← Chapters

မင်းကို လက်ထပ်မယ် (၂)

Vol. 13 Ch. 196

မင်းကို လက်ထပ်မယ် (၂)

Vol. 13 Ch. 196

ငါးဘီလူးများနှင့် ပုဇွန်နတ်ဆိုးများသည် စက္ကူစစ်သားများကို တစ်ခါမျှမမြင်ဖူးပုံရပြီး ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

သူတို့ အာရုံပြန်ရလာသောအခါ စက္ကူစစ်သား နှစ်ယောက်သည် သူတို့ ရှေ့သို့ ရောက်လာကြပြီပင်။ စက္ကူစစ်သားသည် လက်နက်ကြီးကို အလျားလိုက် ခုတ်ထစ်ပစ်ကာ တခဏချင်းတွင် ကြီးမားသော ခေါင်းနှစ်လုံးက ကောင်းကင်သို့ ပျံတက်သွားသည်။

လင်းရှန်သည် စက္ကူလူသားရွေ့လျားခြင်း နည်းစနစ်ကို အစပြုသူအဆင့်ထိ ကျင့်ကြံပြီးပထမအဆင့်အထိသာ ရောက်သေးသည်။ သူသည် အားအနည်းဆုံး အဝါရောင် မှော်အဆောင်ကိုလည်း အသုံးပြုခဲ့သည်။

သို့သော် သူသည် တောင်ပသောဝင်ပေါက်တတိယအဆင့်တွင် ရှိနေပြီဖြစ်သည်။ သူခေါ်ယူလိုက်တဲ့ စက္ကူစစ်သားတွေက ဘယ်လောက်အားနည်းနေပါစေ၊ ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့် သို့မဟုတ် သတုတ္ထအဆင့်တော့ရှိသည်။ သူတို့အနေနဲ့ ဝိညာဉ်နိုးကြားခြင်းအဆင့် နတ်ဆိုးအုပ်စုတစ်စုကို ကိုယ်တွယ်ဖို့လွယ်ကူသည်။

တခဏချင်းမှာပဲ စက္ကူစစ်သားနှစ်ယောက်ဟာ သိုးအုပ်ထဲကို ဝင်သွားပြီး နတ်ဆိုးတွေကို သတ်ပစ်တဲ့ ကျားနဲ့တူနေ၏

ပါးလွှာပြီး ကျိုးလွယ်ပုံရသော စက္ကူဓားသည် နတ်ဆိုး၏ကိုယ်ကို ခုတ်ထစ်လိုက်သောအခါတွင် နတ်ဘုရားဓားကဲ့သို့ပင်။ နတ်ဆိုး၏အကြေးခွံ့နဲ့အသားများကို မည်သည့်အတားအဆီးမှမရှိဘဲ ထိုးဖောက်သွားကာ နတ်ဆိုးများကို အော်ဟစ်သွားစေခဲ့သည်။

ခဏလေးအတွင်းမှာပဲ စက္ကူစစ်သားနှစ်ယောက်သည် ငါးဘီလူးနဲ့ ပုဇွန်နတ်ဆိုး ဒါဇင်

ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။

လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။

စက္ကူလူသားရွေ့လျားခြင်း နည်းစနစ်သည် တိုက်ခိုက်မှုအတွက် အထူးဖန်တီးထားသော မှော်စွမ်းအား မဟုတ်သော်လည်း တိုက်ပွဲတွင် အစွမ်းထက်နေဆဲဖြစ်သည်။

ဤအခိုက်အတန့်တွင် အိုက်သည် လင်းရှန်နားကို ရုတ်တရက် ကပ်လာပြီး တိုးတိုးလေးပြောလိုက်သည်။

"လင်းရှန် ဟိုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အကောင်ကြီးရှိသေးတယ်” 

လင်းရှန်သည် အိုက်ညွှန်ပြနေသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။ မီတာ နှစ်ရာမှ သုံးရာအကွာ ကျောက်ဆောင်နောက်တွင် ပုန်းအောင်းနေသည့် ငါးဘီလူးတစ်ကောင်ကို တွေ့လိုက်ရသည်။

