မိခင်သားရဲ
Vol. 96 Ch. 4.958
"ကောင်လေး မပြေးနဲ့..."
လုံထန်းရှောက် အော်ဟစ်ကာ ပြေးလိုက်လာသည်။ နောက်ကနေ လူသတ်ချင်တဲ့ လှိုင်းလုံးကြီး ထွက်ပေါ်လာရာ သူ့နောက်မှာ ပင်လယ်သားရဲတွေ ရှိမယ်ဆိုတာကို ခေါင်းမလှည့်ကြည့်ဘဲတောင် သိနိုင်သည်။
"ဒီမှာပဲနေခဲ့စမ်း!!"
ကျယ်လောင်သော အော်သံနှင့်အတူ ပင်လယ်သားရဲ အုပ်စုတစ်စုသည် လုံထန်းရှောက်ကို ရေထဲ ပစ်ချလိုက်ကြပြီး နောက်ထပ် ပင်လယ်သားရဲများက လုရွှမ်နောက်ကို ဆက်လိုက်ကြသည်။
အစမှအဆုံး လုံထန်းရှောက်သည် နောက်တစ်ကြိမ် ထွက်မလာတော့ပေ။
လုရွှမ် သူ့လက်ထဲက သွေးစက်ကို တစ်ချက်ကြည့်လိုက်တော့ သွေးရဲ့အရောင်က တဖြည်းဖြည်း လျော့ကျသွားပြီး ပိုလို့တောင် ရွှေရောင် တောက်လာသေး၏။ ဒါကြောင့် လက်ထဲက သွေးများ၏ တောက်ပမှုကို လုံးလုံးလျားလျား ဖုံးကွယ်မထားနိုင်တော့ပေ။
ဒါက သူဟာ အားလုံးရဲ့ ပစ်မှတ်ဖြစ်လုနီးပါး ဖြစ်စေခဲ့သည်။
သူသည် သူ့လက်ဖဝါးထဲကို သွေးတွေကို စုပ်ယူဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပေမယ့် နတ်နဂါးရဲ့သွေး သူ့လက်ဖဝါးထဲကို ပေါင်းမဝင်အောင် တားဆီးထားတဲ့ နားမလည်နိုင်တဲ့ စွမ်းအားတစ်ခု ရှိနေသလို ခံစားနေရလေသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုစွမ်းအားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်မှာ သိသာထင်ရှား လှပေသည်။ အကယ်၍ ခဏကြာတဲ့အထိ ဆက်တောင့်ခံထားပါက သွေးဟာ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားနိုင်သည်။
အနည်းဆုံး တစ်နာရီသာ ကြာနိုင်သော်လည်း ဤနာရီသည် အကျပ်အတည်းများနှင့် ပြည့်နေမှာ သေချာပါသည်။
လုရွှမ်ရဲ့ ခန့်မှန်းချက်က မှန်ကန်ပါသည်။ နဂါးသွေး ကျင့်ကြံသူရဲ့ ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစည်းရန် အချိန်အနည်းငယ် ယူရသည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် လက်သည်းငါးချောင်းရှိသော နဂါး၏ သွေးအနှစ်သာရအား ဆွဲဆောင်နိုင်သောကြောင့် သူ့ဆီသို့ ပျံသန်းလာခဲ့ခြင်းပဲ ဖြစ်သည်။
သူ့လိုခန္ဓာကိုယ်မျိုး မဟုတ်ပါက သာမန်လူများသည် ၎င်းတို့၏ ကျင့်ကြံမှုအဆင့် ဘယ်လောက်ပဲ မြင့်မားစေကာမူ ခန္ဓာကိုယ်အတွင်းသို့ သွေးများ ပေါင်းစည်းရန် အနည်းဆုံး တစ်ရက် လိုအပ်ပြီး ပြီးပြည့်စုံစွာ ပေါင်းစည်းရန် အချိန်ဘယ်လောက် ကြာသွားမလဲ ဘယ်သူမှ မသိနိုင်ပေ။
နောက်ကွယ်မှာတော့ မည်းမှောင်တဲ့ ပင်လယ်သားရဲအုပ်ကြီး ရှိနေပြီး အကောင်ဘယ်လောက် ရှိတယ်ဆိုတာ မပြောနိုင်ချေ။ အရှိန်က မမြန်ပါ။ အနည်းဆုံးတော့ ဒီနေ့ လုရွှမ်ရဲ့ ခွန်အားနဲ့ယှဉ်ရင် အမြန်နှုန်းက နိမ့်ပေသည်။ သို့သော် နတ်နဂါးအနှစ်သာရသွေး၏ ရောင်ဝါသည် ဆေးကြောရန် မဖြစ်နိုင်သလောက်ပင်မို့ လမ်းတစ်လျှောက် ဖြူစင်သော ရောင်ဝါတစ်ခုက ကျန်ရစ်ခဲ့သည်။
နောက်ကွယ်မှ ပင်လယ်သားရဲသည် လိုက်ရှာရာတွင် အနည်းငယ် နှေးသော်လည်း မမောမပန်း လိုက်ရှာနိုင်သည်။ လုရွှမ်သည်လည်း အရှိန်မြှင့်ကာ တတ်နိုင်သမျှ မြင့်အောင် ပျံသန်းသော်လည်း ပင်လယ်သည် ပင်လယ်သားရဲများ၏ နယ်မြေ ဖြစ်လေ၏။
လူစုလူဝေးထဲမှာ အရင်က သူ့ကို ကြံစည်ခဲ့တဲ့ အသိမိတ်ဆွေ တော်တော်များများကိုလည်း တွေ့ခဲ့ရသည်။
"လုရွှမ် မင်းလက်ထဲက နဂါးသွေးကို လွှဲပေးလိုက်စမ်း...."
