← Chapters

စမ်းသပ်ချက်

Vol. 92 Ch. 1282

စမ်းသပ်ချက်

Vol. 92 Ch. 1282

မြေဓာတ်တာအိုကမ္ဘာအတွင်း မုန်တိုင်းတစ်ခု အစပျိုးလာကာ အဆုံးမဲ့အော်သံများကို ကြားနေရသည်။

ဤနေရာတွင် ကောင်းကင်လည်း မရှိသလို မြေကြီးလည်း မရှိဘဲ အဝါရောင်သဲများဖြင့်သာ တစ်ကမ္ဘာလုံးက ပြည့်နှက်နေသည်။ ကမ္ဘာအတွင်း သွေးနီရောင်လူငယ်လေး ဖွဲ့စည်းထားသည့် ဝဲကတော့က အင်မတန် ပြင်းထန်လှ၏။ သွေးနီရောင် လျှပ်စီးများက အဖက်ဖက်သို့ ပျံ့နှံ့နေကာ ဝဲကတော့က အလျင်အမြန် လည်ပတ်နေပြီး အဝါရောင်သဲကို ချိုးဖောက်ကာ ကမ္ဘာကို ပြိုလဲသွားစေလိုဟန်ပေါ်သည်။

အဝေးတစ်နေရာမှ သွေးနီရောင်ဝဲကတော့က လေထု ညစ်ညမ်းစေသည့် အရင်းအမြစ်တစ်ခု ဖြစ်နေဟန်ပေါ်သည်။ ထိုအရာက အရာအားလုံးကို ညစ်ညမ်းဖို့ ကြိုးစားနေရင်း အနီးနားတွင်ရှိနေသည့် လေထုက စတင်ပျက်ယွင်းလာသည်။

ထိုဝဲကတော့မှ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းတွန့်များ ထွက်ပေါ်လာကာ ကျောက်ပြားကမ္ဘာရှိ စကြဝဠာအဆင့် ကျင့်ကြံသူများကိုပင် ဖျက်ဆီးပစ်နိုင်လောက်အောင် အားပြင်းလှ၏။ အကယ်၍ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် တခြားသူများသာ ဤနေရာတွင်ရှိနေပါက သူတို့က ထိုဝဲကတော့နှင့် နီးကပ်သွားဖို့ အခွင့်အရေးပင် ရမည် မဟုတ်ပေ။ သူတို့က ရူးသွပ်သွားပြီး သူတို့၏ အသိစိတ်များက ပြိုလဲသွားလိမ့်မည်။

နတ်ဘုရားတစ်ပါးကို တိုက်ရိုက် မကြည့်နိုင်သကဲ့သို့ ဖြစ်၏။ ထိုစဉ် ဝဲကတော့တွင် နတ်ဧကရာဇ်၏ မျက်လုံးတစ်စုံ ရှိနေသည်။

ထိုသို့ဆိုလျှင်ပင် သွေးနီရောင်လူငယ်လေးအတွက် လွတ်မြောက်ရန် အခက်တွေ့နေဆဲ ဖြစ်၏။ ပတ်ဝန်းကျင်ရှိ သဲများက သူ့ကို ဖုံးလွှမ်းထားပြီး ဝဲကတော့အတွင်းရှိ သွေးနီရောင်လူငယ်လေးအား ပိုမိုစိတ်ပူပန်လာစေသည်။

ထိုအရာအတွက် အကြောင်းအရင်းကမူ မြေဓာတ်တာအိုကမ္ဘာတွင်လည်း နောက်ထပ် နတ်ဘုရားတစ်ပါးရှိနေ၍ ဖြစ်၏။ ထိုနတ်ဘုရားက ဝမ်ပေါင်လဲ့ ဖြစ်သည်။

မြေဓာတ်တာအိုကမ္ဘာအတွင်း သဲမှုန်များစွာ ရှိနေလေသည်။ ထိုသဲမှုန်များစွာထဲတွင် ဝမ်ပေါင်လဲ့၏ စိတ်ဆန္ဒ ပါဝင်နေ၏။ ဝမ်ပေါင်လဲ့၏ မျက်နှာက ထိုအရာအထက် ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်၌ သဲများက ပျံ့နှံ့သွားစဉ် အရာအားလုံးနှင့် သွေးနီရောင်ဝဲကတော့ကို ဝါးမျိုပစ်လိုဟန်ပေါ်သည်။

