အလွန်အဆိပ်ပြင်းသော အဆိပ်ဆယ်ပါး
Vol. 96 Ch. 4.960
'သူငါ့ကိုမြင်တယ်!'
ဒါက ခံစားချက်တစ်ခုသာ ဖြစ်ပြီး ထိုလူက သူ့ရဲ့နောက်တစ်ဖက်လိုပါပဲ။
"ထွက်လာခဲ့!"
အယောင်ဆောင် လုရွှမ်၏ နားရွက်များ တုန်ခါသွားကာ သူ့နားထဲတွင် အသံထွက်နေပုံရသည်။ တစ်ဖက်က လုရွှမ်သည်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
လုရွှမ်၏ ခန္ဓာကိုယ် တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာသော်လည်း လူနှစ်ယောက်သည် တစ်ချက်ချင်း သတိပြုမိသွားကြသည်။ လုရွှမ်ကို မြင်တော့ လူ့ဘုန်းကြီးတွေ ချက်ချင်းပေါက်ကွဲသွား၏။
ကျန့်ဝူဝေါ်က အယောင်ဆောင်သူရဲ့ လည်ပင်းကို ဓားနဲ့ ထိုးချလိုက်သည်။ သို့သော် သူသည် ဓားကို ဆွဲထုတ်လိုက်သောအခါတွင် အမှားလုပ်မိပြီး ရုတ်တရက် ခွန်အားမရှိတော့သလို လှုပ်ရှားမှုများ နှေးကွေးသွားခဲ့တာကို တွေ့လိုက်ရလေ၏။
အယောင်ဆောင်သမားက ကျန့်ဝူဝေါ်ရဲ့ ရင်ဘတ်ကို ခြေထောက်တစ်ဖက် ဆန့်ကာ ကန်ထုတ်ပစ်လိုက်သည်။
"အစ်ကိုကျန့်!"
လော့ချောင်ဖုန်းက ကျန့်ဝူဝေါ်ရဲ့ အနီးနားမှာ ရှိနေတာကြောင့် သူ့ကို အမြန်ထောက်ကူ ပေးလိုက်သည်။ ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ်ထဲမှာ အေးစိမ့်စိမ့်နဲ့ ပြေးလွှားနေတဲ့ အရာကြောင့် ချက်ချင်း သဘောပေါက်သွားသည်။
"ငါတို့ အဆိပ်မိနေပြီ!"
ကောင်းကင်အောင်ခြင်း ဂိုဏ်းသည် လက်နက်များကို သန့်စင်ရာတွင် အစွမ်းထက်ဆုံး ဖြစ်သော်လည်း သန့်စင်ထားသော ဆေးရည်များနှင့် ဆေးဝါးများကိုလည်း လျှော့တွက်၍ မရပါ။
ရှဲ့ယွင်ထျန်းရဲ့ ပါးစပ်က သွေးတွေ ထွက်လာပြီး တခြားလူတွေရဲ့ မျက်နှာတွေလည်း ဖြူဖျော့လာကာ သူတို့ရဲ့ အသက်ရှုသံတွေ အင်မတန် အားလျော့လာပြီ။ ဒါက အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။
လူသား ကျင့်ကြံသူများကြားတွင် ပရမ်းပတာ ဖြစ်ကုန်ကြလေသည်။ သူတို့၏ ခေါင်းဆောင်အားလုံး အဆိပ်ခတ်ခံရမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပေ။
အယောင်ဆောင်က မျက်တောင်ခတ်နေတာကို သူမြင်လိုက်ချိန်မှာတော့ တစ်ခုခု ဖြစ်တော့မယ် ဆိုတာ သူ သိလိုက်ပါ၏။ ဒါပေါ့ ဂိုဏ်းချုပ်ရှစ်ယောက် အဆိပ်ခတ်ခံရပြီး လူသားကျင့်ကြံသူ အဖွဲ့တစ်ခုလုံးရဲ့ အရှိန်အဟုန်က အရမ်း အားလျော့သွားပြီလေ။
"ဟားဟားဟား!"
အတုက ရယ်မောပြီး သူ့ခန္ဓာကိုယ် ပုံသဏ္ဌာန်က ပြောင်းလဲသွားသည်။ ခဏအတွင်း သူ့မူလ အသွင်အပြင်က ပေါ်လွင်လာ၏။
"လုရွှမ် နေကောင်းရဲ့လား!"
