အလွန်အမင်း ဥာဏ်ကောင်းခြင်းက ထိခိုက်စေမည် (၁)
Vol. 13 Ch. 192
လင်းရှန်မှန်းဆထားသလိုပဲ နောက်နေ့မနက်မှာတော့ ကိုယ်ခံပညာ တည်မြဲရေးစံအိမ်သည် မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို မေးဖို့ နိုင်ယန်းကျောင်းဆီကို တန်းတန်းမတ်မတ် ရောက်လာသည်။
လင်းရှန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တိုက်ခိုက်ခံရခြင်း
အကြောင်းကို ပြောပြသည်။
သူက လန်ကွမ်းထင်၏ အထောက်အထားကိုတော့ မဖော်ပြပေ။ တိုက်ခိုက်သူက အမည်မသိသူဖြစ်ပြီး အတော်လေး အစွန်းထက်သည်ဟုသာ ပြောခဲ့သည်။ သူက အရမ်းကံကောင်းလို့သာ လွတ်မြောက်ခဲ့တာပင် ။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အလံအရာရှိက ဘာမှ မပြောဘဲ စုံစမ်းပြီးနောက် ထွက်သွားခဲ့သည်။
နိုင်ယန်းကျောင်းမှ ထွက်လာသည့်အချိန်တွင် အရာရှိတစ်ဦးက ပြောလေ၏
"ဆရာ ၊ ဒါက တိုက်ဆိုင်လွန်းတယ်နော်။ လင်းရှန်တိုက်ခိုက်ခံရပြီး သိပ်မကြာခင်မှာပဲ လန်ကွမ်းထင်မှာ တစ်ခုခု ဖြစ်သွားတယ်။ သူတို့ နှစ်ယောက် ဆက်စပ်မှု ရှိနိုင်မလား"
"ဖြစ်နိုင်တယ်”
အလံအရာရှိသည် မျက်မှောင်ကြုတ်ကာ သူ့အနောက်ဘက်က နိုင်ယန်းကျောင်းအဝင်ဝကို လှမ်းကြည့်လိုက်သည်။
"ဒါပေမယ့် လင်းရှန်ကို တိုက်ခိုက်တဲ့ တောက်ပသောဝင်ပေါက်အဆင့်ကျင့်ကြံသူက လန်ကွမ်းထင်သာဆိုရင် လင်းရှန်အနေနဲ့ သူ့ဆီကနေ ဘယ်လိုလွတ်ပါ့မလဲ။"
မေးခွန်းမေးတဲ့ အရာရှိက ချက်ချင်း အံ့ဩသွားပြီး ဘာပြန်ပြောရမှန်းကို မသိတော့ပေ။
လန်ကွမ်းထင်၏ ခွန်အားသည် သိသာသည်။
သွေးဝိညာဉ်ဆေးကို မသောက်သုံးမီကပင် လက်နက်တပ်ဆင်ထားသော လန်ကွမ်းထင်သည် တောက်ပသောဝင်ပေါက် နဝမအဆင့် ကျင့်ကြံသူများထဲမှ အကောင်းဆုံးတစ်ဦးဖြစ်သည်မှာ သေချာသည်။
လင်းရှန်သည် ပါရမီရှင်ဖြစ်သော်လည်း တောက်ပသောဝင်ပေါက် အဆင့်သို့ တက်တာမကြာသေးပေ။ သူတို့ မည်သို့ပင် တွေးနေပါစေ ။ လင်းရှန်အနေနဲ့ လန်ကွမ်းထင်ဆီမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
အခြားတစ်ယောက်ယောက်က လင်းရှန်ကို တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်လား။
