← Chapters

မင်းကို လက်ထပ်မယ် (၃)

Vol. 13 Ch. 197

မင်းကို လက်ထပ်မယ် (၃)

Vol. 13 Ch. 197

 ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် ရှေ့သို့ ဆက်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် သူကြုံတွေ့ရသော နတ်ဆိုးများကို စက္ကူစစ်သားနှစ်ဦးနဲ့ လွှတ်ထားလိုက်သည်။ တိုးတက်ခြင်းအဆင့် နတ်ဆိုးပေါ်လာမှသာ သူက တိုက်ခိုက်သည်။

သူတို့သည် အနောက်ဘက် ရွှံ့ညွန်ကြီး၏ အစွန်အဖျားတွင် ရှိနေဆဲဖြစ်သောကြောင့် လမ်းတစ်လျှောက်တွင် ဉာဏ်အလင်းရခြင်းအဆင့်ရှိ နတ်ဆိုးများနှင့် မတွေ့ခဲ့ရပေ။ တိုးတက်ခြင်းနောက်ဆုံးအဆင့် သားရဲနှစ်ကောင်လောက်သာ တွေ့ရသေးသည်။

လင်းရှန်ကို စိတ်ပျက်စေသည်မှာ လမ်းတစ်လျှောက်တွင် သဘာဝရတနာများစွာကို မတွေ့ခဲ့ရခြင်းပင်ဖြစ်သည်။

"မျှော်လင့်ထားသည့်အတိုင်း အနောက်ဘက်ရှိ ရွှံ့ညွန်ကြီး၏ သိပ်သည်းဆက နည်းတယ်။ နဂါးချောက်နက်တောင်တန်းလို ရတနာတွေ မရှိဘူး”

လင်းရှန်သည် ဤအရာကို မျှော်လင့်ထားပြီးသားပင်။ သူ့ဘာသာစိတ်ထိန်းရင်း လမ်းကိုဆက်သွားနေ၏ 

လမ်းတစ်လျှောက် ဝိညာဥ်သားရဲများကို အမဲလိုက်နေသောကြောင့် ခရီးသိပ်မရောက်ပေ။ မှောင်နေချိန်တွင် ၁၀ ကီလိုမီတာကျော်သာ လမ်းလျှောက်ခဲ့ရသေးသည်။

ညအချိန်ရောက်တော့ လင်းရှန်သည် ခရီးသွားဖို့ မသင့်တော်တော့ဘူးဆိုတာ သိလိုက်ပြီး နားခိုရန် ကျွန်းကိုရှာခဲ့သည်။ ကျွန်းပေါ်က နတ်ဆိုးတွေကို သုတ်သင်ပြီးတဲ့နောက်မှာတော့ အသိုက်ကို သိမ်းပိုက်ပြီး ညအိပ်ဖို့ နေရာအဖြစ် အသုံးပြုခဲ့သည်။

သူ၏ သိုလှောင်အိတ်တွင် ခြောက်သွေ့သော ရိက္ခာများစွာ ပါ၀င်နေသည်။  သူသည် ဘာမှ မချက်ပြုတ်ဘဲ သူ့ဗိုက်ကို ဖြည့်နိုင်သေးသည်။

သို့သော် လင်းရှန်သည် သူ့ကိုယ်သူ သက်သာစေရန် မရည်ရွယ်ခဲ့ပေ။ ၎င်းသည် ရွှံ့ညွန်ကြီး၏ နက်နဲရာနေရာမဟုတ်သောကြောင့် နတ်ဆိုးကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်မိမှာ မကြောက်ခဲ့ပေ။ သူကမီးမွှေးပြီး ပူပူနွေးနွေး အစားအစာချက်ပြုတ်ရန် ပြင်ဆင်နေ၏

တစ်ချိန်တည်းမှာပင်  နှစ်မိုင်အကွာအဝေးမှ ကိုယ်ပွါးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး လင်းရှန်က ပြန်ခေါ်ထားသည်။ သူ၏ဝိညာဉ်ရေးရာ အနှစ်သာရကို ဖြုန်းတီးခြင်းမှ ရှောင်ကြဉ်ရန် မနက်ဖြန်မှ ၎င်းကို ဆင့်ခေါ်ရန် စီစဉ်ခဲ့သည်။

