← Chapters

အမာခံတပည့်

Vol. 96 Ch. 4.947

အမာခံတပည့်

Vol. 96 Ch. 4.947

"လင်ရှို့ ကျေးဇူးပြုပြီး ထွက်သွားပေးပါဦး ငါမင်းအဖေနဲ့ ပြောစရာရှိတယ်"

လုရွှမ် တိုးတိုးလေး ပြောလိုက်သည်။ လီလင်ရှို့က နာခံမှုဖြင့် ထွက်သွားသောကြောင့် လီလင်ခမျာ ဒေါသထွက်သွားရှာသည်။ သူ့သမီးက ဘယ်တုန်းက ဒီလောက် အကျင့်စာရိတ္တ ကောင်းသွားတာလဲ။

ဥယျာဉ်တစ်ခုလုံးတွင် လူနှစ်ယောက်သာ ကျန်ခဲ့တော့သည်။

"ကောင်လေး မင်းက အရမ်းသတ္တိရှိတာပဲ မင်း ငါ့နယ်မြေထဲကို တစ်ယောက်တည်း လာရဲတဲ့အပြင် ငါ့သမီးကိုတောင် ထွက်သွားခိုင်းလိုက်သေးတယ်... မင်းကိုသတ်ချင်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကို မင်းမသိဘူးလား"

သူဒီလိုပြော​ပြီးတဲ့အခါ သူ့ရဲ့ လူသတ်ချင်တဲ့ ​ရည်ရွယ်ချက်ကို လုံးဝ မဖုံးကွယ်ထားဘဲ လုရွဗမ်ဆီကို ပင်လယ်လှိုင်းလုံးကြီးလို တိုးဝင်လာခဲ့သည်။

လုရွှမ်၏ အဝတ်အစားများ လွင့်လူးသွားပြီး သူ့ပါးပြင်ပေါ်ရှိ အရေပြားများ တွန့်သွားသော်လည်း လီလင်အား ခြေတစ်လှမ်းမှ ပြန်မဆုတ်ဘဲ တည့်တည့် ကြည့်နေ​လေသည်။

"ဒါကို ကျွန်​တော်သိတယ်... အကြီးအကဲ အတွက်လည်း အခက်အခဲ မဖြစ်စေချင်ဘူး ဒါကြောင့် လီလင်ရှို့ကို ကျွန်တော်တို့အတွက် ခဏလောက် အချိန်ပေးဖို့ တောင်းဆိုလိုက်တာ..."

လုရွှမ်၏ အသံသည် နှိမ့်ချသံလည်း မပေါ်သလို မာနကြီးသူလည်း မဟုတ်ပေ။

"ဒါဆို မင်းကို ငါသတ်မှာ မဟုတ်ဘူးဆိုတာ မင်းသေချာရဲ့လား"

"အကြီးအကဲရဲ့ စိတ်က အရမ်းမှန်းလို့ မရပါဘူး ဒီအငယ်တန်းက ရိုင်းစိုင်းတဲ့ မှန်းဆချက်တွေကို လုပ်နိုင်ပေမယ့် အကြီးအကဲက ထန်းယွမ်မြို့ရဲ့ နံပါတ်တစ်လူပဲလေ... ဒါကို ထန်းယွမ်ကြယ် တစ်ခုလုံးလည်း သိတယ် ဒါကြောင့် ကောင်းကင်ဘုံသခင် ကျွန်တော့်ကိုသတ်ပြီး ကိုယ့်ကိုကိုယ် အရှက်ရအောင်တော့ လုပ်မှာ မဟုတ်ပါဘူး"

"ဟား ဟား ဟား!"

လီလင်က ရယ်လိုက်သည်။

"ကောင်းကင်ဘုံသခင်... မင်းက ကောင်းကင်ဘုံသခင် ဖြစ်ပြီးတော့ မျှော်စင်နယ်ပယ်က သခင်တွေကို လူကိုယ်တိုင်သတ်ပြီး ဆန်းကြယ်ကောင်းကင် အိမ်တော် အတွင်းစည်းတပည့်ကိုလည်း မျက်တောင်မခတ်ဘဲ သတ်နိုင်တယ်... မင်းလို ပါရမီရှင်ကို လူသေးသေးလေးလို့ ခေါ်သေးရင် ဟားဟား တခြားလူတွေက အမှိုက်တွေလား”

"အိုး ဒါဆို အကြီးအကဲရဲ့ ချီးမွမ်းမှုကို ကျေးဇူးတင်ပါတယ်"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။

"ဒါဆို မင်းဒီနေ့ ငါ့နေရာကိုလာတာ ဘာလုပ်ချင်လို့လဲ"

လုရွှမ် ငါးရောင်ခြယ်လက်ဝါးကို ထုတ်ယူလိုက်သောအခါ လီလင်က လက်မခံချေ။

“မင်းဘာကိုဆိုလိုတာလဲ?"

