← Chapters

ပြန်လည်ဝင်စားခြင်း တိုက်ပွဲ

Vol. 92 Ch. 1279

ပြန်လည်ဝင်စားခြင်း တိုက်ပွဲ

Vol. 92 Ch. 1279

ကျောက်ပြားကမ္ဘာက ဝမ်ပေါင်လဲ့၏ စွမ်းအာအပြည့်အဝကို တောင့်မခံနိုင်ပေ။ သူနှင့် နတ်ဧကရာဇ်၏ ကိုယ်ပွားကြားမှ တိုက်ပွဲအကြောင်း ထည့်မပြောရသေးပေ။

ဝမ်ပေါင်လဲ့က နတ်ဧကရာဇ်ကိုယ်ပွားသည် ကျောက်ပြားကမ္ဘာကို ပျက်စီးသွားစေခြင်း မရှိဘဲ အဘယ်ကြောင့် ဝင်ရောက်နိုင်တာလဲဟု မသိသော်လည်း ထိုအရာက အင်မတန်ထူးကဲသည့်  နည်းစနစ်တစ်ခုကြောင့် ဖြစ်မည်မှန်း မှန်းဆလို့ ရသည်။

တစ်ချိန်တည်းဆိုသလို ထိုအရာက ကျောက်ပြားကမ္ဘာ၏ နဂိုခန္ဓာကိုယ်နှင့် တစ်စုံတစ်ခု ပတ်သက်နေလိမ့်မည်။ ပြောရလျှင် ယခင်က အဆုံးမဲတာအိုနယ်မြေ ဖြစ်၏။ အကယ်၍ ဇစ်မြစ်ကို နောက်ယောင်ခံကြည့်ပါက ယခင်က ကျယ်ပြန့်တာအိုနယ်မြေနှင့် တိုက်ခိုက်ခဲ့သည့် အဆုံးမဲ့တာအိုနယ်မြေက နတ်ဧကရာဇ်၏ အသိစိတ်တစ်သိန်းထဲမှ တစ်ခုမှ ဖွဲ့စည်းထားခြင်း ဖြစ်၏။

ကူက ဤနေရာ ရောက်ရှိလာပြီး လော့က ဤနေရာကို သူ့၏ ညာဖက်လက်ဖြင့် ပိတ်ဆို့ခဲ့သည်ဆိုလျှင်ပင် ထိုအရာက နတ်ဧကရာဇ်၏ အသိစိတ်တစ်ခုဖြစ်နေဆဲ ဖြစ်၏။

ထို့ကြောင့်သာ နတ်ဧကရာဇ်၏ ကိုယ်ပွားက ထိုနေရာကို ပြိုလဲမသွားစေသည့် အဓိကအကြောင်းအရင်း ဖြစ်လိမ့်မည်။

သို့သော်လည်း ထိုအရာက အမှန် ဟုတ်သည်ဖြစ်စေ၊ အမှန်မဟုတ်သည် ဖြစ်စေ ဝမ်ပေါင်လဲ့အတွက် အရေးမကြီးပေ။ အကြောင်းအရင်းက မည်သို့ပင်ဖြစ်စေကာမူ သူနှင့် နတ်ဧကရာဇ်ကိုယ်ပွားကြားမှ တိုက်ပွဲက တကယ့်လက်တွေ့ကမ္ဘာတွင် ဖြစ်၍ မရပေ။

ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာကို ပြိုလဲမသွားစေလိုပေ။ ထို့ကြောင့် ဤတိုက်ပွဲသည် ဝိညာဉ်ကြား၊ နတ်ဘုရားအသိစိတ်နှင့် တာအိုစည်းချက်ကြားမှ တိုက်ပွဲသာ ဖြစ်နိုင်သည်။ ထိုတိုက်ပွဲက ပုံရိပ်ယောင်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ပြန်လည်ဝင်စားခြင်း စက်ဝန်းအထိ ပါဝင်နေသည်။ ပုံရိပ်ယောင်တွင် ကမ္ဘာတစ်ခုကို ဖွင့်လှစ်ပြီး ထိုကမ္ဘာတွင် ပြန်လည်ဝင်စားခြင်း သံသရာကို ဖွဲ့စည်းခြင်းနှင့် ပြန်လည်ဝင်စားခြင်းကြားက တိုက်ပွဲကို အရာအားလုံးကို အဆုံးသတ်ပေးဖို့ အဓိကအကြောင်းအရင်းအဖြစ် အသုံးပြုရမည်။ ဤသည်က ဝမ်ပေါင်လဲ့သည် ဓာတ်ငါးပါးကို ပြီးပြည့်စုံခြင်းမှ ရရှိထားသည့် ထူးကဲသောစွမ်းအားတစ်ခု ဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ်များကသာ ထိုအရာကို လုပ်ဆောင်နိုင်လိမ့်မည်။ နမူနာအနေဖြင့် လော့နှင့် ကူတို့က ပြန်လည်ဝင်စားခြင်း သံသရာတွင် တိုက်ခိုက်ကြသည်။ အဆုံးသတ်၌ ကူက ရှုံးနိမ်သွားပြီး ထွက်ပြေးသွားရသည်။

ဤတစ်ကြိမ်တွင်လည်း အတူတူသာ ဖြစ်၏။ ဝမ်ပေါင်လဲ့က လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သတ္တုဓာတ်၊ သစ်သားဓာတ်၊ ရေဓာတ်၊ မီးဓာတ်နှင့် မြေဓာတ်တို့က ပေါ်ထွက်လာကာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားသည့် ဧရာမဝဲကတော့ကြီးတစ်ခု ဖြစ်တည်လာသည်။ ထိုဝဲကတော့ကြီးက အရာအားလုံးကို ဝါးမျိုပစ်နိုင်ဟန်ပေါ်၏။ ထိုအခိုက်အတန့်၌ သူနှင့် နတ်ဧကရာဇ်၏ ကိုယ်ပွားကပင် ဆွဲယူခံလိုက်ရသည်။

နတ်ဧကရာဇ် ကိုယ်ပွားက ပြန်လည်ဝင်စားခြင်းစက်ဝန်းတွင် မတိုက်ခိုက်လိုသော်လည်း သူ့အနေနှင့် ကျောက်ပြားကမ္ဘာကို ဖျက်ဆီးပြီး သူ့ကိုယ်သူ စတေးခဲ့ပါက ဝမ်ပေါင်လဲ့ကို အမြစ်မဲ့သစ်ပင်အဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မည်။ ထိုသူက နဂိုခန္ဓာကိုယ် ပြန်လည်နိုးထနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း သူ့အနေဖြင့် အကောင်းဆုံးအခွင့်အရေးကို လွဲချော်သွားခဲ့ရ၏။ တစ်ချိန်တည်းဆိုသလို သူက အထွတ်အထိပ်အခြေအနေတွင် ရှိမနေခဲ့ပေ။ ထိုအရာအားလုံးက သူ့အနေအထားကို ဝမ်ပေါင်လဲ့၏ ပြန်လည်ဝင်စားခြင်းစက်ဝန်းရှေ့တွင် ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သူက ပြန်လည်ဝင်စားခြင်းစက်ဝန်းထဲ ဆွဲယူခံလိုက်ရလိမ့်မည်။

အကယ်၍ ထိုအရာ၏ ဇစ်မြစ်ကို ကြည့်ပါက ဝမ်ပေါင်လဲ့၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းနှင့် ထိုသူ အပြင်ထွက်ဖို့ ရွေးချယ်လိုက်သည့် ဆုံးဖြတ်ချက်က အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရမည်။ ချန်ရှင်းသာ အပြင်မထွက်ဘဲ သွေးနီရောင်လူငယ်လေးကို ထိခိုက်အောင် မလုပ်ခဲ့ပါက လက်ရှိအခြေအနေသည် မည်သို့ဖြစ်လာမည်မှန်း မှန်းဆဖို့ ခက်ခဲလိမ့်မည်။ ဤသည်က မျှခြေကို ကျိုးပျက်သွားစေသည့် ကောက်ရိုးတစ်မျှင်အလား ဖြစ်၏။

