တရားခံ
Vol. 96 Ch. 4.954
"ဘိုးဘေးကြီး... ခန္ဓာကိုယ်ကို သိမ်းပိုက်တာ အောင်မြင်သွားပြီလား"
ပင်လယ်သားရဲ များစွာတို့က စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။ လုရွှမ်က ညည်းညူရင်း သတိလစ် မေ့မြောသွားသော လူသုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီး ။
"ဒီကောင်လေးရဲ့ အရည်အချင်းက တကယ်ကို ကြီးကျယ်ခမ်းနားပြီး သူရထားတဲ့ အခွင့်အရေးက ပိုလို့တောင် အံ့သြစရာကောင်းတယ်... သူ့မှာ ကမ္ဘာ့ရတနာတွေ တကယ်ရှိတယ်ကွ.... ဟားဟားဟား... ဒါပေမဲ့ အခုတော့ အားလုံးအဆင်ပြေသွားပြီ အကုန် ငါ့အပိုင် ဖြစ်သွားပြီ"
ပင်လယ်သားရဲအုပ်စု တစ်စုက ရယ်မောကြပြီး တချို့သောလှောင်အိမ် သခင်များကလည်း သဘောတူဟန်ဖြင့် ရယ်မောလိုက်ကြသည်။
"ကောင်းပြီ မင်းတို့အားလုံး အခုထွက်သွားကြတော့... ငါ ဒီလူသုံးယောက် နောက်ကနေ ထုံးထျန်းတောင်ထွတ်ကို လိုက်သွားမယ်... လျှို့ဝှက်ဆန်းကြယ်တဲ့ ထုံးထျန်းတောင်ထွတ်က ဘယ်မှာလဲ ဆိုတာ ငါကြည့်ချင်တယ်!"
လုရွှမ်က လူတိုင်းကို ထွက်သွားဖို့ လှုံ့ဆော်ပေးလိုက်သည်။ ပင်လယ်သားရဲများသည် ကန့်ကွက်ရန် မဝံ့ရဲသဖြင့် လမ်းမှ အမြန်ထွက်သွားကြသည်။ သို့သော်လည်း နဂါးလှောင်အိမ်၌ အကျဉ်းချခံထားရသော သခင်အနည်းငယ်က နောက်တွင် ကျန်ရစ်ခဲ့သည်။
"မင်းတို့ဘာလို့ ထွက်မသွားတာလဲ? ငါ့အစီအစဉ်ကို နားလည်ဖို့ အရမ်းတုံးနေကြတာလား"
လုရွှမ်က မာနကြီးစွာ ဟစ်အော်လိုက်သည်။
"ကွေချီ... မင်းအစက ပြောခဲ့တယ် မဟုတ်လား... အခု မင်းဒီကလေးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ပြီ... နတ်လက်နက်၊ နတ်မီးနဲ့ သူ့အတွင်းမှာရှိတဲ့ ကမ္ဘာ့ရတနာတွေ အပါအဝင် အရာအားလုံးကို မင်းရယူခဲ့ပြီးပြီ မဟုတ်လား... ငါတို့ကိုရော အကျိုးကျေးဇူးတွေ ပေးသင့်တယ်မလား?"
"မှန်တယ် အကျိုးကျေးဇူးတွေ အားလုံးကို မင်းတစ်ယောက်တည်း မယူထားသင့်ဘူး ငါတို့လည်း အများကြီး ပံ့ပိုးပေးခဲ့တာပဲ"
"မင်းငါတို့ကို မပေးချင်တာ ဖြစ်နိုင်ပါ့မလား"
လုရွှမ်လည်း အနည်းငယ် အံသြသွားကာ ဤအကြောင်းကြောင့် လူသုံးယောက်၏ ရပ်တန့်စေခြင်းကို ခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့သုံးယောက်သည် အပြစ်ကင်းစင်ပုံ ဖမ်းထားသော အောင်းရှောင်၊ ထျန်းကျန်းတို့ စုံတွဲနှင့် နောက်တစ်ယောက်ကတော့ သန်မာတဲ့ လူသတ်သမားပဲ ဖြစ်သည်။ တကယ်တော့ တခြား မနေဝံ့သူတွေနဲ့ ယှဥ်ရင် အဘိုးကြီးဆီက အကျိုးကျေးဇူးတွေ ရှာတတ်သူတွေဟာ သဘာဝအတိုင်း ကိုယ့်အစွမ်းအစကို ယုံကြည်မှုအပြည့် ရှိသူတွေပါပဲ။
"ဟမ့် မင်းတို့က ဘာလိုချင်လို့လဲ"
လုရွှမ်က မောက်မာစွာ အော်လိုက်သည်။
"နတ်လက်နက်!"
