ထွက်သွားပြီ
Vol. 96 Ch. 4.956
“အဲဒါတော့ မဟုတ်သေးဘူး... ဒီတစ်ခါတော့ ငါတို့နှစ်ယောက် သေချာပြင်ဆင်ရမယ်"
ထိုလူနှစ်ယောက်က ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ဒါက မသေနိုင်မျိုးရဲ့ ကြိုးတစ်ချောင်းပဲ... ကမ္ဘာကြီးက အသက်ရှည်နေသရွေ့ အရာအားလုံးကို ချည်နှောင်ထားလိမ့်မယ်"
လုရွှမ်က ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ သူတို့နှစ်ယောက်က ကြိုးကို ဝှေ့ယမ်းလိုက်ရာ ကြိုးက ပျံတက်သွားပြီး လုရွှမ်ကို ချည်နှောင်လိုက်လေသည်။
"မင်းတို့ အခုငါ့ကို ထုံးထျန်းတောင်ထွတ်ကို ခေါ်သွားလို့ရပြီလား"
သူတို့နှစ်ယောက်လုံး အနည်းငယ် မှင်တက်သွားသည်။ လုရွှမ် ရုန်းကန်မယ် သို့မဟုတ် ခုခံမယ်လို့ ထင်ခဲ့ပေမယ့် အမှန်တကယ် အသာတကြည် ချည်နှောင်ခံလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဒီနတ်ကြိုးက မသေမျိုးကြိုးဆိုပြီး ကြွားလုံးထုတ်နေတာ မဟုတ်ချေ။ အကယ်၍ ရှဲ့ယွင်ထျန်းသာ သူ့ကိုယ်သူ စမ်းသပ်ပြီး ကြိုးချည်လိုက်ပါက သူလည်း မလွတ်မြောက်နိုင်တော့ပေ။
သူတို့အဖွဲ့ထဲက နံပါတ်တစ် လူသားကျင့်ကြံသူ ရှဲ့ယွင်ထျန်းပင် မသေမျိုးကြိုးဆီမှာ ချည်နှောင်ခံလိုက်ရင် မလွတ်မြောက်နိုင်ရာ ကြိုးနဲ့ အချည်ခံထားရသူဟာ တို့ဟူး အပိုင်းအစလေးလို ဖြစ်သွားပြီပဲ ဖြစ်သည်။
"ဟားဟား ဒီကောင် တကယ် ကြိုးချည်ခံတယ်တဲ့လား?"
ကျန်လူနှစ်ယောက်က အော်ပြောပြီး လုရွှမ်ကို လက်စားချေဖို့ ရှေ့ကို ပြေးထွက်သွားကြသည်။ လုရွှမ်ကတော့ သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး သူ့ရှေ့မှာ နတ်ဝိညာဥ်ဒိုင်းလွှာကို ထုတ်ထားလိုက်သည်။ ဒိုင်းလွှာက သူ့ကို ဖုံးအုပ်ထားကာ နှစ်ယောက်စလုံးရဲ့ တိုက်ခိုက်မှုက သူ့ကို ထိခိုက်မှု တစ်စုံတစ်ရာ မရှိစေဘဲ တွန်းလှန်ပစ်လိုက်သည်။
"နတ်ဝိညာဥ်ဒိုင်းလား?"
ခဏအကြာ၌ သူတို့လေးယောက်ဟာ နောက်ဆုံးတော့ ဒါကို ကောင်းကင်ဘုံသခင် ကျင့်ကြံသူ တစ်ယောက်က သုံးနိုင်တာမျိုး ရှိနိုင်ကြောင်း သတိရသွားကြသည်။ သို့သော် များသောအားဖြင့် နတ်မီးနယ်ပယ်က ပါရမီရှင်များသာ ဖန်တီးနိုင်တာ ဖြစ်သည်။
လုရွှမ်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ လူလေးယောက်ရဲ့ အကြည့်တွေလည်း လုံးဝကို ကွဲပြားသွားသည်။
"ဟေး... ဒီလူက တကယ်သာ လုရွှမ်ဆိုရင် ဒီလိုနယ်ပယ်မှာ သူက နတ်ဝိညာဥ်ဒိုင်းလွှာကို သန့်စင်ထားပြီးသား ဖြစ်နေပြီ..ယ သူက ဘယ်လို ပါရမီရှင်ဆိုတာ မင်း စိတ်ကူးကြည့်လို့ရတယ်"
