မင်းကို လက်ထပ်မယ်(၁)
Vol. 13 Ch. 195
အရည်အသွေးခန်းမမှ ထွက်ခွာပြီးနောက် လင်းရှန်သည် မြို့မှထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် သူမထွက်ခွါမေမီ အလယ်ပိုင်းဧရိယာရှိ စစ်မှန်သော ကိုယ်ခံပညာဆိုင်သို့သွား၍ စွမ်းအင်ပြန်လည်ထူထောင်ရေးဆေးများနှင့် ပြန်လည်နိုးကြားရေးဆေးပြားများစွာကို ဝယ်ယူခဲ့သည်။
အိတ်ထဲမှာ ဆေးပြားအနည်းအများကျန်နေပြီး ၎င်းတို့သည် ကျင့်ဟိုင်နှင့် လန်ကွမ်းထင်ဆီမှဖြစ်သည်။ လင်းရှန်က ဒီခရီးမှာ ဆေးအများကြီးသောက်ဖို့ လိုမည်ဟု ထင်တဲ့အတွက် နောက်ထပ်နည်းနည်းထပ်ဝယ်လိုက်သည်။
ဆေးအမျိုးအစား နှစ်မျိုးလုံးကို အရည်အသွေးခန်းမတွင် ရနိုင်သော်လည်း လင်းရှန်သည် ၎င်း၏ အရည်အသွေးအမှတ်များကို မဖြုန်းတီးချင်သောကြောင့် ၎င်းတို့ကို ဝယ်ယူရန် စစ်မှန်သော ကိုယ်ခံပညာဆိုင်သို့ လာခဲ့သည်။
ပြောစရာမလိုအောင် သူ့မှာ ဝိညာဉ်ဒင်္ဂါးတွေ အများကြီးရှိသည်။
သူ့တွင် တောက်ပသောဝင်ပေါက် နဝမအဆင့် ကျင့်ကြံသူနှစ်ဦးစလုံး၏ ကြွယ်ဝမှုများ ရှိနေပြီး စုစုပေါင်း ဝိညာဉ်ဒင်္ဂါးများသည် ဂဏန်းကိုးခုအထိ ရှိလာခဲ့သည်။
သို့သော် ဝိညာဉ်ဒင်္ဂါးများသည် လင်းရှန်အတွက် အလွန် အသုံးမဝင်တော့သောကြောင့် သူ သိပ်ဂရုမစိုက်ပေ။
အရှေ့ပိုင်းခရိုင်ရှိ အသစ်ဝယ်ထားသော အိမ်ကြီးသို့ ပြန်ရောက်ပြီးနောက် လင်းရှန်သည် အိုက်ကို သူနှင့်အတူ ခေါ်ဆောင်ကာ မြို့တံခါးဆီသို့ ပြေးသွားခဲ့သည်။
ဤကာလအတွင်း အိုက်သည် နစ်မြှပ်ခြင်းလမင်း၏ဝိညာဉ်ကြောင်များနှင့် ပို၍ရင်းနှီးလာခဲ့သည်။
ထို့ကြောင့် လင်းရှန်သည် နစ်မြှပ်ခြင်းလမင်းကို ဝိညာဉ်င်္ဒဂါးအမြောက်အမြားပေးကာ အိုက်ကို စောင့်ရှောက်ရန် အကူအညီတောင်းခဲ့သေးသည်။
ဝိညာဉ်ကြောင်များသည် ၎င်းတို့ကျေးဇူးရှင်၏ တောင်းဆိုမှုကို မငြင်းပယ်ဘဲ အဆင်သင့် သဘောတူကြသည်။
ထို့ကြောင့် လင်းရှန် အနားတွင်မရှိသောအခါ အိုက်သည် နစ်မြှပ်ခြင်းလမင်းနှင့် အတူနေခဲ့သည်။
အနောက်ဘက်ဂိတ်ကိုဖြတ်ပြီး မြို့ပြင်ထွက်သောအခါ လင်းရှန်သည် ရတနာရှာဖွေရေးပညာရှင် အိုက်ကိုပါ ခေါ်ဆောင်လာသည်။
အနောက်တံခါးမှ ထွက်သွားပြီးနောက် လင်းရှန်သည် ချိုကြီးနှင့်သမင်ကို ထုတ်လိုက်ပြီး ဝိညာဉ်သားရဲကို အနောက်ဘက်ရှိ ရွှံ့ညွန်ကြီးဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်စေခဲ့သည်။