မိုးခြိမ်းလုမတတ် အသံကျယ်ကြီးများ ထွက်ပေါ်လာကာ အဝါရောင်သဲနှင့် ဝဲကတော့ ကထိပ်တိုက်တွေ့ဆုံသွားပြီး ကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။

ကမ္ဘာက လှုပ်ခတ်သွားသည့်အခါ တချို့သော သဲမှုန်များက ကောင်းကင်အထက် စုဝေးကာ ပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူက ဝမ်ပေါင်လဲ့ ဖြစ်၏။ သူက သွေးနီရောင်ဝဲကတော့ကို စိုက်ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့က နတ်ဧကရာဇ်၏ အကြည့်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် သွေးနီရောင်လူငယ်လေးကို ဖိနှိပ်ထားဖို့ ခက်ခဲမည် မဟုတ်ကြောင်း သိလေသည်။ သွေးနီရောင်လူငယ်လေးက သူ့အထွတ်အထိပ်အခြေအနေတွင် မရှိတော့ပေ။ သူ့ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းကြောင့် အားနည်းပြီးသည့်နောက်တွင် သူက အချိန်တိုအတွင်း မကုစားနိုင်သည့် ဒဏ်ရာများဖြင့် ကျန်ရှိခဲ့၏။

ထို့ကြောင့် သူ့ကို ဖိနှိပ်ကာ သတ်ပစ်ဖို့ ဖြစ်နိုင်လေသည်။

သို့သော်လည်း ထိုအကြည့် ပေါ်ထွက်လာမှုက ဝမ်ပေါင်လဲ့ကို စိုးရိမ်သွားစေသည်။ သတိလက်လွတ်ဖြစ်မှု အနည်းငယ်ကပင် ကျောက်ပြားကမ္ဘာတစ်ခုလုံးကို ပြိုလဲသွားစေနိုင်၏။ သူက သွေးနီရောင် လူငယ်လေးကို သတ်ဖြတ်ပစ်နိုင်သည်ဆိုလျှင်ပင် ရလဒ်က ဝမ်ပေါင်လဲ့ အလိုရှိသည့်အရာမျိုး ဖြစ်မည်မဟုတ်ပေ။

သူက အတိတ်နှင့် အနာဂတ်ကို ဆုံးရှုံးပြီးသား ဖြစ်သည့်အတွက် ကျောက်ပြားကမ္ဘာကိုတော့ မဆုံးရှုံးလိုပေ။

ထို့အပြင် ဤအဆင့်အနေအထား ရှိထားသည့် ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာနှင့် ဆက်နွယ်မှုကို ခံစားမိ၏။ ထိုဆက်နွယ်မှုက အတော်လေးနက်ရှိုင်းနေပြီး အဆုံးမဲ့တာအိုနယ်မြေနှင့် ကျယ်ပြန့်တာအိုနယ်မြေကြား တိုက်ပွဲအတွင်း အဆုံးမဲ့တာအိုနယ်မြေဘက်မှ ဆင့်ခေါ်ခံရသည့် သူ့တကယ့်သွင်ပြင် ဖြစ်နေလေသည်။

ဤသည်က နတ်ဧကရာဇ်၏ နည်းလမ်းဖြစ်သည့်အတွက် သူ့ကိုယ်သူ ကုစားနိုင်မည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် ကျောက်ပြားကမ္ဘာ ပြိုလဲသွားသည်နှင့် ဝမ်ပေါင်လဲ့ကိုယ်တိုင်က သိသိသာသာ သက်ရောက်ခံလိုက်ရလိမ့်မည်။

တူညီလှစွာ ကျောက်ပြားကမ္ဘာက မပြိုလဲနိုင်သည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိနေလေ၏။ ထိုအရာက ကျောက်ပြားကမ္ဘာသည် သူ့အား နတ်ဧကရာဇ်နှင့် ဆက်နွယ်ပေးထားသည့် တစ်ခုတည်းသော ကြိုးမျှင် ဖြစ်၏။