ဒါပေမဲ့ ဒီအချိန်မှာ သူ့မျက်နှာမှာ အမာရွတ်တွေနဲ့ အရောင်အသွေးစုံတဲ့ ကိုယ်ခန္ဓာကြောင့ သူ့အသံကိုသာ နားမထောင်ခဲ့ရင် လုရွှမ်သည် သူ့လိုဟန်ဆောင်တဲ့ လူက တကယ့် ကောင်းလျှိုပဲ ဆိုတာကို ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ပါဘူး။
"မင်းမသေဘူးလား?"
"ဟားဟားဟား မင်းကျေးဇူးကြောင့် ငါ အသက်ရှင်နေသေးတာလေ.... သခင်တွေရဲ့ အကြိမ်အနည်းငယ် လေ့ကျင့်မှုခံရပြီး နောက်ဆုံးတော့ ငါ အသက်ရှင် လွတ်မြောက်ခဲ့ပြီး အခု ငါ့မှာ မှော်အစွမ်းတွေ ရှိလာပြီ.... ဟားဟား မင်း ငါ့ကို အရမ်းမုန်းနေပြီလား? ငါကတော့ အရမ်းပျော်တယ်"
"သူတို့ ဘယ်လိုအဆိပ်မျိုး မိနေလဲဆိုတာ မင်းချင်သိလား?.... အဆိပ်ဆယ်ပါးတဲ့... အဆိပ်ဖြေဆေး မရှိတဲ့သူတွေကတော့ သေရမှာ သေချာတယ်!"
"အဆိပ်ဆယ်ပါးလား... ဟေ့ ကောင်လေး မင်းကံကောင်းလိုက်တာ.... အကြွင်းမဲ့ အဆိပ်ဆယ်ပါးက အကြွင်းမဲ့ ဖြေဆေး မရှိတာတော့ မဟုတ်ဘူး... အခု မင်းခန္ဓာကိုယ်ထဲမှာ ရွှေနဂါးသွေးတွေ ရှိနေတော့ မင်းရဲ့သွေးက အကြွင်းမဲ့ အဆိပ်ဆယ်ပါးအတွက် အကောင်းဆုံး ဖြေဆေးပဲ!"
သူ့စိတ်ထဲမှ ရွှေကျီးကန်းက သူ့ကို သတိပေးလေသည်။ လုရွှမ်လည်း သက်ပြင်းတစ်ချက် ချရင်း သူတကယ် ကံကောင်းသွားတယ်လို့ တွေးရင် ဝမ်းသာပီတိ ဖြစ်သွားမိသည်။
ရှဲ့ယွင်ထျန်းနှင့် အခြားဂိုဏ်းချုပ် ရှစ်ယောက်၏ မျက်နှာများသည် အလွန်ရုပ်ဆိုးပြီး အချင်းချင်း ထိတ်လန့်စွာ ကြည့်ကာ ဒေါသထွက်နေကြသည်။ သူတို့လိုလူတွေ အဆိပ်ခတ်ခံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့သလို အဆိပ်ဖြေဆေးလည်း မရှိချေ။
လုရွှမ် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ လမ်းတစ်လျှောက်ရှိ လူသားကျင့်ကြံသူများက အမြန်ထွက်သွားကုန်သည်။ တစ်ကြိမ် လှည့်စားခံရပြီးနောက်တွင် ယခုရောက်လာသော လုရွှမ်က အစစ် ဟုတ်မဟုတ် မသိသလို သူတို့ကို ထပ်၍ ကြံစည်နေဦးမလား မပြောတတ်ပေ။
"ဟာဟား...လုရွှမ် မင်းရဲ့အရည်အချင်းက ကမ္ဘာမှာ တုနှိုင်းမရတဲ့ အရာပဲဆို မင်းအရာရာကို လုပ်နိုင်တယ်ဆို မင်းကို ဘာမှ ဒုက္ခမပေးနိုင်ဘူးဆို... မင်းအခု ဒါကို စိတ်မ၀င်စားဘူးလား... အခု မင်းသူတို့ဆီကနေ သေစေနိုင်တဲ့ အဆိပ်ဆယ်ပါးကို ထုတ်ယူနိုင်ပါ့မလား... ဟားဟားဟား"
ကောင်းလျှို ရယ်မောလိုက်၏။
ပင်လယ်သားရဲ၏ နောက်ကွယ်တွင် လှောင်အိမ်ရှင်တစ်ဒါဇင်ကျော် ပျံဝဲလာပြီး လူသားကျင့်ကြံသူများကို ဝိုင်းရံကာ အောက်ဖက်မှလည်း ပင်လယ်သားရဲများစွာ ပေါက်ထွက်လာသည်။
"မင်းကဘယ်သူလဲ ဒီကိုမလာနဲ့...."
