← Chapters

နဂါးသွေး

Vol. 96 Ch. 4.957

နဂါးသွေး

Vol. 96 Ch. 4.957

ကောင်းကင်ယံ၌ အလွန်အမင်း အရှိန်အဟုန်ဖြင့် ပျံသန်းရင်း သူ၏အရှိန်ကို လုံးလုံးလျားလျား လွှတ်ထုတ်လိုက်ရာ လုရွှမ်သည် လေထုထဲမှ ပဲ့တင်ထပ်သံ တစ်ချက်ကို ဖျတ်ခနဲ ခံစားလိုက်ရသည်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ သေးငယ်သော အာကာသအက်ကြောင်းများ ပေါ်ထွက်လာသည်။

လုံးဝ စုတ်ပြဲသွားခြင်း မဟုတ်သော်လည်း ၎င်းအက်ကြောင်းများကို ဆက်လက်ခိုင်ခံ့ လာစေပါက နေရာနှင့် ပြဿနာများ ရှိလာနိုင်ကြောင်း စိတ်ကူးနိုင်ပါသည်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သူပြန်ရောက်တာနဲ့ နှိုင်းစာရင် ဒီနေရာလွတ်က တော်တော်ကို အားနည်းနေပြီ။

လုရွှမ်သည် အနီးနားက လူမရှိသောနေရာကို ရွေးချယ်ခဲ့သည်။ သူသည် နတ်တောင်တန်း၊ ရွှေဒြပ်စင် ကမ္ဘာရတနာရဲ့ အပိုင်းအစများ၊ အမြစ်မဲ့မီးနှင့် သစ်သားနှလုံးသားကို ထုတ်ယူပြီး ရေထဲသို့ ထည့်လိုက်သည်။

ခုနစ်ရက်ကြာသောအခါ ရေထဲမှထ၍ တစ်နေရာသို့ ပျံတက်သွားခဲ့လေ၏။

ထုံးထျန်းတောင်ထွတ်က ခေါင်းဆောင်ရှစ်ဦး၏ ဆုံးဖြတ်ချက်ချရာ ခန်းမ၌ လူငါးဦးသည် ဂိုဏ်းကြီးတစ်ခုစီ၏ အဆုံးအဖြတ်ကို စောင့်မျှော်လျက် ခေါင်းငုံ့ထားကြသည်။

လုရွှမ်သာ ထိုနေရာ၌ ရှိနေခဲ့ပါက ဤလူငါးဦးကို သူနှင့်အတူ လပေါင်းများစွာ ခရီးသွားလာခဲ့သည့် ကျင့်ကြံသူတွေ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်မှာပဲ ဖြစ်သည်။

"လူက လုရွှမ် ဟုတ်မဟုတ် သေချာတာပဲဖြစ်ဖြစ် မသေချာတာပဲ ဖြစ်ဖြစ်... လူတစ်ယောက်ကို အရင်ပြန်လာရမှာ မဟုတ်ဘူးလား...လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို မျှော်စင်နယ်ပယ် အထွတ်အထိပ်က သိမ်းပိုက်သွားပြီဆိုပြီး လပေါင်းများစွာ ကောက်ချက်ချခဲ့ကြတယ်ပေါ့..."

လော့ချောင်ဖုန်းသည် ဤလူများဆီက အကြောင်းစုံကို ကြားပြီးနောက် လုရွှမ်ရဲ့ နှလုံးသားထဲက ဆုံးရှုံးမှုနှင့် စိတ်ပျက်သွားမှုတို့ကို ခံစားနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ ဒါပေမဲ့ ဒီလူတွေ အမှားလုပ်မိလို့လား ဆိုတော့လည်း မဟုတ်ပေ။ သူတို့မှာ ဦးနှောက်မရှိကြရုံပဲ ဖြစ်သည်။

"ဒါဆို လုရွှမ် ဘယ်​​ရောက်သွားတာလဲ"

လူငါးယောက်က ခေါင်းကို အထပ်ထပ် အခါခါ ခါယမ်းလိုက်ရင်း မသိကြောင်း ပြောလိုက်သည်။

"ဒါပေမဲ့ အနည်းဆုံး သေချာတာ တစ်ခုကတော့ သူ့ရဲ့လက်ရှိအင်အားနဲ့ သူ့ကို ထောင်ချောက်ဆင်နိုင်တဲ့လူ များများစားစား မရှိ​တော့ဘူးဆိုတာပဲ"

သူတို့ မှန်းဆချက်က မှားနေပါပြီ။ အခု လုရွှမ်ဟာ ပင်လယ်ပြင်တစ်ခုရဲ့ ရှေ့မှာ ချောင်းမြောင်းနေတဲ့ ပင်လယ်သားရဲကောင်တွေကို ကြည့်လိုက်ရင်း သူ့ရင်ထဲမှာ နာကျည်းသွားခဲ့သည်။