ယခင်ခေတ်ကာလများစွာတုန်းက နတ်ဧကရာဇ်သည် ဒဏ်ရာရရှိခဲ့ပြီး အနက်ရောင်သစ်သားက ပေါ်ထွက်လာကာ သူ့မျက်ခုံးအတွင်း ထိုးစိုက်ပြီး သူ့ကို ဖျက်ဆီးလုနီးပါးဖြစ်စေခဲ့သည်။ သို့သော်လည်း သူက သူ့ကိုယ်သူ ကယ်တင်ဖို့ နည်းလမ်းတစ်ခုကို တွေးမိခဲ့၏။ ထိုအရာက နတ်ဘုရားအသိစိတ်ကို တစ်သိန်းခွဲကာ မျိုးစေ့ဖွဲ့စည်းပြီး စကြဝဠာအနှံ့ ဖြန့်ဝေဖို့ ဖြစ်၏။

ထိုနတ်ဘုရားအသိစိတ်တစ်သိန်းက ကမ္ဘာတစ်သိန်းကို ဖွဲ့စည်းပြီး အဆုံးမဲ့တာအိုနယ်မြေတစ်သိန်း ရှိလာလိမ့်မည်။ ထိုအရာကို ဖွဲ့စည်းပြီးသည့်နောက်တွင် သူတို့က အနက်ရောင်သစ်သားကို ဆင့်ခေါ်ကြလိမ့်မည်။ နတ်ဧကရာဇ်၏ အနက်ရောင်ကြားရှိ အနက်ရောင်သစ်သားကလည်း တစ်သိန်းခွဲကာ အဆုံးမဲ့တာအိုနယ်မြေ တစ်သိန်းနှင့် ချည်နှောင်ခံလိုက်ရလိမ့်မည်။

ရည်ရွယ်ချက်က ထိုနည်းလမ်းကို အသုံးပြုကာ အနက်ရောင်သစ်သားမှ ယူဆောင်လာသည့် ဖိနှိပ်မှုကို ဖျက်ဆီးမည် ဖြစ်၏။

နတ်ဧကရာဇ်အနေနှင့် သူ့ကိုယ်သူ ကယ်တင်သည့်နည်းလမ်းက အောင်မြင်သည်ဟု ဆိုရပေမည်။ ဤကျောက်ပြားကမ္ဘာကလွဲ၍ ကျန်ရှိနေသော ကမ္ဘာ ၉၉၉၉၉က အဆုံးမဲ့မျိုးနွယ်များနှင့် ဝေ့ယန်ကျစ်ကို ဖန်တီးနိုင်ခဲ့ကြပြီး တစ်ကမ္ဘာလုံးကို အောင်အောင်မြင်မြင် ဝါးမျိုနိုင်ခဲ့ကာ အနက်ရောင်သစ်သားပြား၏ တစ်သိန်းပုံတစ်ပုံ စွမ်းအားကိုလည်း ဝါးမျိုနိုင်ခဲ့သည်။

ထို့နောက် ဝေ့ယန်ကျစ်က သူတို့ရှိနေသည့်ကမ္ဘာဖြင့် ပေါင်းစည်းကာ တကယ့်အဆုံးမဲ့တာအိုနယ်မြေဆီ ပြန်သွားလိမ့်မည်။ သူတို့က နတ်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း ပြန်ရောက်ကာ အားဖြည့်ပေးမည် ဖြစ်၏။ နတ်ဧကရာဇ်၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာစဉ် အနက်ရောင်သစ်သားပြားကမူ သိသိသာသာ အားနည်းသွားလိမ့်မည်။

သို့သော်လည်း ကျန်ရှိနေသည့် အဆုံးမဲ့တာအိုနယ်မြေ ၉၉၉၉၉ က အောင်အောင်မြင်မြင် ပြန်လာခဲ့သည်ဆိုလျှင်ပင် တစ်ခု ကျရှုံးနေသရွေ့ အနက်ရောင်သစ်သားပြားကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။

