တစ်ခုခုကို မေ့သွားပုံရသည် (၃)
Vol. 13 Ch. 191
သို့သော် ၎င်း၏စွမ်းအားကို ကိုယ်တိုင်တွေ့ကြုံခံစားဖူးသော လင်းရှန်အနေနဲ့
ဤမှင်ကျောက်တုံးသည် မည်မျှကြောက်စရာကောင်းသည်ကို သိသည်။
မှော်လက်နက်များအထက်တွင် ထူးခြားသည့်လက်နက်ဟုခေါ်သည့် အရာတစ်ခုလည်း ရှိသည်။
၎င်းသည် မှော်လက်နက်တစ်ခုထက်ပင် ပို၍ပင် အစွမ်းထက်ခဲ့သည်။
နှစ်ခုကြားက ခြားနားချက်သည် မှော်
လက်နက်နဲ့ သာမန်လက်နက်ကြား ကွာခြားချက်လိုပင်။
ထိုအပြင် မှင်ကျောက်သည် အထူးလက်နက်တစ်ခုဆိုတာ သိသာသည်။
"ငါ ကံစမ်းမဲ ပေါက်သွားပြီ”
လင်းရှန်က ပြုံးဖြီးနေတာကို မရပ်နိုင်ပေ။
သူ့လက်ထဲမှ အထူးလက်နက်နဲ့သာဆို သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် တုန်လှုပ်စရာကောင်းလောက်အောင်ပင်။
"ကံဆိုးတာက ဒီမှင်ကျောက်ကို ဘယ်ကရတယ်ဆိုတာ ပြောဖို့ခက်မှာ။ အဲ့တာကို ငါသူများတွေရှေ့မှာ သုံးလို့မရဘူး ။" လင်းရှန် က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
သို့သော် ဒုတိယအတွေးအရ ပုံမှန်အခြေအနေများတွင် မှင်ကျောက်ကို မလိုအပ်ပေ။
မှင်ကျောက်ကို အသုံးပြုရန် လိုအပ်သည့် အခါမျိုးက ပြင်ပတွင် လေ့ကျင့်နေချိန် သို့မဟုတ် မနေ့ညကလို အခြေအနေမျိုးတွင်သာ ဖြစ်သည်။ မှင်ကျောက်၏ ဇာစ်မြစ်ကို အခြားသူများ ခန့်မှန်းမိမည်ကို စိုးရိမ်နေစရာ မလိုပေ။
"နောက်ကျ ဒီအထူးလက်နက်ကို ပြုပြင်ဖို့ ငါအချိန်ယူရမယ်”
ပျော်ရွှင်မှုကို မျိုသိပ်ရင်း လင်းရှန်သည် မှင်ကျောက်ကို ဖယ်ထုတ်ကာ သိုလှောင်
အိတ်ကို စစ်ဆေးခဲ့သည်။
တောက်ပသောဝင်ပေါက် နဝမအဆင့်မှ ကျင့်ကြံသူဖြစ်သော လန်ကွမ်းထင်သည် စည်းစိမ်ဥစ္စာများစွာရှိရမည်။
မျှော်လင့်ထားသည့်အတိုင်း သိုလှောင်အိတ်အတွင်းရှိ ပစ္စည်းများသည် လင်းရှန်ကို အံ့သြသွားစေခဲ့သည်။
ပထမဦးဆုံးတုန်လှုပ်စေတာက အဆောင်များပင်။
ပျံသန်းခြင်းအဆောင်၊ ခန္ဓာကိုယ်ပေါ့ပါးခြင်းအဆောင်နှင့် ရှင်းလင်းရေးအဆောင်
ကဲ့သို့သော အဆင့်နိမ့် အဆောင်များကို မဆိုထားနဲ့။
ဖုံးကွယ်ခြင်းအဆောင် ၊ ပျောက်ကွယ်ခြင်းအဆောင်နှင့် ထင်ယောင်ထင်မှားဖြစ်မှုကို ချိုးဖျက်ခြင်းအဆောင်ကဲ့သို့ တန်ဖိုးကြီး အဆောင်တွေလည်း အနည်းဆုံး ၂၀ မှ ၃၀လောက်ထိ ရှိနေသည်။
သို့သော် လင်းရှန်ကို ပို၍အံ့သြစေသည်မှာ မိုးကြိုးသွားအဆောင်နှင့် မိုးကြိုးအဆောင် သုံးခု ဖြစ်သည်။
