← Chapters

​ဒြပ်စင်ငါးပါးထဲက မီးအစွမ်းသတ္တိကို ပြပြီ

Vol. 96 Ch. 4.952

​ဒြပ်စင်ငါးပါးထဲက မီးအစွမ်းသတ္တိကို ပြပြီ

Vol. 96 Ch. 4.952

"မြန်မြန်သွား ငါတို့ကို ထားခဲ့လိုက်တော့!"

အဘိုးအို၏ မျက်နှာသည် စိတ်ပျက်အားငယ်ကာ ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ လုရွှမ်ရဲ့ နာမည်ကို ခေါ်မိပြီးနောက်တွင် သူဘယ်လောက် ဒုက္ခပေးမိလိုက်လဲ သိသွားသည်။ လုရွှမ်နဲ့ ယှဉ်ရင် သူတို့ဘဝက ဘာမှမဟုတ်တော့ပေ။

အပြင်မှာ ပင်လယ်သားရဲတွေရဲ့ အခြေအနေကို စူးစမ်းဖို့ ထွက်လာနိုင်တဲ့ ဘယ်သူမဆို သေဖို့ ဆုံးဖြတ်ထားပြီးသား။ မျှော်လင့်ချက် တစ်ခုတည်းက ထုံးထျန်းတောင်ထွတ်ကို ကာကွယ်ရန်နဲ့ လုရွှမ် ပြန်လာခြင်းဖြစ်သည်။

အခု လုရွှမ် ပြန်ရောက်လာ​ပြီ ဆိုတော့ တောင်တစ်သောင်းကမ္ဘာကို ကယ်တင်ဖို့ နည်းလမ်းရှာတွေ့ခဲ့ပြီလို့ ဆိုလိုတာပဲ ဖြစ်လေသည်။

"သတ်.... သူ့ကို သတ်ကြ"

မျှော်စင်နယ်ပယ် ပင်လယ်သားရဲကြီးက ရုတ်တရက် ဟစ်အော်လိုက်သည်။ လူသားသုံး​ယောက်တင်မကဘဲ ဤပင်လယ် သားရဲများသည်လည်း လုရွှမ် ပြန်လာခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ကြသည်။

ဒဏ္ဍာရီအရ လုရွှမ်သည် တောင်တစ်သောင်းကမ္ဘာကို ကယ်တင်ဖို့ နည်းလမ်းရှာရန် ထွက်သွားပြီး ယခု သူပြန်ရောက်လာတာဟာ ကယ်တင်ရန် နည်းလမ်းကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်နိုင်၏။

ဒါပေမဲ့ အခွင့်အရေး နည်းနည်းပဲ ရခဲ့တယ်ဆိုရင်တောင် လုရွှမ်ကို ဘယ်တော့မှ အသက်ရှင်ခွင့် ပေးလို့ မဖြစ်ချေ။

လုရွှမ်သည် အနည်းငယ်ပင် မတုန်လှုပ်ဘဲ ချင်ထျန်းဓားကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ သူသည် လူတိုင်း၏ ဦးခေါင်းကို ခုတ်ထစ်လိုက်သည့်နှယ် ဓားလမ်းကြောင်းကို စွမ်းအားအပြည့်ဖြင့် ဝေ့ယမ်းလိုက်၏။

ဓားစွမ်းအင်သည် မရေမတွက်နိုင်သော ရေလှိုင်းများကို ဖြစ်ပေါ်စေကာ ရေဓားများအဖြစ် ပြောင်းလဲ၍ ပင်လယ်သားရဲများနှင့် လှောင်အိမ်ရှင်များ အုပ်စုဆီသို့ ပြေးဝင် ဟိန်းဟောက်ကြလေသည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် မီးတောက်များ ထွက်လာပြီး ကြီးမားသော နေရာတစ်ခု ဖန်တီးကာ အကျဉ်းကျနေသူ သုံးဦးရှေ့သို့ တိုက်ရိုက် ပစ်ချလိုက်သည်။

သူ့လက်ချောင်းများကို ဖျတ်ခနဲ ပွတ်လိုက်ခြင်းဖြင့် သူတို့ သုံးယောက်ရှိရာ နေရာအနှံ့ အနီရောင်တောက်တောက် မီးတောက်များ တောက်လောင်သွားသည်။ စူးရှသော အသံတစ်ခု ထွက်လာသော်လည်း အခင်းအကျင်း ဖွဲ့စည်းမှုပါ မီးလောင်ကျွမ်းသွားခဲ့သည်။

သူတို့ သုံးယောက်ကို ဖုံးကွယ်ဖို့ အခင်းအကျင်း ပုံစံမျိုးစုံကို စီစဉ်ခဲ့ကြပေမယ့် လုရွှမ်ဆီကနေ ဘယ်လိုမှ ဖျောက်ထားလို့ မရပါဘူး။ သူ့မျက်စိဖြင့် မြင်နေရပြီ။ ယခု တောင်တစ်သောင်းကမ္ဘာက ပျက်စီးနေပြီ။ ကြယ်တစ်သောင်းကမ္ဘာ၌ပင် အခင်းအကျင်း၌ သူ့ကို သာလွန်နိုင်သူ များများစားစား မရှိပေ။

"ထ!"

