တောင်းခံခြင်း (၂)
Vol. 13 Ch. 199
သနားစရာကောင်းတဲ့ နတ်ဆိုးလေးက ပိုရှင်းပြချင်ပေမယ့် သူ့အသိစိတ်ပြန်ဝင်လာတဲ့အခါ သူ့ဘုရင်က ပျောက်သွားလေသည်။ သူက ဘာလုပ်ရမှန်းမသိဘဲ မြေကြီးပေါ်မှာပဲ အမြစ်တွယ်သလို ရပ်နေနိုင်တာကို သိလိုက်ရသည်။
လင်းချုန်သည် ဒေါသတကြီးဖြင့် အပြင်သို့ထွက်လာပြီး မြွေမျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
သို့သော် သူ့မျက်လုံးများကို နှုတ်ဆက်လိုက်သည့်အရာမှာ သူမျှော်လင့်ထားသည့် နတ်ဆိုးများအကြားမှ ဖရိုဖရဲတိုက်ပွဲမဟုတ်ပေ။ ယင်းအစား သူ၏လက်အောက်ငယ်သားများက လူသားကျင့်ကြံသူအား ဝိုင်းရံထားကြသည်။
ဝိုင်းရံခြင်းဟု ခေါ်ဆိုခြင်းသည် အမှန်တကယ်တွင် ၎င်း၏လက်အောက်ငယ်သား များအား မြှောက်ပင့်ပြောခြင်းသာ ဖြစ်သည်။
သူတို့မှာ အရည်အတွက်တွေ သိသိသာသာ အားသာချက်တွေရှိပေမယ့် သူ့လက်အောက်ငယ်သားတွေကို ရန်သူက တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နေ၏။ ပိုင်းခြားသိမြင်တဲ့ မျက်လုံးရှိသူတိုင်းက သူတို့ ရှုံးဖို့ အချိန်တစ်ခုပဲလိုတော့သည်ဟု ပြောနိုင်သည်။
ဒါကိုမြင်လိုက်ရတော့ လင်းချုန်ကအံ့အားသင့်သွားသလို ခံစားလိုက်ရသည်။
ဒီလူသား ကျင့်ကြံသူက ဘယ်ကလာတာလဲ။
သူ့အသိစိတ်ပြန်ဝင်လာသောအခါတွင် လင်းချုန်သည် ဒေါသဖြစ်ခဲ့ရသည်။
လူသား ကျင့်ကြံသူသည် အမှန်တကယ်ပင် သူ့သားရဲတွင်းထဲသို့ လာရန် သတ္တိရှိနေ၏ လူသားက သူ့ကို အလေးအနက်မထားသည်မှာ ထင်ရှားနေသည်။
လင်းချုန်က ဒါကို ဘယ်လို ခံနိုင်ပါ့မလဲ။
သူက အော်ပြီး လင်းရှန်အား ချက်ချင်း လှံဖြင့် ထိုးခဲ့သည်။
"ဒီကောင်က ဘယ်ကလာတာလဲ။ ငါ့နယ်မြေမှာ ဘယ်လိုတောင် ယုတ်မာစွာ ပြုမူဝံ့တာလဲ။ မင်း သေချင်နေတာပဲ”
လင်းရှန်က လှည့်ကြည့်ကာ ပြုံးလိုက်သည်။
နောက်ဆုံးတော့ ခေါင်းဆောင်ပေါ်လာပြီပင်။
လင်းရှန်သည် အဆောင်တစ်ဒါဇင်ကို ရှောင်တခင်လွှင့်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို တိုက်ခိုက်သည့် စက္ကူစစ်သားတစ်စုအဖြစ်သို့ ပြောင်းလဲသွားစေ၏ သူကလှည့်၍ လင်းချုန်ကို ရင်ဆိုင်လိုက်လေသည်။
ရွှမ်
လင်းရှန်သည် သူတတတ်နိုင်သမျှတိုက်ခိုက်လိုက်သည်။ တောက်လောင်ပြီး ထက်
မြက်သော ဓားအရောင်အဝါသည် လေထုထဲတွင် ပြည့်လျှံလာပြီး
