မြင့်မြတ်သော နတ်တောင်တန်းဆီက ပြောင်းလဲမှု
Vol. 96 Ch. 4.948
ပြုပြင်မွမ်းမံခြင်း သို့မဟုတ် ဟန်ဆောင်မှု မရှိဘဲ သန့်ရှင်းလတ်ဆတ်သော ပါးပြင်တစ်ခုသည် လူတစ်ဦး၏ နှလုံးသားထဲသို့ တိုက်ရိုက်ကြည့်နေသော ကြည်လင်သော ရေကန်ကဲ့သို့ လန်းဆန်းပြီး သန့်စင်သည်ဟု ထင်မြင်စေသည်။
သို့သော် သူမကို ကြည့်သောအခါ လုရွှမ်သည် နွေဦးလေညင်းကဲ့သို့ ခံစားခဲ့ရသည်။ တစ်ဖက်သား၏ အမူအရာနှင့် လှုပ်ရှားမှုများတွင် တမင်ရည်ရွယ်ချက်များ မရှိ၊ ၎င်းတို့သည် တောင်များနှင့် မြစ်များကို လျစ်လျူရှုကာ ပျော်ရွှင်နေခဲ့ကြသည်။
ဖုန့်ဖေး?
လီလင်၏ မျက်လုံးများ တောက်ပလာပြီး သူ့ဇနီးကို ကြည့်လိုက်သည်။ ဖန်းချင်း၏ မျက်နှာသည်လည်း စိတ်လှုပ်ရှားမှုများကို ပြသလာခဲ့ကာ သူမသည် ဖုန့်ဖေးကို ချစ်ခင်စွာ ကြိုဆိုရန် ခြေလှမ်းပြင်လာသည်။
"ဖုန့်ဖေး.... နှစ်ပေါင်းနှစ်ရာ နီးပါးတောင်ရှိသွားပြီ မင်း ကြီးပြင်းလာခဲ့ပြီပဲ... မင်းက အရမ်းလှလွန်းလို့ မင််းအဒေါ်ငါတောင် မင်းကို မမှတ်မိတော့ဘူး "
ဖုန့်ထေးရဲ့ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ရှိနေပါသည်။
"ဒေါ်လေး.... ဖုန့်ဖေးက ဒေါ်လေးနဲ့ အကြီးအကဲတို့ရဲ့ ဟိုတုန်းက ပေးခဲ့တဲ့ ကြင်နာမှုတွေကို ဘယ်တော့မှ မမေ့ပါဘူး မတွေ့တာကြာပြီနော်။”
"မင်းဘာတွေ ပြောနေတာလဲ မြန်မြန်ဝင်ခဲ့!"
ဖုန့်ဖေး၏ မျက်လုံးများကလည်း နီရဲလာပြီး သူမသည် ဖန်းချင်းလက်ကို လျင်မြန်စွာ ဆွဲကာ လီအိမ်တော်ထဲသို့ လိုက်ဝင်သွားခဲ့သည်။
ထို့နောက် ဖန်းချင်းသည် သူမကို လီလင်ရှို့နဲ့ မိတ်ဆက်ပေးလိုက်သည်။ လီလင်ရှို့က သူမကို အစ်မဟုခေါ်ကာ ဖုန့်ဖေးလည်း သူမလေးက လီလင်ရဲ့ အဖိုးတန်သမီးတော်၊ ထန်းယွမ်ကြယ် တစ်ခုလုံးရဲ့ မင်းသမီးငယ်လေး ဖြစ်ကြောင်း သိလိုက်သည်။
လုရွှမ်ကို တွေ့သောအခါ သူမက ဖျတ်ခနဲ ပြုံးလိုက်ပြီး။
"ကျင့်ကြံသူလုရွှမ်... ကျွန်မတို့ နောက်ဆုံးတော့ တွေ့ရပြီပေါ့"
လီလင်ရှို့ အံ့အားသင့်သွားပြီး ဖုန့်ဖေးရဲ့ လက်ကို တစ်ဖက်မှ လှုပ်ယမ်းလိုက်သည်။
"အစ်မဖုန့်ဖေး... အစ်မ အစ်ကိုလုရွှမ်ကို ပြဿနာ လာရှာတာတော့ မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး.... ငါတို့ ဆန်းကြယ်ကောင်းကင် အိမ်နော်က ပိုင်တဲ့ ရတနာတစ်ခုကို ပြန်ယူဖို့ ဒီကို ရောက်လာတာ..... အဲဒါက သခင်လေးလုရွှမ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတယ်... သခင်လေးလုရွှမ် ကျွန်မတို့ဆီ အခု ပြန်ပေးနိုင်မလား"