"ဟမ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ လုရွှမ်က ဒီလောက် ထက်မြက်တာတော့ မဟုတ်ဘူး.... ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတဲ့ အဘိုးကြီးပဲ ဖြစ်နိုင်တယ်"
"ကောင်းပြီ ဆက်မငြင်းကြတော့နဲ့... သူ့ကို ထုံးထျန်းတောင်ထွတ်ကို ပြန်ခေါ်သွားပြီး ဂိုဏ်းချုပ်တွေက သူ့ကို ခွဲခြားကြလိမ့်မယ်... ဒါဆို ရှင်းသွားလိမ့်မယ်"
လူတစ်ယောက်က လန့်ဖျပ်သွားသည်။ အမှန်ပင် လုရွှမ်သည် သူတို့အား မလွှဲမရှောင်သာ တိုက်ခိုက်လာပါက သေခြင်းမှာ အဆုံးမရှိတော့ပေ။ ဒါကြောင့် သူကရှေ့ကို လှမ်းပြီး လုရွှမ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
လူငါးယောက်သည် လုရွှမ်ရဲ့ အာရုံခြောက်ပါးကို ပိတ်ပြီး အနက်ရောင်အိတ်ထဲမှာ ထည့်ထားကြသည်။
လုရွှမ်သည် သူတို့ပတ်ဝန်းကျင်က အပြောင်းအလဲများ၊ သူတို့ရွေးချယ်ထားသော ဦးတည်ချက်နှင့် အကွာအဝေးတွင် မည်သည့်အန္တရာယ်များ ရှိနေသည်ကိုပင် ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ဒီငါးယောက်က အဝိုင်းပတ်သလို လည်နေတာ ထင်ရှားပါ၏။ လုရွှမ်၏ နှလုံးသားသည် ဒေါသများဖြင့် ပြည့်နေသော်လည်း သူ့ဒေါသကို သည်းခံနေရသည်။
"သွားပြီ...ငါတို့ကို ရှာတွေ့သွားပြီ ထင်တယ်"
နောက်ထပ် ရုန်းရင်းဆန်ခတ် လှုပ်ရှားမှုတစ်ခု ရှိလာသဖြင့် လူငါးဦးသည် ၎င်းတို့အား ပင်လယ်သားရဲ တွေ့ရှိသွားကြောင်း သိသွားသဖြင့် တုန်လှုပ်သွားကြသည်။ ရှောင်ချိန်မရသေးခင်မှာပဲ ပင်လယ်သားရဲတွေ ဝိုင်းရံထားပြီးသား ဖြစ်သွားပြီ။
လုရွှမ်သည် အိတ်ထဲမှနေ၍ သူ့ပတ်ဝန်းကျင်မှ အဖြစ်ဆိုးကို ခံစားရပြီး သူ့ကို ခြိမ်းခြောက်နိုင်သည့် တိုက်ခိုက်မှုများစွာလည်း ရှိသေးကြောင်း သိနေသည်။
ဤလူငါးဦးကို ဤဘေးဥပဒ်မှ ကင်းဝေးစေရန် ကူညီပေးဖို့ သူ့မှာ ရည်ရွယ်ချက်မရှိပေ။ ၎င်းတို့က အချို့သော အကျပ်အတည်းများ အတွင်းတွင်ပင် သူ့ကို တိုက်ရိုက် အပြစ်တင်ခဲ့နိုင်သည်။ အစောကဆို နတ်ဝိညာဥ်ဒိုင်းလွှာကြောင့်သာ မဟုတ်ပါက သူ ပြင်းထန်စွာ ဒဏ်ရာရသွားမှာ ဖြစ်သည်။
"လှောင်အိမ်သခင်တွေ ရောက်လာတော့မယ်... ငါတို့အခု မထွက်သွားရင် အရမ်း နောက်ကျသွားလိမ့်မယ်"
"ဒီကောင်လေးကို ဘာလုပ်ရမလဲ"
"ဘာလုပ်ရမှာလဲ... သူ့ကို တစ်ယောက်တည်းထားလိုက်တော့ ဖြစ်နိုင်ရင် သူ့ကို အခုသတ်လိုက်ရအောင်!"