သိပ်မကြာခင်မှာပဲ

အိုးထဲမှာ ပြုတ်ထားတဲ့ အစားအစာတွေက မွှေးရနံ့တွေ ပျံ့လွင့်နေသည်။

အိုက်သည် လင်းရှန်၏ ဒူးပေါ်တက်ကာ အိုးထဲမှ အစားအစာကို ငေးကြည့်ရင်း မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။

ချက်ပြုတ်နေစဉ် လင်းရှန်သည် မျက်နှာပြင်ကို ကြည့်ခဲ့သည်။

တစ်ရက်လေ့ကျင့်ပြီးနောက် ဓားစွမ်းအင်ခုနစ်ခု၊ လျှပ်စီးလက်ဖဝါးနှင့် စက္ကူလူသားရွေ့လျားမှုတို့သည် အမျိုးမျိုး တိုးတက်ကောင်းမွန်လာခဲ့သည်။

၎င်းတို့အနက် စက္ကူလူသားရွေ့လျားမှုသည် အမြန်ဆုံးတိုးတက်ခဲ့ပြီး ၃၈ ရာခိုင်နှုန်းထိတိုးတက်ခဲ့သည်။

 ဓားစွမ်းအင် ခုနစ်ခုသည် အနည်းဆုံး ၈% သာတိုးတက်ခဲ့သော်လည်း သူ၏အဆင့်တိုးတက်မှုသည် ၉၅% အထိရောက်ရှိနေသည်။ သူပင်ကိုယ်စွမ်းရည်ကို  သက်ရောက်နေသရွေ့ ဒုတိယအဆင့်သို့ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

ကိုယ်ခံပညာများကို သုံးတာနည်းခြင်းကြောင့် သက်ရောက်မှုများက အကြိမ်များစွာ မဖြစ်ပေါ်သော်လည်း အဲ့တာက အဆင့်နိမ့်များအတွက်သာပင်။

  အကြိမ်အနည်းငယ်ကြာပြီးနောက်တွင် ကိုယ်ခံပညာအသစ်သုံးမျိုးသည် ကျွမ်းကျင်လာပြီး အထူးကျွမ်းကျင်အဆင့်သို့ ရောက်လာခဲ့သည်။ 

ဒီနှုန်းနဲ့ဆိုရင် မနက်ဖြန် သူတို့အားလုံးသည် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် ကိုယ်ပွားများသည် ကိုယ်ခံပညာအသစ်များကို အဆက်မပြတ် ကျင့်ကြံနေသည်။

လင်းရှန်သည် ဤအနောက်ဘက် ရွှံ့ညွှန်သို့ ခရီးထွက်ပြီးနောက် အရည်ပျော်ခြင်းသည် လမ်းကြောင်းအဆင့်သို့ ဖြတ်ကျော်နိုင်မည်ဟု ခန့်မှန်းခဲ့သည်။

"လမ်းကြောင်းအဆင့် ကိုယ်ခံပညာနည်းစနစ်ရဲ့ စွမ်းအားက မှော်စွမ်းအားနဲ့ ယှဉ်

နိုင်တယ်။ အဲဒါရဲ့ အထက်ဆို ဘယ်လောက်ထိ အစွမ်းထက်မလဲလို့ ငါ တွေးမိနေတယ်။"

လင်းရှန်က စိတ်လှုပ်ရှားလာသည်။

သူသည် ကျောင်း၏ စာကြည့်တိုက်သို့ စုံစမ်းရန် သွားခဲ့သော်လည်း ကံမကောင်းစွာပဲလမ်းကြောင်းအဆင့်နောက်က ကိုယ်ခံပညာနည်းစနစ်များ၏ အချက်အလက် အနည်းငယ်မျှကိုပင်မတွေ့ရှိခဲ့ပေ။လမ်းကြောင်းအဆင့်နဲ့