အလံအရာရှိက ဆက်လက်ပြီး " လန်ကွမ်းထင်က လွတ်မြောက်ချိန်မှာ ဒဏ်ရာအပြင်းအထန်ရနေရင်တောင် လင်းရှန်တစ်ယောက်တည်းနဲ့ အချိန်တိုအတွင်း သတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ တောက်ပသောဝင်ပေါက် ဆဋ္ဌမ အဆင့် သို့မဟုတ် သတ္တမအဆင့် ကျင့်ကြံသူဆိုတောင် လုပ်ဖို့ခက်တယ်။”
လူတိုင်းက ဒါကို အဓိပ္ပါယ်ရှိတယ်လို့ ခံစားလာရသည်။
"ဒါဆို လင်းရှန် က ဒီကိစ္စနဲ့ ဘာမှမဆိုင်သလိုပဲ"
"ဒါက ငါတို့မှာ နောက်ထပ်အမှုတစ်ခုရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား ။ လင်းရှန်ကို တိုက်ခိုက်တဲ့ တရားခံကို ရှာရမှာပေါ့။"
"အင်း၊ ငါတို့ ခဏလောက် အလုပ်ရှုပ်မဲ့ပုံပဲ”
"မင်းမှာ အဲ့လိုပြောဖို့ အချိန်ရရင် ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားလေ။ မနေ့ညက အစည်းအဝေးမှာ အရာရှိတွေကို စံအိမ်ခေါ င်းဆောင်ရှားက ဆူနေတယ်ပြောတယ်။ သူတို့ဒေါသတွေ ငါတို့ကိုပုံကျနေမယ်”
အလံအရာရှိ စကားကိုကြားတော့ အားလုံးက ချက်ချင်း အော်ဟစ်ကုန်ကြသည်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူများ ထွက်သွားပြီးနောက် လင်းရှန်သည် အိုက်ကို ရုတ်တရက် တွေးမိသွားသည်။
အိမ်သည် အပျက်အစီးအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သောကြောင့် သူမသည် ယခုသွားစရာနေရာမရှိတော့ပေ။
အိမ်ကြီး၏ အပျက်အစီးတွေဆီ ပြန်သွားတဲ့အခါမှာ လုံးဝမထင်ထားသလိုဖြစ်ရပ်ကို ကြုံနေသကဲ့သို့ အပျက်အစီးတွေကြားထဲမှာ အိုက်က ရပ်နေတာကို မြင်လိုက်ရသည်။
သူမက လင်းရှန်ကို မြင်သောအခါ မျက်ဝန်းထဲတွင် မျက်ရည်များ စီးကျရင်း ဖက်ထားလေ၏
အားစိုက်ထုတ်ပြီးနောက် လင်းရှန်သည် အိုက်ကို နှစ်သိမ့်ပေးကာ နစ်မြှပ်ခြင်းလမင်းတွင် ရက်အနည်းငယ်နေရန် ပြောသည်။ နေရာအသစ်တစ်ခုဝယ်ပြီးမှ သူမကို ပြန်လာခိုင်းရမည်ပင်။
ညဉ့်နက်ချိန် ကျောင်း၏ သစ်သားအဆောက် အအုံမှာတော့
လင်းရှန်သည် လေ့ကျင့်ရေးအခန်း၏ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ သူ့ရှေ့ရှိ နေရာကွက်လပ်ကို ကြည့်လိုက်သည်။
[ကိုယ်ပွား၁(သေဆုံး)၊ပြန်လည်ရှင်သန်ရန် ကြာချိန် -၀၀:၀၂:၁၂]
အချိန်သည် တစ်မိနစ်ပြီးတစ်နစ် ကုန်ဆုံးသွားသည်။ သုညသို့ရောက်သည်နှင့်
လင်းရှန်သည် မဆိုင်းမတွပင် သူ၏ကိုယ်ပွားကို ဆင့်ခေါ်ခဲ့သည်။