လုရွှမ် သည်းမခံနိုင်တော့ပေ။ သူ့အငွေ့အသက်တွေက သူ့ခန္ဓာကိုယ် တစ်ဝိုက်မှာ ပျံ့နှံ့သွားပြီး အနက်ရောင်အိတ်ဟာ အပိုင်းပိုင်း ကွဲထွက်သွားလေသည်။ သူသည် မသေမျိုးကြိုးကို လက်ဖဝါးထဲ၌ ဆုပ်ကိုင်ထားလေသည်။
လူငါးဦး၏ ထိတ်လန့်သော မျက်လုံးများအောက်တွင် ချင်ထျန်းဓားကို ဆွဲထုတ်ကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ ပင်လယ်သားရဲ အားလုံးကို သတ်ပြီးနောက် မသေမျိုးကြိုးကို လူငါးဦးထံသို့ ဖြည်းညှင်းစွာ ပစ်ချလိုက်သည်။
"မင်းတို့သွားတော့ ငါ့ပြန်လမ်း ငါ့ဘာသာရှာမယ်"
လူငါးယောက်သည် ကြိုးပြတ်သွားတာကို ထိတ်လန့်စွာ ကြည့်ကာ စကားမပြောနိုင် ဖြစ်နေ၏။ ထိုစဥ် လုရွှမ်၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ ပျံတက်လာပြီး လူငါးဦးကို ကျောခိုင်းထွက်သွားလေသည်။
ကွဲပြားသော ဂိုဏ်းခွဲများမှ လူငါးဦးသည် ယခုအခါ အတူတကွ နေထိုင်နေကြရသည်။ ဤလူများကြားက ဆက်ဆံရေးကို ကြည့်ရုံဖြင့် လုရွှမ်သည် ထုံးထျန်းတောင်ထွတ် တစ်ခုလုံးရဲ့ အခြေအနေက ဘယ်လို ရှိနေလဲ စိတ်ကူးကြည့်နိုင်ပြီ ဖြစ်သည်။
ဆုံးဖြတ်ချက်ချခြင်း မရှိဘဲ ထုံးထျန်းတောင်ထွတ်က နေ့စဉ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘယ်လိုတွေတောင် ဖရိုဖရဲဖြစ်နေမလဲ ကောင်းကင်ကပဲ သိပေလိမ့်မည်။
လူငါးယောက်နှင့် ဝေးရာသို့ ပျံသန်းပြီးနောက် လုရွှမ် သူ့နှလုံးသားထဲမှ အားရပါးရ ခါးသက်စွာ ရယ်မိသည်။ ဒါက ပထမဆုံးအကြိမ် အဖြစ် သူ့ဘဝမှာ စိတ်အဆင်းရဲရဆုံးဖြစ်မည်ဟု သူခံစားမိသည်။
သူ့ကို ဘယ်သူမှ မထောက်ပံ့တော့ဘူး ဆိုမှတော့ သူကလည်း ဘယ်သူ့ကိုမှ မကူညီတော့ဘူး။ သူ့ကိုလည်း ဘယ်သူမှ လာကူညီစရာ မလိုသလို လိုလည်း မလိုအပ်တော့ပါဘူး။
နတ်တောင်တန်းကို ယခု သူနဲ့အတူရှိနေကာ အခြေခံဒြပ်စင် ရတနာလေးပါးကိုလည်း ရှာဖွေတွေ့ရှိထားပြီ။ လျှို့ဝှက် ဆန်းကြယ်သော နေရာကို သူကိုယ်တိုင် ရှာဖွေနိုင်ပြီး နတ်တောင်ကို သူကိုယ်တိုင် စိုက်ပျိုးနိုင်ပါသည်။
ဒီအချိန်တွေ ကြာလာတာနဲ့အမျှ သူ့နှလုံးသားထဲမှ စိတ်ဓာတ်ကျတဲ့ ခံစားချက်က ပိုအားကောင်းလာပြီး ရှင်းပြစရာတစ်ခုပဲ ရှိလာခဲ့သည်။ ဆိုလိုတာက သူ့အတွက် အချိန်သိပ် မကျန်တော့ပေ။
လုရွှမ်၏ရုပ်သွင်ကို မမြင်နိုင်တော့တဲ့အထိ ၎င်းတို့ငါးဦးသည် ထိုနေရာတွင်သာ ကြောင်တောင်တောင်ကြီး ရပ်နေကြဆဲ ဖြစ်သည်။
"သူ တကယ်ပဲ လုရွှမ် ဖြစ်နေမလား"
"ဒါပေမဲ့ မျှော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ် သခင်ကို ကောင်းကင်ဘုံသခင်က ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ"
"ဒါအတုဖြစ်ရမယ်.... စဉ်းစားကြည့်လိုက် ကောင်းကင်ဘုံသခင်က မသေမျိုးကြိုးရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား"
ထိုကျင့်ကြံသူက ငြိမ်ပြီး တခြားလူများလည်း တဖြည်းဖြည်း ငြိမ်သွားကြသည်။ လုရွှမ်ဆီကနေ နတ်မီးဖြင့် လောင်ကျွမ်းခံခဲ့ရသူမှာ လုရွှမ်ကို လွန်ကဲစွာ မုန်းတီးနေသူ ဖြစ်သည်။
