တောင်းခံခြင်း (၁)
Vol. 13 Ch. 198
ငါးရက်အကြာ
တောင်ကုန်းလေးတစ်ခုပေါ်မှာတော့
လင်းရှန်သည် မီတာတစ်ထောင်အကွာရှိ အစိမ်းရောင်ကျူပင်ရေကန်ကို လှမ်းကြည့်
ရင်း သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏
လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်က ရေကန်သည် သောင်ပြင်တစ်ခုဖြစ်သည်။ ယခုအခါတွင် ၎င်းကို ကန်ရေဖြင့် ဖုံးလွှမ်းကာ ပေရာနှင့်ချီနက်နေပြီ။
ဒါက အဝေးမှနေရောင်အောက်တွင် လှပသောမြင်ကွင်းတစ်ခုပင်။
ကံမကောင်းစွာပဲ ရေကန်ထဲတွင် တိုက်ခိုက်နေသော နတ်ဆိုးအုပ်စုတစ်စုသည် လှပသောရှုခင်းကို ဖျက်ဆီးပစ်လိုက်သည်။
အစိမ်းရောင်ကျူပင်ရေကန်သည် လင်းရှန်၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။
သံမဏိအရိုးငါးအများအပြားသည် ရေထဲတွင် နေထိုင်ကြသည်။
ဤ သံမဏိအရိုးငါးများ အနီးတစ်ဝိုက်တွင် နတ်ဆိုးမျိုးနွယ်နှစ်ခုကြားမှ တိုက်ပွဲသည် တစ်ကြိမ်တစ်ခါတော့ ဖြစ်ပွားလာမည်ဖြစ်သည်။
သို့သော်လည်း နှစ်ဖက်စလုံးက အင်အားချင်းတူကြပြီး တစ်ဖက်ကို ဘာမှမလုပ်ပေးနိုင်ခဲ့သောကြောင့် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည်။
"ကြည့်ရတာ အချိန်ကိုက် ရောက်လာပုံပဲ။"
လင်းရှန်က မော့ကြည့်လိုက်သည်။
ရေပြင်အထက် မီတာတစ်ရာကျော် ကောင်းကင်ယံတွင် တိမ်မည်းကြီးနှစ်စင်း အချင်းချင်း ရောယှက်နေလေ၏ သတ္တုချင်းတိုက်သံများက ရံဖန်ရံခါ ထွက်ပေါ်လာပြီး အော်ဟစ်သံများပါ ထွက်ပေါ်လာသည်။
ဒါဟာ နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်နှစ်ဦးကြားက တိုက်ပွဲပင်။
တိုက်ပွဲကို အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် လင်းရှန်သည် နှစ်ဖက်စလုံး၏ အင်အားကို အကြမ်းဖျင်း နားလည်လာခဲ့သည်။
ကံကောင်းထောက်မစွာ မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် အချက်အလက်များသည် မှန်ကန်၏ အမှန်ပင် ဤနတ်ဆိုးနှစ်ကောင်သည် ဉာဏ်အလင်းရခြင်း အလယ်အဆင့်တွင်သာ ဖြစ်သည်။
လူမျိုးစုနှစ်ခု၏ မျိုးနွယ်စုများသည် တိုးတက်ခြင်းအဆင့်နှင့် ဝိညာဉ်နိုးကြားခြင်းအဆင့်တွင်သာရှိသည်။ သူတို့သည် ၄၀၀ မှ ၅၀၀ ခန့်သာ ရှိသောကြောင့် ကြောက်ရွံ့စရာမလိုပေ။
လင်းရှန်က မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည် ။
[အမည်-လင်းရှန်]
[စွမ်းရည်- သတ်ဖတ်ခြင်းကို အားပေးသည်။]
[အဆင့်-တောက်ပသောဝင်ပေါက် တတိယအဆင့် ၊၇၅%]
[ကျင့်ကြံနည်းစနစ်-နေကိုးစင်းကျမ်း (ကျွမ်းကျင်အဆင့် ၇၁%)၊ အရည်ပျော်ခြင်း (လမ်းကြောင်းအဆင့် ၆၅ %)၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (လမ်းကြောင်းအဆင့် ၁၅ %)၊ တိမ်တိုက်နဂါးစည်းချက် (လမ်းကြောင်းအဆင့် ၅%)၊ နေကိုးစင်း နတ်ဘုရားဓား (လမ်းကြောင်းအဆင့် ၁၀%)…]