သို့သော် သူ၏အရည်အချင်းအသစ်ကို အနီးကပ်ကြည့်သောအခါ သူ၏အမူအရာသည် ချက်ချင်းပင် ထူးဆန်းသွားခဲ့သည်။
[အလွန်အမင်း ဉာဏ်ရည်မြင့်မားခြင်းက ထိခိုက်နိုင်မည်- ကျင့်ကြံမှုအမြန်နှုန်း +၂၀၀%, သက်တမ်း -၈၀%]
ဒါက ဘုရားသခင်မနာလိုမှုရဲ့ အဆင့်မြင့်ဗားရှင်းလား။
လင်းရှန်သည် ရယ်ရမလား ငိုရမလား မသိပေမယ့် သူ့အတွေးတွေ ချက်ချင်း လွင့်သွားသည်။
ကျင့်ကြံမှုအမြန်နှုန်း +၂၀၀%
ဘုရားသခင် မနာလိုမှုထက် နှစ်ဆ ပိုနေသည်။
သက်တမ်း ၈၀% လျော့ကျသွားခြင်း၏ ဘေးထွက်ဆိုးကျိုးများသည် အနည်းငယ်ချဲ့ကားရာကျသော်လည်း လင်းရှန်သည် ဒါကို စွန့်လွှတ်ရန် မရည်ရွယ်ပေ။
" တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူတွေရဲ့ သက်တမ်းက ၁၇၀ကနေ ၁၈၀အထိ အသက်ရှည်နိုင်တယ်။ အဲ့ထဲက ၈၀% ကို နုတ်ပြီးရင် အသက် (၃၀)အထိ နေလို့ရတယ် “
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
ထိုအခြေအနေမျိုးတွင် ကိုယ်ပွါးအတွက် ဆယ်နှစ်ကျော် အချိန်ကျန်သေးသည်။
ဒီလောက်တော့ ကြာမည်ပင်။
ဤအခြေအနေတွင် ကိုယ်ပွါးအား ၎င်း၏သက်တမ်းကို လျှော့ချမည့် ကောင်းကင်ဘဏ္ဍာများကို စားသုံးခွင့်မပြုနိုင်တော့ပေ။
ဒီလိုမှမဟုတ်ရင် သူ့ကိုယ်ပွားဟာ တစ်လအတွင်း သေဆုံးနိုင်သည်။
လင်းရှန်သည် သူ၏ ကျင့်ကြံမှု အမြန်နှုန်းအား ၂၀၀% တိုးပေးသော အစွမ်းထက်သည့် အရာကို အဆုံးအရှုံးမခံနိုင်ပေ။
"သာလွန် ကိုယ်ခံပညာကိုယ်ပွါးကို အဲ့စွမ်းရည်ကိုယူခိုင်းလိုက်မယ်”
လောလောဆယ်တွင် ကိုယ်ပွားများထဲမှ သာလွန် ကိုယ်ခံပညာကိုယ်ပွါးသည် အစားထိုးရန် အလွယ်ဆုံးဖြစ်သည်။ ထိုကိုယ်ပွါးပျောက်သွားတောင် လင်းရှန်သည် ဝမ်းမနည်းပေ။ သူအနေနဲ့ ပိုမိုကောင်းမွန်သောစွမ်းရည်တစ်ခုနဲ့ ပြောင်းလဲသွားနိုင်သည်။
"ဒါပေမယ့် အရည်အချင်းတွေကို ပေါ့ပေါ့တန်တန် မပြောင်းတာက ပိုကောင်းပါတယ်။"
လင်းရှန်သည် ခဏလောက်တွေးပြီးနောက် အလွန်အမင်း ဉာဏ်ရည်မြင့်မားခြင်းက ထိခိုက်နိုင်မည်ကို သူ့အပေါ် သုံးမည့်အတွေးအား ဖျောက်လိုက်သည်။
တကယ်တမ်းပြောရရင် ထိုစွမ်းရည်နဲ့ ဆို အမှားတွေလုပ်ဖို့ ကန့်သန်ချက်ရှိသည်။ သုံးစွဲသူက သူ့သက်တမ်းရဲ့ ၂၀ % သာ ကျန်သည်။ သူမျှော်မှန်းထားတဲ့အတိုင်း နှစ်ပေါင်း၁၇၀ ဒါမှမဟုတ် ၁၈၀ မဟုတ်ဘဲ ၁၅၀ သို့မဟုတ် အဲ့ထက်နည်းနေပါက သူချက်ချင်းသေသွားမည်ပင်။