အခြားသော ထူးဆန်းသည့်ငါးများနှင့်မတူဘဲ ထိုနတ်ဆိုး၏အသွင်အပြင်သည် လူသားနှင့် ပိုမိုနီးစပ်၏ ။  ၎င်း၏ခြေလက်အင်္ဂါများက ချောမွေ့ကာ ၎င်း၏ကျင့်ကြံမှုအဆင့်သည် အခြားသောနတ်ဆိုးများထက် ပိုမိုမြင့်မားကြောင်း သိသာသည်။

လင်းရှန်က ခဏလောက်စဉ်းစားပြီး သဘောပေါက်သွားသည်။

အနောက်ဘက်ဒေသတွင် ရွှံ့ညွန်ကြီးများစွာ ရှိသည်။ နေရာတိုင်းကို စွမ်းအားကြီးသော နတ်ဆိုးအချို့က သိမ်းပိုက်ထားကြသည်။ သူတို့က သူတို့နယ်မြေအဖြစ်သိမ်းပိုက်ထားရင်း စစ်သားများပါ ခန့်ထားကြသည်။

သူ မှန်းဆတာ မှန်လျှင် ထိုငါးဘီလူးသည် ဤကန်ကို သိမ်းပိုက်ထားသော နတ်ဆိုးကြီးဖြစ်ပြီး ဤနတ်ဆိုးအုပ်စု၏ ခေါင်းဆောင် ဖြစ်နိုင်သည်။

၎င်းသည် နာမည်တစ်ခုသာ ဖြစ်သည်။ ကြီးမြတ်သော ရွှံ့ညွန်ကြီးတစ်ခုလုံး၏ အစွန်အဖျား၌ရှိသော စွမ်းအားရှိသည့် နတ်ဆိုးများသာ ဖြစ်၏။ စွမ်းအားအရှိဆုံးသူများသည် ဉာဏ်အလင်းရခြင်း အစောပိုင်းအဆင့်

တွင်သာ ဖြစ်သည်။အများစုကတော့ တိုးတက်ခြင်းအဆင့်သာရှိသည်။

အပြုံးနဲ့အတူ လင်းရှန်သည် သူ၏လက်ချောင်းများနှင့် လေထုထဲတွင် ပုံရေးဆွဲလိုက်သည်။"မိုးကြိုး" ဟူသော စကားလုံးကို မရေးမီ လေထဲတွင် အစိမ်းရောင်အစင်းကြောင်းများကို ရေးဆွဲခဲ့သည်။

နောက်တစက္ကန့်တွင် "မိုးကြိုး" ဟူသော စကားလုံးသည် တောက်ပပြီး မီတာရာနှင့်ချီအကွာမှ ငါးဘီလူးဆီသို့ ပစ်လွှတ်သော အဖြူရောင်လျှပ်စီးမြှားအဖြစ် ပြောင်းလဲသွားသည်။

ဒါကိုမြင်တော့ ငါးဘီလူးက အော်ဟစ်ပြီး ရှောင်တိမ်းချင်ခဲ့သည်။ကံမကောင်းစွာပဲ၊ သူဘယ်လောက်ပဲ မြန်နေပါစေ လျှပ်စီးထက်တော့ မမြန်နိုင်ပေ။  နောက်တစ်စက္ကန့်မှာ လျှပ်စီးလက်ဝါးရဲ့ ရိုက်နှက်ခြင်းကိုခံရသည်။ သူ့ခန္ဓာကိုယ်က လိမ်ကောက်သွားပြီး ရေထဲပြန်ကျသွားသည်။

လင်းရှန် အနည်းငယ် အံ့သြသွားသည် ။

"ကြည့်ရတာ တိုးတက်ခြင်းအဆင့် နတ်ဆိုးတစ်ကောင်ပဲ"

ထိုအချိန်တွင် စက္ကူစစ်သားများသည် ငါးဘီလူးများနှင့် ပုစွန်နတ်ဆိုးများအားလုံးကို သတ်ပြီးပြီဖြစ်သည်။ လင်းရှန်သည် လေဟုန်စီးခြင်း နည်းစနစ်ကို အသုံးပြုကာ မြေပြင်ကနေ သူ့ကိုသူ မတင်လိုက်သည်။ သူက ရေပေါ်မှာစီးနင်းကာ မဝေးလှသော ငါးနတ်ဆိုးဆီ သွားလေသည်။

