← Chapters

ကိုယ်ခွဲ (၂)

Vol. 13 Ch. 205

ကိုယ်ခွဲ (၂)

Vol. 13 Ch. 205

ကျင့်ကြံသူ သခင်သည် ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးမျှသာ ဖြစ်သောကြောင့် ဤမျှအထိ ရောက်လိမ့်မည်ဟု စိတ်ကူးရခက်သည်။

မြေခွေးနီက လင်းရှန်းဆိုလိုရင်းကို နားလည်ပြီး ခေါင်းခါလိုက်သည်။

"မကြာသေးမီကမှ ဝူလီက တပ်ဖွဲ့ဝင်တွေကို စုဆောင်းနေတယ်။  သူက နတ်ဆိုးတွေကို နှိမ်နင်းဖို့ ဗိုလ်ချုပ်အနည်းငယ်ကို စေလွှတ်ခဲ့တယ်။  ယခုအချိန်မှာ ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဝူလောင်က ၅၀ကီလိုမီတာမှာရှိတဲ့ မြူခိုးတုရေကန်မှာ ရှိတယ်”

"သူတို့လုပ်ခဲ့တဲ့အရာတွေကို အခြေခံပြီး  ဝူကျင်း မထွက်ခင်ကတည်းက ဝူကျင်း အနီးမှာ အသက်အဆောင်တစ်ခုကို ချန်ထားခဲ့တယ်။ ဝူကျင်းသေတာနဲ့

ဝူလောင်က သိလိမ့်မယ်။ထင်တာမမှားဘူးဆို ဝူလောင်က သူ့လက်အောက်ငယ်သားတွေကို  လွှတ်လောက်ပြီ”

ထိုအချိန်တွင် မြေခွေးနီသည် လင်းရှန်ကို ကြည့်ကာ ညင်သာစွာပြောသည် ။

"အဲ့တာကြောင့် မင်းအနောက်ဘက် ရွှံ့ညွန်ကြီးကနေအခုထွက်သွားရင် ပိုကောင်းမယ်”

ဒါကိုကြားတော့ လင်းရှန် စိတ်ထဲမှာ အနည်းငယ် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

သူမအတွက် ဘာမှမလိုအပ်သည့်အတွက် မြေခွေးနီက လိမ်နေတယ်လို့ သူ သံသယမရှိပေ။

မည်သို့ပင်ဆိုစေကာမူ သူမကို မယုံကြည်တာထက် ပိုကောင်းသည်။

မြေခွေးနီက လိမ်နေတယ်ဆိုရင်တောင် အနောက်ဘက်ရွှံ့ညွှန်ကြီးကနေ နည်းနည်းစောပြီး ထွက်သွားရင် ဘာမှဆုံးရှုံးမှာ မဟုတ်ပေ။

သူပြောတာမှန်လျှင် ဒီဒုက္ခကို ရှောင်နိုင်လိမ့်မည်ပင်။

ဒါက ပိုအရေးကြီးတယ်ဆိုတာ သိသာသည်။

လင်းရှန်သည် ဆုံးဖြတ်ချက်တမ်းချတတ်သည်။ သူက ပြတ်ပြတ်သားသား တွေးလိုက်သောအခါတွင် တုံ့ဆိုင်းနေခြင်းမရှိပေ။ ချိုနဲ့သမင်ကြီးကို ချက်ချင်း ခေါ်ကာ ၎င်းပေါ် စီးနင်းလိုက်သည်။

မထွက်ခင်မှာ လင်းရှန်က မြေခွေးနီကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

"မင်းက အနောက်ဘက် ရွှံ့ညွန်ကြီးက နတ်ဆိုး မဟုတ်ဘူး မလား"

မြေခွေးနီက “ငါအရင်က နဂါးချောက်နက်တောင်တန်းမှာ နေထိုင်ခဲ့တာ။  ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီကိုရောက်လာတာ။ လောလောဆယ်တော့ ငါပြန်ဖို့ စီစဉ်ထားတယ်။

"မင်းကိုပါ ခေါ်သွားစေချင်လား"

မြေခွေးနီက အံ့အားသင့်သွား၏ လင်းရှန်ကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ဧရာမချိုနဲ့သမင်၏ နောက်ကျောပေါ်သို့ ခုန်တက်သွားသည်။

မြေခွေးနီက ထိုင်ပြီးနောက် လင်းရှန်သည် ချက်ချင်းထွက်ခွါသွားကာ ရွှံ့ညွန်ကြီးကနေ အပြေးအလွှားပြန်သွားခဲ့သည်။

လင်းရှန်သည် လေဟုန်စီးခြင်းကို သုံးချင်သော်လည်း ၎င်းက အနီးအနား ရွေ့လျားခြင်းတွင်သာ ကောင်းမွန်သည်။  တာဝေးပြေးသည့်အခါတွင် အထူးပြုပြင်ပြီး ပြုစုကျင့်ကြံထားသော ချိုကြီးနဲ့သမင်များနှင့် နှိုင်းယှဉ်မရပေ။

