လုရွှမ်?
Vol. 96 Ch. 4.951
"အဲဒီလူက ထုံးထျန်းတောင်ထွတ် ရှိတဲ့နေရာကို လိုက်ရှာနေတာတဲ့...တပည့်တွေက သတင်းပို့တယ် အဲဒီလူကို မင်း ဆက်သွယ်ချင်တာလား"
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် အဓိကဂိုဏ်းကြီး ရှစ်ခု၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားသည်။ နဂါးရေငွေ့တောင်က ဂိုဏ်းခေါင်းဆောင်သည်လည်း အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ အရင်ဂိုဏ်းချုပ် ဂိုဏ်းကို သစ္စာဖောက်ပြီးကတည်းက ဂိုဏ်းကြီးရှစ်ခုသည် သစ္စာဖောက်များ နောက်ယောင်ခံ လိုက်လာမည်ကို စိုးရိမ်သဖြင့် တပည့်များကို အလွန်တင်းကြပ်ထားသည်။
ယခု သူတို့ အသက်ရှင်ရခြင်း အကြောင်းရင်းမှာ ၎င်းတို့၏ ကျင့်ကြံမှုကြောင့် မဟုတ်ဘဲ ထုံးထျန်းတောင်ထွတ်၏ လျှို့ဝှက်ချက်ကြောင့် ဖြစ်သည်။ သစ္စာဖောက်များကို မိတ်ဆက်မည်ဆိုပါက ၎င်းတို့ကို စောင့်မျှော်နေသည့် အရာမှာ မျိုးနွယ်စု ပျက်သုဉ်းခြင်းသာ ဖြစ်သည်ဟု ယူဆနိုင်သည်။
"ဟူး... လုရွှမ်နဲ့ ဓားနတ်ဆိုးတို့ ဘယ်လိုနေလဲ မသိဘူး"
ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် လော့ချောင်ဖုန်းရ ရုတ်တရက် သက်ပြင်းချကာ ဆိုလိုက်လေသည်။ ဂိုဏ်းချုပ်များ အားလုံးသည် ၎င်းတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သော လုရွှမ်နှင့် ကျန့်မော်တို့ ပျောက်ဆုံးသွားသည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သည်။
ဆယ်နှစ်ကြာမယ်လို့ မူလက သဘောတူထားပေမယ့် အခု တောင်တစ်သောင်းကမ္ဘာရဲ့ အပြောင်းအလဲတွေကို ကြည့်လိုက်ရင် ဆယ်နှစ်လောက် ကြာလို့ သူတို့တကယ် ပြန်လာရင်တောင် တောင်တစ်သောင်းကမ္ဘာက ရှိတော့မှာ မဟုတ်ဘူး။
"တစ်စုံတစ်ယောက်နဲ့ အဆက်အသွယ် လုပ်ထားတာက ပိုကောင်းပါတယ်.... အဲဒီလူက ပင်လယ်သားရဲ ဒါမှမဟုတ် လှောင်အိမ်သခင်က စီထားတဲ့ စစ်တုရင်အပိုင်းဆိုရင် သူသေရင်တောင် ထုံးထျန်းတောင်ထွတ်ရဲ့ တည်ရှိမှုကို သေချာပေါက် ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး!"
လုရွှမ်သည် ယခုအခါတွင် ဂိုဏ်းကြီးရှစ်ခုစလုံးသို့ လှည့်လည်သွားလာရင်း ငြီးငွေ့နေပြီ ဖြစ်သည်။ သူသည် ပင်လယ်ကြမ်းပြင်ထဲ နစ်မြုပ်နေသော ဂိုဏ်းကိုသာ မြင်လိုက်ရကာ လူတွေက တစ်ယောက်မှ မရှိတော့ချေ။
အဲဒီပင်လယ်သားရဲတွေဟာ ညှဉ်းပန်းနှိပ်စက် ခံရပြီးနောက် ပါးစပ်ကနေ နောက်ဆုံးတော့ ထုံးထျန်းတောင်ထွတ် တည်ရှိနေတာကို သိလိုက်ရသည်။ ဒါပေမဲ့ အဲဒါက ဘယ်မှာလဲ ဆိုတာတော့ ဘယ်သူမှ မတွေ့ခဲ့ကြ။
ပင်လယ်သားရဲတွေက အဲဒီအကြောင်းကို ဘာမှမသိကြဘဲ မှော်ဆန်တဲ့ နေရာတစ်ခုလို့သာ ပြောကြပြီး အဲဒီနေရာမှာ နောက်ဆုံး လူသားတွေ ရှိပါသေးပေမယ့် ဘာသဲလွန်စမှ မရရှိခဲ့ပါဘူး။