"နတ်မီး!"
"သူ့သိုင်းပညာ!"
လူသုံးယောက်က အဖြေသုံးခု ပေးခဲ့သော်လည်း အားလုံးက လောဘကြီးပြီး မလုံလောက်လို့ ထင်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။ လုရွှမ်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။
"မင်းတို့ငါ့ကို တိုက်ခိုက် ချင်နေပုံရတယ်.... အခု မင်းတို့ရဲ့ခန္ဓာကိုယ်က မင်းရဲ့ခွန်အားကို ကန့်သတ်ထားတယ်... ငါက မင်းတို့ရဲ့ပြိုင်ဘက်တောင် မဟုတ်တာကို ဘာလို့ အသည်းအသန် ဖြစ်နေကြတာလဲ"
"မဝံ့ရဲပါဘူး ငါတို့က ငါတို့ပိုင်တာကိုပဲ ရယူချင်တာ!"
"မင်းတစ်ခုခု လိုချင်ရင် ဒီကိုလာခဲ့လေ!"
လုရွှမ် ပြုံးပြီး ချင်ထျန်းဓားကို ဆွဲထုတ်လိုက်သည်။ လုရွှမ်သည် များပြားလှသည့် ပင်လယ်သားရဲများနှင့် ဆက်ဆံရမှာကို သဘာဝအတိုင်း စိုးရိမ်သော်လည်း ဤမျှော်စင်နယ်ပယ်မှ သုံးဦးကို အနိုင်ယူဖို့ကတော့ ပြဿနာ လုံးဝရှိမည် မဟုတ်ချေ။
"ငါ မင်းတို့ကို ခုနက သင်ယူခဲ့တဲ့ ဓားသိုင်းကို ပြပါရစေ... ကျွတ် ကျွတ်...ဒီကလေးက တကယ်ကို ဓားရေးနည်းမှာ မယှဉ်နိုင်တဲ့ ပါရမီရှင် တစ်ယောက်ပဲ.... ဓားကို ကြည့်ထားလိုက်..."
လုရွှမ်သည် အဘိုးအို၏ အသံကို အတုယူကာ အော်ဟစ်လိုက်ပြီး အသက်ရှုသံများ ထွက်လာကာ ယွမ်ယန်ဓားကိုးစင်းရဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်လိုက်လေသည်။
"အဘိုးကြီး ရှင်တကယ် လုပ်တာပဲ...ကျွန်မတို့လည်း မတရားခံနေရပြီ ဆိုမှတော့ အားလုံး အတူတူ တိုက်ကြရအောင်"
သူတို့ သုံးယောက်ရဲ့ ခွန်အားနဲ့ အဘိုးကြီးကို မယှဉ်နိုင်ဘူးဆိုတာ သိပါသည်။ ဒါပေမဲ့ သူတို့ကို အဘိုးကြီး တကယ် ဆန့်ကျင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ကြပါဘူး။ နတ်ဓား၊ နတ်မီး ဒါမှမဟုတ် အတတ်ပညာတွေတောင် ရနိုင်တယ် ဆိုတာကို သူတို့ တကယ်မတွေးဝံ့ပေ။ သူတို့လည်းပဲ အကျိုးကျေးဇူးတွေ ရသင့်တယ် မဟုတ်လား။
ဒါပေမဲ့ ဒီလူကြီးက တကယ် တိုက်ခိုက်လာခဲ့သည်။ သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကြည့်နေကြသည်။
သို့သော် လုရွှမ်က လှုပ်ရှားနေပြီမလို့ သူတို့သုံးဦးသည်လည်း ရန်သူကို တိုက်ခိုက်နေတာလို့ပဲ မှတ်ယူလိုက်သည်။ သူတို့သုံးယောက်၏ ပေါင်းစပ်ကြိုးပမ်းမှုဖြင့် ယခုအဘိုးအိုကို အမှန်တကယ် မကြောက်ပေ။
လုရွှမ်သည် ယွမ်ယန်ဓားကိုးစင်းကို စနစ်တကျ ထုတ်၍ စွမ်းအားကို အထပ်ထပ် စုဆောင်းခဲ့သည်။ လက်ဖဝါးပေါ်တွင် တောက်ပနေသော မျှော်စင်တစ်ခုရှိပြီး ၎င်းမှာ ကောင်းကင်မျိုသားရဲ၏ တောက်ပသော မျှော်စင်ပဲ ဖြစ်သည်။