အနောက်ဘက် ရွံညွန်ဟုခေါ်သော အဆိုပါရေကန်သည် နဂါးမြို့တော်၏အနောက်ဘက် ဒေသထက် မိုင် ၂၀၀ ကျော်ကျယ်သည်။ စတုရန်းကီလိုမီတာတစ်သန်းနီးပါး ရှိပြီး မရေမတွက်နိုင်သော ရေကန်များ၊ ရွှံ့ညွန်များနှင့် ကျွန်းများပါ ရှိနေသည်။
အနောက်ဘက်ကန်ကြီးရှိ ဝိညာဉ်ရေးရာစွမ်းအင်များသည် နဂါးချောက်နက်တောင်တန်းကဲ့သို့မကြွယ်ဝသော်လည်း ၎င်း၏ထူးခြားသော ပထဝီပတ်ဝန်းကျင်ကြောင့် ရေနတ်ဆိုးများနေထိုင်ရန်အလွန်သင့်လျော်သည်။ ထို့ကြောင့်ဤနေရာတွင် မရေမတွက်နိုင်သောနတ်ဆိုးများလည်းရှိသေးသည်။
ချိုကြီးနဲ့သမင်ကို သယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ်သုံးတာတောင် လင်းရှန်အနေနဲ့ အနောက်ဘက်ရှိ ရွှံ့ညွန်ကြီးသို့ရောက်ဖို့ နေ့တစ်ဝက်ခန့် အသုံးပြုခဲ့ရသည်။
လမ်းတွင် သူသည် သူ့ကို အစာအဖြစ် ဆက်ဆံလိုသော မိုက်မဲသည့် နတ်ဆိုးအနည်းငယ်ကိုကြုံတွေ့ခဲ့ရသော်လည်း အေးဆေး ဖြေရှင်းနိုင်ခဲ့သည်။
ရေကန်တစ်ခုရှေ့မှာ ရပ်နေတဲ့ လင်းရှန်သည် သူ့သိုလှောင်အိတ်ထဲက မြေပုံတစ်ခုကို ထုတ်ပြီး ဂရုတစိုက်ဖတ်လိုက်သည်။
မြေပုံကို အရည်အသွေးခန်းမမှ လဲလှယ်ခဲ့တာပင်။
စျေးက မမြင့်မားပဲ သာမန် အရည်အသွေးအမှတ် ဆယ်မှတ်လောက်ပဲရှိသည်။
သို့သော် ရေကန်၏ နယ်မြေအနီးအနားအားလုံးကို အသေးစိတ်ရေးထားသည်။ ရေကန်များအနီးရှိ နတ်ဆိုးများ၏ အရေအတွက်နှင့် ခွန်အားကိုပင် မှတ်သားထားသည်။
နတ်ဆိုးများသည် ရက်စက်ကြမ်းကြုတ်ပြီး မကြာခဏ အချင်းချင်း သတ်ဖြတ်လေ့ရှိကြသည်။ လူသားကျင့်ကြံသူများက ၎င်းတို့ကို သတ်ဖြတ်ရန် အခါအားလျော်စွာ လာခဲ့ကြသောကြောင့် နယ်မြေသည် အလွန်လျင်မြန်စွာ ပြောင်းလဲနေသည်။
နတ်ဆိုးငါးတစ်ကောင်သည် ယနေ့ ထိုဧရိယာကို သိမ်းပိုက်နိုင်သည်။ နောက်နေ့ကျ နတ်ဆိုးလိပ်က ပိုင်သွားနိုင်သည်။
အရည်အသွေးခန်းမက မည်မျှပင် လုံ့လစိုက်ထုတ် မွမ်းမံနေပါစေ။ ဤပြောင်းလဲမှုကို လိုက်မမီနိုင်ပေ။
ထို့ကြောင့် မြေပုံပေါ်ရှိ အချက်အလက်များကို အကိုးအကားအဖြစ်သာ အသုံးပြုနိုင်သည်။
အချက်အလက်အားလုံးကို ယုံကြည်ပြီး လိုက်လျောညီထွေစွာ ပြုမူပါက အချိန်မရွေး အကြီးအကျယ် ဆုံးရှုံးသွားနိုင်သည်။
မြေပုံပေါ်ရှိ မြေပြင်အနေအထားအရ သံမဏိအရိုးငါးနှင့် အနီးဆုံးရေကန်သည် ကီလိုမီတာ(၅၀) ကျော် ကွာဝေးသည်။
