မင်းဒုက္ခရောက်မှာ (၁)
Vol. 13 Ch. 201
"မဟုတ်ပါဘူး အရှင်”
နတ်ဆိုးလေးသည် တဆတ်ဆတ်တုန်နေပြီး ထိတ်လန့်တကြား ဖြစ်နေတာကို မဖုံးကွယ်နိုင်ပေ။
"အဲ့တာ လူသား ကျင့်ကြံသူပါ”
လူသား ကျင့်ကြံသူလား။
မိုကျောက်က ” အမှိုက်တစ်စပဲ ။ အဲ့တာက လူသားကျင့်ကြံသူပဲဟာ သတ်လိုက်။ အစ်ကို ဝူနဲ့ ဆွေးနွေးတာကို လာနှောက်ယှက်နေတယ်။ မင်း ဘယ်နေရာအသုံးဝင်လဲ”
နတ်ဆိုးလေးသည် ခါးသီးသောမျက်နှာဖြင့် “ဘုရင်မင်းမြတ် ၊ အဲ့ဒီလူသားကျင့်ကြံသူက အတော်လေး တန်ခိုးကြီးပါတယ်။ မိုဝေ့ ၊ မိုချွမ်နှင့် အခြားသခင်အချို့ကိုပါ သတ်ပစ်လိုက်ပါတယ်”
ဒါကိုကြားတော့ မိုကျောက်က အနည်းငယ် လန့်သွားသည်။
မိုဝေ့ ၊ မိုချွမ်နှင့် အခြားသူများသည် သူ၏ အရည်အချင်းရှိသော လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် တိုးတက်ခြင်း နှောင်းပိုင်းအဆင့်တွင် ရှိကြသော်လည်း ရန်သူများ၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံကြရသည်။ ကျင့်ကြံသူက တောက်ပသောဝပေါက် အဆင့် ဖြစ်ဖွယ်ရှိသည်။
ဝူကျင်းသည် မိုဝေ့ ၊ မိုချွမ်၏ ကျင့်ကြံမှု အဆင့်ကို မသိသော်လည်း မိုကျောက်၏ အမူအရာမှ ခန့်မှန်းမိသည်။ သူသည် ချက်ချင်း ပြုံးပြလိုက်သည်။
"အစ်ကိုမို၊ မင်းမှာ မဖိတ်ထားတဲ့ ဧည့်သည်တစ်ယောက်ရှိနေတာပဲ။
ငါတို့ဘာလို့ အပြင်သွား မကြည့်ရမှာလဲ”
မိုကျောက်သည် ဤအရာကို ကြားလိုက်ရသောအခါ ပြုံးသွားလေ၏ ဝူကျင်းသည် ဉာဏ်အလင်းရခြင်း နှောင်းပိုင်းအဆင့်တွင် ရှိနေ၏ သူ့အကူအညီနဲ့ဆို တောက်ပသော ဝင်ပေါက် သတ္တမအဆင့် သို့မဟုတ် အဌမမြောက်အဆင့် ကျင့်ကြံသူပင်လျှင် မိုကျောက်သည် ကြောက်ရွံ့နေမည်မဟုတ်ပေ။
ထို့ကြောင့် သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကို ဝူ”
နှောင့်နှေးမှုမရှိဘဲ နတ်ဆိုးနှစ်ကောင် အတူတူ ထွက်သွားကြသည်။
ကျောက်တုံးအိမ်မှ ထွက်လာသောအခါ မိုကျောက်နှင့် ဝူကျင်းသည် အဝေးမှ နားကွဲလုမတတ်အော်ဟစ်သံကို ကြားလိုက်ရသည်။
ဉာဏ်အလင်းရခြင်းအဆင့်၏ ထက်မြက်သော အာရုံများနှင့်အတူ အဝေးမှ ကောင်းကင်သို့ ပျံတက်သွားသော ထက်မြက်သည့် ဓားသွားကိုပင် အာရုံခံစားနိုင်ကြသည်။
မိုကျောက်က မျက်မှောင်ကြုတ်သွားသည်။
တစ်ဖက်တွင် ဝူကျင်းသည် မျက်ခုံးပင့်ကာ စိတ်ဝင်စားလာပုံရသည်။
"ဒီဓားရဲ့ ရည်ရွယ်ချက်က သမာရိုးကျလမ်းစဉ်ပဲ ။နဂါးမြို့တော်က ဂိုဏ်းကြီးသုံးဂိုဏ်းထဲက ဘယ်ဂိုဏ်းက ဖြစ်မလဲ ”
အနောက်ဘက်ရွှံ့ညွှန်အိုင်ကြီး၏ ကီလိုမီတာ (၅၀၀၀)အကွာအဝေးအတွင်း နဂါးမြို့တော်နှင့်ပင်လယ်အစောင့်မြို့ဟူသော ကြီးမားသည့် မြို့ကြီးနှစ်မြို့သာ ရှိခဲ့သည်။
ကောင်းကင်သို့ ပျံတက်သွားသော ကြီးကျယ်ခမ်းနားသည့် ဓား၏ ရည်ရွယ်ချက်တွင် မိစ္ဆာစွမ်းအင် မပါဝင်ပေ။ သဘာဝအတိုင်း အဲ့တာက ပင်လယ်အစောင့်မြို့က မဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် လူသားသည် နဂါးမြို့တော်၏ အဓိက ဂိုဏ်းသုံးခုမှ ဖြစ်သည်။