ဖုန့်ဖေးက လုရွှမ်ကို ကြည့်ရင်း လက်ဖဝါးကို ဖြန့်ကာ တိုက်ရိုက်ပဲ မေးလိုက်သည်။ လီလင်နဲ့ ဖန်းချင်းတို့ နှစ်ယောက်စလုံးက အနည်းငယ် ရှက်သွားပုံရပြီး လုရွှမ် ဆန်းကြယ်ကောင်းကင် အိမ်တော်က ဘာယူသွားသလဲ ပို၍ပင် သိချင်လာခဲ့သည်။
ဆရာကြီးချွန်းရှောက်က သူ့တပည့် ဖုန့်ဖေးကို လာတောင်းဖို့ စေလွှတ်လိုက်တယ် ဆိုတော့ အရေးကြီးတဲ့ အရာပဲ ဖြစ်လိမ့်မည်။ လုရွှမ်လည်း ပြုံး၍ အခင်းအကျင်း ကောင်းကင်စာအုပ်ကို ဖုန့်ဖေးအား ပြန်ပေးလိုက်ပါသည်။
လီလင်၏ မျက်လုံးများ တောက်ပလာပြီး ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်လာသည်။ ဤအရာသည် ဆန်းကြယ်ကောင်းကင် အိမ်တော်က အဖိုးတန်ဆုံး ရတနာများထဲမှ တစ်ခုဖြစ်သော အခင်းအကျင်း ကောင်းကင်စာအုပ် ဖြစ်ကြောင်း သူသိသည်။ ဟိုးရှေးရှေးတုန်းက ဆန်းကြယ်ကောင်းကင် အိမ်တော်က အကြီးတန်းတစ်ယောက်ဟာ ကျောက်တုံးတစ်တုံးကို တွေ့ခွင့်ရခဲ့ပြီး အဲဒီကနေ အခင်းအကျင်း ဖွဲ့စည်းခြင်းရဲ့ လျှို့ဝှက်ချက်တွေကို သင်ယူခွင့်ရခဲ့တဲ့ ဒဏ္ဍာရီတစ်ခုလို ဖြစ်လာခဲ့လေ၏။
ဆန်းကြယ်ကောင်းကင် အိမ်တော်ဟာ တဖြည်းဖြည်း ကြီးပွားလာပြီး ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် အင်အားအရှိဆုံး အင်အားစု ဖြစ်လာသည့် အကြောင်းအရင်းမှာ ဤစာအုပ်ထဲက အခင်းအကျင်း ဖွဲ့စည်းမှုများ၏ အကူအညီဖြင့် အတိအကျ ဖြစ်ကြောင်း ဒဏ္ဍာရီအရ သိရသည်။
ဒါပေမဲ့ ပျောက်သွားခဲ့တာ တော်တော်ကို ကြာသွားခဲ့ပြီမလို့ ပြန်တွေ့ရမယ်လို့ မမျှော်လင့်ထားပါဘူး။ ဒီကောင်လေးရဲ့ ကောင်းချီးတွေက တကယ်ကို ကျယ်ပြန့်လွန်းပေ၏။ ဖုန့်ဖေးက သေသေချာချာ စစ်ဆေးပြီး ကောင်းကင်စာအုပ်ကို သေသေချာချာ သိမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေးလုရွှမ်... နောင်မှာ မင်း လွတ်လွတ်လပ်လပ် နေရင်း ဆန်းကြယ်ကောင်းကင် အိမ်တော်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်... ကျွန်မတို့ ဆန်းကြယ်ကောင်းကင် အိမ်တော်က မင်းကို ကြိုဆိုဖို့ သေချာ ပြင်ပေးပါမယ်"
လူတော်တော်များများက လုရွှမ်ကိုသာ ကြည့်နေကြသည်။
"နောက်ပိုင်း အချိန်ရရင်ပေါ့!"