ရေကန်အနီးတွင် ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးနှစ်ကောင်သာရှိသည်။ တစ်ကောင်မှာ ရေမြွေဖြစ်ပြီး နောက်တစ်မျိုးမှာ မှင်အရောင် ပုဇွန်ပင်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် ဉာဏ်အလင်းရခြင်း အလယ်အလတအဆင့်တွင်သာ ရှိပြီး ၎င်းတို့သည် ရာနှင့်ချီသော မျိုးနွယ်စုများကို ရေကန်အနီးတွင် စုဆောင်းထားသည်။
“ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးနှစ်ကောင်…”
လင်းရှန်၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏
ပုလဲနက်ရောင် မှင်ကျောက်နှင့် သန့်စင်သော ယန်စွမ်းအားဓားတို့ကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး သူ၏ လက်ရှိ ခွန်အားနဲ့ဆို ဉာဏ်အလင်းရခြင်း အလယ်အလတ်အဆင့် ဝိညာဉ်သားရဲနှင့် ရင်ဆိုင်ရန် လွယ်ကူပေသည်။
သူသည် သူ၏ကိုယ်ပွားကို ဆင့်ခေါ်ပါကဉာဏ်အလင်းရခြင်း နောက်ဆုံးအဆင့် သားရဲတစ်ကောင်ကိုပင် အလွယ်တကူ သတ်ပစ်နိုင်သည်။
အမှန်တော့ ဉာဏ်အလင်းရခြင်းအဆင့် ဝိညာဉ်ရေးရာသားရဲသည် တောက်ပသောဝင်ပေါက် နဝမအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍မရပေ။
အသိစိတ်ပြန်ဝင်လာပြီးနောက် လင်းရှန်သည် သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်နဲ့ ကိုယ်ပွါးကို ဆင့်ခေါ်ခဲ့သည်။
တောက်ပသောဝင်ပေါက်အဆင့်သို့ဖြတ်ကျော်ပြီးနောက် ကိုယ်ပွား၏သုညသုံးစွဲမှု
အကွာအဝေးသည် မီတာတစ်ထောင်အထိတိုးလာသည်။
သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်နဲ့ ကိုယ်ပွါးသည် လင်းရှန်နှင့်အတူ တောကန္တာရရှိ ဝိညာဉ်သားရဲများကို လိုက်လံရှာဖွေဖို့ဆို ဒီအကွာအဝေးနီးပါးက လုံလောက်သည်။
လင်းရှန်သည် သူ့ကိုယ်ပွါးအား မျက်နှာပြောင်းခြင်းဆေးကိုတိုက်လိုက်သည်။ ထို့နောက် ရှေ့သို့သွားခိုင်းလိုက်ပြီး သူ၏ကိုယ်ပွါးနဲ့ မီတာ ၂၀၀၀ ခန့်အကွာအဝေးကို ထိန်းသိမ်းခဲ့သည်။
ဤအကွာအဝေးသည် လင်းရှန်တတ်နိုင်သည့် အကွာအဝေးပင်။ သို့သော် သူသည် သူ၏ဝိညာဉ်ရေးအနှစ်သာရကို ပြန်လည်ရရှိရန် ဆေးပြားအချို့ကို ခဏခဏစားခဲ့ရသည်။
သူတို့နှစ်ယောက် လမ်းခွဲပြီးတစ်ချိန်တည်းမှာပဲ ဦးတည်ရာဆီသို့ အပြေးအလွှားသွားကာ လမ်းတစ်လျှောက် ဝိညာဉ်သားရဲများကို အမဲလိုက်ကြသည်။