လမ်းမှာ လင်းရှန်က စပ်စုမေးသည်။

"မင်းဘာလို့ ဒီအချက်အလက်ကို ပြောပြတာလဲ၊ အဲဒီအစားအစာအတွက် ငါ့ကိုပြန်ဆပ်ဖို့ပဲလား"

မြေခွေးနီက အနည်းငယ် ခေါင်းညိတ်ပြပြီး “ငါကျေးဇူးပြန်ဆပ်တာလေ။ အဖွားက ငယ်

ငယ်ကတည်းက သင်ပေးထားတာ”

လင်းရှန်သည် မြေခွေးနီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

နတ်ဆိုးအများစုသည် ရက်စက်ကြမ်းကြုတ်ကြသော်လည်း ဖြူစင်သောစိတ်ရှိသူများ

ရှိကြောင်း နားလည်ခဲ့သည်။

ဥပမာအားဖြင့် အိုက်နှင့် နစ်မြှပ်ခြင်းလမင်းလိုပင်။

ကျေးဇူးကို ပြန်ဆပ်လိုသော မြေခွေးနတ်ဆိုးအချို့ရှိခြင်းမှာ မထူးဆန်းပေ။

သူ့ခေါင်းကို ခါယမ်းရင်း လင်းရှန်သည် အာရုံပျံ့လွင့်နေသော အတွေးများကို ထိန်းကာ သူ့ခရီးကို အာရုံစိုက်လိုက်သည်။

နာရီဝက်မပြည့်မီတွင် ဧရာမချိုသမင်သည် ကီလိုမီတာ (၃၀)ကျော်ပြေးနေပြီ ဖြစ်သည်။

သူတို့သည် ရွှံ့ညွှန်မှ လမ်းတစ်ဝက်သို့ ရောက်နေပြီဖြစ်သည်။

ထိုအခိုက်တွင် မြေခွေးနီသည် ရုတ်တရက် ခေါင်းမော့ကာ လင်းရှန်၏ နောက်ကွယ်မှ ကောင်းကင်ကို မော့ကြည့်နေ၏ သူမ၏ မျက်လုံးများတွင် လေးနက်သော အကြည့်များ ပေါ်လာသည်။

"ဒီမှာပဲ”

သူမ၏သတိပေးချက်မရှိသည့်တိုင် လင်းရှန်သည် အနောက်မှ လျင်မြန်စွာ

ချဉ်းကပ်လာသော ဖိအားကို ခံစားနိုင်နေပြီဖြစ်သည်။

ဒါဟာ ရင်ဘတ်ကို တင်းကျပ်သွားစေသည့် ပြင်းထန်သော ဖိအားတစ်ခုပင်

လေးလံသောကျောက်တုံးကြီးသည် သူ့ရင်ဘတ်မှ လှိမ့်ဆင်းလာကာ အသက်ရှုရခက်နေသကဲ့သို့ပင်။

လင်းရှန်၏ နှလုံးသားထဲမှ ပြင်းထန်သော အန္တရာယ်ကို အာရုံခံစားလိုက်ရသည်။

ဒါက လန်ကွမ်းထင်ကို သူရင်ဆိုင်တုန်းကထက် အများကြီး ပိုပြင်းထန်သည်။

ရောက်ရှိလာသူသည် ဉာဏ်အလင်းပြခြင်းအဆင့် နတ်ဆိုးထက် ပို၍ အစွမ်းထက်သည် မှာ ထင်ရှားသည်။

"အဲဒါ...ဝူလောင်ပဲ”

မြေခွေးနီသည် လှည့်၍ အော်ဟစ်လိုက်သည်။

"တကယ်တော့ သူဒီမှာ လူကိုယ်တိုင်ရောက်လာတာပဲ”

လင်းရှန်၏ နှလုံးသည် ခုန်သွားသည်။

နတ်ဆိုးဘုရင်ကို စောင်ကြပ်သူ စစ်ဗိုလ်ချုပ်များ အားလုံးသည် နတ်ဆိုး ကျင့်ကြံသူများပင်။

နတ်ဆိုး ကျင့်ကြံသူတစ်ဦးက သူ့ကို လိုက်လံဖမ်းဆီးဖို့ ကိုယ်တိုင် ထွက်လာခဲ့တာလား။

သူ့ကို သိပ်အထင်ကြီးနေကြတာ မဟုတ်ဘူးလား?