[မှော်စွမ်းအား -ဓားစွမ်းအင်ခုနစ်ခု (အဆင့် ၂ ၊ ၂၃ %)၊လျှပ်စီးလက်ဝါး (အဆင့် ၂ ၊ ၁၂ %)၊စက္ကူလူသားရွေ့လျားမှု (အဆင့် ၂ ၊ ၅%)၊လေဟုန်စီးခြင်း (အဆင့် ၁ ၊ ၁၈%)၊ရေကြေးမုံနည်းစနစ် (အဆင့် ၁ ၊ ၁၂ %)]
[ကိုယ်ပွားအရေအတွက်- ၆ (၉၉%)]
ငါးရက်ကြာလေ့ကျင့်ပြီးသည့်နောက်တွင် သူ၏ ကိုယ်ခံပညာနှင့် မှော်စွမ်းအားများက သိသိသာသာ တိုးတက်လာသည်။
လွန်ခဲ့သည့်ငါးရက်အတွင်း သူသည် ကိုယ်ခံပညာခုနစ်မျိုးကို ပြီးပြည့်စုံခြင်းအဆင့် သို့ရောက်ရှိစေခဲ့ပြီး လမ်းကြောင်းအဆင့်ကိုယ်ခံပညာနည်းစနစ်လေးခုကိုပါ တိုးတက်လာစေခဲ့သည်။
သို့သော် သူ၏တိုးတက်မှုသည် မှော်စွမ်းအားများတွင် ပိုများသည်။
ဓားစွမ်းအင် ခုနစ်ခု ၊ လျှပ်စီးလက်ဝါးနှင့် စက္ကူလူသားရွေ့လျားခြင်းသည် ဒုတိယအဆင့်အထိ ဖြတ်ကျော်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကိုယ်ပွါးများသည် ပုံသေခန္ဓာကိုယ်စွမ်းအားကို
အစပြုသူအဆင့်ထိ နားလည်လာခဲ့သည်။
ထို့ကြောင့် လင်းရှန် ကျွမ်းကျင်သော မှော်စွမ်းအားအရေအတွက်သည် ခြောက်ခုအထိ တိုးလာသည်။
" ချီဖိနှိပ်ခြင်းငါးပါးနှင့်အရိပ်ကျခြင်းပဲ ကျန်တော့တယ်”
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
သူနှင့်သူ၏ကိုယ်ပွားများသည် ဝိညာဉ်ရေးရာသားရဲများကို အတူတကွ
လိုက်လံရှာဖွေသောအခါတွင် အံ့အားသင့်စရာကောင်းလောက်အောင် ထိရောက်မှုရှိခဲ့သည်။
သူသည် အနောက်ဘက် ရွှံ့ညွန်ကြီးထဲသို့ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ကြုံတွေ့ရသော နတ်ဆိုးများသည် ပိုမိုပြင်းထန်လာသည်။ သတ်ဖြတ်ခြင်းစွမ်းရည်ကို စတင်လိုက်သည့်အကြိမ်အရေအတွက်လည်း တိုးလာကာ သူ၏ ကိုယ်ခံပညာနှင့် မှော်စွမ်းအားများကို ပိုမိုမြန်ဆန်စွာ တိုးတက်လာစေခဲ့သည်။
ရလဒ်အနေနဲ့ ၁ ကီလိုမီတာအကွာမှာ ကိုယ်ပွါးသည်လည်း ဒဏ်ရာရသွားတော့သည်။
သူ၏ကိုယ်ပွားတွင် ပုလဲနက် မှင်ကျောက်ကဲ့သို့ ဓမ္မရတနာ၊ သန့်စင်သော ယန်စွမ်းအားဓားသွားနှင့် တိမ်တိုက်ဖိနှိပ်ရေးဝတ်ရုံကဲ့သို့သော ရတနာများ မရှိပေ။
နေကိုးစင်းအဆောင်ဓားနှင့် ယန်စွမ်းအားဝတ်ရုံအပြင် ကိုယ်ပွါးအတွက် စွမ်းအားဖြည့်ဆေးများနှင့် ပြန်လည်ထူထောင်ရေးဆေးအချို့သာ ရှိသည်။
တိုက်ခိုက်ရေးအင်အားအရ သတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းရည်နှင့် ကိုယ်ပွါးသည် လင်းရှန်ကိုယ်တိုင်ထက် များစွာ အားနည်းသည် ။ ထို့ကြောင့်တိုက်ပွဲတွင် ဒဏ်ရာရတာက မလွဲမရှောင်သာပင်။
ဤအခိုက်အတန့်တွင် ကိုယ်ပွားသည် တိုက်ပွဲတစ်ခုပြီးဆုံးသွားခဲ့ပြီး သူ၏ဝိညာဉ်ရေးရာအနှစ်သာရက ပြန်လည်ကောင်းမွန်လာသည်။
ရှေ့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်တော့မည်ဖြစ်သောကြောင့် လင်းရှန်သည် သူ၏ကိုယ်ပွားကို ပြန်ခေါ်လိုက်သည်။ သူ့ကိုယ်ပွားကို နောက်ကျ အသုံးပြုရန် လိုအပ်သေးသည်။
အိုက်ကိုတော့ သားရဲသိုလှောင်အိတ်ထဲ ထည့်ထားခဲ့တာ ကြာပြီပင်။