အမှန်တရားကို မည်သူကမှ တွေးတောဖို့ စွမ်းအင် မရှိကြတော့ပေ။ ကျောက်ပြားကမ္ဘာရှိ သက်ရှိအားလုံး၏ စိတ်ထဲ ဂယက်ရိုက်နေကြ၏။ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် တခြားသူများကလည်း အတူတူသာ ဖြစ်သည်။ သူတို့၏ ဝိညာဉ်က ဖမ်းစားခံလိုက်ရသလိုမျိုး ဖြစ်နေကြ၏။

အစစ်အမှန် နတ်ဧကရာဇ်တစ်ယောက်၏ ကိုယ်ပွားက ဝဲကတော့အတွင်း ဆွဲယူခံလိုက်ရသော်လည်း ထိုအရာ တည်ရှိခဲ့သည့် အချိန်ခဏလေးက တစ်ကမ္ဘာလုံးကို လုပ်လက်စ လုပ်ဆောင်ချက်အားလုံးကို ရပ်တန့်သွားစေသည်။

စည်းမျဉ်းများ ဖြစ်စေ၊ ဥပဒေသများ ဖြစ်စေ အရာအားလုံးက အေးခဲရပ်တန့်သွား၏။

ပြင်ပလူများဖြစ်သည့် စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးနှင့် မမလေး ဝမ်ရီရီတို့ကသာ သာမန်အခြေအနေတွင် ရှိပြီး တိုက်ပွဲကို စောင့်ကြည့်နိုင်ကြသည်။

သူတို့က တိုက်ပွဲကွင်းပြင်ကို မမြင်ရသော်လည်း လေဟာနယ်ထဲ လည်နေသည့် ဝဲကတော့ကို မြင်တွေ့နိုင်သည်။ ထိုအရာမှ လျှပ်စီးမိုးကြိုးများ ထွက်ပေါ်နေပြီး တစ်ခါတစ်ရံတွင် သွေးနီရောင်ပြောင်းသွားသလို တစ်ခါတစ်ရံတွင် ဓာတ်ငါးပါးအရှိန်အဝါ ပေါက်ထွက်လာသည်။ သို့သော်လည်း ထိုအပြောင်းအလဲများမှတဆင့် သူတို့က မည်သည့်ဘက်က အရေးသာနေကြောင်း မှန်းဆနိုင်၏။

ထိုစဉ် သွေးနီရောင်က သိသိသာသာ ဖိနှိပ်ခံထားရသည်။ ဓာတ်ငါးပါးအရှိန်အဝါက ပျံ့နှံ့လာပြီး ဓာတ်ငါးပါး အရိပ်အမြွက်က အရာအားလုံးကို ဖိနှိပ်ထားလေသည်။ သူတို့က ဝဲကတော့တစ်ခုလုံးကို လွှမ်းခြုံထား၏။ အထူးသဖြင့် ရေဓာတ်တာအိုမျိုးစေ့က ကြည်လင်တောက်ပနေပြီး တခြားလေးခုထက်ပင် သာလွန်သည့် အလင်းရောင်ကို ထုတ်လွှတ်လာသည်။

ထိုဝဲကတော့ထဲတွင် မှုန်ဝါးဝါး အမျိုးသမီးတစ်ဦး၏ မျက်နှာကို မြင်တွေ့နိုင်သည်။

ထိုအရာ၏ အကြောင်းအရင်းကမူ ပြန်လည်ဝင်စားခြင်း ဓာတ်ငါးပါးတာအိုက ကမ္ဘာငါးခုကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ထိုကမ္ဘာတစ်ခုချင်းစီက ဓာတ်ငါးပါးတစ်ခုချင်းစီမှ ဖွဲ့စည်းလာခြင်း ဖြစ်သည်။