လုရွှမ် ဟစ်အော်လိုက်သည်။

အကျဉ်းချခံထားရသူ သုံးဦး၏ ခန္ဓာကိုယ်များသည် ကောင်းကင်သို့ တိုက်ရိုက် တက်လာပြီး ၎င်းတို့နှင့် ချိတ်ထားသည့် သံကြိုးများလည်း ပြုတ်သွားသည်။ အဘိုးအို၏ ခန္ဓာကိုယ်မှ သံကြိုးတွေလည်း ပြုတ်ကာ ၎င်းတို့ ပေါ်ရှိ ကြိုးများအားလုံးဟာ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကြောင့် တဖြောင်းဖြောင်းဖြင့် ပြုတ်ထွက်ကုန်သည်။

လုရွှမ့သည် သူ့နတ်ဓားကို ဝှေ့ယမ်းလိုက်ပြီး သုံးကြိမ် ဝေ့ယမ်းလိုက်ရာ လူသုံးယောက်ရဲ့ လက်ကျန်သံကြိုးများ ပြတ်တောက်သွားသည်။

လူသုံးယောက်ကို သူ့လက်ထဲတွင် ဖမ်းဆုပ်ထားကာ စွမ်းအင်ဘောလုံးများက သူတို့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ အားကောင်းပြီး သန့်စင်သော ယွမ်ယန်စွမ်းအင်က သူတို့ခန္ဓာကိုယ်အပေါ် လွှမ်းမိုးသွားရာ အသက်စွမ်းအင်များ ရုတ်တရက် ပြန်လည် ကောင်းမွန်လာသည်။

လုရွှမ်က နောက်ထပ် ဆေးလုံးသုံးလုံးကို သူတို့ သုံးယောက်၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။ သုံးယောက်သား အံ့သြသွားခဲ့သည်။ သူတို့သည် သေလုနီးနီး ဖြစ်နေပြီ ဖြစ်သော်လည်း လုရွှမ် ပြောင်းလဲသွားပြီ။

"မင်းတို့ရဲ့ စွမ်းအင်တွေကို အမြန်ဆုံးပြန်ယူ... ကျန်တာကို ငါ့ဆီ ထားခဲ့လိုက်"

လုရွှမ် ဆိုပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ သူ့ရှေ့က ထူထပ်တဲ့ ပင်လယ်သားရဲတွေနဲ့ လှောင်အိမ်ရှင်တွေကလည်း လုရွှမ်ကို ကြောက်ရွံ့စွာ ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများသည် မယုံနိုင်ဖွယ်ရာများ တွေ့နေရသလို ပြင်းထန်စွာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပါသည်။

လှောင်အိမ်ထဲက လင်မယားနှစ်ယောက်က ဓားသမားကို စွဲဆောင်သွားကြောင်း သိပြီးနောက်မှာတော့ သူတို့ရဲ့ လက်ရှိ တွက်ချက်မှု ယန္တရားကို အလျင်အမြန် စီစဉ်ခဲ့ကြသည်။ အခင်းအကျင်း ဖွဲ့စည်းမှု၊ အဆိပ်များနှင့် ပြေးလွှား သံကြိုးများကိုပါ အသုံးချခဲ့သည်။

အရန်လှုပ်ရှားမှုများနဲ့ ဆက်သွားကာ အခြားသူများသည် ချက်ချင်းပင် ရှေ့သို့ အမြန်ပြေးသွားသော်လည်း ကြက်များနှင့် ခွေးများကဲ့သို့ ခပ်မြန်မြန် ပြန့်ကျဲသွားလိမ့်မည်ဟု ဘယ်သူက ထင်ပါလိမ့်မလဲ။

သခင်တစ်ဦးစီသည်လည်း ၎င်းတို့ရဲ့ နှလုံးသားထဲ လေးလံသွားသလို ခံစားခဲ့လိုက်ရပြီး ပို၍ပင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ သူတို့က အသုံးမကျတာလား ဒါမှမဟုတ် လုရွှမ်ကပဲ တကယ်ကြီး အစွမ်းထက်​နေတာလား။