ဒါပေမယ့် သိပ်မကြာခင်မှာပဲ မြေခွေးနီက အာမေဋိတ်သံနဲ့ပြော၏

"ခဏလေး ဒီအရောင်အဝါက ကျင့်ကြံရေးသခင်တစ်ယောက်လို မဟုတ်ဘူး၊ ဝူလောင်ရဲ့ ကိုယ်ခွဲတစ်ယောက် ဖြစ်နိုင်မလားပဲ”

"ဘာ ကိုယ်ခွဲလဲ" လင်းရှန်က ကမန်းကတန်း မေးသည်။

"ဝူလောင်ရဲ့ မူရင်းပုံစံက ငါးပါ။ အဲ့တာက ကိုယ်ဆယ်ကိုယ်နဲ့ ဦးခေါင်းတစ်ခုပဲ ပါရှိတဲ့ ရှားပါးသားရဲတစ်ကောင်… ဝူလောင်က သူ့ရဲ့ အခြားကိုးကောင်ကို ကိုယ်ခွဲအဖြစ် ကျင့်ကြံဖို့ မှော်ပညာနည်းစနစ်ကို အသုံးပြုထားတယ်လို့ ပြောတယ်။ တိုက်ပွဲတွေအတွင်း ရန်သူတွေကို တိုက်ခိုက်ဖို့အပြင် အဝေးကနေလည်း ထိန်းချုပ်လို့ရတယ်”

လင်းရှန်အံ့အားသင့်သွားသည်။

၎င်းသည် သူ၏ကိုယ်ပွားနှင့် ဆင်တူတယ်မလား

တစ်ယောက်တည်း ရွေ့လျားနေသည့် အကွာအဝေးအရ  ၎င်းသည် သူ၏ကိုယ်ပွားထက် ပို၍ပင် အစွမ်းထက်သည်။

နောက်ဆုံးတော့ သူ့ကိုယ်ပွားက ငါးဆယ်တောင်မပြောနဲ့ ၊ ၅ ကီလိုမီတာအကွာမှာတောင် မနေနိုင်ပေ။

တအံ့တသြဖြစ်နေစဉ် လင်းရှန်သည် မြေခွေးနီပြောသည်ကို ကြားလိုက်သည်၊ "ဒါပေမဲ့ ကိုယ်ခွဲ ကိုးခုက ပုံစံပဲရှိတာ။ တကယ့်ခွန်အားရဲ့ ၃၀% သာ ပဲ ရှိတယိ”

လင်းရှန်သည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။

အကယ်၍ ဝူလောင်သည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပါက သို့မဟုတ် သူ၏ ကိုယ်ခွဲသည် သူကိုယ်တိုင်နှင့် တူညီသော စွမ်းအားရှိလျှင် လင်းရှန်သည် နေရာတွင် လှဲလျောင်းကာ သေခြင်းတရားကို စောင့်ဆိုင်းနေရုံသာပင်။ လွတ်မြောက်ဖို့ ကြိုးစားတာက အလဟသသာ ဖြစ်မည်။

ဒါတောင်မှ လက်ရှိအခြေအနေက အားရစရာမရှိပေ။

ကျင့်ကြံသူသခင်သည် အလွန်အစွမ်းထက်သည်။ ခွန်အား၏ ၃၀%နဲ့ဆိုတောင် ဝူလောင်ကို ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ ဝေးနေသေးသည်။

သူဘာလုပ်သင့်လဲ။

တန်ပြန်အစီအမံများကို အရူးအမူးတွေးရင်း လင်းရှန်၏ အတွေးများသည် ပြေးလွှားနေ၏။

ထိုအချိန်တွင် အနောက်ဘက်မှ သိသိသာသာ ထွက်ပေါ်လာသော အသံသည် လေတိုက်ခတ်သွားသလိုပင်။

လင်းရှန်ဆံပင်များ အဆုံးထိ ထောင်မတ်နေ၏ သူသည် မစဉ်းစားပဲ မြေခွေးနီကို ကောက်ယူလိုက်သည်။ ထို့နောက် သူသည် မြေပြင်ဆယ်မီတာအကွာတွင် လှည့်ပတ်သွား၏  သူသည် အသက်ပင်မရှုဘဲ အမြန်ထရပ်လိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ရသည်။

သူကြည့်လိုက်သောအခါတွင် ချိုကြီးနဲ့ သမင်သည် မိုးတိမ်ကဲ့သို့ ထူထပ်သော အမှုန်အမွှားများ လွင့်စင်သွားကာ ငွေရောင်တောက်တောက် ဖြာထွက်နေသည်ကို သူတွေ့လိုက်ရသည်။

မအော်နိုင်ခင်မှာ ဧရာမချိုကြီးသမင်၏ အသားနဲ့အရိုးတွေဟာ သဲလွန်စမရှိဘဲ တခဏချင်း အရည်ပျော်သွားသည်။

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့  လင်းရှန်ကျောရိုးထဲ အေးစက်မှုတစ်ခု ပြေးဆင်းသွားသလို ခံစားလိုက်ရသည် ။

All Chapters