ပြိုးပြိုးပြက်ပြက်ဖြစ်နေသော နေငါးစင်း ထွက်ပေါ်လာကာ အရာအားလုံးကို ချေမှုန်းနိုင်သည့် ရောင်ဝါတစ်ခုအဖြစ် လင်းချုန်ထံ ကျရောက်သွားသည်။
ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ လင်းချုန်က ဖျော့တော့သွားသည်။ သူ့ရှေ့ကလူဟာ အရင်က သူတွေ့ကြုံဖူးတဲ့ ကျင့်ကြံသူတွေထက် ပိုအစွမ်းထက်တယ်ဆိုတာကို ချက်ချင်းသိလိုက်ရသည်။
သူ့လှံကို မြှောက်လိုက်သည်နှင့် သူ့အနီးနားရှိ လေထုသည် ချက်ချင်းပင် ရုတ်ရင်းဆန်ခတ်ဖြစ်လာ၏ ထို့နောက်မည်းနက်နေသော ရေများ ရုတ်တရက် ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်မှာတော့ လှံကို ထိုးချလိုက်ပြီး ကောင်းကင်မှာ ပြည့်နေတဲ့ရေက နေငါးစင်းဆီ စီးဆင်းသွားသည်။
တခဏချင်းမှာပဲ ရေနဲ့ တောက်ပတဲ့ နေက ကောင်းကင်မှာ ပြင်းထန်စွာ တိုက်မိသွားလေ၏
ချက်ချင်းပင် ရေအေးသည် အနီရောင် သံတုံးကြီးပေါ်ကျသွားသကဲ့သို့ အသံထွက်လာသည်။ အခိုးအငွေ့များ ပျံ့နှံ့သွားပြီး မီတာရာနှင့်ချီသော ဧရိယာကို ဖုံးလွှမ်းသွားသည်။
လင်းချုန်၏နှလုံးခုန်သံသည် မြင့်တက်သွားပြီး ဘေးနားသို့ အမြန်ရှောင်လိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း နောက်အခိုက်အတန့်တွင် နားထဲကို ထိုးဖောက်သွားသည့် လေသံကို သူကြားလိုက်ရသည်။ ဓားသွားများ ဖြတ်သွားသလိုမျိုး ဓားစွမ်းအင် နှစ်ခုက ဖြတ်သန်းသွားသည်။
ဤမျှနီးကပ်သောအကွာအဝေးတွင် လင်းချုန်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရပြီး ချက်ချင်းပင် အေးစက်သောချွေးများ ထွက်လာခဲ့သည်။
သို့သော် သက်ပြင်းတစ်ချက်ချမချမီ သူ့ခေါင်းထက်တွင် လေချွန်သံကို ကြားလိုက်ရသည်။
ထိတ်လန့်စွာ မော့ကြည့်လိုက်တော့ အနီရောင် လက်ဖဝါးကြီးက သူ့အမြင်အာရုံထဲမှာ တဖြည်းဖြည်း ကြီးလာတာကို တွေ့လိုက်ရသည်။
ဘုန်း
လင်းချုန်သည် အမြောက်ကျည်ကဲ့သို့ ကောင်းကင်မှ ပြုတ်ကျသွားပြီး ကောင်းကင်မှ ဆင်းသက်လာသော လက်ဖဝါးကြီးကြောင့် မြေကြီးထဲသို့ နက်နက်နဲနဲ ပေါက်ကွဲသွားသည် ။
ဓားစွမ်းအင် ခုနစ်ခုအပြင် လင်းရှန်ကျွမ်းကျင်သည့် အခြားသော အပြင်းထန်ဆုံး လူသတ်သမား လှုပ်ရှားမှုမှာအရည်ပျော်ခြင်း ဖြစ်သည်။
တကယ်တော့ လမ်းကြောင်းအဆင့်၏ ထက်ဝက်အဆင့်ထက်ကျော်နေသော အရည်ပျော်ခြင်းသည် ဒုတိယအဆင့်တွင်သာရှိသော ဓားစွမ်းအင် ခုနစ်ခုထက် အနည်းငယ်ပို၍ အစွမ်းထက်သည်။