တချို့သော ပင်လယ်သားရဲများသည် အဝေးမှဟောက်ကြသည်။ အနီးသို့ ပြေးလာကြသည့် လူများကလည်း တခြားသူများကို ဂရုမစိုက်ဘဲ လက်သည်းများနှင့် ဖမ်းယူကြသည်။ သူတို့၏ လက်ဖဝါးများ တိုက်ခိုက်ရာ နေရာသည် လုရွှမ်ရဲ့ လက်ဖဝါးကိုပါပဲ။
လုရွှမ်သည် ဤပင်လယ်သားရဲများ အတွက် လည်ချောင်းငါးခုပါသော ရွှေနဂါးသွေး၏ အရေးပါပုံကို ကောင်းစွာသိပြီး သူ့ရှေ့ကရှိ ပင်လယ်သားရဲများအတွက် ဤအခိုက်အတန့်တွင် ရူးသွပ်သွားမှုက အဆုံးမရှိပေ။
"သူ့ကို အသေ သတ်ပစ်လိုက်!"
နဂါးသွေးသည် ပျက်စီးသွားမည် မဟုတ်ကြောင်း ပင်လယ်သားရဲများစွာက သိကြတာကြောင့် ၎င်းတို့သည် ၎င်းတို့၏ တိုက်ခိုက်မှုတွင် လုံးဝကို မဆင်မခြင် ဖြစ်နေကြသည်။
လုရွှမ်၏ လှုပ်ရှားမှုများကလည်း သွက်လက်လှသည်။ သူက ထိုအုပ်စုကို ဖြတ်ကျော်ကာ သူ့ခန္ဓာကိုယ်ကို ဝိညာဉ်ဒိုင်းလွှာထဲတွင် ဖုံးအုပ်ထားရင်စ ထိုပင်လယ်သားရဲများ၏ တိုက်ခိုက်မှုများကြား ဆက်လက် ပျံသန်းနိုင်ခဲ့သည်။
ဝုန်း!
"အား...."
အော်သံများက ကျယ်လောင် ပြတ်သားသည်။
နေရာတိုင်းတွင် သွေးများ၊ အသားအပိုင်းအစများ ပေါက်ကွဲကာ ပင်လယ်သားရဲများ၏ အလောင်းများ ဆက်လက် ပြုတ်ကျနေသည်။ အချို့က အလွန်ကြောက်စရာ ကောင်းသော လေထဲတွင်ပင် မိမိကိုယ်ကို ဖျက်ဆီးပစ်ကြသည်။
လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို ဂရုတစိုက်ထိန်းပြီး သူ့ခန္ဓာကိုယ်ရှိ စွမ်းအားအားလုံးသည် နတ်ဝိညာဉ်ဒိုင်းလွှာထဲသို့ ဖြည့်ထားသည်။ သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို ဂရုတစိုက်စိုက်ကြည့်တော့ နတ်နဂါးအနှစ်သာရသွေးက ပင်လယ်သားရဲဆီ ပိုနီးကပ်လေ ပင်လယ်သားရဲက ပိုရူးသွပ်သွားလေလေပါပဲ။
အလိုလို ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေသည်မှာ သူတို့၏ မျက်လုံးများသည် ရူးသွပ်သွားသလို နီရဲနေလေသည်။ ပြီးတော့ သူတို့ရှေ့မှာ ရပ်နေတဲ့ သူတွေကို တိုက်ခိုက်တဲ့ ခွန်အားက ပုံမှန်ထက် အများကြီး ပိုပြင်းထန်လာသည်။
ဤအရာက လုရွှမ်ကို အခွင့်ကောင်းယူရန် အခွင့်အရေး ပေးခဲ့သည်။ ထို့ကြောင့် သူသည် ပင်လယ်သားရဲများကြားတွင် ပုန်းအောင်းကာ ၎င်းတို့ မောပန်းနွမ်းနယ်လာစေရန် စောင့်ဆိုင်းခဲ့သည်။
"ပေါက်ကွဲ!"