အမည်တွင်ဖော်ပြထားသည့်အတိုင်း မိုးကြိုးသွားအဆောင်သည်
ကာကွယ်ခြင်းအဆောင်နှင့်ဆင်တူသော ခုခံမှုဆိုင်ရာအဆောင် တစ်ခုဖြစ်သော်လည်း ၎င်း၏ခုခံအားမှာ များစွာပိုမိုကောင်းမွန်သည်။
မိုးကြိုးအဆောင်သည်လည်း လျှပ်စီးလက်ဝါးကဲ့သို့ လျှပ်စီးကြောင်း၏ စွမ်းအားကို ထုတ်လွှတ်နိုင်သော အဆောင်တစ်ခုဖြစ်သည်။
ကိုယ်ပွားနှစ်ခုကို တွန်းလှန်ရန်အတွက်နောက်ဆုံးအခိုက်အတန့်တွင် လန်ကွမ်းထင်
အသုံးပြုခဲ့သော လျှပ်းစီးသည် မိုးကြိုးငါးခုအဆောင်မှ ထွက်လာခြင်း ဖြစ်သည်။
လန်ကွမ်းထင်မှာသာ ဝိညာဉ်ရေးရာ အနှစ်သာရ မကုန်သေးပါက လင်းရှန်ကို သူ၏ သိုလှောင်အိတ်အတွင်းရှိ အဆောင်များစွာဖြင့် အချိန်အတော်ကြာ တိုက်ခိုက်နိုင်ပေမည်။
သို့သော ယုခုအချိန်တွင် ထိုအရာများသည် လင်းရှန်၏ စစ်ပွဲမှရရှိမှုများ ဖြစ်လာခဲ့သည်။
လက်နက်တွေလည်း အများကြီးရှိသေးသည်။
ရာနှင့်ချီအောင် သန့်စင်ထားသော လက်နက်ပေါင်း များစွာလည်း ရှိနေ၏ ။ထို့ထက် ပိုအရေးကြီးသည်မှာ နေခြောက်စင်းအဆောင်ဓား ခြောက်ချောင်း ရှိနေတာပင်။
"ဒီတစ်ခါတော့ ငါ့ရဲ့ကိုယ်ပွားတစ်ခုစီမှာ လက်နက်တစ်ခုစီ ရှိတော့မယ်”
လင်းရှန်တွင် မူလက နေခြောက်စင်းအဆောင်ဓား လေးခုရှိသော်လည်း
လန်ကွမ်းထင်သည် ဓားတစ်ချောင်းကို လုယူသွားခဲ့သည်။ သေချာတာက လင်းရှန်မှာ ရှစ်ခုရှိသွားချေပြီ။
ဒါက သူနဲ့သူ့၏ ကိုယ်ပွါးခြောက်ခု သုံးဖို့ လုံလောက်သည်။
"ဒါဘာလဲ”
လင်းရှန် မျက်လုံးများသည် ရုတ်တရက် တောက်ပလာကာ သူ့လက်ဖဝါးပေါ်တွင် ဓားရှည်တစ်လက် ချက်ချင်းပေါ်လာသည်။
ဓားရှည်သည် နေခြောက်စင်းအဆောင်ဓားနှင့် အလွန်ဆင်တူသည်။ ဓားကိုယ်ထည်ကို လေးနက်ပြီး ရှုပ်ထွေးသော ပုံစံများဖြင့် ထွင်းထုထားသည်။
ဝိညာဉ်ရေးရာအနှစ်သာရ မထိုးသွင်းဘဲ ၎င်းကို ကိုင်ထားရုံဖြင့် ဓားမှထုတ်လွှတ်သော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လောင်ကျွမ်းမှုမျိုးကို သူခံစားရနေပြီဖြစ်သည်။
ဒါကို အသက်သွင်းလိုက်တာနဲ့ မီးတောက်လှိုင်းသည် မည်မျှထိတ်လန့်စရာ ကောင်းမည်ကို တွေးကြည့်နိုင်သည်။
“ဒါက နေကိုးစင်းအဆောင်ဓားလား..မဟုတ်လောက်ဘူး၊ နေကိုးစင်းအဆောင်ဓားက အဲ့လောက် စွမ်းအားမများဘူး။ ဒါက အဲဒီ မှင်ကျောက်နဲ့ ယှဉ်လုနီးပါးပဲ”
ခဏလောက်စဉ်းစားပြီးနောက် လင်းရှန်သည် သူ့သံသယများကို ဖယ်ထားလိုက်ကာ နောက်ပိုင်းမှ စုံစမ်းမှု လုပ်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ မှော်လက်နက်များထက် သာလွန်ကောင်းမွန်သော ဓမ္မရတနာတစ်ခု ရှိသည်မှာ အကောင်းဆုံးအရာပင်။
