ဓာတ်ငါးပါး၏ မြေဓာတ်
Vol. 92 Ch. 1281
ကောင်းကင်က လှုပ်ခတ်သွားလေသည်။
သင်္ကေတအက္ခရာအသွင်ပြောင်းလဲသွားသည့် ကောင်းကင်က နားကွဲလုမတတ် အသံကြီး ထုတ်လွှတ်လာ၏။ ထိုအရာက နစ်မြုပ်သွားသည့်အခါ သင်္ကေတအက္ခရာက မိုးမြေရှိ အရာအားလုံးကို စုပ်ချေပစ်ချင်ဟန်ပေါ်သည်။ ထိုအရာ ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်က ပြိုလဲသွားကာ လေဟာနယ်က ပျက်စီးသွားလိမ့်မည်။ တစ်စုံတစ်ခု ကျိုးပျက်သည့် အသံကိုပင် ကြားနိုင်သည်။
ကမ္ဘာတစ်ခုလုံးက ကျုံ့သွားပြီး သင်္ကေတ ဆက်လက်ကျဆင်းလာသည့်အခါ မိုးနဲ့မြေက ဖြည်းဖြည်းချင်း ထိတွေ့ပြီး ရှိသမျှအရာအားလုံးကို ခြေမွပစ်နေသည်။ ပုံမှန်အားဖြင့် သွေးနီရောင်ကင်းခြေများလည်း အပါအဝင် ဖြစ်၏။
ထိုမြင်ကွင်းက အဆုံးအစမဲ့ လွှမ်းမိုးတတ်သည့် စွမ်းအားဖြင့် ပြည့်နှက်နေသည်။ ထိုအရာကို တောင့်ခံနိုင်သည့် ဆန္ဒဟူ၍ မရှိသလို တောင့်ခံနိုင်သည့် လူဟူ၍လည်း မရှိဘဲ ဘယ်သူကမှလည်း ပြန်လည်မတိုက်ခိုက်နိုင်ကြပေ။ ထိုအရာက မီးဓာတ်တာအိုကမ္ဘာ ဖြစ်၏။
ကောင်းကင်သင်္ကေတ ကျဆင်းလာသည့်အခါ မီးပင်လယ်က မြေပြင်ပေါ်မှ မြင့်တက်လာသည်။
တစ်ကမ္ဘာလုံးက အပူရှိန်ဖြင့် ပြည့်နှက်နေသော်လည်း ထိုအပူချိန်အတွင်း မသေမျိုးစည်းချက်တစ်ခုလည်း ရှိနေသည်။ မီးပင်လယ်က ပြင်းထန်ကာ မသေမျိုးစည်းချက်က ငြိမ်းအေးကာ လွတ်လပ်သည်။
ကွဲပြားသည့် အရှိန်အဝါနှစ်ခုက အတူတကွပေါင်းစည်းပြီး မီးဓာတ်တာအိုကမ္ဘာအတွင်း ပုံပျက်ယွင်းမှုများ ဖြစ်ပေါ်လာစေသည်။ ထိုအပြောင်းအလဲများက သွေးနီရောင်ကင်းခြေများအပေါ် ဖိအားနှစ်ဆ တိုးလာစေ၏။
သူက မိုးကောင်းကင်၏ ဖိနှိပ်မှုဆီမှ ဖြစ်ကာ တခြားတစ်ခုက မီးပင်လယ်ထဲရှိ မသေမျိုးစည်းချက်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ရှေ့တစ်ခုက သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိကာ နောက်တစ်ခုက ဝိညာဉ်အပေါ် သက်ရောက်မှု ရှိ၏။
ထို့အပြင် ရေဓာတ်တာအိုကမ္ဘာနှင့် ကွဲပြားနေသည်။
သွေးနီရောင်ကင်းခြေများက သက်ရှိများအသွင် ပြောင်းလဲလိုက်လျှင်ပင် ဤသို့သော ပုံပျက်ယွင်းနေသည့် ကမ္ဘာအတွင်း အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
“ကျစ်” ဤအရေးကြီးသည့် အခိုက်အတန့်တွင် သွေးနီရောင်ကင်းခြေများက ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကလှုပ်ခတ်သွားပြီး ဧရာမကင်းခြေများ အသွင် ပြောင်းလဲသွား၏။ ထိုဧရာမကင်းခြေများကြီးက သွေးနီရောင်ဖြစ်ပြီး မျက်နှာက ရှုံ့မဲ့နေသည်။ ထိုအရာက ခြေတံများကို မြှောက်ကာ ကောင်းကင်မှ ကျဆင်းလာသည့် မှော်သင်္ကေတကို ပင့်မထား၏။ ထိုအရာ၏ ခြေတံတချို့ကလည်း မီးပင်လယ်အတွင်း ချမိပြီး ကမ္ဘာ၏ အနက်ပိုင်းထဲ ကျရောက်နေသလိုမျိုး ဖြစ်နေသည်။ ထိုအရာ ကျရောက်လာသည်နှင့် မီးပင်လယ်က လှုပ်ခတ်သွားပြီး ကုန်းမြေက တုန်ခါသွားကာ ဆင်းသက်လာသည့် ကောင်းကင်က ရပ်တန့်သွားခဲ့သည်။