ရုတ်တရက် နားမလည်နိုင်သော ရင်တုန်ခြင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်ရှိ ပင်လယ်သားရဲများစွာ၏ ခန္ဓာကိုယ်များသည် အလင်းရောင်နှင့်အတူ လင်းလက်သွားတာ မြင်လိုက်ရပြီး ၎င်းတို့သည် မိမိကိုယ်ကို ဖျက်ဆီးလုဆဲဆဲ ဖြစ်လာသည်။
ခပ်ဝေးဝေးက အစွန်အဖျားမှာတော့ ပင်လယ်သားရဲကြီး တစ်ကောင်က တမင်တကာ အသွင်ပြောင်းတာလား ဒါမှမဟုတ် အသွင်ပြောင်းဖို့ မထီမဲ့မြင်ပြုတာလားဆိုတာ မသိရပါဘူး။ ၎င်းရဲ့ အသံက သူ့ဘေးက ပင်လယ်သားရဲများကို ရူးသွပ်နေစေ၏။
ထိုပင်လယ်သားရဲကြီးသည် ကုန်းငယ်တစ်ခုနှင့် တူကာ ရူးသွပ်နေသော ပင်လယ်သားရဲများက ၎င်းနဲ့ယှဥ်ပါက ခွေးကလေးတွေလို ဖြစ်သွားသည်။
ရုတ်တရက် ပင်လယ်သားရဲကြီးသည် ၎င်း၏ပါးစပ်ကို ဖွင့်ကာ လုရွှမ်ကို ကိုက်ချလိုက်လေသည်။
ဝုန်း!
နောက်ဆုံးတော့ အနီးပတ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး ပင်လယ်သားရဲတွေရဲ့ စွမ်းအားက အံ့မခန်း ပေါက်ကွဲမှုတွေ ထွက်ပေါ်လာ၏။
လုရွှမ် အလွန်ထိတ်လန့်သွားပြီး သူ့တစ်ကိုယ်လုံးကို နတ်ဝိညာဉ်ဒိုင်းဖြင့် အမြန် ဖုံးအုပ်လိုက်သည်။ ကျယ်လောင်စွာ ပေါက်ကွဲပြီး နောက်အခိုက်အတန့်မှာတော့ ကောင်းကင်ကြီးက ရုတ်တရက် မည်းမှောင်သွားကာ ပင်လယ်သားရဲတွေ အားလုံးကို မျိုချခံလိုက်ရတော့သည်။
ထိုပင်လယ်သားရဲများသည် မိမိကိုယ်ကို ဖျက်ဆီးနေကြသော်လည်း ၎င်းတို့သည် ပင်လယ်သားရဲကြီးအပေါ် လုံးဝ သက်ရောက်မှုမရှိဟု ထင်ရလေသည်။
မတွေးတော့ဘဲ လုရွှမ်သည် ကျောက်စိမ်းတွင်းထဲသို့ တိုက်ရိုက် ပြေးဝင်သွား၏။ ထိုစဥ် အပြင်ဘက်က ပေါက်ကွဲသံကြီးကိုလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"ဟိုအဘိုးကြီး အခု ဘယ်လိုနေလဲ"
အဘိုးကြီး ဆိုတာဟာ လုရွှမ်ကိုသတ်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်လိုသော လှောင်အိမ်သခင်ပဲ ဖြစ်သည်။ တကယ်တော့ ထိုသခင်ဟာ ရွှေကျီးကန်းဆီမှာ အရိုက်ခံရတာကြာပြီ ဖြစ်ပေမဲ့ အဘိုးကြီးရဲ့ ဝိညာဉ်က အရမ်းသန်မာတဲ့အတွက် ရွှေကျီးကန်းက သူ့ကို အကြိမ်ကြိမ် လှည့်စားပြီး အနိုင်ယူနေသည်။
"ဟမ့်.... ငါ့နေရာကို ရောက်ရင် ဒီလောက် မာနကြီးချင်သေးရင် စော်ကားခံရဖို့ ထိုက်တန်တယ်! ငါ သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းရှာနေပြီ... ခဏစောင့် သိပ်မကြာခင်မှာပဲ အဲ့ကောင်ငါ့ကို သခင်လို့ ခေါ်လာလိမ့်မယ်"