ဖြစ်နိုင်ခြေက မမြင့်ပေမယ့် လင်းရှန်ကတော့ စွန့်စားချင်စိတ်မရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ သူကိုကျင့်ကြံရန် အချိန်အနည်းငယ်ကြာစေမည်ပင်။ ဒါက ပြသနာမရှိပေ ။
“ဘုရားသခင်၏ မနာလိုမှုနှင့် အလွန်အမင်း ဉာဏ်ရည်မြင့်မားခြင်းထိခိုက်နိုင်သည်…’. အဲ့စွမ်းရည်နှစ်ခုထက် ပိုချဲ့ကားသည့် စွမ်းရည်များ ရှိမလားလို့ ငါ တွေးမိနေတယ်”
သူ့အတွေးတွေ တစ်ခဏလောက် ပြန့်ကျဲသွားပြီးနောက် လင်းရှန်က ကျင့်ကြံဖို့ အာရုံစိုက်လိုက်သည်။
နောက်ပိုင်းကာလတွင် လင်းရှန်သည် မှင်ကျော က်ကို သန့်စင်ရန် အချိန်ယူခဲ့ပြီး
အထူး လက်နက်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် အိမ်အသစ်ရှာရန် အရှေ့ပိုင်းခရိုင်သို့ ခရီးအနည်းငယ်ထွက်ခဲ့ရသေးသည်။ အိုက်ကိုရွှေ့ပြောင်းပေးပြီးမှခကျောင်းသို့ပြန်လာကာ ကျင့်ကြံရန် အာရုံစိုက်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားချေပြီ
အလွန်အမင်း ဉာဏ်ရည်မြင့်မားခြင်းက ထိခိုက်နိုင်သည် စွမ်းရည်နဲ့အတူ လင်းရှန်ကျင့်ကြံမှုသည် တစ်လအတွင်း အလွန်လျင်မြန်စွာ တိုးတက်ခဲ့ပြီး တောက်ပသောဝင်ပေါက်တတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းခဲ့သည်။
ဤကာလအတွင်း သူသည် မှော်စွမ်းအားလေးခုဖြစ်သည့် ရေကြေးမုံနည်းစနစ်၊ လေဟုန် စီးနင်းခြင်း ၊ လျှပ်စီးလက်ဖဝါးနှင့် စက္ကူလူသား ရွေ့လျားမှုတို့ကိုလည်း ကျွမ်းကျင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် လက်ဖဝါးနည်းစနစ်လေးခုကို ပြီးပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံခဲ့သောကြောင့် အရည်ပျော်ခြင်းသည် အဆင့်တက်သွားသည်။
[အမည်-လင်းရှန်]
[စွမ်းရည် : နားလည်မှု]
[အဆင့်- တောက်ပသောဝင်ပေါက်တတိယအဆင့် ၊၁၈ %]
[ကျင့်ကြံနည်းစနစ်-နေကိုးစင်းကျမ်း (ကျွမ်းကျင်အဆင့် ၅၇%)၊ အရည်ပျော်ခြင်း (လမ်းကြောင်းအဆင့် ၅၀ %)၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (လမ်းကြောင်းအဆင့် ၁၀ %)၊ တိမ်တိုက်နဂါးစည်းချက် (လမ်းကြောင်းအဆင့် ၀%)၊ နေကိုးစင်း နတ်ဘုရားဓား (လမ်းကြောင်းအဆင့် ၀%)…]