လုရွှမ်ရဲ့ နာမည်က သူတို့နဲ့ ရင်းနှီးပြီးသားဖြစ်တာ သေချာပါ၏။ ဒါပေမဲ့ မျှော်စင်နယ်ပယ် သခင်တွေနဲ့ နှိုင်းယှဥ်ကြည့်ရင် သူဟာ သူတို့ ခြယ်လှယ်နိုင်တဲ့ အငယ်တန်းတွေချည်းဘဲ။ သူထွက်လာတာ တစ်နှစ်ပဲ ရှိနေသေးပေမယ့် ခွန်အားက အရမ်းသန်နေပြီ။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်တောက်တောက် မီးတောက်များသည် သူတို့၏ စိတ်ဝိညာဉ်ထဲသို့ လောင်ကျွမ်းလုမတတ်ပင်။ အနည်းငယ် ထိတွေ့လိုက်ရုံမျှဖြင့် မျှော်စင်နယ်ပယ် အပါအဝင် ပြာဖြစ်တဲ့အထျ တိုက်ရိုက် လောင်ကျွမ်းသွားခဲ့ရာ မျှော်စင်နယ်ပယ်မှ သခင်များပင် ရှောင်တိမ်းခဲ့ရသည်။

ထိုဓားကလည်း ပို၍ပင် ကြောက်စရာကောင်းလှသည်။

ထိုမှသာ ကောင်းကင်ဘုံသခင် ပါရမီရှင် လုရွှမ်၏ ဒဏ္ဍာရီကို ပြန်အမှတ်ရမိသွားခဲ့သည်။ သူသည် အဂ္ဂိရတ်ဆေး၊ အခင်းအကျင်း ဖွဲ့စည်းမှုများ၊ စိတ်ဝိညာဉ်နှင့် ကိုယ်ခံပညာ နှစ်ခုလုံးကို ကျွမ်းကျင်အောင် စွမ်းဆောင်နိုင်သူ ဖြစ်သည်။ ရှုတ်ချမှု အနည်းငယ်က သူတို့ရဲ့ လက်ရှိအပြင်အဆင်အားလုံးကို ဟာသဖြစ်စေပါ၏။

ဒီလူသုံးယောက်ကို သူတို့လက်ထဲကနေ တစ်ယောက်တည်း ကယ်တင်နိုင်ခဲ့ရင် တကယ့်ရယ်စရာပါပဲ။

အတွင်းဘက်သုံးထပ်နှင့် အပြင်ဘက်တွင် သုံးထပ်ရှိ၍ ကောင်းကင်အထက်နှင့် ပင်လယ်အောက်ခြေ အပါအဝင် ပင်လယ်သားရဲ အပေါင်းတို့သည် ၎င်းတို့ကို ဝန်းရံထားသောကြောင့် လုရွှမ်ကို သေချာပေါက် သတ်ပစ်နိုင်ရမည်။

"ကောင်လေး.... မင်းမလွတ်နိုင်ပါဘူး! သူ့ကို အမြန် ဖမ်းလိုက်ရအောင် မင်း ငါတို့နဲ့ပူးပေါင်းရင် မင်းကို သေခြင်းတရားကနေ ကယ်တင်နိုင်လိမ့်မည်"

"မင်းဘာတွေ ပြောနေတာလဲ ဒီကလေးက အချိန်တော်တော်ကြာအောင် ရပ်နေကတည်းက သူ့အဖြေက သိသာနေပြီ သတ်ပစ်လိုက်!"

အနက်ရောင် ပင်လယ်သားရဲ တစ်ကောင်သည် ကောင်းကင်နှင့်နေကို ဖုံးလွှမ်းကာ တိုက်ရိုက် ဖြတ်ကျော်၍ ဖုံးအုပ်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသလိုပင်။ လုရွှမ်၏ မျက်လုံးများင စူးရှလွန်းလှသည်။ ၎င်းတို့တစ်ဦးစီ၏ ခွန်အားသည် နတ်မီးနယ်ပယ် သို့မဟုတ် ကောင်းကင်ဘုံသခင်၌ပင် ရှိသည်။

ဒီလူတွေဆီမှာ သူ့ရဲ့ခွန်အားကို အသုံးချဖို့ စိတ်ကူးကောင်းတစ်ခုပါပဲ။

လုရွှမ်သည် နတ်တောင်တန်းပေါ်ရှိ ဒြပ်စင်ငါးပါးထဲက မီးဒြပ်စင်နှင့် တိုက်ရိုက် ဆက်သွယ်ခဲ့သည်။ ထိုစဥ် နူးညံ့သော ညည်းတွားသံဖြင့် အမြစ်မဲ့မီးပင်လယ်သည် သူ့စိတ်ထဲ၌ လျင်မြန်စွာ လောင်ကျွမ်းသွားသည်။