အနက်ရောင်သစ်သားပြားက ဖျက်ဆီးခံလိုက်ရပြီဆိုလျှင်ပင် သူ့အပေါ်တွင်ရှိသည့် သက်ရောက်မှုက မကြီးမားသော်လည်း သူ့ကို မြင့်မားသည့်အဆင့် မတက်လှမ်းနိုင်အောင် တားဆီးထားလိမ့်မည်။ ထိုအရာက သူသည် အနက်ရောင်သစ်သားပြားဖြင့် ထိုးစိုက်ခံရသည့် အကြောင်းအရင်းလည်း ဖြစ်၏။

သေချာသည့်အနေအထားမှ ပြောရမည်ဆိုလျှင် ထိုအနက်ရောင်သစ်သားပြားကို စမ်းသပ်ချက်အဖြစ် မြင်နိုင်သည်။ လူတစ်ယောက်က တကယ့်အထွတ်အထိပ် နယ်ပယ်အဆင့်ကို ရယူလိုပါက စမ်းသပ်ချက်ကို ဖြတ်ကျော်ရမည် ဖြစ်၏။

ဤသည်က အနက်ရောင်သစ်သားပြား စမ်းသပ်ချက် ဖြစ်ပေသည်။

နတ်ဧကရာဇ်က ထိုစမ်းသပ်ချက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည်နှင့် နောက်တစ်ဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

ကံဆိုးစွာဖြင့် ကျောက်ပြားကမ္ဘာပေါ်ထွက်လာမှုက စမ်းသပ်ချက်အောင်မြင်မှုကို လျော့ကျသွားစေသည်။

ပထမဦးစွာ ကူနှင့် လော့တို့ကြောင့် ကျောက်ပြားကမ္ဘာတွင်း အပြောင်းအလဲများ ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ရီရီ၏ ဖခင်ဖြစ်သူကြောင့် အပြောင်းအလဲများက ပိုမိုကြီးမားလာခဲ့သည်။ ထို့အပြင် သူတို့၏ အပြုအမူနောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိနေသည့် အမည်မသိလူတချို့လည်း ရှိနေသေး၏။ အဆုံးသတ်တွင် ကျောက်ပြားကမ္ဘာ ဖွံ့ဖြိုးတိုးတက်မှုက နတ်ဧကရာဇ်၏ နတ်ဘုရားအသိစိတ် ဖြစ်လိုသည့် ကံကြမ္မာမှ သွေဖယ်သွားခဲ့သည်။

ထိုအရာက ဝမ်ပေါင်လဲ့၏ ကြီးထွားမှုနှင့် သူ့အသိစိတ်ထွက်ပေါ်လာမှုကို ဖြစ်စေ၏။

ထို့ကြောင့် နတ်ဧကရာဇ်က အဖြစ်အပျက်ကို နားလည်လိုက်သည်နှင့် သူ့ကိုယ်ပွားကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် အရာအားလုံးကို ပုံမှန်ပြန်ဖြစ်ဖို့အတွက် အခြေအနေကို ပြုပြင်ခြင်း သို့မဟုတ် နတ်ဧကရာဇ်ကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ဖို့အတွက် ကျောက်ပြားကမ္ဘာကို ဖျက်ဆီးပစ်ခြင်းမျိုးသာ ရှိနိုင်သည်။

နောက်တစ်ခုက နတ်ဧကရာဇ်အား သူ့စမ်းသပ်ချက်ကို ကျရှုံးသွားစေမည်ဖြစ်သော်လည်း သူ မလုပ်ဆောင်ပါက ကျောက်ပြားကမ္ဘာသည် နတ်ဧကရာဇ်အတွက် ကြီးမားသည့် ပြစ်ချက်ကြီး ဖြစ်လာလိမ့်မည်။

ထို့ကြောင့် သေချာသည့် အနေအထားအရ ဝမ်ပေါင်လဲ့၏ ပေါ်ထွက်လာမှုသည် သွေးနီရောင်လူငယ်လေး ကျရှုံးသွားခဲ့လျှင် သူ မည်သို့ပင်လုပ်စေကာမူ ကြီးကြီးမားမား ဆုံးရှုံးရမည်ဖြစ်ကြောင်း ဖော်ညွှန်းနေ၏။