"ကောင်းကင်ဘုရင် နန်းတော်မှာ ဖြစ်ပျက်ခဲ့သမျှကို အကြီးအကဲဆီကနေ ဖုံးကွယ်ထားလို့ မရဘူးလို့ ထင်ပါတယ်... ဒီအ​ရောင်ငါးရောင်ရှိတဲ့ လက်ဖဝါးတွေရဲ့ ထိရောက်မှုကိုလည်း သိမှာပါ... ကျွန်တော်လာတာက ဒီလက်ဖဝါးကို အကြီးအကဲကို ​ပေးဖို့ လာခဲ့တာပါ"

လုရွှမ်က ပြုံးပြီး သူ့လက်ထဲတွင် ငါးရောင်ခြယ်လက်ဝါးကို ကိုင်ထား​လေသည်။

"ကောင်းကင်ဘုရင် နန်းတော်က အာကာသ လမ်းကြောင်းတစ်ခု ဆိုတာ အကြီးအကဲ သိထားမှာပါ.... ဟုတ်တယ် အဲဒါက မြေကမ္ဘာတွေဆီကို ဦးတည်သွား​နေတဲ့ လမ်းကြောင်းပဲ!"

လီလင် လန့်သွားကာ မျက်လုံးတွေလည်း ပြူးကျယ်လာပြီး သူ့အသံက အံ့သြသွားဟန်ဖြင့်။

"မင်း နောက်နေတာလား?"

လုရွှမ်သည် လီလင်ဟာ အလားတူ ဒဏ္ဍာရီများကို ကြားဖူးသင့်သည်ဟု နားလည်ခဲ့သော်လည်း ၎င်းတို့သည် ဒဏ္ဍာရီများသာဖြစ်ပြီး အခြေအနေ အတိအကျကို သူ မသိထားခဲ့ပေ။

လုရွှမ် ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်ဘုရင် နန်းတော်က အာကာသလမ်းကြောင်းပဲ... ကောင်းကင်ဘုရင်က မြေကမ္ဘာကို သွားဖို့ လမ်းကြောင်း ဖွင့်တဲ့အနေနဲ့ ကောင်းကင်ဘုရင် နန်းတော်ကို ပြန်လည်တည်ဆောက်ခဲ့တာ.... ဒါပေမဲ့ လမ်းကြောင်းကို မဖွင့်ရသေးတာတောင် ဝမ်းနည်းစရာ ကောင်းတယ်"

လုရွှမ်သည် ကောင်းကင်ဘုရင် နန်းတော်ထဲသို့ ဝင်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလျုက်သည်။ ဒါတွေကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ရွှမ်ဝူက သူ့အငွေ့အသက်ကို လွှဲပေးခဲ့တဲ့ အကြောင်းကိုတော့ သူထောက်ပြမှာ မဟုတ်ပါဘူး။

လီလင်ရဲ့ အသက်ရှုသံများက တုန်ခါနေပြီး သူ့မျက်နှာမှာ မသေချာမရေရာ ဖြစ်နေသည်။

"ဒါကိုပေးတယ် ဆိုတော့ ပြောပါ... မင်း ဘာလိုချင်လဲ"

"ကျွန်​တော်ထွက်သွားပြီး တောင်တစ်သောင်းကမ္ဘာကို ပြန်သွားရတော့မယ်.... ပျက်စီးတော့မယ့် ကမ္ဘာက ပြန်သွားကယ်ရမယ် ပြီးတော့ ကျွန်တော် ဒီကနေ ထွက်သွားတဲ့အခါ အကြီးအကဲက ကျွန်တော့်တပည့်တွေနဲ့ သူငယ်ချင်းတွေကို စောင့်ရှောက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

လီလင်သည် လုရွှမ် တွေးထားတာထက် အတွေ့အကြုံများစွာ ရှိ​လေသည်။

"အဲဒီသားရဲတွေ ပေါ်လာပြီးကတည်းက ကောင်းကင်ဘုရင်နန်းတော်ရဲ့ အရေးကိစ္စတွေကို ဖုံးကွယ်ထားလို့ မရဘူးဆိုတာ သိသာပါတယ်... ထန်းယွမ်ကြယ်လည်း တကယ့်ကို ပရမ်းပတာ ဖြစ်သွားလိမ့်မယ်.... မင်း ဒီအချိန်မှာ ထွက်သွားတာ မှန်တယ်!"