မျှော်စင်သည် ယွမ်စွမ်းအင်များကို အလွန်လျင်မြန်စွာ စားသုံးနေသော်လည်း လုရွှမ်သည် ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး ရှိနေသလို ခံစားခဲ့ရသည်။ အရင်က ကျွမ်းကျင်မှု ကင်းမဲ့တဲ့ ခံစားချက်မျိုး မရှိတော့ဘဲ သူ့နှလုံးသားက စွမ်းအင်တွေ ပြည့်နေပြီး လှုပ်ရှားမှုတိုင်းရဲ့ အကြားက ချောမွေ့တဲ့ ချိတ်ဆက်မှုကို ရှင်းရှင်းလင်းလင်း ခံစားနေရပါသည်။
ဆဋ္ဌမမြောက်ဓားကို အမှန်တကယ် ခုတ်ထစ်တော့မယ့် အချိန်မှာ ဓားစွမ်းအားသည် လျင်မြန်စွာ စုဆောင်းလာနေပြီ ဖြစ်သည်။ လုရွှမ်ခန္ဓာကိုယ်ပေါ်ရှိ ဓားစွမ်းအင်သည် ပို၍ပို၍ ပြင်းထန်လာပြီး ကောင်းကင်ထက်တွင်ပါ ဓားစွမ်းအင်များ စုစည်းလာကာ မိုးကြိုးတိမ်များ စုစည်းလာခဲ့သည်။
ထိုအချိန်တွင် သတိလစ်သွားသော လူသုံးဦးသည် မိုးကြိုးပစ်သံကြောင့် လန့်နိုးလာကြလေသည်။ သူတို့သည် လုရွှမ်က မျှော်စင်နယ်ပယ်မှ သခင်သုံးယောက်ကို အမှန်တကယ် တိုက်ခိုက်နေတာကို တွေ့လိုက်ရပြီး ကျန်လူများလည်း ပျောက်ကွယ်သွားခဲ့ပြီ။
သူတို့အားလုံး ခဏတာမျှ အထိတ်တလန့် ဖြစ်သွားခဲ့သည်။ လုရွှမ် အဘိုးကြီးနဲ့ တိုက်ခိုက်နေတုန်းက သူတို့ သတိလစ်သွားခဲ့တာပါ။ ဘာလို့ အားလုံးက ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ။
သို့သော် လုရွှမ်သည် လက်ရှိတွင် မျှော်စင်နယ်ပယ်မှ သခင်သုံးယောက်ကို တိုက်ခိုက်နေကာ ထိုလူသုံးယောက်၏ အရိပ်အာဝါသကို ကြည့်ရုံဖြင့် သူတို့သည် လုရွှမ်နှင့် မယှဉ်နိုင်တော့ပေ။
သခင်သုံးဦးသည် လုရွှမ်၏ဓားဖြင့် သတ်ပစ်ရန် ရည်ရွယ်ချက်ကို ခံစားလာရတာကြောင့် ထိတ်လန့်သွားကြသည်။
"အဘိုးကြီး မင်း ငါတို့ကို တကယ် သတ်ချင်နေတာလား"
လုရွှမ်က တခစ်ခစ်ရယ်ပြီး "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းတို့ကို ဒီဓားသိုင်းရဲ့ စွမ်းအားကို ခံစားစေချင်ရုံပဲ... ဒီဓားသိုင်းက အရမ်းကြီးစိုးနေတယ်လေ မဟုတ်ဘူးလား... မင်းတို့ အခု ယုံပြီလား"
သေချာတာကတော့ သူတို့သုံးယောက် မယုံနိုင်ပေမယ့် အခြေအနေက သူတို့ထင်ထားတာထက် ပိုပြင်းထန်နေသည်။ လုရွှမ်ခန္ဓာကိုယ်မှ ထွက်လာသော ဓားစွမ်းအင်သည် သူတို့၏ နှလုံးသားများနှင့် စိတ်ဝိညာဉ်များကို ကွဲလုမတတ် ပြတ်လုနီးပါး ဖြစ်စေသည့် ရက်စက်ကြမ်းကြုတ်သော ဖိအားကြောင့် ၎င်းတို့အား ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံစေခဲ့သည်။
"ယုံပါတယ် ယုံပါတယ် မင်းရဲ့ဓားသိုင်းကို ရပ်လိုက်ပါတော့... ငါတို့ ထပ်ပြီး မတောင်းဆိုရဲတော့ပါဘူး..."