ဤကာလအတွင်း လင်းရှန်သည် အိုက်ကို ပုံမှန်အတိုင်း လွှတ်ပေးပြီး အရေးကြီးသော ဘဏ္ဍာရှာဖွေခြင်းလုပ်ငန်းကို ထမ်းဆောင်ရန် သူ့ပခုံးပေါ်၌ တင်ထားလိုက်သည်။
လင်းရှန်သည် အလွယ်တကူ ပစ်မှတ်တစ်ခုလို ဖြစ်နေတာကြောင့် မကြာခင်မှာပဲ နတ်ဆိုးတစ်စုက သူ့ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်နိုင်သည်။
လက်ဝဲဘက်နှင့် မဝေးသော ရေကန်တစ်ခုတွင် ငြိမ်သက်နေသော ရေသည် ရုတ်တရက် လှုတ်ခတ်လာသည်။ လှိုင်းများ ဝေ့တက်လာသည်နှင့်အမျှ ငါးဘီလူးများနှင့် ပုဇွန်နတ်ဆိုးတစ်စုသည် အော်ဟစ်ကာ လင်းရှန်အား တိုက်ခိုက်ရန် ရုတ်တရက် ထွက်လာကြသည်။
ထိုနတ်ဆိုးများသည် ထူးဆန်းသည်။ ၎င်းတို့သည် ခြေလက်များ ကြီးထွားလာကာ ငါးနှင့် ပုစွန်များကဲ့သို့ ပုံပန်းသဏ္ဍာန်ပင် ။ သူတို့လက်ထဲတွင် လှံကဲ့သို့ လက်နက်များကိုပင် ကိုင်ဆောင်ထားကြသည်။ သူတို့က တိုက်ခိုက်သော်လည်း ဖွဲ့စည်းမှုကောင်းကောင်းမရှိတာကြောင့် စိတ်ညစ်စရာပင်။
လင်းရှန်သည် ပတ်ဝန်းကျင်ကို လှမ်းကြည့်ကာ ချက်ချင်းပင် စိတ်မဝင်စားတော့ပေ။
သူ့ရှေ့ရှိ နတ်ဆိုးအုပ်စုသည် ဝိညာဉ်နိုးကြားခြင်းအဆင့်တွင်သာ ရှိပြီး သူသည် ၎င်းတို့အားလုံးကို သတ်ပစ်မည်ဆိုပါက သတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းအား၏ အကျိုးသက်ရောက်မှုကို မဖြစ်ပေါ်စေနိုင်ပေ။
သူ၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှသတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းအားကို စတင်စေသည့် စံနှုန်းသည်လည်း တိုးလာခဲ့သည်။
သူ့၏ တောက်ပသောဝင်ပေါက်တတိယအဆင့် ကျင့်ကြံမှုနှင့် ဝိညာဉ်နိုးကြားခြင်းအဆင့်ရှိ နတ်ဆိုးများကိုသတ်ခြင်းသည် စွမ်းရည်သက်ရောက်မှုကို စတင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် သူသည် စွမ်းရည်သက်ရောက်မှုကို အစပျိုးလိုက်တိုင်း တိုးတက်မှုသည် ပို၍ပို၍ အထင်ကြီးစရာဖြစ်လာခဲ့သည်။
လင်းရှန် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ သူသည် အဆောင်နှစ်ခုကို ထုတ်ကာ လွှင့်ပစ်လိုက်သည်။
စက္ကူအဆောင်သည် အရွယ်အစား ကြီးလာပြီး အရပ် ခုနစ်ပေကျော်သော စက္ကူစစ်သည် နှစ်ဦးအဖြစ်သို့ ရောက်ရှိသွားသည်။ သူတို့ပေါ်လာသည်နှင့် နတ်ဆိုးများကို တိုက်ခိုက်တော့သည်။