ အသံကျယ်ကြီးနှင့်အတူ ဓားရှည်က အပိုင်းပိုင်းအစစ ကြေမွပေါက်ကွဲထွက်သွားသည်။

ထိုအရာ ပေါက်ကွဲထွက်သွားသည့်အခါ ဓားရှည်က ကင်းခြေများအစိတ်အပိုင်းဖြင့် ပြောင်းလဲသွား၏။ ကင်းခြေများက အတူတကွပြိုလဲသွားပြီး သွေးနီရောင်မြူအဖြစ် နောက်ဆုတ်လိုက်သည်။ ထိုအရာက အဝေးတစ်နေရာတွင် သွေးနီရောင်လူငယ်လေးအဖြစ် ပြန်လည်စုစည်းသွားခဲ့၏။

သူ ပေါ်ထွက်လာသည့်အခါ သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း နောက်အခိုက်အတန့်၌ ရူးသွပ်မှုဖြင့် အစားထိုးသွား၏။

“ကောင်းကင်လျှောက်လှမ်းခြင်းလား”

“မဖြစ်နိုင်ဘူး။ ဒီကမ္ဘာမှာ ကောင်းကင်လျှောက်လှမ်းခြင်း ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အနက်ရောင်သစ်သား၏ အကြွင်းအကျန်ဝိညာဉ်က အကြွင်းအကျန်ဝိညာဉ် သက်သက်ပဲ။ မင်းက နိုးထလာတယ်ဆိုရင်တောင် ဒီကမ္ဘာနဲ့ နက်နက်နဲနဲ ဆက်နွယ်ပြီးသွားပြီ။ ဒီကမ္ဘာကို ဖျက်ဆီးပစ်ရင် မင်းဆီမှာ ဇစ်မြစ်ရှိမှာ မဟုတ်ဘူး။” သွေးနီရောင်လူငယ်လေးက လက်ကိုဝှေ့ကာ ပြောလိုက်သည်။ ထို့နောက် သူ့အနောက်ဖက်တွင် ဆူဆူညံညံအသံများ ထွက်ပေါ်လာပြီး ဝဲကတော့တစ်ခု ပေါ်ထွက်လာကာ အထဲတွင် သွေးနီရောင်ဖြစ်ပြီး မျက်ဝန်းတစ်စုံ ရှိနေဟန်ပေါ်သည်။

ထိုအက်ကြောင်းမှတဆင့် မျက်လုံးက အေးစက်မှုများဖြင့် ပြည့်နှက်နေသည်ကို ခံစားမိနိုင်သည်။ ထိုအရာက ပုံရိပ်ယောင်ကို ကြည့်နေသလိုမျိုး ဖြစ်၏။

ထိုအရာသည် အဆုံးမဲ့အကွာအဝေးတစ်ခုမှ ရောက်ရှိလာခြင်း ဖြစ်၏။ ကျောက်ပြားကမ္ဘာရှိ သက်ရှိအားလုံးက ထိုအခိုက်အတန့်၌ စိတ်ထဲ ဗလာကျင်းသွားကြပြီး လှုံ့ဆော်မှု ဆုံးရှုံးသွားကြသည်။

ကျောက်ပြားကမ္ဘာက အပြင်းအထန် တုန်ယင်သွားပြီး အက်ကြောင်းများ အလျင်အမြန် ပေါ်ထွက်လာသည်။ ကြက်ဥခွံက ကြေမွတော့သလိုမျိုး ဖြစ်၏။

ထိုအရာက အက်ကြောင်းမှ ထွက်ပေါ်လာသည့် အကြည့်တစ်ချက်ကြောင့်သာ ဖြစ်၏။

“အထွတ်အထိပ်ဧကရာဇ်” ဝမ်ပေါင်လဲ့က အသာရေရွတ်ပြီးသည့်နောက်တွင် စိုက်ကြည့်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ထရပ်ပြီးသည့်နောက်တွင် သတ္တု၊ မြေဓာတ်၊ ရေဓာတ်နှင့် မီးဓာတ်တို့ဖြင့် လွှမ်းခြုံလိုက်သည်။ စွမ်းအားကြီး သစ်သားတာအိုဓာတ်အလယ်တွင် သူက ရှေ့တစ်လှမ်းတိုးကာ ညာဖက်လက်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ကောင်းကင်က ပျက်ယွင်းသွားပြီး ပတ်ဝန်းကျင်က ပြောင်းပြန်လှန်သွားကာ ကြယ်စင်များက ပျောက်ကွယ်သွားပြီး စကြဝဠာကလည်း ပျောက်ကွယ်သွားကာ အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူတို့ရှိသည့်နေရာက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားခဲ့၏။

ဤသည်က ကျောက်ပြားကမ္ဘာ၏ ဗဟိုချက် မဟုတ်တော့ဘဲ ကျောက်ပြားကမ္ဘာ၏ ဒုတိယအဆင့် ဖြစ်၏။

“အသုံးပြုမှုက ဘာလဲ။ ဒီနေရာ ဖျက်ဆီးခံလိုက်ရတယ်ဆိုရင်တောင် ကျောက်ပြားကမ္ဘာက ပျက်စီးသွားမှာပဲ။ မင်းက အနက်ရောင်သစ်သားရဲ့ အကြွင်းအကျန်ဝိညာဉ်နဲ့ ဘယ်လိုဆက်လုပ်မလဲဆိုတာကို သိချင်မိသား” သွေးနီရောင်လူငယ်လေးက ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူက စွမ်းအားကုန် ထုတ်သုံးထား၏။ သူ့နောက်တွင်ရှိနေသည့် ဝဲကတော့က အသံမြည်လာကာ မျက်လုံးက ပိုမိုပွင့်လာသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ခေါင်းကို မော့လိုက်သည့်အချိန် ဓာတ်ငါးပါးတာအိုက သူ့ဝန်းကျင်တွင် အလျင်အမြန်လှည့်ပတ်လာကာ သူ့ခန္ဓာကိုယ်ကို ဝေဝါးသွားစေပြီး အဖက်ဖက်မှ ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဓာတ်ငါးပါး ပြန်လည်ဝင်စားခြင်း”

All Chapters