"ဟေး ရှုံးနိမ့်တာကို ဝန်ခံလိုက်ပြီပေါ့... နောက်ကျသွားပြီလေ!"
လုရွှမ်က အော်လိုက်သည်။
လူသုံးယောက်၏ ရုတ်တရတ် သဘောပေါက်သွားမှုကို အခွင့်ကောင်းယူပြီး လုရွှမ်သည် ဆဋ္ဌမဓားကို သုံးကာ အလင်းတန်းတစ်ခုအား လူသုံးယောက်ဆီသို့ ကျရောက်သွားစေသည်။
ကမ္ဘာကြီးကို ဖျက်စီးနေသော ရောင်ဝါက သူတို့ သုံးယောက်ဆီ ဆင်းသက်သွား၏။ သူတို့ခမျာ တွန်းလှန်ရန် အပြင်းအထန် ကြိုးစားသော်လည်း လုရွှမ်သည် ၎င်းတို့ကို ခိုးဝင်တိုက်ခိုက်သွားခဲ့သည်။
ခဏလောက် ခုခံပြီးနောက်မှာတော့ သူတို့သုံးဦးဟာ ပြင်းထန်သော ဓားချက်အောက်တွင် သေဆုံးသွားခဲ့ပါ၏။
"အဘိုးကြီး....ရှင်လည်း သေရမယ်!"
မသေခင် ထျန်းကျန်းက ဟောက်လေ၏။ ထိုအခါ လုရွှမ်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။
"ဟုတ်တယ်... အဘိုးကြီး သေတာ ကောင်းတာပေါ့ သူက ငါ့ခန္ဓာကိုယ်ကို ယူချင်နေတာလေ... အဲဒါ သေမင်းကို ရှာနေတာပဲပေါ့!"
"မင်းက ဘာလဲ?...လုရွှမ်လား... ဘယ်လိုဖြစ်တာလဲ"
လုရွှမ်သည် မီးတောက်သုံးခုကို ဖောက်ခွဲခဲ့ပြီး လူသုံးယောက်ကို ပြာချပေးလိုက်သည်။ ထို့နောက် အလင်းရောင် မျှော်စင်များကို သိမ်းယူထားလိုက်၏။ လူသားသုံးယောက်ကို ကြည့်လိုက်တော့ အားလုံးက ထိတ်လန့်တကြားနဲ့ ကြည့်နေကြလေသည်။
"မင်းက ဘယ်သူလဲ?"
လုရွှမ်၏လက်သည် ၎င်းတို့ထက် သန်မာသော မျှော်စင်နယ်ပယ်မှ သခင်သုံးဦးကို ဓားတစ်ချောင်းတည်းဖြင့် သတ်ပစ်လိုက်သည်။
ယခင်က ပြောခဲ့သော ခန္ဓာကိုယ်ကို လုယူသွားသော ကိစ္စကို ပြန်လည်ချိတ်ဆက် စဥ်းစားကြည့်ရင်း ၎င်းတို့သည် သည်းမခံနိုင်တော့ဘဲ လုရွှမ်ကို ကြောက်စရာကောင်းသော အဘိုးအိုဆီက လုယူခံထားရကြောင်း ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
"ငါက ငါပဲလေ... ငါက သာမာန်လူတွေနဲ့ မတူဘူး ငါ့ကို ဖမ်းချင်တဲ့သူက ရှုံးဖို့ပဲ ရှိတယ်... အဘိုးကြီးက ငါ့ကို ဖမ်းတယ် သူငါ့ကို တိုက်ရိုက်သတ်ရင် အရာအားလုံးကို ရှောင်နိုင်လိမ့်မယ်... ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ကို ယူချင်နေတဲ့အတွက် သနားစရာပဲ... သူက သေခြင်းတရားကို တကယ်ရှာမိသွားပြီ"
လုရွှမ်သည် ကောင်းကင်အောင်ခြင်း ဂိုဏ်းရှိ အမှန်တကယ် လုရွှမ်၏ အမှတ်အသား သင်္ကေတဖြစ်သည့် တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြလိုက်သည်။
ဒါပေမဲ့ သူတို့သုံးယောက်က ဘယ်လိုလုပ် ယုံနိုင်မှာလဲ။
လုရွှမ်သည် သူ့လက်ထဲမှ မျှော်စင်ကို ငုံ့ကြည့်လိုက်ရာ စွမ်းအင် တစ်ဝက်ကျော်လောက်ကို အလွန်အကျွံ သုံးစွဲမိသွားကြောင်း တွေ့လိုက်ရသည်။