ပတ်သက်သည့်အချက်အလက်တောင် အနည်းငယ်ပဲရှိသည်။

"စီနီယာ အကိုရှီနဲ့ တခြားသူတွေဆီက လမ်းညွှန်ချက်တောင်းလို့ ရလောက်တယ်”  လင်းရှန်သည် ရှီကျင့်ရှန်နဲ့ မူချွမ်ဟွာကို တွေးလိုက်မိသည်။

ထိုအချိန်က လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ်များအကြောင်းသည် ထိုလူနှစ်ဦးထံမှ ထွက်ပေါ်လာတာ ဖြစ်သည်။

တစ်ခုခုတော့ သူတို့သိတာဖြစ်နိုင်သည်။

တွေးနေစဉ်မှာပဲ လင်းရှန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏ သူက ကျွန်း၏ ကမ်းစပ်ကို မော့ကြည့်လိုက်သည်။

ထိုနေရာတွင် မှောင်နေပြီး မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သို့သော် လင်းရှန်သည်  သူ၏ စိတ်စွမ်းအားအကူအညီဖြင့် အမှောင်ထဲတွင် သူ့ကို တိတ်တဆိတ်ကြည့်နေသော သတ္တဝါအချို့ကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။

လင်းရှန်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး လက်ဖဝါး၌ အဆောင်ဓားတစ်ချောင်း ပေါ်လာသည်။

ခဏကြာတော့ အိုက်သည် ဖိတ်ခေါ်ခြင်းမရှိသော ဧည့်သည်တစ်ဦး ရောက်ရှိလာသည်ကို သိနေ၏။ သူက လင်းရှန်၏ပခုံးပေါ်ကနေ ချက်ချင်း ခုန်ချလိုက်သည်။

ဖော်ထုတ်ခံထားရကြောင်း သိရှိပြီးနောက်၊ သတ္တဝါသည် ပုန်းအောင်းနေတာကို ရပ်လိုက်ပြီး အမှောင်ထုထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။

တဖျပ်ဖျပ်တောက်နေသော မီးတောက်များသည် သတ္တဝါအပေါ်သို့ လျင်မြန်စွာ ထွန်းတောက်လာခဲ့သည်။ အဲ့တာက မြေခွေးပင်။

မြေခွေးသည် ဦးခေါင်းမှ ခြေဖျားအထိ တခြားအရောင်များမရှိဘဲ အနီရောင်အမွေးအမှင်များဖြင့် တောက်ပြောင်နေ၏ ယခင်က ချောမွေ့ပျော့ပျောင်းကြောင်း ယောင်ဝါးဝါးမြင်နိုင်သော်လည်း ယခုအခါတွင် ဖုန်မှုန့်များနှင့် ရွှံ့များဖြင့် ဖုံးလွှမ်းနေ၏ ခြောက်သွေ့သွားသော အနီရောင်သွေးအစွန်းများစွာလည်း ရှိခဲ့သည်။ ကြည့်ရတာ အရမ်းသနားစရာကောင်းလေ၏ 

လင်းရှန်က အံ့အားသင့်သွားသည်။

ဤနေရာတွင် မြေခွေးတစ်ကောင် မည်သို့ရှိနိုင်မည်နည်း။

နဂါးချောက်နက်တောင်တန်းသည် ပို၍သင့်လျော်သောနေရာဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သာမန်မြေခွေးတစ်ကောင်က ဒီလိုနေရာမျိုးမှာ ဘယ်တော့မှ ပေါ်လာမှာမဟုတ်ပေ။ ဒါက ဝိညာဉ်မြေခွေးပင်။

လင်းရှန်သည် သူ၏ဝိညာဉ်ရေးအနှစ်သာရကို မြှင့်တင်ခဲ့သည်။

မြေခွေးနီသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မီး၏အကွာအဝေးအနားတွင် ရပ်တန့်သွား၏ လင်းရှန်သည် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း အလွန်နီးကပ်နေတာမျိုးတော့ မဟုတ်ပေ။

ထို့နောက် မြေခွေးနီသည် အိုးထဲရှိ အစာကို ကြည့်ရင်း တက်ကြွသော မျက်လုံးများတွင် ဆန္ဒတစ်ခု ပေါ်လာသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လင်းရှန်းသည် အိုးခွက်ပန်းကန်တစ်လုံးကို ထုတ်ကာ အိုးထဲမှ အစာကို ပန်းကန်ထဲ ခပ်လိုက်သည်။ ထို့နောက် ပန်ကန်ကို  မြေခွေးနီရှေ့သို့ ပေါ့ပေါ့ပါးပါး ချပေးခဲ့သည်။