ရွှေကျီးကန်းရဲ့ စကားအတွက် လုရွှမ် သူ့မျက်နှာကို မပျက်ထားခဲ့ပေ။ သူက ခေါင်းညိတ်ကာ ပြင်ပလေထု ငြိမ်သက်သွားတဲ့အထိ ငြိမ်သက်နေခဲ့သည်။ သွေးနံ့တွေက ကျောက်စိမ်းပြားထဲ အထိပါ ရောက်လာသည်။
ပင်လယ်ရေတွေ အများကြီးနဲ့ ပြည့်နှက်နေကာ သူအခု ပင်လယ်သားရဲကြီးရဲ့ အစာအိမ်ထဲမှာပဲ ရှိနေလောက်သေးသည်။ ယိမ်းနွဲ့ပြီး လှည့်ပတ်နေသည့် ခံစားချက်ကိုလည်း ပေးနေ၏။
လုရွှမ်မှာ ခဏလောက်တော့ မြောက်နဲ့တောင်ကြားက ခြားနားချက်ကို မပြောနိုင်တော့ပေ။ လေထဲမှာ ရောင်ဝါမရှိလို့ ထူးထူးခြားခြား နတ်ပြည်ကို ရောက်နေသလိုပဲ။ ဒါတင်မကသေး လေထုထဲမှာ အဆိပ်အတောက်တွေ ရှိနေပြန်သည်။ လုရွှမ်ကတော့ အခု တောင်တစ်သောင်းကမ္ဘာမှာ သူ့ကို နာကျင်အောင် လုပ်နိုင်တဲ့လူ များများစားစား မရှိတာကို ဂုဏ်ယူမိပေမယ့် ဒီရောင်ဝါကိုတော့ သေချာမှတ်ထားရပါမယ်။
"ကျီးဖိုးဖိုး... ဒါက ဘယ်လိုပင်လယ်သားရဲလဲ"
လုရွှမ်သည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်နှင့် စွမ်းရည်မျိုးသည် တောင်တစ်သောင်းကမ္ဘာတွင် မျိုးပွားနိုင်ခဲ့သည့် သားရဲ မဟုတ်ဘူးဟု ထင်မိလေသည်။
ရွှေကျီးကန်း၏ အသံတွင် ရှားရှားပါးပါး အံ့အားသင့်ဖွယ် အရိပ်အမြွက်မျိုး ပြလာခဲ့သည်။
"ကောင်လေး... ငါ့ခန့်မှန်းချက်မှန်ရင် ဒီအကောင်က မိခင်သားရဲ ဖြစ်နိုင်တယ်"
"မိခင်သားရဲ ဟုတ်လား?... ဒါတွေက ရှေးခေတ် ဒဏ္ဍာရီတွေလို့ပဲ ကျွန်တော် အမြဲထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ အဲဒီဒဏ္ဍာရီတွေက အဲဒီခေတ်တွေကတည်းက မှန်ကန်နေခဲ့ပုံပဲ"
လုရွှမ်မှာ သံသယတွေ ပြည့်နှက်နေမှန်း သိလိုက်ရတော့ ရွှေကျီးကန်းက ဆိုလေသည်။
"မင်းရဲ့ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေမှာ တွေ့ကြုံခဲ့သမျှ အရာအားလုံးကို ငါမြင်ခဲ့ပြီးသား....အစကတော့ မင်းကို ပြောပြရမယ့် အချိန်မဟုတ်သေးဘူးလို့ ငါထင်ခဲ့တယ်... ဒါပေမဲ့ အခု မင်းသိသွားပြီ ဆိုမှတော့ ငါပြောပြမယ်"
"ဒဏ္ဍာရီထဲမှာ တစ်ကမ္ဘာလုံး မပြိုကွဲခင် ပထမဆုံး ပေါ်လာတဲ့ အရာက မိခင်သားရဲပဲ... မိခင်သားရဲ ပေါ်လာတိုင်း အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပေါ်လာတော့မှာ... တောင်တစ်သောင်းကမ္ဘာက တကယ်ပဲ ကယ်လို့ မရတော့တာ ဖြစ်နိုင်မလား မသိဘူး"