ဤပင်လယ်သားရဲများသည် ဤနေရာ၌ အမှတ်တမဲ့ စုဝေးနေကြခြင်း မဟုတ်ပေ။ ပင်လယ်ရေထဲ၌ မြုပ်နေသော တောင်ကုန်းတစ်ခု ရှိနေပြီး ၎င်းသည် သာမန်အတိုင်း ကြည့်ကောင်းသော်လည်း လမ်းကြောင်းတိုင်းက မရေမတွက်နိုင်သော ပင်လယ်သားရဲများကို ဆွဲဆောင်နေပါသည်။

သူတို့ ဘာတွေ ခံစားနေကြသလဲ နားမလည်နိုင်ပေမယ့် ဒီတောင်ကုန်းဟာ ပင်လယ်သားရဲတွေကြား ထူးခြားတဲ့ အဆင့်အတန်း ရှိတယ်ဆိုတာ ထင်ရှားပါ၏။

နတ်တောင်တန်းတွင် မျိုးစေ့များကို စိုက်ပျိုးပြီး တောင်တစ်သောင်းကမ္ဘာကို လုံးဝ ပြောင်းလဲသွားလိုပါက သုံးရက်ကြာမည် ဖြစ်သည်။

သုံးရက်အတွင်း အနှောက်အယှက် မရှိဘဲ အေးအေးဆေးဆေး ဖွဲ့စည်းခြင်းနှင့် လိုအပ်သော ပစ္စည်းများကို ထည့်သွင်းချင်ခဲ့သည်။ ဒါပေမဲ့ ဒီအကြံက ဒီနေ့မှာတော့ အလုပ်မဖြစ်ဘူးဆိုတာ ရှင်းသွားပါပြီ။ ဒီပင်လယ်သားရဲတွေ ဆုတ်ခွာသွားဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ပင်လယ်သားရဲ အုပ်စုကြားတွင် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားကာ လုရွှမ်ရဲ့ နှလုံးလည်း တစ်ချက် ဆောင့်ခုန်သွားသည်။ နဂါးတစ်ကောင် ဖြစ်ပြီး တောင်တန်းငယ်ပေါ်မှ ဖြည်းညှင်းစွာ ထွက်ခွာလာတာကို တွေ့လိုက်ရသည်။

ခဏလောက်အထိ လုရွှမ်လည်း လန့်လုမတတ် ဖြစ်သည်။ ကောင်းကင်ဘုရင် နန်းတော်မှာ အဘိုးကြီးနဂါးကို တွေ့ပြီးနောက် ထိုသူသည် နဂါးအစစ် မဟုတ်ကြောင်း နဂါးမဟုတ်သည့် အရာမျိုးဖြစ်ကြောင်း သိလိုက်သည်။

တောင်တစ်သောင်းကမ္ဘာမှာ နဂါးတစ်ကောင် တကယ်ရှိနေတာက ဘယ်လိုဖြစ်ရတာလဲ။ သို့ရာတွင် နောက်အခိုက်အတန့်တွင် လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်၏။ ၎င်းက နဂါးအစစ် မဟုတ်ပေ။ အရိပ်အငွေ့သာ ဖြစ်ပေ၏။

ဒါပေမဲ့ ခဏကြာတော့ နဂါးအိုကြီးရဲ့ အရောင်ပြောင်းသွားတာကို မြင်လိုက်ရသည်။ ၎င်းဂဲ့ ခန္ဓာကိုယ်မှာ ခြေသည်းငါးချောင်းပါတဲ့ ရွှေရောင်နဂါးကြီး ဖြစ်သွားတယ်။ ခြေသည်းငါးချောင်းရှိသော ရွှေနဂါးကြီးသည် စက်ဝိုင်းတစ်ခုလို လှည့်ပတ် ပျံသန်းပြီးနောက် ၎င်း၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြိုကျကာ ရွှေရောင် ထွက်သက်ဝင်သက် တစ်ဆုပ်အဖြစ်သို့ ပြောင်းလဲသွားကာ တစ်ဖန်ပြန်ကျုံ့သွားပြီး သွေးတစ်စက်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

အနီရောင်တောက်တောက် ဖြစ်သော်လည်း အတွင်းတွင် ရွှေရောင်ဖျော့ဖျော့လေး ရှိနေသည်။ ဤသည်မှာ လက်သည်းငါးချောင်းရှိသော ရွှေနဂါး၏ သွေးဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပါ။