လှေငယ်လေး တစ်စင်းကို လွှင့်ပစ်လိုက်ပြီး လုရွှမ် လှေငယ်လေးပေါ်တွင် ဝင်ထိုင်နေလိုက်သည်။ သူရုပ်ပိုင်းဆိုင်ရာ မောပန်းခြင်း မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေလေသည်။
သူ့စိတ်ထဲတွင် ရုတ်တရတ် လှုပ်ရှားသွားရင်း လုရွှမ်သည် လှေပေါ်မှ ခုန်ဆင်းလာပြီး သူ့နောက်မှ လိုက်လာနေသော လှောင်အိမ်လူသားကို ဖမ်းမိပြန်သည်။ စုံတွဲတစ်တွဲဖြစ်ပြီး အမျိုးသားကိုတော့ အောင်းရှောင် လို့ ခေါ်ပြီး အမျိုးသမီးကိုတော့ ထျန်းကျန်းလို့ ခေါ်ပါသည်။
သူတို့နှစ်ဦးသည် လှောင်အိမ်ထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ကာ ယခုအချိန်အထိ ဘယ်လို အသက်ရှင်နေနိုင်လဲ ဆိုတာကို ကောင်းကင်ကပဲ သိလိမ့်မည်။ ၎င်းတို့အားလုံးသည် မျှော်စင်နယ်ပယ်က သခင်များဖြစ်ပြီး သူတို့စွမ်းရည်က ကြယ်တစ်သောင်းကမ္ဘာရှိ မျှော်စင်နယ်ပယ် သခင်များထက် မနိမ့်ကျပေ။
လုရွှမ်ဟာ ကြယ်တစ်သောင်းကမ္ဘာမှာ သူ သတ်ပစ်နိုင်မယ့် မျှော်စင်နယ်ပယ် သခင်တွေ အများကြီး မရှိပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ပူးတွဲတိုက်ခိုက်မှုရဲ့ လျှို့ဝှက်နည်းလမ်းများကို အမှန်တကယ် သိကြသည်။ အစွမ်းကုန် ကြိုးစားခဲ့မယ်ဆိုရင်တောင် သူရဲ့ နောက်ဆုံးဝှက်ဖဲကို အသုံးချရလိမ့်မည်။
တိုက်ခိုက်လာခဲ့တာ အချိန်ကြာလာသည်နှင့်အမျှ အခြားသော လှောင်အိမ်သခင်များနှင့် ပင်လယ်သားရဲများ ရောက်လာသော်လည်း လုရွှမ်ဆီက ထွက်ပြေးခဲ့ကြရသည်။ မထင်မှတ်ပဲ ဒီလူနှစ်ယောက်နဲ့ ထပ်တွေ့ပြန်ပြီ။
"မင်းတို့နှစ်ယောက်.... ငါမင်းတို့ကို မသတ်နိုင်ဘူးလို့ ထင်နေတာလား"
လုရွှမ်က ဒေါသတွေအပြည့်နဲ့ သူ့ဓားကို ဆွဲထုတ်ပြီး သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။ အောင်းရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။
"ဟုတ်ပါတယ် မင်းကို ငါတို့ မသတ်နိုင်ဘူး.... ရိုးရိုးသားသားပြောရရင် ငါတို့ မင်းကို သတ်လို့မရဘူး.... ဒါပေမဲ့ ငါတို့လင်မယား သိချင်နေတာက မင်းက ဘယ်သူလဲ မင်းက လေထုထဲကနေ ထွက်လာခဲ့တာ မင်းနဲ့ပတ်သက်တဲ့ သတင်းကို ငါတို့ ရှာမတွေ့ဘူး”
ထျန်းကျန်းက "ကျစ် ကျစ်... ဒါက ကောင်းကင်ဘုံသခင်လေး ဒါပေမဲ့ ငါတို့လို မျှော်စင်နယ်ပယ်နဲ့ ယှဉ်နိုင်တာ မင်းမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် ရှိရမယ်!"
လုရွှမ် အေးစက်စွာ ရယ်လိုက်သည်။
"မင်းတို့က ရတနာကို သိမ်းဖို့ ကြိုးစားနေတာပဲ... ရယ်စရာကောင်းလိုက်တာ ရတနာကို သိမ်းဖို့ ကြိုးစားနေတုန်း အသက် ဆုံးရှုံးလိုက်ရမှာ မကြောက်ဘူးလား?"