အထူးသဖြင့် သူသည် ကောင်းကင်အောင်ခြင်း ဂိုဏ်း၏ အကြီးမြတ်ဆုံး အကြီးအကဲ ဖြစ်နေဆဲဖြစ်သောကြောင့် အမှန်တကယ်ပင် လုရွှမ်သည် သူ၏ အဆိပ်ပြင်းသော လက်ကို ဆန့်ထုတ်ခဲ့ရာ သူဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။
ယခုတော့ နေ့တိုင်း သူ့ခွန်အားတွေ ပြန်လည်ရရှိနေပြီး သူ့စိတ်ဝိညာဉ်က ပိုဖြူစင်လာတယ်လို့ ယောင်ဝါးဝါး ခံစားလိုက်ရသည်။ ဝိညာဉ်ပြန်ကောင်းလာပေမယ့် အရင်က အဲဒါကို အလေးအနက်မထားခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အရာအားလုံးက ဆက်စပ်နေတော့ ရိုးရှင်းတဲ့ပုံ မပေါ်တော့ချေ။
လုရွှမ်က သူ့ကို စစ်ဆေးမေးမြန်းခြင်း မပြုမီ အဘယ်ကြောင့် အထူးကောင်းမွန်သော ဆေးကို ပေးသနည်း။ သူက အဆိပ်လို့ ထင်ခဲ့ပေမယ့် အခု စစ်ဆေးကြည့်တော့ အဆိပ်က ဘယ်မှာရှိမှန်း သိလိုက်ရသည်။ သူ့စိတ်ဝိညာဉ်က ပျက်စီးသွားခြင်း မရှိသော်လည်း တဖြည်းဖြည်း ခိုင်ခံ့လာပြီး ပို၍ပင် သန့်ရှင်းလာသည်။
အရင်တိုက်ပွဲတုန်းက လုရွှမ်က သူ့အသက်ကို ကယ်ခဲ့သည်။
လွန်ခဲ့သော သုံးလအတွင်း လုရွှမ်သည် သူတို့၏ အသက်ကို ဘယ်နှကြိမ် ကယ်တင်ခဲ့လဲ ပြန်စဉ်းစားကြည့်ကြသည်။ သူတို့ ဒဏ်ရာတွေ ထပ်ခါထပ်ခါရပြီး ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရပေမယ့် အဲဒီအချိန်မှာတုန်းက ဒါကို အလေးအနက်မထားဘဲ ဟန်ဆောင်နေခြင်းလို့သာ ထင်ခဲ့သည်။
အခုပြန်ကြည့်တော့ ဒီလောက် မရိုးရှင်းဘူးလို့ ထင်လာရပါသည်။
"လုရွှမ်ကို ငါတို့တကယ် မှားပြီး အပြစ်တင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်... သူက တကယ်ပဲ လုရွှမ်.... ငါတို့ ကောင်းကင်အောင်ခြင်း ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ ပြီးတော့ ဒီအကြောင်းကို များများတွေးလေ ပိုခံစားလာလေပဲ သူကလုရွှမ်ပဲ ဖြစ်ရမယ်..."
"မင်းက ဘာအရူးအမူး ပြောနေတာလဲ? သူက လုရွှမ်သာဆိုရင် မင်းကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ.... အနည်းဆုံးတော့ ငါတို့ကို တိုက်ခိုက်သွားတာပဲ မဟုတ်ဘူးလား"
တခြားလူများစွာသည် တစ်ချိန်တည်းတွင် ခေါင်းညိတ်ပြစရာ အကြောင်းမရှိပေ။
"ငါ ဒဏ်ရာလုံးဝ မရပါဘူး အဲဒီအစား အခုနည်းနည်း သက်သာလာပြီ... ငါစိတ်ဝိညာဥ်က ပိုဖြူစင်လာတယ် ငါ့ကို ဆေးတွေလည်း အများကြီး ပေးသွားတယ်လေ.... အဲ့တုန်းက အရမ်းနာပေမယ့် စိတ်ဓာတ်က သန်မာပြီး ခန္ဓာကိုယ်က ပိုသန်မာလာသလိုပဲ"
"ဒါ့အပြင် သူက တကယ့် ပါရမီရှင်တစ်ယောက်လေ... တစ်သန်းမှာ တစ်ယောက်ပဲရှိတဲ့ ပါရမီရှင်တစ်ယောက်... ဂိုဏ်းထဲမှာ သူ့အကြောင်း ကောလဟာလတွေ အများကြီးရှိတယ် ငါတို့ နားမလည်နိုင်တဲ့ ပါရမီရှင်လောကကို သူ့လို ပါရမီရှင်တွေပဲ နားလည်တယ်"
လူတော်တော်များများက စကားမပြောကြပေ။ သူတို့မှာ ချေပချင်ကြပေမယ့် ဘာပြောရမှန်း မသိကြတော့ချေ။
"ငါတို့သူ့ကို ပြန်ခေါ်ကြရအောင်....မဟုတ်ရင် သူအရမ်း စိတ်ပျက်သွားလိမ့်မယ်!"
"ဘယ်လောက်ပဲ ခက်ခက်ခဲခဲ လိုက်ဖမ်းနေပါစေ သူက ပျောက်သွားပြီလေ"