အဘိုးကြီးနဂါးကို မတွေ့ဆုံမီ လုရွှမ် စိတ်လှုပ်ရှားနေသော်လည်း ယခု အပျက်အစီးထဲမှ လုံးဝဆင်းသက်လာသော ဤမှော်ဆန်သော လက်သည်း ငါးချောင်းရှိသည့် ရွှေနဂါး၏ သွေးကိုကြည့်ရင်း လုရွှမ်သည် သူ့ရဲ့ကမ္ဘာမြင်ကွင်း တစ်ခုလုံးကို တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

သို့သော် ယခုအချိန်တွင် နဂါးသွေးက ပျံသန်းနေကာ အောက်ဖက်က ပင်လယ်သားရဲများလည်း မော့ကြည့်နေကြပြီ။ သူ့အတွက်လည်း အံ့အားသင့်ရမည့် အချိန်မဟုတ်သည်မှာ ထင်ရှားပါသည်။ သူတို့ရဲ့ အရှိန်အဟုန်ကို ကြည့်ပြီး သူတို့အားလုံးဟာ ကြိုးကြိုးစားစားနဲ့ အချိန်မရွေး ရှေ့ကို ပြေးပြီး ဒီသွေးတစ်စက်ကို ဖမ်းဆုပ်ဖို့ အဆင်သင့် ဖြစ်နေတာ သိသာ၏။

လုရွှမ်စိတ်ထဲမှာ ထျန်းရှား ပြောခဲ့ဖူးသော သူမသည် နဂါးသွေးအမြုတေ တစ်စက်ကို အမှတ်တမဲ့ ရလိုက်တဲ့ အကြောင်း သတိရလိုက်သည်။ အခုတော့ သူ့မျက်လုံးနဲ့ တကယ်မြင်လိုက်ရပြီမလို့ သူနားလည်သွားပါပြီ။

အလွန်သေးငယ်သော လေစီးကြောင်းတစ်ခု တိတ်တဆိတ် ခုန်တက်လာ၏။ တစ်စုံတစ်ယောက် လာနေပြီ။ လုရွှမ်သည် သူ၏ ဝိညာဉ်စွမ်းအားကို ဖော်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ထိန်းထားလိုက်သည်။

အနီးအနားမှာ လူတစ်ယောက် တိတ်တဆိတ် ပေါ်လာကာ တောင်ကုန်းပေါ်က နဂါးအမြုတေရဲ့ သွေးနီရဲရဲကို လောဘကြီးစွာဖြင့် စိုက်ကြည့်နေလေသည်။ ထိုဧည့်သည်သည် နဂါးရေငွေ့တောင်ရဲ့ ဂိုဏ်းခေါင်းဆောင်ဟောင်း လုံထန်းရှောက်မှလွဲ၍ တခြားအသိမိတ်ဆွေ မဟုတ်ချေ။

ဤလူ ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု လုရွှမ်လည်း မမျှော်လင့်ထားပေ။

ဒါပေမဲ့ အတိုချုံး တွေးကြည့်ရင်တော့ ပုံမှန်ပါပဲ။ လုံထန်းရှောက်သည် ကြီးကျယ်သော ဂုဏ်သတင်းကို ရယူနိုင်ခဲ့တာကြောင့် နတ်နဂါး၏ အသွေးအသားရှိရန် အတွက် သူသည် တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးရှိ လျှို့ဝှက်သောဒဏ္ဍာရီများစွာကို သိရှိထားရမည်။

လုရွှမ်ရဲ့ အတွေးထဲတွင် ဤနေရာကို လုံထန်းရှောက်ဟာ အရင်ကတည်းက သိထားပြီး နဂါးသွေးကို ထုတ်ယူနိုင်ကြောင်း သိထားတယ်ဆိုလျှင် ဖီးနစ်သွေးလိုင်းမှ ဆင်းသက်နိုင်သည့် နေရာတစ်ခုလည်း ရှိနေနိုင်မလားဟု တွေးမိသည်။

မစမ်းကြည့်ရသေးရင် မသိနိုင်ဘူးလေ။ ဒီအကြောင်းကို ပိုတွေးလေလေ တောင်တစ်သောင်းကမ္ဘာ အကြောင်း လုရွှမ် ပိုသိချင်လာလေပါပဲ။

ကောင်းကင်စာအုပ် ရှစ်အုပ်၏ တည်ရှိမှုသည် မူလက တောင်တစ်သောင်းကမ္ဘာတွင် ဖြစ်သည်ဟု ယူဆခဲ့သော်လည်း အမှန်တကယ်တွင် ၎င်းသည် ဝမ့်ကမ္ဘာတွေ တစ်လျှောက်တွင် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ တောင်တစ်သောင်းကမ္ဘာကလည်း ယခုမြင်ရသလောက် သာမန်မဟုတ်တာ သေချာပါသည်။