လင်းရှန်သည် သိုလှောင်အိတ်ကို ဆက်လက်စစ်ဆေးခဲ့ပြီး မကြာမီမှာပဲ နောက်ထပ်ရှာဖွေတွေ့ရှိမှုများ ရှိခဲ့သည်။
အဲ့တာက ကိုယ်ခံပညာလက်စွဲစာအုပ် အများအပြားပင်။
၎င်းက စာအုပ်ပေါင်း တစ်ထောင်ကျော် ရှိခဲ့သည်။
လင်းရှန်က ရေတွက်ကြည့်နေ၏ အရည်အသွေးခန်းမတွင် လဲလှယ်နိုင်သည့် ကိုယ်ခံပညာများ အပါအဝင် ကိုယ်ခံပညာပေါင်း တစ်ထောင်ကျော် ရှိသည်။
" လန်ကွမ်းထင်က ကျင့်ကြံနည်းစနစ်ဆိုင် ဖွင့်ဖို့ ပြင်ဆင်နေတာလား။ ကိုယ်ခံပညာ နည်းစနစ်တွေမှ အများကြီးပဲ။ အဲဒါတွေအားလုံးကို စုဆောင်းဖို့ အချိန်
ဘယ်လောက်ကြာလောက်လဲ။"
လင်းရှန်သည် အံ့ဩနေ၏
သို့သော်လည်း လန်ကွမ်းထင် ယခင်ကပြောခဲ့သည့်စကားအရ လန်သားစုသည် လွန်ခဲ့သောနှစ်တစ်ရာက ဩဇာညောင်းသောမိသားစုဆယ့်ရှစ်ခုထဲမှတစ်ခုဖြစ်ပြီး နက်နဲသောအခြေခံအုတ်မြစ်ရှိခဲ့သည်။
မိသားစုသည် ယခုအချိန်တွင် ဆုတ်ယုတ်သွားသော်လည်း ကျန်ရှိခဲ့တဲ့အရာတွေ များသေးသည်။ ဤကိုယ်ခံပညာများကို လန်မိသားစု၏ ဘိုးဘေးများထံမှ အမွေဆက်ခံလာတာလည်း ဖြစ်နိုင်သည်။
မလိုအပ်တဲ့ အတွေးတွေကို ဖယ်ထုတ်ရင်း ခေါင်းကို ခါယမ်းလိုက်ကာ လင်းရှန်သည် စိတ်ထဲက ထုတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဒါက သူ့အတွက်ကောင်းတဲ့အရာပင်
ဤကိုယ်ခံပညာရပ်များသည် လမ်းကြောင်းအဆင့်ကိုယ်ခံပညာ အနည်းငယ်ကို မြင့်မားသောအဆင့်သို့ ကျင့်ကြံဖို့ လုံလောက်စေသည်။
ဤနည်းအားဖြင့် အရည်အသွေးခန်းမတွင် ကိုယ်ခံပညာများကို လဲလှယ်ရန် အရည်အသွေးအမှတ်များကို သုံးစွဲဖို့ မလိုအပ်တော့ပေ။
အကြောင်းအရာများကို စစ်ဆေးကြည့်သောအခါ လင်းရှန်က အံ့သြသွားပြန်သည်။
မှော်စွမ်းအားနည်းစနစ်လက်စွဲများ။
စုစုပေါင်း ရှစ်ခု ရှိခဲ့သည် ။
ရေကြေးမုံနည်းစနစ်၊လေဟုန်စီးခြင်းနည်းစနစ်၊ လျှပ်စီးလက်ဖဝါး၊ ချီဖိနှိပ်ခြင်းငါးမျိုး၊ စက္ကူလူသားလှုပ်ရှားမှု ၊ ပုံသေခန္ဓာကိုယ်ကျိန်စာ၊ တစ္ဆေရိုင်းဦးခေါင်းနှင့် အရိပ်ကျခြင်းနည်းစနစ်
၎င်းတို့အနက်မှ ပထမခြောက်ခုသည် နိုင်ယန်းကျောင်း၏ အရည်အသွေးခန်းမတွင် ပေးထားသည့် မှော်စွမ်းအားများဖြစ်သည်။
ကျန်နှစ်ခုအကြောင်းကို သူ တစ်ခါမှ မကြားဖူးပေ။
လင်းရှန်သည် လန်ကွမ်းထင်နှင့် အိမ်ကြီးထဲမှ တိုက်ပွဲကို ပြန်တွေးလိုက်သည်။