စွမ်းအင်ပြန်လည်ရရှိခြင်းဆေးများနှင့် ပြန်လည်နိုးကြားခြင်းဆေးအနည်းငယ်ကို မျိုချပြီးနောက် လင်းရှန်သည် အဝေးမှတိုက်ပွဲကိုကြည့်ရှုရင်း သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို ပြန်လည်ရယူနေသည်။
တိုက်ပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေ၏ နှစ်ဖက်စလုံးက ဆက်လက်တိုက်ဖို့ ပင်ပန်းနေပြီး ဆုတ်ခွါကုန်၏
နတ်ဆိုးနှစ်ကောင်သည် မျိုးနွယ်စုများကို ၎င်းတို့၏ အသိုက်များသို့ ပြန်မခေါ်မီ လေထဲတွင် အချင်းချင်း ကျိန်ဆဲကြသည်။
လင်းရှန်သည် ခဏလောက် စဉ်းစားပြီး သူ့ရွေးချယ်မှုကို အမြန်လုပ်လိုက်သည်။ ညာဘက်မှ နတ်ဆိုးများဆီကို တိတ်တဆိတ် လိုက်သွားခဲ့သည်။
လင်းချုန်သည် သူ့အသိုက်သို့ ဒေါသထွက်ထွက်ဖြင့် ပြန်သွားသည်။ သူ့ဒေါသအား ပြေစေရန် အစေခံအနည်းငယ်အပေါ် ပုံချလိုက်သည်။ ဝိုင်အနည်းငယ်ကို ယူလာခိုင်းပြီး သူတို့ကိုပါ ခွက်ကြီးများဖြင့် သောက်ခိုင်းလိုက်သည်။
"ဟင်း ယုတ်မာတဲ့ ပုစွန်က ငါ့ကို ဆန့်ကျင်ဖို့ အမြဲလုပ်နေတာ”
"ငါသာ ဉာဏ်အလင်းရခြင်း အဆင့်ကို ဖြတ်ကျော်သွားရင် သူ့ကို စတေးပစ်မယ်”
အကြိမ်အနည်းငယ် ကျိန်ဆဲပြီးနောက် လင်းချုန်သည် အရက်သောက်ရန် ပြန်သွားခဲ့သည်။
ကျယ်ဝန်းသော ကျောက်တုံးအိမ်ကြီးတွင် သူသည် တစ်ယောက်တည်းသာ ဖြစ်သည်။
နတ်ဆိုးများသည် သူ့ဒေါသကိုသိသည်။ ပြင်းထန်သော တိုက်ပွဲမှ ပြန်လာတိုင်း သူသည် အရက် သောက်နေတတ်သည်။ နတ်ဆိုးများ အားလုံးသည် သူ့ဒေါသကြောင့် အနားမကပ်ရဲပေ။ သူနဲ့ဝေးဝေးမှာသာနေကြသည်။ အစေခံတွေသည် အကြောင်းပြချက်မရှိပဲ အရိုက်ခံရတတ်သည်။
လင်းချုန်သည် ဘာမှ စိတ်မ၀င်စားဘဲ တစ်ယောက်တည်း ပျော်ရွှင်စွာ သောက်နေသည်။
ထိုအချိန်တွင် အပြင်မှာ ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
ပထမတော့ လင်းချုန်သည် သူ့လက်အောက်ငယ်သားများ လှည့်စားနေကြသည်ဟု ထင်သည်။ သို့သော် ဆူပူသံက ပိုကျယ်လောင်လာတာကြောင့် သူအနေနဲ့ စိတ်ရှည်မနေတော့ပေ။ သူ့လက်ထဲက ဝိုင်ခွက်ကို လွှတ်ပစ်ပြီး ကျိန်ဆဲလိုက်သည်။
"အပြင်မှာ ဘယ်ကောင်က ဆူညံနေတာလဲ။ အရက်သောက်နေတယ် မမြင်ဘူးလား"
သူပြောပြီးသည်နှင့် လက်အောက်ငယ်သားတစ်ဦးက လန့်သွားသည်။ လင်းချုန်က သူ့ကို မငေါက်မီတွင် ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်သည်။
"အရှင်မင်းကြီး၊ တစ်စုံတစ်ယောက် ဖောက်ထွင်းဝင်ရောက်လာပါတယ်။ သူက ကျွန်တော်တို့ ညီတော်များစွာကို သတ်ပစ်လိုက်ပါတယ်”
လင်းချုန်သည် ဒေါသမထွက်မီ တစ်ခဏမျှ ထိတ်လန့်သွားသည်။
"မို့ကျောက်က အရမ်းကြီး ဆိုးနေပြီလား။ ထိပ်တိုက်တွေ့တဲ့ တိုက်ပွဲမှာ အသာစီးမရတော့ ငါတို့ကို ခိုးဝင်တိုက်ခိုက်ဖို့ အခွင့်အရေးကို အရယူထားတယ်ပေါ့”
မို့ကျောက်သည် သူ့လူတွေကို အသိုက်အားတိုက်ခိုက်ဖို့ တွန်းပို့ခဲ့သည်ဟု ထင်ပြီး စိတ်ညစ်သွားသည်။ သူ့ဘေးနားက လှံကို ကောက်ကိုင်လိုက်ပြီး ပြေးထွက်သွားသည်။