လုရွှမ်သည် သူ့ဝိညာဉ်စွမ်းအားကို ခွဲထုတ်ပြီး နှစ်ယောက်သားရဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်နေသည်။ သူတို့ထဲက ထပ်ပြီး ရန်လိုနေရင်တော့ သူ့ရဲ့ မျှော်စင်ကို နည်းနည်းလောက် သုံးစွဲဖို့ စိတ်မကူးဘဲ ယွမ်ယန်ဓားကိုးစင်းရဲ့ ခြောက်ခုမြောက် ဓားကို အသုံးပြုပြီး လူနှစ်ယောက်ကို သတ်ပစ်လိုက်မှာပင်။
"မင်း ထုံးထျန်းတောင်ထွတ်ကို ရှာနေတာလား... အဲ့နေရာက မှော်ဆန်တဲ့နေရာ တစ်ခုပဲ မင်းနဲ့အတူ တစ်စုံတစ်ယောက်မှ မပါဘူးဆိုရင် ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.... မင်းရှေ့ရောက်နေရင်တောင် မမြင်နိုင်သလို ထိလို့မရဘူး..."
"ပြီးတော့ မင်းကို ဆက်သွယ်ဖို့ ကြိုးပမ်းနေတဲ့ လူသားတွေလည်း ရှိတယ် ဆိုတဲ့ သတင်းလည်း ရခဲ့ပါတယ်... ကံမကောင်းစွာပဲ သူတို့က ငါတို့ဆီမှာ အဖမ်းခံလိုက်ရတယ်လေ... ဟားဟားဟား မင်းသူတို့ကို ကယ်ချင်လား ကယ်ချင်ရင် ငါတို့နဲ့ လိုက်ခဲ့!"
"မင်းမှာ သတ္တိရှိလားမသိဘူး"
လုံး၀ ရှာဖွေပြီးနောက် ဘာကိုမှ ရှာမတွေ့တော့ရာ လုရွှမ်သည် ထုံးထျန်းတောင်ထွတ်တွင် လျှို့ဝှက်ချက်တစ်ခု ရှိကောင်း ရှိနိုင်ကာ သူ့ကြိုးစားမှုဖြင့် ၎င်းကို ရှာမတွေ့နိုင်ကြောင်း သိလိုက်သည်။ သူတို့နှစ်ယောက် ပြောခဲ့တာတွေက အမှန်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒါဟာ ထောင်ချောက်တစ်ခုလည်း ဖြစ်တယ်ဆိုတာ ထင်ရှားပါ၏။
ထိုနေရာ၌ လူဘယ်လောက်တောင် ဝှက်ထားမလဲ ကောင်းကင်ကပဲ သိလိမ့်မည်။
"အိုး မင်းမယုံဘူးလား ဟားဟား ငါ မင်းကို တစ်ခုပေးမယ်"
အောင်းရှောင်သည် စိမ်းပြာကောင်းကင်ဂိုဏ်းက အကြီးအကဲတစ်ဦး၏ ဦးခေါင်းနှင့် သင်္ကေတတစ်ခုကို ထုတ်ယူလိုက်သည်။
ထျန်းကျန်းက "အဲ့ဒီမှာ လူသုံးယောက်ကို ဖမ်းပြီး အဲဒီလူသုံးယောက်ရဲ့ အသက်ကို ကယ်ချင်ရင် ငါတို့နဲ့လိုက်ခဲ့...."
လုရွှမ်သည် စိမ်းပြာကောင်းကင်ဂိုဏ်းက အကြီးအကဲ၏ ဦးခေါင်းကို သစ်သား သေတ္တာထဲတွင် ဂရုတစိုက် ထုပ်ပိုးပြီး သိမ်းလိုက်သည်။ သူက လူသားတွေအတွက် အသေခံသွားတာကြောင့် လေးစားထိုက်ပါသည်။
"လမ်းပြပါ!"
သူ့မှာ အခုရှိနေတဲ့ အရာတွေကြောင့် နှိမ့်ချပြီး ကြယ်တစ်သောင်းကမ္ဘာမှာ ရိုးသားဖို့ လုံလောက်ပေမယ့် ဒီနေ့ခေတ် တောင်တစ်သောင်းကမ္ဘာမှာတော့ လုရွှမ် သူ့ကို မအနိုင်ယူနိုင်ဘူးလို့ ယုံကြည်ထားပြီး အနည်းဆုံးတော့ ပြဿနာမရှိဘဲ ထွက်ပြေးနိုင်မှာ သေချာပါသည်။
"ကောင်းပြီ... သတ္တိတွေရှိသားပဲ!"