သို့သော်လည်း သွေးနီရောင်ကင်းခြေများ၏ ခန္ဓာကိုယ်က ဆူဆူညံညံအသံများ ထွက်လာပြီး အက်သံများပင် ကြားလိုက်ရသည်။ သူက မိုးကောင်းကင်၏ ဖိနှိပ်စွမ်းအားဖြင့် တောင့်ခံထားနိုင်ရုံမျှသာ ဖြစ်၏။ သို့သော်လည်း အဆုံးသတ်တွင် ထိုအရာက ကောင်းကင်၏ ဖိနှိပ်စွမ်းအားကို တောင့်ခံနိုင်ခဲ့သည်။ တကယ်တော့ သွေးနီရောင်အလင်းတန်း ပေါက်ထွက်လာသည့်အခါ ထိုအရာ၏ စွမ်းအားက ပိုမိုအားကောင်းလာသည်။ ထိုအရာက ကျဆင်းလာသည့် ကောင်းကင်ကို ပြန်တွန်းပို့လိုသည့် စိတ်ဆန္ဒတို့ ကိန်းအောင်းနေဟန်ပေါ်၏။
ထိုအသံကျယ်ကြီး ထွက်ပေါ်လာသည့်အခါ ထိုသင်္ကေတက ပိုမိုကြီးမားလာသည်။ ဝမ်ပေါင်လဲ့၏ မျက်နှာက ပိုမိုရှင်းလင်းလာပြီး သူက ဧရာမကင်းခြေများကို ကြည့်ကာ ပြောလိုက်သည်။
“နှာခေါင်းဒွာရ ပွင့်စေ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ မျက်နှာက ထိုမှော်သင်္ကေတအလယ်တွင် ထွက်ပေါ်လာသည်။ သူ့နှာခေါင်းက ရှုံ့တွတွဖြစ်လာပြီး အသက်ရှူလိုက်၏။ ထိုစဉ် နားကွဲလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာကာ လေဟုန်များ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက မိုးသက်လေပြင်း အသွင် ပြောင်းလဲသွားသည်။ လေက မီးတောက်၏ ပြင်းအားကို ပိုမိုမြင့်လာစေပြီး မီးပင်လယ်က အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ ထိုအရာက မြေပြင်မှ မြင့်တက်လာကာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားခဲ့၏။
တစ်ချိန်တည်းဆိုသလို ပိတ်ဆို့မှု ဖြည်လိုက်သည်နှင့် ကောင်းကင်ယံရှိ သင်္ကေတစွမ်းအားက ပိုမိုမြင့်မားလာသည်။ အလင်းရောင်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ဖိနှိပ်အားက ပိုမိုပြင်းထန်လာ၏။
သွေးနီရောင်ဧရာမကြီးက အော်ဟစ်ကာ စွမ်းအားကုန်သုံးရင်း ပြန်လည်တိုက်ခိုက်လာသည်။ သို့သော် ကြာကြာမခံနိုင်ပေ။ အသက်တစ်ရှိုက်စာ အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် လေထုထဲ ဆူဆူညံညံအသံများ ပြည့်နှက်လာပြီး သွေးနီရောင်ဧရာမကြီးက ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ကွေးညွတ်သွားရသည်။