ငါးနတ်ဆိုးသည် အသက်ရှုနေသေး၏ သူမော့ကြည့်လိုက်တော့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါ ဝိညာဉ်လွင့်မတတ် ကြောက်လန့်သွားသည်။ သူက  မဆိုင်းမတွဘဲ ဒူးထောက်ကာ အော်ဟစ်တော့သည်။

လင်းရှန်သည် နတ်ဆိုး၏ဘာသာစကားကို နားမလည်ပေ။ ငါးနတ်ဆိုးခေါင်းဆောင်ကို အပြီးသတ်ခါနီးတွင် အိုက်သည် အလွန်လေးနက်စွာ နားထောင်နေပြီး ရံဖန်ရံခါ ခေါင်းညိတ်နေသည်ကို တွေ့လိုက်ရသည်။

"မင်း သူပြောတာကို နားလည်လား"

"နားလည်တယ်။"

အိုက်က ခေါင်းညိတ်လိုက်ပြီး လင်းရှန် ဘာကြောင့် ဒီလိုမေးခွန်းမျိုး မေးတာလဲလို့ အံ့သြသွားသလိုမျိုး အံ့သြတကြီး ကြည့်လိုက်သည်။

"ငါလည်း နတ်ဆိုးတစ်ယောက်ပဲလေ ။ အဲ့တော့ ပြောတာကို နားလည်နိုင်ပါတယ်"

လင်းရှန် အနည်းငယ် အံ့အားသင့်သွားပြီး ခဏလောက် စဉ်းစားလိုက်မိသည်။

နတ်ဆိုးများသည် သာမာန်သားရဲများကဲ့သို့  ၎င်းတို့၏မျိုးစိတ်ကွဲပြားမှုကြောင့် ဘာသာစကားနားမလည်တာမျိုး မရှိလောက်ပေ။  နတ်ဆိုးများအားလုံး အချင်းချင်းနားလည်နိုင်သည်ဟု ထင်ရသည်။

လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် အတော်အတန် ပေါင်းစည်းထားသော ဘာသာစကားစနစ်တစ်ခုကို ထူထောင်ခဲ့သည်။

သို့သော် နတ်ဆိုးများသည် ၎င်းတို့၏ဘာသာစကားကို မည်သို့ပေါင်းစပ်နိုင်မည်နည်း။

သူတို့က အဲ့တာကို နားလည်ပြီး မွေးလာတာလား။

ခဏလောက်စဉ်းစားပြီးနောက်  လင်းရှန်သည် ခေါင်းခါကာ ဒီမှာ မနေဖို့ ဆုံးဖြတ်လိုက်သည်။

ကျင့်ကြံရေးလောကတွင် ထိုသို့သောအရာများကို တွေးတောခြင်းသည် ကိုယ်ခံပညာလောကရှိ ရူပဗေဒနှင့် စက်ကိရိယာအကြောင်းပြောခြင်းနှင့် အတူတူလိုပင်။ ဒါက ကြိုးစားအားထုတ်မှုကို အလဟာသဖြစ်စေသည်။ 

"သူ ဘာပြောတာလဲ"လင်းရှန်သည်  ငါးနတ်ဆိုးခေါင်းဆောင်ကို ညွှန်ပြသည်။

"သူက  မြွေခေါင်းဘုရင်အတွက် အလုပ်လုပ်နေတယ်လို့ ပြောနေတာ ။ သူကို နင်

သတ်လို့မရဘူး။ မဟုတ်ရင် မြွေခေါင်းဘုရင်က နင့်နောက်ကို လိုက်လာလိမ့်မယ်”

"မြွေခေါင်းဘုရင်က  ဘယ်သူလဲ။"