ခုခံကာကွယ်နိုင်သော မှော်လက်နက်များ မပါပဲ အရည်ပျော်ခြင်းနဲ့ ခေါင်းကို ထိခြင်းခံရပါက ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးတစ်ဦးပင် သေဆုံးမည်ဖြစ်သည်။
ဖုန်မှုန့်များ လွင့်စင်သွားသောအခါတွင် သူတို့၏ဘုရင်သည် မီးလောင်နေသော ခန္ဓာကိုယ်ဖြင့် တွင်းထဲတွင် လဲလျောင်းနေသည်ကို ပတ်ဝန်းကျင်ရှိ နတ်ဆိုးများက မြင်ကာ အံ့သြတုန်လှုပ်သွားကြသည်။ သူကကြောက်လန့်တကြားအော်လေ၏
“လူယုတ်မာတွေ…”
လင်းချုန်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
သို့သော် သူစကားမဆုံးမီတွင် ထက်မြက်သော ဓားသွားသံက ကြားဖြတ်လိုက်သည်။ လင်းရှန်သည် သူ၏ဓားနဲ့ထပ်ပြီး တိုက်ခိုက်လေ၏ လမ်းတစ်ဝက်တွင် သူလက်ချောင်းဖြင့် ထိုးလိုက်ကာ ကောင်းကင်မှ လျှပ်စီးလက်ဝါးတစ်ခု ဆင်းသက်လာခဲ့သည်။
တောက်လောင်နေသော အဖြူရောင်လျှပ်စီးကြောင်းသည် လင်းချုန်ကို ထိတ်လန့်
တုန်လှုပ်သွားစေသည်။ သူက ကျိန်ဆဲခြင်းကို ရပ်လိုက်ပြီး တိုက်ခိုက်မှုကို တားဆီးရန် အမြန်ထလိုက်သည်။
ကံမကောင်းစွာပဲ အစကတည်းက သူသည် လင်းရှန်ထက် နိမ့်ကျနေခဲ့သည်။သူသည် အစမှအဆုံးထိ ဖိနှိပ်ခံခဲ့ရသည်။တကယ်တော့ သူသည် လင်းရှန် ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
နောက်ဆုံးမှာတော့ နတ်ဆိုးများက စက္ကူစစ်သား တစ်ဒါဇင်လောက်ကို ဖျက်ဆီးရန် အတူတကွ လုပ်ဆောင်နေစဉ်တွင် လင်းချုန် ခေါင်းဖြတ်ခံလိုက်ရသည်။သူ့၏ ကြီးမားပြီး ကြမ်းတမ်းသော မြွေခေါင်းသည် ကောင်းကင်ပေါ်ပျံတက်သွားသည်။
ရွှမ်
နေရာတိုင်း သွေးတွေ ဖျာထွက်နေသည်။
ဦးခေါင်းမပါသော အလောင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျခဲ့သည်။ ၎င်းသည် မသေဆုံးမီ တစ်ခဏအတွင်း ဓာတ်လိုက်ခံရသကဲ့သို့ ဖြစ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးများသည် ပါးစပ်အဟောင်းသားဖြင့် သူတို့ရှေ့က မြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်သွားကြသည်။
စွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ကောင်းသော ဘုရင်သည် လူသားကျင့်ကြံသူ၏လက်၌ ဤမျှလောက် လွယ်ကူစွာသေရမည်ဟု သူတို့ဘယ်သောအခါမှ မမျှော်လင့်ခဲ့ကြပေ။