အစတွင် နဂါးသည် ဖီးနစ်ကို တိုက်ခိုက်ရန် တောင်တစ်သောင်းကမ္ဘာကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

အကွာအဝေး တစ်ခုတွင်တော့ ထိုနတ်နဂါး သွေးတစ်စက်သည် ရွေ့လျားနေဆဲဖြစ်ပြီး ၎င်း၏ အငွေ့အသက်သည် တဖြည်းဖြည်း အားကောင်းလာကာ နဂါးတစ်ကောင်အဖြစ် ပုံဖော်နိုင်စွမ်း မရှိတော့ဘဲ အရာဝတ္ထုအဖြစ် ပေါင်းစပ်သွားခဲ့သည်။

တောင်ကုန်းအောက်ခြေရှိ ပင်လယ်သားရဲများသည် တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ထရပ်ကာ လူသတ်ချင်လာသည့် အငွေ့အသက်များ ထုတ်လွှတ်လာသည်။ သေချာသည်မှာ နဂါးသွေး လုံး၀ဖွဲ့စည်းပြီးသည်နှင့် ၎င်းအတွက် စတင် တိုက်ခိုက်ရမည့် အချိန်ဖြစ်သည်။

လုရွှမ်သည်လည်း သူ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ထားသည်။ ပထမဆုံး ပျံသန်းသွားသော ငှက်တစ်ကောင်က အသတ်ခံရနိုင်ခြေ များကြောင်း သူသိပါသည်။

ထို့ပြင် ယခုနတ်နဂါး၏ အသွေးသည် လက်သည်းငါးချောင်းရှိသော နတ်နဂါး၏ အသွေးဖြစ်ပြီး ထူးခြားသည်။ လုရွှမ်သည် ၎င်းကို အလွယ်တကူ လုယူသွားလိမ့်မည် မဟုတ်ဟု ယုံကြည်ထား၏။

ဝူး!

လူတိုင်း၏ နားထဲတွင် ဟိန်းဟောက်သံတစ်ချက် ပဲ့တင်ထပ်သွားခဲ့သည်။ လေထဲတွင်ရှိ ရွှေသွေး​က နောက်ဆုံးတွင် ရွေ့လျားလာခဲ့ပါပြီ။ ပတ်၀န်းကျင်ရှိ ရေစီးကြောင်းက ၎င်းအပေါ် သက်ရောက်မှု လုံးဝ မရှိခဲ့ပေ။ သွေးစက်သည် လမ်းကြောင်းတစ်ခုကို တိုက်ရိုက်ဖွင့်ကာ အဝေးသို့ ပျံပြေးသွားခဲ့သည်။

လုရွှမ်သည် အစပိုင်းမှာ အရင်လှုပ်ရှားဖို့ ရည်ရွယ်ချက် မရှိပေမယ့် သွေးစက် ပျံသန်းလာနေတဲ့ ဦးတည်ချက်ကတော့ သူ့ဆီကို အတိအကျ ဖြစ်နေသည်။ လုံထန်းရှောက်ကလည်း သူ့ဆီသို့ သွေးစက်ကလေး ပျံသန်းလာတာကို မြင်သောအခါ အမြန်ဖမ်းဆုပ်လိုက်လေသည်။

လက်တစ်ဖက်က ရှေ့သို့ အမြန် ဆန့်တန်းလျက် ပြေးလာကာ ထုံးစံအတိုင်း လုရွှမ်ပဲ ဖြစ်သည်။ လုံထန်းရှောက်ကို ပြုံးပြရင်း လုရွှမ်သည် သူ့လက်ထဲ ရောက်လာသော သွေးစက်ကို ဖမ်းယူထားလိုက်၏။

"မင်းပဲ!"

"လုံထန်းရှောက်... ငါတို့ပြန်တွေ့ကြပြီနော်... မင်း အသက်ရှင်နေဦးမယ်လို့ မမျှော်လင့်ထားဘူး.... မင်းကတော့ ကံကောင်းတဲ့လူပဲ"

လုရွှမ် နောက်ပြောင်ပြီး သူ့ခန္ဓာကိုယ်က လုံထန်းရှောက်ရဲ့ ခန္ဓာကိုယ်ကို ဝင်တိုက်ပစ်သည်။ လုံထန်းရှောက်မှာ ရုတ်တရက် ကြီးမားသော တောင်ကြီးတစ်ခုအား တိုက်မိသွားသလို ခံလိုက်ရ​တော့သည်။ သူ့ခန္ဓာကိုယ်သည် ရှက်ရွံ့စွာ ဆုတ်ခွာသွားရကာ လုရွှမ်ကတော့ ကောင်းကင်သို့ ပျံတက်နေပြီ ဖြစ်သည်။

All Chapters