"ကောင်းပြီ တခြားအကြောင်း မပြောပါတော့နဲ့.... ဖုန့်ဖေး မြန်မြန် ဝင်လာပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မင်းဘယ်လိုဖြစ်ခဲ့လဲ ဆိုတာ ဒေါ်လေးကို ပြောပြပါဦး"
လီလင်လည်း လုရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီး သူတို့နှစ်ဦးသည် ဘေးခန်းတစ်ခုထဲသို့ ၀င်သွားကြသည်။
"ဒီအချိန်မှာ ဖုန့်ဖေးသာ ရောက်မလာဘူးဆိုရင် မင်းမှာ အခင်းအကျင်း ကောင်းကင်စာအုပ် ရှိနေတုန်းပဲဆိုတာ ငါသိလိုက်မှာတောင် မဟုတ်ဘူး"
ဒါက ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးနဲ့ ဝမ့်ကမ္ဘာတွေထဲက တစ်ခုမှာတောင် မဟုတ်တဲ့ လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အမြဲရှိနေခဲ့လေသည်။
ယခုအချိန်တွင် ကောင်းကင်စာအုပ်သည် ဖုန့်ဖေး၏လက်ထဲတွင် ရှိနေပြီ။ ဆန်းကြယ်ကောင်းကင် အိမ်တော်၏ အမာခံတပည့် တစ်ဦးအဖြစ် ဖုန့်ဖေး၏ ဝိသေသလက္ခဏာကို မဖော်ပြထားသော်လည်း ၎င်းတို့၏ ယခင်ဆက်ဆံရေးနှင့်ပင် လီလင်သည် လှုပ်ရှား ဆောင်ရွက်ခြင်း မပြုနိုင်တော့ဘဲ ကောင်းကင်စာအုပ်ကို လွှဲပေးလိုက်ရပြီ ဖြစ်သည်။
"အကြီးအကဲ ဒီအငယ်တန်းကလည်း အဲဒါကို မတော်တဆ ရလိုက်တာပါ"
လုရွှမ်သည် ကောင်းကင်စာအုပ်ကို ရယူခြင်းဖြစ်စဉ်ကို ပြန်ပြောပြခဲ့ပြီး လီလင်သည်လည်း ထပ်ခါတလဲလဲ သက်ပြင်းချကာ လုရွှမ်ဟာ ထူးခြားသော အခွင့်အရေးကို ရရှိခဲ့ကြောင်း ညည်းတွားခဲ့သည်။
"ကောင်လေး... မင်းမှာ တခြားကောင်းကင်စာအုပ်တွေ ရှိလား ဒါမှမဟုတ် ကောင်းကင်စာအုပ်အစစ်ကို ဖတ်ပြီးပြီလား... ဒါကြောင့် ဒီကူးထားတာကို ဆန်းကြယ်ကောင်းကင် အိမ်တော်ကို ပြန်ပေးခဲ့တာလား? မင်းဘာလို့ ငါ့ကို တစ်ချက် ကြည့်ခွင့်မပေးတာလဲ"
လုရွှမ်သည် လီလင်အား အမူအရာ ကင်းမဲ့သော ပုံစံဖြင့်ကြည့်ရင်း ဘာမှ မပြောဘဲ ခေါင်းသာခါလိုက်လေသည်။ လီလင်လည်း ချောင်းဆိုးပြပြီးနောက် တည်ငြိမ်မှု ပြန်ရလာခဲ့သည်။
"ကောင်းပြီ.... ငါ စိတ်တည်ငြိမ်မှု ပျောက်သွားတယ် မင်းဟာ ဉာဏ်ကောင်းပြီး ကူးယူချန်ထားရမယ့် အန္တရာယ်ကို သိတာပဲ... အဲဒီနေ့မှာပဲ နတ်နဂါး ကောင်းကင်စာအုပ်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီ... မင်းဘယ်လောက်ပဲ ကံကောင်းနေပါစေ ရလာမှာ မဟုတ်ဘူး အဲဒါကို မင်းဘယ်လိုမြင်လဲ?"