"စားပါ" လင်းရှန်က ပြောသည်။

မြေခွေးနီသည် သူ့အား ကြည့်လိုက်ပြီး လူကဲ့သို့ပင်  မျက်လုံးထဲတွင် ကျေးဇူးတင်သည့် အရောင်အဝါများ တောက်ပလာ၏ ထို့နောက် ခေါင်းငုံ့ကာ အစာကို တိတ်တဆိတ် စားနေလေသည်။

မြေခွေးသည် အလွန်ဆာလောင်နေမှန်း သိသာသော်လည်း ငြိမ်သက်စွာစားနေ၏ မြေခွေးနီသည် ချမ်းသာသော မိသားစုမှ မိန်းမပျိုကဲ့သို့ ပြေပြစ်ပြီး လူအများကို သာယာသော ခံစားချက်ကို ပေးစွမ်းသည်။

ခဏအကြာတွင် စားပြီးသော မြေခွေးနီသည် ပန်းကန်ကို ကောက်ယူပြီး လင်းရှန်နှင့် မီတာအနည်းငယ်အကွာတွင် ထားခဲ့သည်။ ထို့နောက် လင်းရှန်ကို ခေါင်းညိတ်ပြကာ ညဘက် အမှောင်ထဲသို့ ဝင်သွားလေသည်။

“ဘယ်လို ထူးဆန်းတဲ့ မြေခွေးတစ်ကောင်လဲ”အိုက်က တိုးတိုးလေးပြောသည်။

"အဲဒါကိုကြည့်ရသလောက်တော့ အနောက်ဘက်က ရွှံ့ညွန်ကြီးထဲကို မတော်တဆဝင်လာတဲ့ ဝိညာဉ်သားရဲပဲဖြစ်မယ်” လင်းရှန်က စဉ်းစာစွာပြောလိုက်သည်။

ဒီအခိုက်အတန့်မှာ အိုက်က ရုတ်တရက် သိချင်စိတ်နဲ့ မေးလိုက်သည်။

"လင်းရှန် သူက အလှလေးဖြစ်လာရင် သူ့ခန္ဓာကိုယ်နဲ့ နင့်ကို ကျေးဇူးဆပ်စေချင်လို့ အဲဒီမြေခွေးကို ကျွေးခဲ့တာလား။"

လင်းရှန်က ရင်တွေတဆတ်ဆတ် တုန်ခါသွားသည် ” နင် ဘယ်လို အဓိပ္ပါယ်မရှိတာတွေဖတ်နေတာလဲ ”

“ငါ့ကို အမထန်မိန်က  ပြောဖူးတယ်။ ယောကျာ်းတွေက မြွေဖြူနဲ့မြေခွေးလို ဝိညာဉ်သားရဲတွေကိုကယ်ကြတယ်တဲ့။ သူတို့တွေက ကျင့်ကြံမှုအောင်မြင်လို့ လူသားအသွင်ပြောင်းရင် ဇနီးမယားအဖြစ်ရောက်လာတတ်တယ်တဲ့”

ဒါကိုပြောရင်း အိုက်က လင်းရှန်ကို ရှက်ရွံ့စွာကြည့်ကာ ပါးပြင်ကို လက်သည်းတွေနဲ့ အုပ်လိုက်သည်။

"လင်းရှန် ငါ့ကို ပြုစုစောင့်ရှောက်ဖို့ ဗိုလ်ချုပ်ကို ကတိပေးတုန်းက ငါ့ကို နင့်ရဲ့ဇနီးဖြစ်စေချင်တာလား"

လင်းရှန်က စိတ်​​လျှော့လိုက်​သည်​။ နောက်​တစ်​​ခေါက်​ ထန်မိန်ကိုတွေ့လျှင် သူမခေါင်းကို ရိုက်​လိုက်​အုံးမည်ပင်။ 

All Chapters