လင်းချုန်ကို သတ်ပြီးနောက် လင်းရှန်သည် မရရပ်တန့်မနေပေ။ ပြင်းထန်သောလေများ ရစ်ပတ်လာကာ လျှပ်စီးကဲ့သို့ နတ်ဆိုးများကြားတွင် အကြိမ်အနည်းငယ် ခုန်ဆင်းလာပြီးအသက်များကို ရယူခဲ့သည်။
ထိုမှသာ ကျန်နတ်ဆိုးများသည် ၎င်းတို့၏ အိပ်မက်များမှ နိုးထလာပြီး အရပ်ရပ်သို့ ပြေးသွားကာ ကြောက်ရွံ့စွာ အော်ဟစ်ခဲ့ကြသည်။
ကံမကောင်းစွာပဲ သူတို့ ဘယ်လောက်ပဲ မြန်နေပါစေ ၊ လေဟုန်စီးခြင်းထက် မမြန်နိုင်ပေ။ သူတို့ အသိုက်ထဲက မပြေးခင် လင်းရှန်ဓားနဲ့ အသတ်ခံလိုက်ရသည်။
ခဏကြာတော့ လင်းရှန်သည် သူ့ဓားကို ဖယ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ကြီးမားသော အသိုက်ထဲတွင် နတ်ဆိုးတစ်ကောင်မျှ မတွေ့ရတော့ပေ။
သူသည် သူ့စိတ်ထဲမှ အချက်အလက်များကို အာရုံစိုက်လိုက်၏ သူသည် သတ်ဖြတ်ခြင်းကိုအားပေးသည့် စွမ်းရည်ကို စုစုပေါင်း ခြောက်ကြိမ် အစပျိုးခဲ့သည်။ အဲ့တာက အရမ်းမများပေမဲ့ အတော်လေး အဆင်ပြေနေပြီပင်။
၎င်းတို့အနက် အကြီးမားဆုံး တိုးတက်လာမှုမှာ လင်းချုန်ဆီမှ ဖြစ်သည်။ ၎င်း၏ ဓားစွမ်းအင်ခုနစ်ခုကို ၁၈%ထိ တိုးလာစေပြီး သူ၏ အဆင့်သည် ၂၀% နီးပါး တိုးလာခဲ့သည်။
"ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးတွေက ငါ့ကို အများကြီး တိုးတက်အောင် ကူညီပေးခဲ့တာပဲ”
လင်းရှန်က သက်ပြင်းချလိုက်သည်။
ကံမကောင်းစွာပဲ အနောက်ဘက် ရွှံ့ညွန်ကြီးတွင် ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးများစွာရှိသော်လည်း ၎င်းတို့သည် နတ်ဆိုးမျိုးနွယ်ကြီးများ၏ ခေါင်းဆောင်များ သို့မဟုတ် နတ်ဆိုးဗိုလ်ချုပ်ကြီးများဖြစ်ပြီး ၎င်းတို့ပတ်ဝန်းကျင်တွင် လက်အောက်ငယ်သားများစွာရှိသောကြောင့် ၎င်းတို့ကို သတ်ရန်မလွယ်ကူပေ။
လင်းရှန်အတွက် လင်းချုန်နှင့် တိုက်ခိုက်ရန် အတော်လေး လွယ်ကူခဲ့တာက အချိန်ကောင်းကို ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
တိုက်ဆိုင်စွာပင် ဤနတ်ဆိုးမျိုးနွယ်သည် ပြင်းထန်သောတိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီး မောဟိုက်နေကြသည်။ နတ်ဆိုးကြီး လင်းချုန်သည်လည်း စွမ်းအင်များစွာကို သုံးစွဲထားရသည်။ ထိုကြောင့် လင်းရှန်သည် ၎င်းကိုအခွင့်ကောင်းယူကာ သူ့ကိုသတ်ရန် အားထုတ်မှုများစွာ မပြုလုပ်ခဲ့ရပေ။