"ကောင်းပါပြီ အကြီးအကဲ... ဒီအငယ်တန်းရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ကောင်းကင်ဘုရင်ရဲ့ နန်းတော်မှာ ပုန်းအောင်းနေတဲ့ အရာက အခင်းအကျင်း ကောင်းကင်စာအုပ် ဖြစ်နိုင်ပါတယ်"
လီလင် တုန်လှုပ်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။
"မင်း မှန်ပါတယ်... ကောင်းကင်ဘုရင်ရဲ့ ကျင့်ကြံမှုက တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်တယ်... ဒါပေမဲ့ သူက မြေကမ္ဘာဆီသွားမယ့် လမ်းကြောင်းကို ဖွင့်ပေးချင်တယ် ဆိုရင်တော့ စွမ်းအားသာမက အခင်းအကျင်းရဲ့ ကြီးမားတဲ့ အကူအညီကိုလည်း လိုအပ်လိမ့်မယ်"
"ကောင်းကင်ဘုရင်နန်းတော်ထဲက ဥမင်လိုဏ်ခေါင်း အခင်းအကျင်းက အမြဲတမ်း တားမြစ်နယ်မြေတစ်ခု ဖြစ်နေခဲ့တာ... အခင်းအကျင်း ဖွဲ့စည်းရခြင်းရဲ့ အကြောင်းရင်းကလည်း ကောင်းကင်ဘုရင်က အခင်းအကျင်း ကောင်းကင်စာအုပ် အစစ်အမှန်ကို ထိန်းချုပ်ထားလို့ပဲ ဖြစ်ရမယ်.... မဟုတ်ရင် ဒီလိုမှော်ဆန်တဲ့ နန်းတော်ကြီးကို ဘယ်လိုလုပ် တည်ဆောက်နိုင်မှာလဲ ဒါသေချာပေါက် ကောင်းကင် စာအုပ်ပဲဆိုတာ သံသယဖြစ်စရာတောင် မလိုဘူး”
လီလင်သည် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးက အမည်ခံနံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်ထိုက်သူ ဖြစ်ပေသည်။
"ကောင်လေး... မင်းမှာ ဒီလိုပဲ ထွက်သွားလိုက်ဖို့ တကယ်စိတ်ရှိရဲ့လား"
လုရွှမ် ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး။
"အကြီးအကဲက ဒီအငယ်တန်းက တကယ်ပဲ သန်မာတယ်လို့ ထင်နေတာလား? အဲဒါက ဝေးနေသေးတယ် ဒီရေလှောင်ကန်မှာ နေနေရတာကတင် သေခြင်းတရားကို လက်ဖြန့်တောင်းနေသလိုပဲ..... တတ်နိုင်သမျှ ခပ်ခွာခွာနေလိုက်တာ ပိုကောင်းပါတယ်"
"ဒါ့အပြင် ဒီအငယ်တန်းက ပြန်လာမှာပါ....မြေကမ္ဘာဆီး တကယ် လမ်းဖွင့်ပေးနိုင်မယ် ဆိုရင် ဒီအငယ်တန်းက လက်လွှတ်လို့ ဘယ်ဖြစ်မလဲ?"