ထိုအရာက အစစ်အမှန်ဖြစ်သလို ပုံရိပ်ယောင်လည်း ဖြစ်နေသည်။

ပထမဆုံး ထွက်ပေါ်လာသည့်အရာက ပြန်လည်ဝင်စားခြင်းမှ ရေဓာတ်တာအို ဖြစ်၏။

ပြန်လည်ဝင်စားခြင်းအတွင်းရှိ ကမ္ဘာ၌ ပင်လယ် ဖြစ်ပေါ်လာသည်။ ထိုပင်လယ်က ကျယ်ပြောလွန်းသည့်အတွက် အဆုံးသတ်ပင် မရှိပေ။ ရေများက ကောင်းကင်အထိ လွှမ်းမိုးလိုသည့်အလား ထွက်ပေါ်လာသည်။ အဝေးတစ်နေရာတွင် ဧရာမကျောက်ရုပ်ထုကြီးကလည်း ထွက်ပေါ်လာခဲ့၏။

ထိုရုပ်ထုကြီးက လူသားအသွင်ရှိပြီး အင်မတန် ကြီးမားလှသည်။ ထိုအရာ၏ ခြေထောက်က ပင်လယ်ထဲတွင်ရှိနေပြီး ခန္ဓာကိုယ်တစ်ဝက်က ပင်လယ်မျက်နှာပြင်အထက် ရှိနေသည်။ ထိုအရာက ကောင်းကင်ကို ထောက်ပံ့ပေးထားဟန်ပေါ်၏။ လက်မြှောက်လိုက်သည့်အခါ ဧရာမကင်းခြေများတစ်ကောင်ကို ဆုပ်ကိုင်ထားလေသည်။

ရုပ်ထု၏ မျက်နှာက ဝမ်ပေါင်လဲ့၏ မျက်နှာ ဖြစ်၏။ သူက မျက်လုံးမှိတ်ထားသော်လည်း မျက်နှာအပေါ်ရှိ လေးနက်သည့် အမူအရာက လက်တွေ့ထက် ပိုမိုနက်ရှိုင်းနေသည်။ ကောင်းကင်ယံ၌ မိုးကြိုးများ ထွက်ပေါ်လာပြီး လှုပ်ခတ်နေသည့် ပင်လယ်ပြင်နှင့်အတူ ဝမ်ပေါင်လဲ့အသွင်ပြောင်းထားသည့် ရုပ်ထုမှ ဆွဲကိုင်ထားသည့် ကင်းခြေများကြီးက ကမ္ဘာတုန်လှုပ်မတတ် အော်သံကြီး ထုတ်လွှတ်လာသည်။

ထိုအော်သံ ထုတ်လွှတ်လာသည့်အခါ ပြင်းထန်သည့်စွမ်းအားက ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။ ထိုအရာ၏ ခန္ဓာကိုယ်ပေါ်ရှိ ခြေထောက်များက ဓားများသဖွယ်ဖြစ်သွားပြီး ရုပ်ထု၏ လက်မောင်းကို လှည့်ပတ်ကာ ဓားရာများ ချန်ထားခဲ့ဟန်ပေါ်သည်။

သို့သော်လည်း ရုပ်ထုက အပြောင်းအလဲ မရှိပေ။ သူက အမှတ်အသားများ ရှိသည်၊ မရှိသည်ကို ဂရုမစိုက်သလို ထိုအမှတ်အသားများမှတဆင့် အက်ရာများ ပေါ်ထွက်လာသည်ကိုလည်း ဂရုမစိုက်ပေ။ ရုပ်ထုက အမူအရာကင်းမဲ့လျက် ရှိနေ၏။ ထိုအရာက ကင်းခြေများ၏ ခန္ဓာကိုယ်ကို တစ်စစီ ဆွဲစုတ်ပစ်ချင်သည့်အလား ဆုပ်ကိုင်လာသည်။

“ဝမ်ပေါင်လဲ့” ပြင်းထန်သည့် နာကျင်မှုက ကင်းခြေများကို ရူးသွပ်သွားစေ၏။ ထိုအရာက အော်ဟစ်ရင်းဖြင့် ရုန်းကန်နေသည်။ သွေးနီရောင်မြူခိုးများကလည်း အဖက်ဖက်မှ ပေါ်ထွက်လာပြီး ပင်လယ်ရေရောင်ကို ပြောင်းလဲသွားစေသည်။