လုရွှမ် ပျံဝဲနေတာကို မြင်တော့ ရှဲ့ယွင်ထျန်းက လှမ်းအော်လိုက်ပြီး သူ့မျက်လုံးတွေက သတိအပြည့်နဲ့ ကြည့်နေသည်။
"ခဏစောင့်ပါဦး.... လုရွှမ် တကယ်ပဲမင်းလား"
လော့ချောင်ဖုန်းက မေးလိုက်သည်။ တခြားသူများ၏ မျက်လုံးများထဲက သတိထား စောင့်ကြည့်ခြင်းများနှင့် မတူဘဲ လော့ချောင်ဖုန်း၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အမြွက်များ ပြကာ သူ၏ဝမ်းနည်းမှုကို နှလုံးသားထဲ နက်ရှိုင်းစွာ ဖုံးကွယ်ထားပုံရသည်။
လုရွှမ်သည် လော့ချောင်ဖုန်းရဲ့ ဝမ်းနည်းမှုတွေင သူ့ညီမ လော့ချင်းယီး အတွက် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သိတာကြောင့် အတိတ်ကို ပြန်ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ လုရွှမ်အသာ ခေါင်းညိတ်ပြပြီး လူရှစ်ယောက်ဆီ ရောက်လာခဲ့သည်။
"အဆိပ်ဆယ်ပါး ဟုတ်လား? ငါ့မှာ အဆိပ်ဖြေဆေး... ဂိုဏ်းချုပ်လော့ ဒါကို လူတစ်ဦးစီအတွက် တစ်လုံးစီ ပေးလိုက်ပါ"
ကြွေပုလင်းသေးသေး တစ်လုံးကို လော့ချောင်ဖုန်းဆီ လွှဲပေးလိုက်သည်။ လုရွှမ်သည် ကောင်းလျှိုကို မျက်နှာမူကာ ဆိုရင်း လော့ချောင်ဖုန်း ဘက်ကိုလည်း ညင်သာစွာ ခေါင်းညိတ်ပြလိုင်သည်။
လော့ချောင်ဖုန်းက ကြွေပုလင်းကို ယူ၍ ဖွင့်လိုက်သော် အနံ့ခံရုံမျှဖြင့် ၎င်းသည် အစွမ်းထက်ဆုံး အဆိပ်ဆယ်ပါးကို ဆန့်ကျင်သည့် ရိုးရှင်းသော အဆိပ်ဖြေဆေး တစ်လုံး ပါရှိနေတာကို သူသိလိုက်သည်။
သူက မဆိုင်းမတွ မျိုချလိုက်ပြီး သူ့ဘေးက ကျန့်ဝူဝေါ်ကိုလည်း တစ်လုံး ပေးလိုက်သည်။ လုရွှမ်သည် အရေးကြီးသော အခိုက်အတန့်တွင် ပေါ့ပေါ့ပါးပါး ဟာသလုပ်မည် မဟုတ်ကြောင်း သူယုံကြည်ပါသည်။
အရင်က လုရွှမ်ဆီကနေ လှည့်စားခံခဲ့ရပေမဲ့ အခုမှ လုရွှမ်ကို ဘာကြောင့် ပြန်တွေ့ခဲ့ရမှန်း မသိသေးပေ။ ယခုသူ လှည့်စားခံရသည့် ခံစားချက်မျိုးကို မခံစားရသော်လည်း ဤလုရွှမ်ကို ပို၍ ပို၍ ယုံကြည်လာသည်။
ကောင်းကင်အောင်ခြင်းဂိုဏ်း ရှင်သန်ချင်တယ် ဒါမှမဟုတ် ကြီးပွားချမ်းသာချင်တယ် ဆိုရင် လုရွှမ်က အဓိကသော့ချက် ဖြစ်လာတယ်ဆိုတာ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။
ကျန့်ဝူဝေါ်သည် လုရွှမ်ကို အလွန်ယုံကြည်မှု မရှိသည့်အပြင် သံသယများစွာဖြင့် ပြည့်နှက်နေသည်။ လုရွှမ်က ပြန်ရောက်လာပြီး သူ့တပည့် ဓားနတ်ဆိုးက ဘယ်ရောက်သွားတာလဲ။ ဘာလို့ ဒီလောက်မြန်မြန်နဲ့ ပြန်ရောက်လာတာလဲလို့ သူတကယ် မေးချင်နေ၏။
လုရွှမ့နှင့် အခြားသူများသည် တောင်တစ်သောင်းကမ္ဘာမှ အမှန်တကယ် ထွက်ခွာသွားခြင်း ရှိမရှိ သူ့စိတ်ထဲတွင်ပင် သံသယများ ရှိနေသည်။
"ငါ့ကိုယုံပါ... အဲဒါက လုရွှမ်ပဲ!!"