"မြန်မြန် မြန်မြန်ဖြန့်ချ"

တချို့သော လူများသည် တုံ့ပြန်ရန် မနှေးကွေးပေ။ သူတို့က အန္တရာယ် မရောက်လာမီ လျင်မြန်စွာ သတိပြုမိကြသည်။ သို့သော်လည်း လက်ရှိ ဖရိုဖရဲ အခြေအနေတွင် လူတစ်ဦး၏ စွမ်းအားသည် အလွန်နည်းသောကြောင့် အားလုံးကို ရှေ့တက်ခိုင်းရမည်။

ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာပြီး အနီးနားရှိ နေရာအားလုံးကို တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။ လုရွှမ်သာ မဟုတ်ပါက တခြားသူများသည် ဤအမြစ်မဲ့မီးကို လုံးဝ မထိန်းချုပ်နိုင်ဘဲ ဤမီးတောက်များကို နေရာအနှံ့သို့ တိုက်ရိုက်ပျံ့နှံ့စေရန်သာ ညှိနှိုင်းနိုင်သည်။

ယခုလည်း ဤနေရာရှိ မျက်လုံး လျင်မြန်သော လူကလွဲလို့ ဘယ်သူမှ မလွတ်မြောက်နိုင်ပါဘူး။ ဒါတောင်မှ ဆုံးရှုံးမှုက ပိုများနေသေးသည်။

ရှိနေသော ပင်လယ်သားရဲများသည် ပင်လယ်ထဲသို့ ခုန်ဆင်းသွားလျှင်ပင်၊ ဆယ်ကီလိုမီတာအကွာအဝေးအတွင်း အားလုံးသည် မီးလောင်သေဆုံး သွားပေလိမ့်မည်။ ပင်လယ်ရေက အငွေ့ပျံပြီး အလောင်းတွေဟာ ပင်လယ်ထဲမျောပါသလို တချို့ကလည်း ကောင်းကင်ကနေ ပြုတ်ကျသွား၏။

အပြင်ဘက်တွင်ရှိ ကျင့်ကြံသူ သုံးယောက်မှာလည်း နတ်ဆိုးကို ကြည့်နေသလိုမျိုး လုရွှမ်ကို ကြောက်ရွံ့ ထိတ်လန့်စွာ တချက် တချက်ကြည့်ကာ ခပ်လှမ်းလှမ်းတွင် ရပ်နေကြသည်။

"ကျားတစ်ကောင်က သူ့အစွမ်းကို မပြဘူးဆိုတောင် သူ့ကို ဖျားနာနေတဲ့ ကြောင်တစ်ကောင်လို့ မထင်လိုက်နဲ့... မင်းတို့ကိုယ်မင်းတို့ အဝေးကြီး တွေးမနေနဲ့... မဟုတ်ရင် မင်းတို့မှာ အဆုံးသတ်တစ်ခုပဲ ရှိလိမ့်မယ် အဲဒါက သေခြင်းတရားပဲ"

လုရွှမ် အော်ဟစ်ပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

"မင်းတို့ ဒဏ်ရာ ဘယ်လို​နေလဲ"

တစ်ချိန်က အငယ်တန်းသည် ယခုလောက် ရက်စက် ကြမ်းကြုတ်သော စွမ်းအားများ ရှိလာလိမ့်မယ်ဟု မမျှော်ထားသောကြောင့် သူတို့ သုံးယောက်လုံး အံ့သြတုန်လှုပ် သွားကြသည်။ လုရွှမ်၏ စကားများကို နားထောင်ရင်း သူတို့သုံးယောက်သည် သူတို့ခန္ဓာကိုယ်က ပြဿနာမရှိဘူးဟု အထပ်ထပ်အခါခါ ခေါင်းညိတ်ပြကြသည်။

"မင်းရဲ့ အဂ္ဂိရတ်ဆေးက အရမ်းအစွမ်းထက်တယ် ဒဏ်ရာက 60% နီးပါး ပြန်ကောင်းနေပြီ..."

"ကောင်းပြီ သွားရအောင်!"

"ငါ့ကို တားတဲ့သူကို ကရုဏာမထားဘဲ သတ်ပစ်မယ်!"

ထိုစကားကို ပြောပြီးနောက် လုရွှမ်သည် လူသုံးဦးကို ကောင်းကင်ထက်သို့ ခေါ်ဆောင်ကာ အဝေးသို့ အရှိန်ပြင်းပြင်းဖြင့် ထွက်ခွာသွားခဲ့သည်။

All Chapters