သို့သော်လည်း အဆုံးသတ်၌ သွေးနီရောင်ကင်းခြေများက အနည်းငယ် နှေးကွေးနေဆဲ ဖြစ်၏။ ထိုအရာ၏ နတ်ဘုရားစွမ်းရည် ထွက်ပေါ်လာသည်နှင့် ပင်လယ်ပြင်က သွေးနီရောင်အသွင်ပြောင်းလဲသွားပြီး ကျောက်ရုပ်ထု၏ ၉၀ ရာခိုင်နှုန်းလောက်က ပျက်ယွင်းသွားပြီ ဖြစ်၏။ ကျောက်ရုပ်ထု၏ လက်က ကျိုးပဲ့သွားခဲ့၏။ နောက်ဆုံးတွင် ကင်းခြေများက ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး အသံကျယ်ကြီးနှင့်အတူ ကင်းခြေများ၏ ခန္ဓာကိုယ်က အလယ်မှ ပေါက်ထွက်သွားသည်။

ကင်းခြေများက နှစ်ပိုင်း ကွဲထွက်သွားသည့်အတွက် စူးစူးဝါးဝါးအော်သံများ ထွက်ပေါ်လာသည်။ သေခြင်းရှင်ခြင်း အခိုက်အတန့်တွင် ထိုအရာက ထူးကဲသည့် စွမ်းရည်ကို ထုတ်ဖော်လာ၏။ ထိုအရာသည် ကျောက်တုံးက ယိုယွင်းနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လက်များကို ဆန့်ထုတ်လျက် နှစ်ပိုင်းပိုင်းသွားသည့် ခန္ဓာကိုယ်က အလိုလိုပြိုလဲသွားပြီး အပိုင်းပိုင်းအစစ သန်းချီ ကွဲထွက်သွားသည်။ တချို့က ပင်လယ်ထဲ ကျဆင်းသွားကာ တချို့က ဗလာနတ္ထိအဖြစ် ပျောက်ဆုံးသွား၏။

သူတို့က ထပ်မံ ပျံ့နှံ့သွားသည်။ ဤသို့ဖြင့် အချိန်တိုအတွင်း သူတို့၏ အရေအတွက်က အမြောက်အများ ဖြစ်လာကာ အလွယ်တကူ တွက်ချက်၍ပင် မရတော့ပေ။ ထိုအရာက ပြန်လည်ဝင်စားခြင်း နေရာတစ်ခုလုံးကို လွှမ်းမိုးထားသလို ဖြစ်နေ၏။

ကင်းခြေများက ပျက်စီးသွားသည့်အခါ ရုပ်ထုက အသက်မဲ့သွားဟန်ပေါ်သည်။ ဖြည်းဖြည်းချင်းဖြင့် လှုပ်ရှားမှု ရပ်တန့်သွားပြီး ခန္ဓာကိုယ်က ရပ်တန့်သွားခဲ့၏။ ထိုအရာ၏ ခါးအထိက ပင်လယ်ထဲ နစ်မြုပ်နေပြီ ဖြစ်၏။

ရုပ်ထု၏ ခေါင်းက ပင်လယ်ထဲ နစ်မြုပ်တော့မည့်ဆဲဆဲတွင် တစ်ချိန်လုံး ပိတ်ထားသည့် မျက်လုံးက ရုတ်တရက် ပွင့်လာခဲ့သည်။

ဤတစ်ကြိမ် မိုးမြေကြားတွင် မိုးမြေ၏ အရောင်က ပြောင်းလဲသွားခဲ့ပြီး လေနှင့် တိမ်တိုက်များက ထွက်ပေါ်လာသည်။ ကြယ်တာရာကောင်းကင်က လှုပ်ခတ်သွားကာ စကြဝဠာတစ်ခုလုံးက တုန်ခါသွားခဲ့၏။

ထိုအရာအားလုံးက မျက်လုံးတစ်စုံဖွင့်လာ၍  ဖြစ်သည်။ ထို့နောက် ရုပ်ထုဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။

“မင်း မလွတ်မြောက်နိုင်ဘူး”

All Chapters