ကျန့်ဝူဝေါ် ခဏလောက် စဉ်းစားပြီး ကြွေပုလင်းငယ်ကို ယူကာ အတွင်းမှ ဆေးလုံးကို မျိုချလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် သေစေလောက်သော အဆိပ်ဆယ်ပါးကို မိနေပြီမို့ တခြားဆေးများကိုလည်း မျိုချလိုက်လို့လည်း ဘာမှ မထူးခြားတော့ပေ။
ကြွေပုလင်းက လူရှစ်ဦးကြား ဖြတ်သွားကာ ဆေးလုံးကို တစ်ယောက်ပြီး တစ်ယောက် မျိုချလိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးမှာ ပင်လယ်သားရဲတွေက ဘယ်သူမှ လာမတားကြပါဘူး။
ဤသည်မှာ ကုသ၍မရသော အလွန်သေစေသော အဆိပ်တစ်မျိုးဖြစ်ပြီး နားမလည်နိုင်သော အဂ္ဂိရတ်ဆေး တချို့ကို ချက်ချင်းမျိုချရုံဖြင့် အဆိပ်ထုတ်နိုင်သည်ဟု တကယ် ထင်ပါသလား။
"လူတိုင်းပဲ... အဆိပ်ဖြေဆေး သောက်ပြီးတော့ ဘယ်လိုအကျိုးသက်ရောက်မှု ရှိသွားလဲ"
ကောင်းလျှိုက လှောင်ပြောင် ရယ်မောလိုက်သည်။ လုရွှမ်ကလည်း ရယ်မောပြီး။
"အကြီးအကဲတို့.... လူတိုင်းက ဒီလိုပြောလာပြီ ဆိုမှတော့ ဘာကြောင့် တွန့်ဆုတ်ရမှာလဲ ကျွန်တော်တို့ဒဏ်ရာတွေကို ကုစားဖို့ ခဏလောက် ထိုင်ပြီး တရားကျင့်ကြရအောင်လား!"
လော့ချောင်ဖုန်းဟာ ယခုအချိန်တွင် လုရွှမ်ကို လွန်ကဲစွာ ယုံကြည်နေပါပြီ။ ဒါက ဘာကြောင့်မှန်း မသိတဲ့ နားမလည်နိုင်သော ခံစားချက်တစ်ခုသာ ဖြစ်သည်။
"လူတိုင်း ထိုင်ပြီး ကုသကြပါ.... တကယ်ဆိုရင် သက်သာသွားလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူသည် ဦးစွာပထမ တင်ပျဉ်ခွေထိုင်ပြီး သူ၏ဒဏ်ရာများကို ကုသရန် အမှန်တကယ် တရားထိုင်နေခဲ့သည်။ ပင်လယ်သားရဲများက ခဏတာ ထိတ်လန့်သွားပြီးနောက် အားလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ရှဲ့ယွင်ထျန်းနဲ့ တခြားသူတွေရဲ့ မျက်နှာက မည်းမှောင်သွားလေ၏။ ကျန့်ဝူဝေါ်လည်း အရှက်ကွဲသွာပြီး ထအော်လိုက်သည်။
"ချောင်ဖုန်း... မင်း ဘာထပ်လုပ်ပြန်တာလဲ... ငါတို့ကို အဆိပ်ထုတ်နိုင်မယ်လို့ ထင်နေတာလား"
"လုရွှမ်ကို ငါယုံတယ်... သူက အံ့ဩစရာတွေ ဖန်တီးပေးတဲ့သူ... မင်းတို့ အံ့ဖွယ်အမှုကို မယုံရင် အံ့ဖွယ်တွေ တကယ် ဖြစ်လာနိုင်ပါ့မလား!"
သူသည် ကျန့်ဝူဝေါ်ကို ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လော့ချောင်ဖုန်းသည် သူ၏ ခွန်အားအပြည့်ဖြင့် သူ့ကိုယ်သူ ကုသနေခဲ့သည်။