သူတို့ဝန်းကျင်တွင် ရှိနေသည့် မီးပင်လယ်က ပိုမိုပင် ပြင်းထန်လာသည်။ အပူလှိုင်းက ပိုမိုအားကောင်းလာ၏။ အကယ်၍ သူတို့က ဤနေရာကို မီးပြင်းဖိုသဖွယ် ပြောင်းလဲပြီး အရာအားလုံးကို သန့်စင်ပစ်လိုဟန်ပေါ်သည်။
အက်ကွဲသံများကလည်း ပိုမိုကျယ်လောင်လာပြီး ဧရာမကြီး၏ ခန္ဓာကိုယ်ထက် အက်ကြောင်းများစွာ ပေါ်ထွက်လာသည်။ အဆုံးသတ်၌ ဧရာမကြီးက စူးစူးဝါးဝါးအော်ဟစ်ရင်း ကောင်းကင်ဘုံမှ ပိုမိုကြီးမားသည့် စွမ်းအားကြောင့် အပိုင်းပိုင်းအစစ ကြေမွသွား၏။
သွေးနီရောင်ဧရာမကြီးက အပိုင်းပိုင်းအစစ ဖြစ်သွားသည်နှင့် ကောင်းကင်ယံရှိ မှော်သင်္ကေတက အံ့မခန်းအလျင်ဖြင့် ဆင်းသက်လာသည်။ ထိုအရာက လေထုကို ချေမွပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို ရှင်းလင်းပစ်ခဲ့ကာ မီးပင်လယ်ထဲ ကျရောက်လာ၏။
သို့သော်လည်း ကိစ္စများက အဆုံးမသတ်သေးပေ။
ထိုအခိုက်အတန့်၌ မိုးမြေက တစ်ခုနှင့်တစ်ခု ထပ်သွားပြီး ဧရာမအဖုတစ်လုံးက ရုတ်တရက် ပေါ်ထွက်လာသည်။ အဝေးတစ်နေရာမှ ကြည့်လျှင် မိုးမြေက မျက်နှာပြင်နှစ်ခုလိုမျိုး ဖြစ်နေ၏။ သူတို့က အချင်းချင်း ပေါင်းစည်းသွားသည့်အခါ ကြေမွသွားခြင်း မရှိသလို အရည်ပျော်သွားခြင်းလည်း မရှိသည့် ဧရာမအဖုတစ်ခု ရှိနေလေသည်။ ထိုအရာက ပိုမိုကြီးမားလာ၏။
အကယ်၍ လူတစ်ယောက်က မိုးမြေကို ထိုးဖောက်မြင်ရမည်ဆိုလျှင် ထိုဧရာမအဖုက သွေးနီရောင်ဝဲကတော့ ဖြစ်ကြောင်း မြင်ရလိမ့်မည်။ ဝဲကတော့အလယ်တွင် သွေးနီရောင်လူငယ်လေး အကြိမ်များစွာ အသုံးပြုခဲ့သည့် သူ့တကယ့်အသွင်၏ မျက်လုံး ရှိနေလေ၏။
သို့သော်လည်း ယခင်နှစ်ခေါက်နှင့် ယှဉ်ပါက ထိုမျက်လုံးသည် ပိုမိုဝေဝါးသွားသည်။ ထိုသို့ဆိုလျှင်ပင် ထိုအရာမှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်စွမ်းအားက မီးဓာတ်တာအိုကမ္ဘာအတွက် တောင့်မခံနိုင်လုနီးပါး ဖြစ်၏။ မိုးမြေကြားတွင် အက်ကြောင်းများ ပေါ်ထွက်လာပြီး မီးဓာတ်တာအိုကမ္ဘာက ဆက်လက် တောင်မခံနိုင်တော့ဟန်ပေါ်သည်။
“ဒါက ကိုယ်ပွားတစ်ခုပဲ။ အဝေးတစ်နေရာက အကြည့်တစ်ချက်နဲ့တောင် ဒီလိုစွမ်းအားမျိုး ပါဝင်နေတယ်” မိုးမြေက ပြိုလဲတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့၏ အသံက သက်ပြင်းချလျက် ထွက်ပေါ်လာသည်။ သူ့ပုံရိပ်သွင်ပြင်က လေဟာနယ်ထဲ ပေါ်ထွက်လာ၏။ သူက ခေါင်းငုံ့ထားလျက် မိုးနဲ့မြေ ပေါင်းစည်းနေသည်ကို ကြည့်လိုက်သည်။ ထိုအဖုက ကြီးမားသည်ထက် ကြီးမားလာပြီး ပေါက်ကွဲလုမတတ်ဖြစ်နေသည်။