လင်းရှန်၏စကားကို နားလည်သလိုပင် ငါးနတ်ဆိုးခေါင်းဆောင်က ထပ်ပြောပြန်သည်။

အိုက်သည် ဘာသာပြန်ပေးနေ၏  “မြွေခေါင်းဘုရင်က ကီလိုမီတာ (၂၅၀) အကွာကမှော်ကျောက်ပြားကန်ရဲ အရှင်သခင်… သူ့လက်အောက်မှာ နတ်ဆိုးဗိုလ်ချုပ်များစွာရှိတဲ့အပြင် အနောက်ဘက် ရွှံ့ညွန်ကြီးမှာ ကျော်ကြားတဲ့ နတ်ဆိုးဘုရင်တစ်ပါးတဲ့”

လင်းရှန်တွင် အတွေးတစ်ခု ပေါ်လာပြီး သူသည် လက်ချောင်းများကို ပေါ့ပေါ့ဆဆ ပွတ်ဆွဲလိုက်ရင်း ငါးဘီလူးခေါင်းကို ဖြတ်ကာ ချက်ချင်း သတ်ပစ်လိုက်သည်။

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။ သူနဲ့ အဆက်အသွယ်ကို ပြချင်ရင်တောင်  ပိုကောင်းတဲ့တစ်ခုကိုရွေးသင့်သည်။ ကီလိုမီတာ (၂၅၀)အကွာက နတ်ဆိုးဘုရင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ ဘယ်သူ့ကို  ကြောက်နေရမှာလဲ။

သူ့လက်ကို ချလိုက်ပြီး လင်းရှန်သည် ပတ်ပတ်လည်ကို လှမ်းကြည့်ကာ ခေါင်းယမ်းရင်း လှည့်ထွက်သွားသည်။

ဝိညာဉ်နိုးကြားခြင်းအဆင့် နတ်ဆိုးများ၏ အလောင်းများသည် တန်ဖိုးမရှိသော်လည်း ငါးနတ်ဆိုးခေါင်းဆောင်တွင် အဖိုးတန်ပစ္စည်းများ ရှိနေသေးသည်။

သို့သော်လည်း ထိုပျော့ပျောင်းသော ခန္ဓာကိုယ်ကို ကြည့်ပြီး လင်းရှန်သည် ၎င်းကို စုဆောင်းရန် ချက်ချင်းပင် စိတ်မဝင်စားတော့ပေ။

ထို့အပြင် သူသည် ယခုအချိန်တွင် ထိုပစ္စည်းများကို ဂရုမစိုက်တာကြောင့် အချိန်ဖြုန်းရန် မရည်ရွယ်ခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်း  ဤတိုက်ပွဲအပြီးတွင် သတ်ဖြတ်ခြင်းကိုအားပေးသည့် စွမ်းရည်၏ အကျိုးသက်ရောက်မှုသည် အစပျိုးခြင်းမရှိပေ။

ဒါပေမယ့် ကိုယ်ပွါးက လင်းရှန်ကို အံ့အားသင့်စေခဲ့သည်။ မကြာခင်မှာပဲ စွမ်းရည်သက်ရောက်မှုကို တစ်ကြိမ်ပြုလုပ်ခဲ့ပြီး လျှပ်စီးလက်ဝါး၏ တိုးတက်မှုကို ၈% တိုးစေခဲ့သည်။

"တော်တယ်”

လင်းရှန်၏ မျက်လုံးများတွင် ပျော်ရွှင်မှုများတောက်ပလာသည်။

နတ်ဆိုးများကို ကိုယ်ပွါးများနှင့် အတူတကွ အမဲလိုက်ခြင်းသည် ယခင်ကထက် အမှန်တကယ် ပိုမိုထိရောက်ခဲ့သည်။

ကံမကောင်းစွာပဲ ၁ကီလိုမီတာအကွာအဝေးသည် အလွန်တိုတောင်းနေပြီး အမဲလိုက်

ရသည့်အကွာအဝေးသည် နီးကပ်နေ၏ နောင်ကျ သုံးစွဲမှု သုညအကွာအဝေး တိုးလာသောအခါတွင် အမဲလိုက်ခြင်း၏စွမ်းဆောင်ရည်သည် အနည်းငယ်တိုးတက်လာမည်ဖြစ်သည်။

All Chapters