ဖုန့်ဖေးသည် လီလင်၏ဇနီး ဖန်းချင်း အပြင်မှ သယ်လာသည့် ကလေးလေးဖြစ်ပြီး သူမသည် ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးလုနီးပါး ဖြစ်သွားသော်လည်း သူတို့နှစ်ဦးက ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော် သူမအသက်ခုနစ်နှစ်အရွယ်တွင် ဆန်းကြယ်ကောင်းကင် အိမ်တော်မှ ဆရာကြီးချွန်းရှောက်က အလည်လာရင်း သူ့တပည့်အဖြစ် ခေါ်သွားခဲ့သည်။
နှစ်ယောက်သားက ဖုန့်ဖေးကို ဆွေမျိုးများအဖြစ် လုံးဝမှတ်ယူကြပြီး လုရွှမ်နဲ့ လီလင်ရှို့တို့ကပါ ပါဝင်၍ ဂုဏ်ပြုညစာစားပွဲကို ကျင်းပပေးခဲ့သည်။ လုရွှမ်မှာ ဖြစ်နိုင်ရင် ချက်ချင်း ထွက်သွားတာ အကောင်းဆုံးပဲလို့ ထင်ပေမယ့် ဖုန့်ဖေူက သူ့ကို ပုဂ္ဂိုလ်ရေးအရ ဖိတ်တဲ့အတွက် သူ့မှာ ခဏဆက်နေနေရလေသည်။
"ဦးလေးလီနဲ့ ဒေါ်လေးတို့.... ဖုန့်ဖေးတို့ သိပ်အကြာကြီး နေလို့မရဘူး... ကောင်းကင်စာအုပ်ကို ယူပြီးတာနဲ့ ချက်ချင်း ထွက်သွားရမယ် မြင့်မြတ်တဲ့ နတ်တောင်ပေါ်မှာ နားမလည်နိုင်တဲ့ အပြောင်းအလဲတွေ ရှိနေတယ်...ကောင်းကင်ဘုရင် နန်းတော်ရဲ့ လှုပ်ရှားမှုက ကျယ်လောင်လွန်းတော့ ကျွန်မတောင်ပေါ်ကိုလည်း ရောက်လာတယ် ဒါကြောင့် ကျွန်မတို့ ဆန်းကြယ်ကောင်းကင် အိမ်တော်က ကျင့်ကြံသူတွေလည်း အဲဒီကို သွားနေပြီမလို့ ကျွန်မလည်း မြန်မြန် သွားရမှာ"
လုရွှမ်သည် ရွှီထျန်းလျောက်ဆီက နတ်တောင် အကြောင်းပြောနေတာကို ကြားလိုက်သေးသည်။ ၎င်းသည် တိုက်ပွဲငယ် တစ်ခုမျှသာ ဖြစ်သည်ဟု သူထင်ခဲ့သော်လည်း ယခု ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ အမာခံတပည့်များပင်လျှင် သွားနေကြရာ အခြေအနေသည် ပို၍ခက်ခဲပြီး အန္တရာယ်များလာမည်ဟု သူ မထင်ထားခဲ့ပေ။
"ဘာဖြစ်လို့လဲ"
လီလင်နဲ့ ဖန်းချင်းတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ညီတစ်ညာတည်း မေးလိုက်သည်။ ထန်းယွီကြယ်က နံပါတ်တစ် မိသားစုအနေဖြင့် ၎င်းတို့သည် ကြယ်တစ်သောင်းကမ္ဘာက အရာများစွာကို သဘာဝအတိုင်း အထူးအာရုံစိုက်ကြရသည်။
ယခုအချိန်တွင် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် ထူးခြားတဲ့ အရာများက ပိုပိုများလာပြီ ဖြစ်သည်။
ပထမဆုံး အနေဖြင့် သန့်ရှင်းတဲ့ အပျက်အစီးများ ပျောက်ကွယ်သွားသည်။ ထို့နောက် ကောင်းကင်ဘုရင် နန်းတော်ထဲ အပြောင်းအလဲများ ရှိခဲ့သည်။ ယခု မြင့်မြတ်သော နတ်တောင်နှင့် နောက်ထပ် ပြဿနာတစ်ခု ရှိလာပြန်ပြီ။ သူတို့ကြားက ဆက်နွယ်မှု မရှိဘူးလို့ ပြောရရင် တကယ့်ကို မယုံနိုင်စရာပါပဲ။