ထုံးထျန်းတောင်ထွတ်
Vol. 97 Ch. 4.962
လုရွှမ်၏ လက်ရှိအင်အားဖြင့် တခြားအချိန်အခါများတွင် ထိုသို့သော စကားများပြောပါက သူသည် ဝေဖန်ခြင်းကိုခံရမှာ သေချာသည်။ ယခုမူ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ တခြားသူတို့၏ မျက်လုံးများက လုရွှမ်ကို ယုံကြည်ချက် အပြည့်ဖြင့် ကြည့်နေသည်။
လုရွှမ်ကိုကြည့်နေသော ဂိုဏ်းချုပ်ရှစ်ယောက်၏ မျက်လုံးများသည်ပင် အံ့ဖွယ်အမှုများကို အထပ်ထပ် ပြသခဲ့သည့် လုရွှမ်ကို ချီးကျူးနေကြ၏။ ယခုဆို လုရွှမ်က သူတို့၏ အသက်အားလုံးကို ကယ်တင်ခဲ့သည်ဟု ဆိုနိုင်သည်။
"သွားကြစို့!"
ရှဲ့ယွင်ထျန်းက အရှိန်အဟုန်နဲ့ တက်လာပြီး သူနဲ့ တခြားဂိုဏ်းချုပ် ခုနစ်ယောက်ကလည်း နောက်မှ လိုက်ပါလာ၏။ လုရွှမ်က လူရှစ်ဦးကို ခေါင်းညိတ်ပြပြီး သူ့လက်ထဲမှာ အဆိပ်ဆေးပြားခုနစ်ပြားကို ကိုင်ကာ ပင်လယ်သားရဲများဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့နီးကပ်လာသည်နှင့်အမျှ ပင်လယ်သားရဲများ တဖြည်းဖြည်း ဆုတ်ခွာသွားလေသည်။
"သူတို့ကို လွှတ်ပေးလိုက်!"
နောက်ဆုံးတွင် လှောင်အိမ်သခင် တစ်ယောက်ဆီက အသံထွက်လာသည်။
အရှေ့ဘက်ဝန်းကျင်ရှိ ပင်လယ်သားရဲများသည် သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်ပြီး လုရွှမ် သူတို့အနီးသို့ ရောက်လာမည်ကို စိုးရိမ်သဖြင့် လမ်းကြောင်းတစ်ခုမှ လျင်မြန်စွာ ပြန့်ကျဲသွားသည်။
လူသားကျင့်ကြံသူများသည် တဖြည်းဖြည်း ထွက်ခွာသွားနိုင်ကာ ရှဲ့ယွင်ထျန်းသည် ကြီးမားသော လှေပျံကြီးကို ဆွဲထုတ်၍ လူတိုင်း ထွက်ခွ.သွားကြသည်။
ဝမ်းသာအားရ အော်ဟစ်သံများက ထိန်းမနိုင်သိမ်းမရ မြင့်တက် အော်ဟစ်ခဲ့ကြသည်။ လုရွှမ်သည် ဂိုဏ်းချုပ်ရှစ်ယောက်၏ အနားသို့ လာပြီး တစ်ယောက်ချင်းစီ နှုတ်ဆက်သည်။ ထို့နောက် သူထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
"ဘာ... မင်းတို့ ပို့ဆောင်ခြင်းအစီအရင်ထဲမှာ ရှိနေတုန်း တိုက်ခိုက်ခံခဲ့ရတယ် ဟုတ်လား.... အဲဒီအချိန်မှာ မင်းထွက်ပြေးသွားခဲ့ရတာလား"
ကျန့်ဝူဝေါ်ရဲ့အသံက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေသည်။ ကျန့်မော်သည် သူ၏ အမာနအရှိဆုံး တပည့်ဖြစ်ပြီး ယခု လုရွှမ်ထံမှ ဘာသတင်းကိုမျှ မကြားရဘဲ ပျောက်သွားလိမ့်မယ်ဟု မမျှော်လင့်ထားပေ။
"အကြီးအကဲ... စိတ်မပူပါနဲ့ သူတို့နှစ်ယောက် အဆင်ပြေမှာပါ... သူတို့အခု တခြားကမ္ဘာငယ်လေးမှာ ရှိကောင်းရှိနိုင်တယ် ပြန်လာဖို့ နည်းလမ်း ရှာနေလောက်တယ်... ကျွန်တော်တို့ တောင်တစ်သောင်းကမ္ဘာကို ပြုပြင်ပြီးတာနဲ့ သူတို့လည်း သဘာဝအတိုင်း ပြန်လာကြလိမ့်မယ်"
ရှဲ့ယွင်ထျန်းရဲ့ မျက်နှာက တည်ကြည် လေးနက်နေသည်။
"လုရွှမ်... မင်း တောင်တစ်သောင်းကမ္ဘာကို ပြုပြင်ဖို့ နည်းလမ်းရှာနေပြီ ငါမင်းကို သံသယ မဝင်ပါဘူး ဒါပေမဲ့ ကိစ္စက အရမ်းအရေးကြီးတယ်.... ငါတို့အားလုံးက အမြတ်အစွန်းကို စိတ်ပူနေကြတာ"