ဝူကျင်းသည် မိုကျောက်ပြန်ဖြေတာကို မစောင့်ဘဲ တိုက်ပွဲနေရာဆီသို့ ပြေးသွားလိုက်သည်။
မိုကျောက်က အမြန်လိုက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နတ်ဆိုးနှစကောင်က မျိုးနွယ်စုဝင်ပေါက်ကို ရောက်လာသည်။
ထိုနေရာသည် ချက်ချင်းပင် အပျက်အစီးလို ဖြစ်သွားသည်။ တံခါးများ၊ ကျောက်နံရံများ၊ ပတ်၀န်းကျင်ရှိ သစ်သားအိမ်များနှင့် ကျောက်တုံးအဆောက်
အအုံများ ပြိုကျပျက်စီးသွားသည်။ လေဆင်နှာမောင်းတိုက်သွားသကဲ့သို့ပင် နေရာက စိတ်ရှုပ်စရာကောင်း၏
ရာနှင့်ချီသော နတ်ဆိုးအလောင်းများက မြေပြင်ပေါ်တွင် လဲကျနေပြီး သွေးများသည် မြေပြင်တွင် စိုစွတ်လုနီးပါး ဖြစ်နေသည်။
ဒါကိုမြင်တော့ မိုကျောက်သည် သူ့လက်အောက်ငယ်သားတွေကို သိပ်ဂရုမစိုက်ပေမယ့် ဖြူဖတ်သွား၏ သူ့အကြည့်တွေက အဝေးရှိ မလှမ်းမကမ်းမှ သွယ်လျသောသူဆီရောက်နေသည်။
လင်းချုန်မျိုးနွယ်နှင့် မကြာခင်က တိုက်ပွဲတွင်ပင် မျိုးနွယ်စု၏ သုံးပုံတစ်ပုံထက် မနည်း သေဆုံးခဲ့သည်။
မျိုးနွယ်စုများစွာကို ဆုံးရှုံးလိုက်ရခြင်းသည် မိုကျောက်၏ မျက်နှာကို ပါးရိုက်လိုက်ခြင်းပင်။
ဝူကျင်းသည် မြေပြင်ပေါ်ရှိ အလောင်းများကိုပင် မကြည့်ပေ။ သူက လူကိုသာ စိတ်ဝင်တစား ကြည့်လိုက်သည်။
"နဂါးမြို့တော်ရဲ့ အဓိကဂိုဏ်းကြီး သုံးခုထဲက ဘယ်ရဲ့ တပည့်ဖြစ်မလဲ။"
လင်းရှန်က ဝူကျင်းကို ကြည့်ပြီးနောက် မိုကျောက်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် ။
ဘာလို့ ဉာဏ်အလင်းပြတဲ့ အဆင့် နတ်ဆိုးနှစ်ကောင် ရှိနေတာလဲ
မြေပုံပေါ်က အချက်အလက် မှားနေတာလား
မဖြစ်နိုင်ပေ။ ဒီလိုသာဆို လင်းချုန်နှင့် တိုက်ခိုက်နေချိန်တွင် အခြား ဉာဏ်အလင်းရခြင်းနတ်ဆိုးက ဘာလို့ မတိုက်ခိုက်ခဲ့တာလဲ။
ထို့အပြင်…
လင်းရှန်၏ အကြည့်သည် ဝူကျင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ချပ်ဝတ်တန်ဆာဆီ ရောက်သွားပြီး သားရေချပ်ဝတ်တန်ဆာ တစ်ထည်သာ ဝတ်ဆင်ထားသည့် မိုကျောက်နှင့် သားရေချပ်ဝတ်တန်ဆာ တောင် မရှိသော သူ့ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို ကြည့်လိုက်သည်။ သူတို့ခါးတွင် အဝတ်စုတ်တစ်ထည်သာ ပတ်ထားတာကြောင့် လင်းရှန်က လေးလေးနက်နက် တွေးတောမိသွားသည်။
မျက်လုံးပြူးပြူးနဲ့ အစိမ်းရောင် နတ်ဆိုးသည် ဤနတ်ဆိုးမျိုးနွယ်မှ
မဟုတ်ပေ။အပြင်လူဖြစ်ဖွယ်ရှိသည်။
လင်းရှန်သည် စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ဝူကျင်းသည် တဖြည်းဖြည်း မကျေမနပ်ဖြစ်ကာ အေးစက်သော အလင်းရောင်တစ်ခုက သူ့မျက်လုံးထဲတွင် လင်းလက်လာသည်။
ထိုအချိန်တွင် လင်းရှန်သည် ရုတ်တရက် လှည့်၍ အဝေးသို့ ပြေးသွားခဲ့သည်။
ဝူကျင်းနှင့် မိုကျောက်တို့က ဒါကိုမြင်သောအခါ အံ့ဩသွားကြသည်။ သူတို့အသိပြန်ဝင်လာသောအခါ ဒေါသထွက်သွားကြ၏
သူက လာချင်တိုင်းလာပြီး ပြန်ချင်သလိုပြန်သွားပြီ၊ ဒါက ဘယ်လောက်ဆိုးလိုက်လဲ။