တစ္ဆေရိုင်းဦးခေါင်းသည် လန်ကွမ်းထင်မှ ဆင့်ခေါ်ထားသော နတ်ဆိုးများ၏ ဦးခေါင်းဖြစ်နိုင်သည်။
အရိပ်ကျခြင်းနည်းစနစ်ကတော့ လန်ကွမ်းထင်သုံးသည့် လေထဲမှ အရိပ်များ ထွက်ပေါ်လာသည့် မှော်စွမ်းအားဖြစ်နိုင်သည်။
"ကျောင်းရဲ့ ဆရာဆိုတဲ့အတိုင်း သူ့မှာ ကိုယ်ခံပညာနည်းမျိုးစုံနဲ့ မှော်စွမ်းအားတွေ အများကြီးရှိနေတာပဲ”
လင်းရှန်အနေနဲ့ သူ့အရည်အသွေး အမှတ်များကို သက်သာစေမည့် ပထမ မှော်စွမ်းအား ခြောက်ခုကို ကျင့်ကြံရမည်။
အရိပ်ကျခြင်းနည်းစနစ်သည် လွတ်မြောက်နည်းတစ်မျိုးဖြစ်ပုံရသည်။ ထို့ကြောင့် ၎င်းကို လည်း ကျင့်ကြံရမည်ဖြစ်သည်။
တစ္ဆေရိုင်းဦးခေါင်းကိုတော့ စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
အဲ့တာက လမ်းစဉ်မှားနေသောကျင့်စဉ်မှန်း သိသာသည်။
သူကျင့်ကြံထားရင်တောင်မှ တခြားသူတွေရှေ့မှာ သုံးလို့မရပေ။ ဒါမှမဟုတ်ရင် ဒါကို သူဘယ်လိုရလဲဆိုတာ ရှင်းပြရပေမည်။
ပိုအရေးကြီးတာက ထိုမှော်စွမ်းအားက ထင်သလောက်ပြင်းထန်ပေ။ လင်းရှန်မှာ ပြင်းပြင်းထန်ထန် နည်းစနစ်တွေ အများကြီးရှိတာကြောင့် ဒီမှော်စွမ်းအားနဲ့ အချိန်ဖြုန်းနေစရာ မလိုပေ။
"ဘယ်လိုတောင် ရလိုက်တာတွေလဲ”
လင်းရှန်က ဝမ်းသာသွားသည် ။
အဆောင်များ၊ မှော်လက်နက်များ၊ ကိုယ်ခံပညာများနဲ့ မှော်စွမ်းအားများ... သူမျှော်လင့်ထားသည့်အတိုင်းပင် ကျောင်း၏ ဆရာတဖြစ်လဲ တောက်ပသော ဝင်ပေါက်နဝမအဆင့် ကျင့်ကြံသူဖြစ်သော လန်ကွမ်းထင်သည် သူ့အတွက် ကောင်းမွန်သော အရာများစွာ ထားခဲ့သည်။
"ကိုယ်ခံပညာနဲ့ မှော်စွမ်းအားတွေ အများကြီးပဲ။ ငါနောက်ကျ အလုပ်ရှုပ်တော့မှာ”
လင်းရှန်သည် စိတ်သက်သာရာကာ သက်ပြင်းချလိုက်၏ သူက မအိပ်စက်တော့ပေ။ သူသည် စိတ်အားထက်သန်နေတုန်း လေ့ကျင့်လေ၏
သို့သော် တစ်စုံတစ်ခုကို မေ့သွားပြီဟု ယောင်ဝါးဝါး ခံစားမိသည်။
"ညောင်”
အိုက်က ကျေနပ်စွာ အိမ်ပြန်လာခဲ့သည်။
နစ်မြှပ်ခြင်းလမင်းမှ ညီအစ်မများသည် သူမနှင့် ကစားရုံသာမက အရသာရှိသော အစားအစာမျိုးစုံကိုလည်း ပေးစားကြသည်။
"နောက်တစ်ခါ လင်းရှန်ကို အဲ့ဒီကို လိုက်ပို့ပေးရမယ်”
အိုက်က ဝမ်းသာအားရ တွေးလိုက်သည်။
အိုက်သည် ထုံးစံအတိုင်း အိမ်အနောက်ဘက်သို့ လျှောက်လာသည်။ သူမသည် လသာဆောင်မှ ဝင်လာတော့မည်ဖြစ်သော်လည်း မျှော်ကြည့်လိုက်သောအခါ
မြေပြင်တစ်ခုလုံးတွင် အပျက်အစီးများကိုသာတွေ့လိုက်ရသည်။
"ငါ့အိမ်က ဘယ်မှာလဲ”