အောင်းရှောင်က အော်လိုက်ပြီး လူသုံးယောက် ပျံသန်းလာခဲ့၏။ အဝေးက ရေပေါ်မှာ ဆောက်ထားတဲ့ စင်မြင့်တစ်ခုကို ပင်လယ်သားရဲတွေနဲ့ လှောင်အိမ်ထဲက ကျင့်ကြံသူတွေ ပျံဝဲပြီး ပတ်ပတ်လည်မှာ ရပ်နေတာ တွေ့လိုက်ရသည်။ ပြီးတော့ သမုဒ္ဒရာအောက်မှာ ပုန်းကွယ်နေတဲ့ ပင်လယ်သားရဲတွေလည်း အများအပြား ရှိနေကာ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြ၏။
လုရွှမ်သည် သူတို့နှစ်ဦး၏ နောက်ကွယ်မှ လိုက်လာတာကို မြင်လိုက်ရသောအခါ ပင်လယ်သားရဲများကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်အတွင်း လုရွှမ်၏ ဂုဏ်သတင်းသည် အလွန် ကြီးမားလာခဲ့သည်။ အထူးသဖြင့် လူများကို အတင်းအကျပ် သတ်ဖြတ်ခြင်းဖြင့် အောင်မြင်နိုင်သည့် ဂုဏ်သတင်းတစ်ခု ဖြစ်သည့် သူ့နောက်ကျောက ဓားကလည်း သက်သေပင်။
ယနေ့ခေတ် ပင်လယ်သားရဲများနှင့် လှောင်အိမ်လူသားများက လုရွှမ်ကို အဆုံးစွန်ဓားသမားဟု ခေါ်ဆိုကြပြီး ဆိုလိုသည်မှာ သူနှင့်တွေ့ပြီးသည်နှင့် ၎င်းတို့သည် သေဆုံးသွားကြမည်သာ ဖြစ်သည်။
စင်မြင့်ပေါ်တွင် လူသားသုံးဦးကို တိုင်သုံးတိုင်တွင် ကြိုးဖြင့် ချည်နှောင်ထားပြီး ၎င်းတို့သည် ဤအချိန်တွင် ပြင်းထန်စွာ ရိုက်နှက်ခံထားရကြောင်း ထင်ရှားပေသည်။ ရေများ တဖျပ်ဖျပ်ခတ်ကာ သူတို့ သုံးယောက်လုံး လွှမ်းသွားသည်။
သူတို့ သုံးယောက်လုံး တုန်တုန်ယင်ယင်နဲ့ နိုးလာကာ ကျိန်ဆဲကြပါတော့၏။ သူတို့ သုံးယောက် သေဖို့ ဆုံးဖြတ်ထားပြီးသားမို့ ကျိန်ဆဲတာကလည်း အရေးမကြီးဘူး ဆိုတာ ထင်ရှားနေပြီ။
"ဟေး စိတ်မပျက်ပါနဲ့ မင်းတို့ကိုကယ်ဖို့ တစ်ယောက်ယောက်က လာနေပါပြီ"
သူတို့သုံးယောက်လုံး ခေါင်းမော့ပြီး လုရွှမ်ကို အတူတူ ကြည့်ကြသည်။ ထို့နောက် သူတို့သုံးယောက်၏ အမူအရာများ ပြောင်းလဲသွားကာ ၎င်းတို့ထဲမှ တစ်ဦးက ဟစ်အော်လိုက်သည်။
"လုရွှမ်!"
လုရွှမ်သည်လည်း ထိုလူက ကောင်းကင်အောင်ခြင်းဂိုဏ်းက ထျန်းရှူးတောင်ထွတ်က အကြီးအမှူး ဖြစ်ကြောင်း မှတ်မိသည်။
"လုရွှမ်!"
လူတိုင်းသည် ယခင်က လုရွှမ်ကို စိုက်ကြည့်နေကြသော်လည်း ယခုမူ လုရွှမ်ဆိုတဲ့ နာမည်ကို ကြားပြီးနောက် လုရွှမ်ကို လုံးဝ ခြားနားသော အမူအရာဖြင့် စိုက်ကြည့်နေကြပြန်သည်။
လုရွှမ်က ဘယ်သူလဲ။ ထိုသူသည် တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် ထိပ်တန်းရောက်နေသော အမည်တစ်ခု ဖြစ်လေသည်။
တောင်တစ်သောင်းကမ္ဘာရှိ ဂန္တဝင် နံပါတ်တစ် ဉာဏ်ကြီးရှင်၊ ကောင်းကင်ဘုံသခင် နယ်ပယ်ဖြင့် လှောင်အိမ်သခင်ကို တိုက်ခိုက်ဝံ့သည့် အံ့ဖွယ်ပါရမီရှင်။ ပင်လယ်သားရဲမျိုးနွယ်စု၏ ပထမ ပါရမီရှင် ထျန်းရှားကို အရှက်မရှိ လူသားဖြစ်သွားအောင် လှည့်စားခဲ့သူပင်။
သူ့အတွက် အကျော်ကြားဆုံးအရာက လွန်ခဲ့သည့် တစ်နှစ်ကျော်က ထျန်းရှားနှင့်အတူ ဓားနတ်ဆိုးကိုပါ ခေါ်၍ တောင်တစ်သောင်းကမ္ဘာကို ကယ်တင်ဖို့ နည်းလမ်းရှာရန် ထွက်ခွာသွားခဲ့ခြင်းပဲ ဖြစ်သည်။