လုရွှမ်လည်း ဒီခံစားချက်ကို နားလည်ပါသည်။ စကားလုံးတွေကို ဘယ်လောက်ပဲ ပြောနေပါစေ အဖြစ်မှန်လောက်တော့ ယုံစရာ မရှိဘူးလေ။
လုရွှမ် လက်ဖဝါးကို ဖြန့်ကာ သူ့လက်ဖဝါးတွင် တောင်တန်းငယ်တစ်ခု ပေါ်လာကာ တဖြည်းဖြည်း ကြီးမားလာပြီး ရောင်ဝါကလည်း တဖြည်းဖြည်း အားကောင်းလာတာကို အားလုံး တွေ့လိုက်ရသည်။ လူရှစ်ယောက်မှာ တောင်ကုန်းကို ကြည့်ရင်း မျက်လုံးတွေအားလုံး စိုစွတ်နေကြသည်။
ဒီတောင်ကုန်းပေါ်ကနေ သူတို့ဟာ ရင်းနှီးတဲ့ အသက်စွမ်းအင်တွေ အပြည့်အဝ ခံစားလိုက်ရသည်။
"ဖယ်ပေးကြပါ... သတိလည်းထား!"
လုရွှမ် အတွေးတစ်ခုဖြင့် တောင်ကုန်းပေါ်တွင် သတ္တုပုတီးစေ့တစ်ခုကို ပေါ်လာစေခဲ့သည်။ အမှန်ပင် သူရရှိခဲ့သော ကမ္ဘာ့ရတနာ၏ အပိုင်းအစ ဖြစ်သည်။
လောကကြီးက ဘယ်လိုရတနာမျိုးလဲ ဆိုတာကို တစ်ခါမှ မတွေးဖူးဘူး။ ဒါပေမဲ့ တောင်ကုန်းထဲကို ပေါင်းစည်းလိုက်တဲ့အခါ သူ့ရဲ့ပုံသဏ္ဌာန်က တဖြည်းဖြည်း ပြောင်းလဲလာပြီး ပြီးပြည့်စုံတဲ့ ခံစားချက်ကို ပေးစွမ်းတဲ့ ပုတီးစေ့အသေးလေး အဖြစ် ပြောင်းလဲသွားပါသည်။
တောင်ကုန်းပေါ်တွင် စိမ်းလန်းသော အစိမ်းရောင် အကွက်တစ်ခု ပေါ်လာပြီး သစ်ပင်များရဲ့ တည်ဆောက်ထားပုံက သူတို့နှလုံးသားမှာ အမှန်တကယ်ပင် တက်ကြွသော အသက်စွမ်းအင်များကို ပြင်းထန်လာစေသည်။ လုရွှမ် ၎င်းကို ညင်သာစွာ မှုတ်ထုတ်လိုက်ပြီး တက်ကြွသော အသက်စွမ်းအင် လှိုင်းလုံးများက လူရှစ်ယောက်၏ ခန္ဓာကိုယ်ကို အားပြည့်စေသည်။
"သေစေနိုင်တဲ့ အဆိပ်ဆယ်ပါး နည်းနည်းကျန်နေသေးရင်တောင် ဒီအသက်စွမ်းအင်က အဲဒီအရာတွေကို ပျောက်ကင်းစေဖို့ လုံလောက်ပါတယ်"
လူရှစ်ဦးသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ အစိမ်းရောင် တက်ကြွမှု အသက်စွမ်းအင်များ စီးဝင်လာတာကို ခံစားခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်သည် သက်တောင့်သက်သာ ခံစားလာရရာ ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကြသည်။
သူတို့ရင်ထဲက သံသယတွေကို ဖယ်ထုတ်ပစ်နိုင်တဲ့ အဂ္ဂိရတ်ဆေးဟာ ဒီတောင်ကုန်းထဲက စွမ်းအင်နဲဲ့ ပေါင်းစပ်သွားခဲ့၏။ အမှန်တော့ ဤအရာသည် ကမ္ဘာငယ်လေးကိုပင် ကယ်တင်နိုင်သော ရတနာဖြစ်ပြီး ၎င်းသည် အစွမ်းထက်ဆုံး အဆိပ်ဆယ်ပါးကို အဆိပ်ထုတ်နိုင်သည်။
မီးလုံးကြီးတစ်ခု တိတ်တဆိတ် ပေါ်လာပြီး ၎င်းက အမြစ်မရှိသော မီးပင်လယ်ပဲ ဖြစ်ပေ၏။
"ဒြပ်စင်ငါးခုစုပြီး အခုရေငွေ့တွေနဲ့ ရောနှောလိုက်ရင် တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံး အရင်ကအတိုင်း ပြန်ကောင်းလာလိမ့်မယ်"
လူရှစ်ဦးသည် မျက်ရည်များဝဲကာ အထပ်ထပ်အခါခါ ခေါင်းညိတ်ကြသည်။
"ဒါပေမဲ့လည်း ပြဿနာတစ်ခု ရှိသေးတယ်... ကျွန်တော် နေရာရှာပြီးပြီ... အကာအကွယ် တစ်ခုလိုနေတယ်... နတ်တောင်တန်း စိုက်ထူတာက ခုနစ်ရက် ကြာမယ်... ခုနစ်ရက်အတွင်းမှာ ဘာအနှောင့်အယှက်မှ မဖြစ်ရဘူး!"