"အကြီးအကဲ... ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မှန်ရင် ကောင်းကင်ဘုရင် ဝှက်ထားတဲ့ ရတနာကို ရခဲ့ရင်တောင် မြေကမ္ဘာ နယ်နိမိတ်ရဲ့ လမ်းကြောင်းကို ပြန်ဖွင့်နိုင်မှာ မဟုတ်ဘူး... တခြား တားမြစ်နယ်မြေတွေမှာ အခွင့်အလမ်းတွေ ရှိကောင်းရှိနိုင်တယ်"

လီလင် ခဏလောက် စဥ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ.... ငါမင်းကို ကတိပေးတယ် ဒါပေမယ့် မင်းလည်း ငါ့ကို ရိုးရိုးသားသား ပြန်ပြောရမယ်.... ငါ့သမီးလင်ရှို့နဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ? အဲဒီမိန်းကလေးတွေနဲ့ မင်းရဲ့ ဆက်ဆံရေးကရော ဘယ်လိုလဲ?"

လုရွှမ်လည်း လီလင်ဟာ ဖခင်တစ်ယောက်အနေနဲ့ ဒီမေးခွန်းတွေကို မမေးလညရင် သူ့သမီးကို လုံးဝ ဂရုမစိုက်ဘူးလို့ ဆိုလိုတာဖြစ်ပြီး သူကလည်း ဒီလိုလူကို ဘယ်တော့မှ ယုံမှာမဟုတ်ပါဘူး။

"အကြီးအကဲ... စိတ်မပူပါနဲ့ ကျွန်တော်တို့က ညီအကိုမောင်နှမတွေလိုပဲ... ကျွန်တော်က သူမကို ညီမငယ်တစ်ယောက်လို ဆက်ဆံပြီး သူမကလည်း ကျွန်တော့်ကို အစ်ကိုတစ်ယောက်လိုပဲ ဆက်ဆံတယ်... ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးမျိုး မရှိဘူး လီလင်ရှို့က အရမ်းလိမ္မာပါတယ် ဒါပေမဲ့ သူ့ဘေးနားမှာ အပေါင်းအဖော်တွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ မရှိဘူး... ကျွန်တော် သူ့အတွက် ဧကရာဌ်လက်နက်ကို ကိုယ်တိုင် သန့်စင်ထားတာ အကြီးအကဲလည်း သိမှာပါ ဒါပေမဲ့ အဲဒါကလည်း သူ့လက်ထဲမှာ မရှိဘူး"

လီလင်၏ မျက်နှာသည် မည်းမှောင်သွားပြီး သူ့မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာသည်။

"ကောင်းပြီ ငါနားလည်ပြီ မင်းသူတို့ကို သွားနှုတ်ဆက်လိုက်ပါ.... ပြီးတော့ မင်းကို အဝေးကိုပို့ဖို့ ပို့ဆောင်ခြင်းအစီအရင်ကို ငါသုံး​ပေးမယ်!"

အချိန်အတော်ကြာ စကားပြောပြီးနောက် လုရွှမ်လည်း သူ့ကို ကျေးဇူးတင်ကြောင်း အမြန်ပြောကာ လှည့်ထွက်လာခဲ့သည်။ လုရွှမ် ထွက်သွားပြီးနောက် လူလတ်ပိုင်းအရွယ် ချောမောလှပသည့် အမျိုးသမီးတစ်ဦး ထွက်လာ၏။ သူမက လီလင်၏ဇနီးနှင့် လီလင်ရှို့၏မိခင် ဖန်ချင်းပဲ ဖြစ်သည်။

"လုရွှမ် ပြောတာကို မင်း ယုံသလား"

"အင်း သူက စကားများများ မပြောတတ်ဘူး... အများစုကတော့ တချို့အရာတွေကို အပြည့်အ၀ မရှင်းပြတတ်ဘူး ဒါပေမဲ့ ရှို့အာအပေါ် တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာတော့ အမှန်ပါပဲ"

လီလင်က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။

"ဟူး... ဒီကောင်လေး ဒီလောက် အရည်အချင်းရှိဖို့ ငါ မမျှော်လင့်ထားဘူး ဒီကောင်လေး တစ်ခုခု ဆိုးဖို့ ကြံစည်နေမှာကို စိုးရိမ်ပေမယ့် အခုတော့ သနားစရာပဲ.... သူသာ ငါ့သမက်ဖြစ်လာရင် နှစ်ထောင်ပေါင်းများစွာ အတွင်း ကြယ်တစ်သောင်းကမ္ဘာကြီး တစ်ခုလုံးကို လီမိသားစုက အုပ်ချုပ်သွားနိုင်လိမ့်မယ်"