ဝူကျင်းသည် အလျင်မြန်ဆုံးဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော အနက်ရောင် မြူခိုးများက သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။ သူက အနက်ရောင်
တိမ်အဖြစ်ပြောင်းသွားပြီး လင်းရှန်နောက်သို့ လိုက်လာခဲ့သည်။
မိုကျောက်က သူတို့နောက်ကို လိုက်ချင်ပေမယ့် မှိုင်းညို့နေတဲ့ မျိုးနွယ်စုတွေကို သူ့မျက်လုံးထောင့်ကနေ မြင်လိုက်ရတော့ တုံ့ဆိုင်းသွားပြီး ငြိမ်သွားသည်။
"ဒီလူသားကလေးက တောက်ပသော ဝင်ပေါက် တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့်မှာပဲ ရှိပါသေးတယ်။ ဝူကျင်းက သူ့ကို ဖမ်းပြီး သတ်ပစ်လို့ ရပါတယ်။ ငါသွားရင်တောင် ကူညီပေးစရာ မလိုလောက်ဘူး။ လင်းချုန်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လာတိုက်မှာကို တားဆီးရမယ်”
သူ့နောက်မှ လျင်မြန်စွာ ရွေ့လျားနေသည့် အသံကို ကြားလိုက်ရတော့ လင်းရှန်သည် လှည့်ကြည့်ကာ မျက်မှောင်ကျုံ့သွားသည်။
မျိုးနွယ်စုတွင် ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးနှစ်ကောင်ရှိကြောင်း တွေ့ရှိပြီးနောက် သူသည် တိုက်ခိုက်ရန် စိတ်ကူးကို ချက်ချင်းလက်လျှော့လိုက်သည်။
သူသည် သေသည်အထိ တိုက်ခိုက်ရန် မဟုတ်ဘဲ သူ၏ ခွန်အားကို မြှင့်တင်ရန် ဤနေရာတွင် ရှိနေခဲ့တာပင်။
ဉာဏ်အလင်းရခြင်းအဆင့် ပုစွန်ဝိညာဉ်ကို ကိုင်တွယ်ဖြေရှင်းရန်မှာ သူ့အတွက် တစ်ခုတည်းသော အရာဖြစ်သည်။ သို့သော် ထိုထက်ကျင့်ကြံမှုမြင့်မားသော နတ်ဆိုးတစ်ကောင်ရှိနေသည်။ အဆုံးတွင် သူအနိုင်ရနိုင်လျှင်ပင် ထိုက်သင့်သောတန်ကြေးကိုပေးရမည်။
လင်းရှန်သည် သူ့အသက်အန္တရာယ်ကို စွန့်စားရန် မရည်ရွယ်ထားသောကြောင့် တစ်ဖက်လူက မတုံ့ပြန်မီတွင် ပြတ်ပြတ်သားသား ထွက်ခွါလာခဲ့သည်။
အခြားတစ်ဖက်က သူ့နောက်ကို လိုက်လာမယ်လို့ မျှော်လင့်ထားပေမယ့် သူ မမျှော်လင့်ထားတဲ့အရာက အစိမ်းရောင် နတ်ဆိုးတစ်ကောင်သာ သူ့နောက်ကို လိုက်လာတာပင်။
"ကြည့်ရတာ သူက ငါ့ကို လျှော့တွက်ထားပုံရတယ်။"
လင်းရှန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
"ဒါပေမယ့် အဲဒါက ကောင်းပါတယ်။"
ရေသတ္တဝါဖြစ်တာကြောင့် ဝူကျင်းသည်ပျံသန်းရာ၌ နှေးကွေးသည်။ ဝူကျင်းသည် တိမ်မည်းကို အချိန်အတော်ကြာ စီးနင်းတာတောင် သူနှင့် လင်းရှန်အကြား အကွာအဝေးကို မလျှော့ချနိုင်သေးပေ။ သူက အတော်စိတ်ရှုပ်လာသည်။
"ယုတ်မာတဲ့ လူသား ကျင့်ကြံသူတွေ၊ သူတို့ သိတာက ထွက်ပြေးဖို့ပဲ”
ဝူကျင်းသည် ကျိန်ဆဲပြီး တုံ့ဆိုင်းသွားသည်။
သူသည် ဒီတစ်ကြိမ်တွင် မစ်ရှင်တစ်ခုနဲ့ လာခဲ့တာကြောင့် သူနဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေအတွက် အချိန်အများကြီး မဖြုန်းနိုင်ပေ။ သခင်ဝူလောင်၏ ညွှန်ကြားချက်တွေကို ပြီးမြောက်ဖို့က အရေးကြီးဆုံးဖြစ်ပြီး သူ အမှားလုပ်မိလို့ မရပေ။