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူရှစ်ယောက်လုံး ယင်း၏လေးနက်မှုကို သိကြသည်။
ရေဆက်လက် လိုအပ်နေပါက ပင်လယ်ရေထဲတွင် သဘာဝအတိုင်းရှိနေရန် လိုအပ်ပါသည်။ ဒါပေမဲ့ ပင်လယ်ထဲမှာတော့ ပင်လယ်သားရဲတွေက အသိဥာဏ် အရှိဆုံးဖြစ်ပြီး အဲ့နေရာကို ရှာတွေ့သွားတာနဲ့ သူတို့ဟာ ခုနစ်ရက်မြောက်နေ့ မပြောဖို့နဲ့ ခက်ခက်ခဲခဲ အခြေအနေကို သေချာပေါက် တိုက်ခိုက်ကြရလိမ့်မယ်။
တွေးကြည့်နိုင်တဲ့ အတိုင်း အလွန်ခက်ခဲလိမ့်မည်မှာ သေချာသည်။ မရေမတွက်နိုင်သော စွန့်လွှတ် အနစ်နာခံမှုများနှင့် သွေးထွက်သံယိုမှုများ ရှိလိမ့်မည်။
"ဒီအပေါ်မှာ ရေရှည်အမြင်ရှိဖို့လိုတယ်"
ခဏလောက် စဉ်းစားပြီးနောက် လော့ချောင်ဖုန်းက ရုတ်တရတ် ဝင်ပြောကာ အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ လုရွှမ်သည် ဤဆုံးဖြတ်ချက်သည် ခက်ခဲကြောင်း သိထားသောကြောင့် ထုံးထျန်းတောင်ထွတ်သို့ ဦးစွာပြန်လာခဲ့သည်။
ထုံးထျန်းတောင်ထွတ်။
လုရွှမ် နောက်ဆုံးတော့ ထုံးထျန်းတောင်ထွတ်ကို ရောက်လာခဲ့ပြီ။ ဤတောင်ကို ထုံးထျန်းတောင်ထွတ်ဟု အမည်ပေးရခြင်းမှာ လုံးဝ မှန်ကန်ကြောင်း သဘောပေါက်သွားသည်။
တောင်ထွတ်သည် တိမ်တိုက်များထဲသို့ ဓားကဲ့သို့ ကောင်းကင်သို့ ထိုးထွက်နေကာ ဘယ်လောက်တောင် မြင့်သလဲ မသိ၊ အစွန်းကိုပင် မမြင်ရပေ။
"အံ့သြစရာကောင်းတယ်မလား... တကယ်တော့ ထုံးထျန်းတောင်ထွတ် ဘယ်လောက် မြင့်လဲဆိုတာ ငါတို့လည်း မသိဘူး... အဲဒါက ကောင်းကင်ကို တကယ်ကို ဦးတည်နေတာ ဖြစ်နိုင်ပေမယ့် ငါတို့ရဲ့ လက်ရှိအဆင့်နဲ့ မြင်နိုင်တဲ့အရာတော့ မဟုတ်ဘူး..."
ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ ဦးလှည့်ကြည့်လိုက်တော့ လုရွှမ်သည် သူ့ဘေးတွင် ရပ်နေသော ကျန့်ကျောက်ကို တွေ့လိုက်ရကာ ထိုသူက ရုတ်တရက် ပွေ့ဖက်လိုက်ပေသည်။
"ညီအစ်ကိုကောင်းလေး... နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့"
ကောင်းကင်အောင်ခြင်း ဂိုဏ်း၏ တပည့်များ။ အထူးသဖြင့် ထျန်းရှူးတောင်ထွတ်မှ တပည့်များသည် သူတို့ကို နှုတ်ဆက်ရန် အပြေးအလွှား လာနေပြီဖြစ်သည်။ တစ်ယောက်ပြီး တစ်ယောက်ပင်။ အများစုက နတ်မီးနယ်ပယ်တွင် လူများစွာကို ခဲယဉ်းစွာ တွေ့ခဲ့ကြသော်လည်း အားလုံးကသူ့ကို ဆရာတူအစ်ကို လုရွှမ် ဟုခေါ်ကြသည်။
လုရွှမ်သည် လူတိုင်းကို လျင်မြန်စွာ နှုတ်ဆက်ပြီး လက်ဆောင်လေးများ တစ်ခုပြီးတစ်ခု ဝေငှပေးလိုက်သည်။ တပည့်ငယ်များအားလုံး အံ့အားသင့်သွားကာ လမ်းခွဲပြီးနောက် ဖြစ်ပျက်ခဲ့သော လုရွှမ်၏ ခရီးလမ်းကို နားထောင်ရန် အလိုလို စုဝေးလာခဲ့ကြသည်။
ညီအစ်ကို ညီအစ်မအားလုံး၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်နှင့် တောင့်တမှုကို ကြည့်ရင်း လုရွှမ်သည် ထုံးထျန်းတောင်ထွတ်တွင် နေထိုင်နေကြသည့် သူတို့၏ စိတ်ဓာတ်ကျမှုကိုလည်း ခံစားနိုင်သည်။
သူတို့ရဲ့ ကျင့်ကြံမှုများက မလုံလောက်တဲ့အတွက် ထုံးထျန်းတောင်ထွတ်မှာသာ အသက်ရှုကြပ်နေသည့်ကြားမှ နေထိုင်ခဲ့ရသည်။
ကျင့်ကြံမှု အောင်မြင်သွားသော ညီအစ်ကိုညီအစ်မများကို ထွက်သွားတာကို ကြည့်လျှင် အချို့က ပြန်လာနိုင်ပြီး တချို့မှာ နောက်ထပ် ဘယ်တော့မှ ထပ်မတွေ့ရတော့ပေ။ သူတို့နှလုံးသားထဲမှာ ကွာဟမှု၊ ကြောက်ရွံ့မှု၊ အကူအညီမဲ့မှုတွေကြောင့် ရှေ့ဆက်ရမယ့် လမ်းကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပါဘူး။
အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေ စုဆောင်းခြင်းက အနာဂတ် အလေ့အကျင့်အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိပါလိမ့်မည်။
အစပိုင်းမှာတော့ ထျန်းရှူးတောင်ထွတ်ရဲ့ တပည့်တွေပဲ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကောင်းကင်အောင်ခြင်း ဂိုဏ်းတစ်ခုလုံးက တပည့်တွေ ရောက်လာကြပြီး ထုံးထျန်းတောင်ထွတ်မှာ နေထိုင်တဲ့ လူတွေအားလုံး အနီးနားကို ရောက်လာကာ လုရွှမ်ရဲ့ ပုံပြင်တွေကို နားထောင်ကြ၏။
လုရွှမ်လည်း ကိုယ့်ကိုယ်ကို သိပ်သတိမထားမိဘဲ အတိတ်အကြောင်း ပေါ့ပေါ့ဆဆ ပြောပြပြီး ပုံပြင်ထဲတွင် သူ၏ ကျင့်ကြံမှု အတွေ့အကြုံများနှင့် အန္တရာယ်ကြားက အတွေ့အကြုံ တချို့ကိုလည်း ထည့်သွင်းပြောပြခဲ့သည်။
လုရွှမ်သည် အတတ်ပညာများကို ဖြန့်ကျက်ရန် အဆင်မပြေသော်လည်း အမှတ်မထင် သင်ယူခဲ့သော အရည်အချင်းများကို ပြောပြရင်း ဒီလူတွေ ဘယ်လောက် နားလည်နိုင်သလဲ ကြည့်နေခဲ့သည်။
လုရွှမ်သည် လူအုပ်ကြီး နောက်ကွယ်တွင် မျှော်စင် နယ်ပယ်မှ ကျင့်ကြံသူများစွာကို မြင်တွေ့ရပြီး သူ၏ရှင်းပြချက်ကို နားထောင်ရင်း သာမန်တပည့်များကဲ့သို့ လူအုပ်၏နောက်တွင် ထိုင်နေခဲ့သည်။
အဝေးတွင်ရှိ ဂိုဏ်းကြီးရှစ်ခုမှ ဂိုဏ်းချုပ်ကြီးများသည် သာယာဝပြောသော ထိုမြင်ကွင်းကို ကြည့်ပြီး အားလုံးက အထပ်ထပ်အခါခါ ခေါင်းညိတ်ကြသည်။
လုရွှမ်၏ နယ်ပယ်သည် သူနှင့်ရွယ်တူများထက် ကျော်လွန်နေပြီ ဖြစ်သည်။