ဝမ်ပေါင်လဲ့က လက်နက်တစ်ခု ဖြစ်၏။ နတ်ဧကရာဇ်အား သူ့စမ်းသပ်ချက်အား မပြီးပြည့်စုံစေဘဲ ပြစ်ချက်ရှာစေမည့် လက်နက်တစ်ခု ဖြစ်စေသည်။

ဝမ်ပေါင်လဲ့က ကံဆက်နွယ်မှုကို အပြည့်အဝ နားမလည်သေးသော်လည်း အများစုကို ခန့်မှန်းမိ၏။ သူ့အတွက် မည်သို့ပင်ဆိုစေကာမူ ကျောက်ပြားကမ္ဘာကို ဖျက်ဆီးခံရ၍ မဖြစ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့ လုပ်ဖို့ လိုအပ်သည့်အရာက နတ်ဧကရာဇ်၏ အကြည့်ကို အားနည်းသွားစေဖို့ ဖြစ်၏။ ဓာတ်ငါးပါးပြန်လည်ဝင်စားခြင်း စက်ဝန်းကို အသုံးပြုပြီး ထိုအကြည့်က ကျောက်ပြားကမ္ဘာအပေါ် သက်ရောက်မှု မရှိလောက်သည်အထိ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မည်။ ထိုအခါ သွေးနီရောင်လူငယ်လေးသည် သေချာပေါက်ဖိနှိပ်ခံပြီး သတ်ခံရလိမ့်မည်။

သွေးနီရောင်လူငယ်လေးကလည်း ထိုအရာကို ကောင်းကောင်းသိထား၏။ ထို့ကြောင့်လည်း သူက ရေဓာတ်ကမ္ဘာမှ လွတ်မြောက်ဖို့ ထွက်ပြေးလိုခြင်း ဖြစ်သည်။ မြေဓာတ်တာအိုကမ္ဘာအတွင်း သူက မည်သည့်တန်ကြေးပင်ဖြစ်စေကာမူ ပြေးထွက်လိုခြင်း ဖြစ်၏။

ဤသည်က သူ့တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်၏။

သူက ဝမ်ပေါင်လဲ့ကြောင့် ဖိနှိပ်ခံရသည်ဖြစ်စေ သို့မဟုတ် ဓာတ်ငါးပါးပြန်လည်ဝင်စားခြင်း စက်ဝန်းမှ ထွက်ပေါ်ပြီး ကျောက်ပြားကမ္ဘာကို ထွက်ပေါ်နိုင်ခဲ့သည်ဖြစ်စေ ဤနည်းဖြင့်သာ သူ့ပင်မခန္ဓာကိုယ်က အဆင့်တက်ဖို့ ကျရှုံးသွားလျှင်ပင်  ဟာကွက်ဖြစ်နေမည် မဟုတ်ပေ။

သူ့အကြီးမားဆုံး နောင်တက ကျောက်ပြားကမ္ဘာကို စောစောစီးစီး ဖျက်ဆီးမပစ်ခဲ့ခြင်း ဖြစ်၏။ ထိုအရာက ပင်မခန္ဓာကိုယ်၏ အဆင့်တက်ဖို့ မျှော်လင့်ချက်ကို ကိုယ်စားပြုနေသည်။ သူက တခြားရွေးချယ်စရာ မရှိလျှင်ပင် ထိုသို့မလုပ်ဆောင်လိုပေ။

ထိုအကြောင်းရင်းကြောင့် ကိစ္စများက ဤအနေအထားအထိ ဖြစ်လာခဲ့ရသည်။

ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ ရုတ်ချည်းဆိုသလို သူက ညာဖက်လက်ကို မြှောက်လိုက်သည့်အချိန် မြေဓာတ်တာအိုကမ္ဘာက လှုပ်ခတ်လာသည်။ သဲမှုန်များစွာက သူ့ရှေ့တွင် စုဝေးလာပြီး ကောင်းကင်ကိုပင် ပိတ်ဆို့ထားနိုင်သည့် ဧရာမလက်ကြီးတစ်ခု ဖြစ်လာလေသည်။ ထို့နောက် ထိုအရာက သွေးနီရောင်ဝဲကတော့ဆီ ဆင်းသက်လာ၏။

All Chapters