ဝမ်ပေါင်လဲ့၏ စကားထွက်ပေါ်လာသည်နှင့် မီးဓာတ်တာအိုကမ္ဘာက ပြိုလဲသွား၏။ ထိုမီးဓာတ်တာအိုကမ္ဘာအလယ်တွင် ရှိနေသည့် အဖုက ပေါက်ထွက်လာကာ အပိုင်းပိုင်းအစစ လွင့်စင်သွားလေသည်။ သွေးနီရောင်ဝဲကတော့ ပေါ်ထွက်လာသည်နှင့် အံ့မခန်းအလျင်ဖြင့် ပြန့်ကျဲလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို ဝါးမျိုလုမတတ်ဖြစ်နေ၏။
သွေးနီရောင်အလင်းက တောက်ပလွန်းသည့်အတွက် မိုးမြေကိုပင် ပြည့်နှက်သွားစေသည်။
စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တခြားသူနှစ်ယောက်က တိုက်ပွဲကို ရင်သပ်ရှုမောစွာ ကြည့်နေကြ၏။ ပြင်ပကမ္ဘာတွင် ရှိနေသည့်သူများကလည်း ပိုမိုအာရုံစိုက်ကာ ကြည့်နေကြသည်။
သွေးနီရောင်ဝဲကတော့က အလျင်အမြန် ပြန့်ကျဲလာသည်။ ထိုအရာနှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့သည် သေးနုတ်နေသည်။ တိုက်ပွဲကို လူအားလုံးက အာရုံစိုက်နေစဉ် ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းလိုက်၏။ သူ့နဂိုတည်ငြိမ်နေသည့် မျက်ဝန်းအထက် မောက်မာသည့် အရိပ်အယောင်ပေါ်ထွက်လာ၏။
“ဧကရာဇ်တစ်ယောက်ရဲ့ တကယ့်အသွင်က အကြည့်က ဘယ်လောက်ခံမှာမလို့လဲ” သူက ပြောလိုက်ပြီးသည့်နောက် ဝမ်ပေါင်လဲ့က ညာဖက်လက်ကို မြှောက်ကာ ဖြန့်ကျက်နေသည့် သွေးနီရောင်ဝဲကတော့ကို ဆွဲယူလိုက်သည်။
“ဓာတ်ငါးပါး မြေဓာတ်”
ဝမ်ပေါင်လဲ့က ပြောလိုက်ပြီး ညာဖက်လက်ကို ချလိုက်သည့်အခါ မီးဓာတ်တာအိုကမ္ဘာက ပြန့်ကျဲသွားပြီး အချိန်များက ပြောင်းပြန်စီးဆင်းသွားသလိုမျိုး သူတို့က အတူတကွ ပြန်လည်စုစည်းသွားလေသည်။
ဤတစ်ကြိမ် မီးဓာတ်တာအိုကမ္ဘာက ပြိုလဲသွားခြင်း မဟုတ်ဘဲ မီးဓာတ်တာအိုကမ္ဘာ၏ အပိုင်းအစများက အတူတကွစုဝေးကာ ဝဲကတော့ကို လွှမ်းခြုံသည့် ကျောက်ပြားအသွင် ပြောင်းလဲသွားသည်။
ထိုဝဲကတော့က အလျင်အမြန် ဖြန့်ကျက်လာသော်လည်း ကျောက်ပြားကမ္ဘာ ဖြစ်တည်လာသည့် မြန်နှုန်းက ပိုမိုမြန်ဆန်လှ၏။
အဝေးတစ်နေရာမှ ထိုအပိုင်းအစများသည် အတူတကွ ပေါင်းစည်းသွားသကဲ့သို့ ဖြစ်နေသည်။ ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်း၊ ၅၀ရာခိုင်နှုန်း၊ ၇၀ရာခိုင်နှုန်းထိ ၉၀ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း သွေးနီရောင်ဝဲကတော့က ပျောက်ကွယ်သွားကာ ဧရာမကျောက်ပြားကြီးဖြင့် အစားထိုးသွားသည်။ အသံကျယ်ကြီးနှင့်အတူ ထိုအရာက မိုးကောင်းကင်ထဲ ပေါ်ထွက်လာ၏။
မြေဓာတ်တာအိုကမ္ဘာက ဖြစ်တည်လာခဲ့သည်။
“ထပ်မံ ဖိနှိပ်လိုက်စမ်း”
မြေဓာတ်တာအိုကမ္ဘာ အပြင်ဘက်တွင် ဝမ်ပေါင်လဲ့၏ ပိတ်ဆို့ထားသော နားရွက်က ရုတ်ချည်း ပွင့်သွားသည်။ ခန္ဓာကိုယ်က သက်တံအသွင် ပြောင်းလဲသွားကာ မြေဓာတ်တာအိုကမ္ဘာ ကျောက်ပြားအတွင်း ဝင်ရောက်သွား၏။