အမျိုးသမီးက ရယ်မောရင်း။

"ရှို့အာ သူ့ညီမ ဖြစ်ခဲ့ရင်လည်း အရမ်းကောင်းမယ်လို့ ထင်တယ်.... အဲဒီကောင်လေးက ချစ်ခင်ကြင်နာတတ်ပြီး ဖြောင့်မတ်ပေမယ့် သူ့အရည်အချင်းက မြင့်မားလွန်းတယ် ကြယ်တစ်​သောင်း​ကမ္ဘာက သူ့ရဲ့ အဆုံးသတ်တော့ မဟုတ်နိုင်ဘူး... လင်ရှို့သာ သူ့နောက်ကို လိုက်ရင် ကြွယ်ဝလာမှာပဲ မဟုတ်ဘူးလား?"

"မှန်တယ်... ဒီကောင်လေးကို အခု ကူညီပေးလိုက်ရင် လီမိသားစု တစ်ခုလုံးက သူ့ဂရုစိုက်မှုအောက်မှာ ရှိနေလိမ့်မယ်!"

ထိုအချိန်တွင် လီလင်ရှေ့တွင် ဓားပျံတစ်ခု ပေါ်လာပြီး သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

"ဘာဖြစ်နေတာလဲ? တစ်ခုခုဖြစ်သွားတာလား?"

လီလင်မှာ ဒေါသထွက်သွားသလို ရယ်လည်း ရယ်နေ​လေသည်။

"ဒီကလေးက ငါ့ဆီ ရည်ရွယ်ချက်ရှိရှိ ခိုလှုံလာခဲ့တာ ဖြစ်မယ်.... သူက ဆန်းကြယ်ကောင်းကင် အိမ်တော်ကြီးရဲ့ အမာခံတပည့် တစ်ယောက် ရောက်​နေပြီ"

"ဆန်းကြယ်​ကောင်းကင် အိမ်တော်ရဲ့ အမာခံတပည့်?"

လူနှစ်ယောက်လုံး သူတို့ရဲ့ အမူအရာတွေကို ပြောင်းလဲဖို့ မတတ်နိုင်ခဲ့ပေ။ ဆန်းကြယ်ကောင်းကင် အိမ်တော်သည် အလွန်ထူးဆန်းသော တည်ရှိမှု ဖြစ်ပြီး နန်းတော်သခင်အပြင်၊ အကြီးအကဲများ၊ အမာခံတပည့်များ၊ ထို့နောက်မှ အတွင်းစည်းတပည့်များ၊ အပြင်စည်းတပည့်များ ဖြစ်သည်။

အမာခံတပည့်တိုင်းသည် ထူးထူးခြားခြား ခွန်အားနှင့် အနည်းဆုံး မျှော်စင်နယ်ပယ်က သခင်ဖြစ်သည်။ ဒါပေမဲ့ အမာခံတပည့်တွေက အပြင်ကို လွယ်လွယ်နဲ့ မထွက်ကြဘူး။ အပြင်ထွက်လာရင်လည်း ကြီးကြီးမားမားဖြစ်မှာ သေချာလေသည်။

"လုရွှမ်ကိုတွေ့ဖို့ လာတာလား"

"ဟုတ်တယ် လုရွှမ်က ကိုယ်တို့နဲ့ အတူရှိနေတာကို လူတိုင်းသိတယ်... သူက နှုတ်ခွန်းဆက်ကတ်တစ်ခု ပို့ပြီး တောင်ပေါ်ကို တက်လာခဲ့တာ.... သခင်မ ကိုယ်တို့အပြင်ထွက်ပြီး အတူတူတွေ့ကြရအောင်"

လုရွှမ်လည်း သတင်းကြားပြီး တံခါးဝသို့ လိုက်သွားခဲ့သည်။

​တောက်ဓမ္မဝတ်စုံ ဝတ်ထားသော အမျိုးသမီးတစ်ဦးသည် လီမိသားစု နေထိုင်ရာ တံခါးဝ၌ ရပ်ကာ အဝေးကရှုခင်းကို လှမ်းကြည့်နေတာကိုတွေ့လိုက်ရသည်။ အနောက်က အသံကိုကြားတော့ သူမက လှည့်ပြီး ဦးညွှတ်လိုက်သည်။

"အကြီးအကဲလီနဲ့ သခင်မလီကို ဒီအငယ်တန်း ဖုန့်ဖေးက ယဉ်ကျေးစွာနဲ့ ဂါဝရပြုပါတယ်"

All Chapters