← Chapters

ကြောင်လေးနဲ့ ထပ်တွေ့ပြီ

Vol. 97 Ch. 4.965

ကြောင်လေးနဲ့ ထပ်တွေ့ပြီ

Vol. 97 Ch. 4.965

လုရွှမ်သည် သူ့စိတ်ထဲတွင် သက်ပြင်းချကာ ခေါင်းလည်း ခါယမ်းလိုက်မိသည်။ ဤလူသည် ကျိန်းသေ သေမည်ဟု သူ ပြောနိုင်သည်။ ဒီသခင်လေးကို ကယ်ဆယ်နိုင်မယ်လို့ သူထင်ခဲ့ပေမယ့် အန္တရာယ်က ကြီးလွန်းပြီး သူ့ကို ထိတွေ့လိုက်တာနဲ့ မိမိပါ အရမ်းများသွားလိမ့်မယ်။

လုရွှမ် လှည့်ထွက်သွားတော့မည့် အချိန်တွင် ပင်လယ်သားရဲ တချို့ သေဒဏ်စီရင်ရေး စင်မြင့်ဆီသို့ အပြေးအလွှား တက်သွားတာကို တွေ့လိုက်ရသည်။

ပင်လယ်သားရဲကောင်ကြီး တစ်အုပ်လုံး ဝိုင်းကြည့်နေကြပြီး ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပုံရ၏။ ဒါပေမဲ့ တစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေက နိုးကြားလာခဲ့သည်။

ပြေးထွက် လာကြသူများမှာ ယောက်ျား သုံးယောက်နှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ၎င်းတို့အားလုံးသည် နတ်မီးနယ်ပယ် အထွတ်အထိပ်တွင် ရှိနေကြ၏။ သူတို့က သခင်လေးရှင်းလောင်ကို ကယ်ဆယ်ဖို့ သဘောထားတူညီ ထားကြပုံရသည်။

ကွပ်မျက်ရေး စင်မြင့်ပေါ်တွင် ပင်လယ်သားရဲ တစ်ကောင်က အေးစက်စွာ ဟစ်အော်ကာ လူလေးဦးကို ခုတ်ထစ်လိုက်သည်။ တစ္ဆေဦးခေါင်းဓားမှနေ၍ ဓားမီးလေးလုံးသည် လူလေးဦးဆီသို့ သီးခြားစီ ပျံသန်းသွားသည်။

သူ၏ ကျင့်ကြံမှု အဆင့်က အားမနည်းနေပေ။ မျှော်စင်နယ်ပယ် အဆင့် ဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေလောက်အောင်ပင် ဖြစ်သည်။ သူ့ဓားစွမ်းအင် ထွက်လာသည်နှင့် တပြိုင်နက် လေးယောက်လုံး သတိမမူဘဲ မနေဝံ့တာကြောင့် ခုခံရန် အာရုံစိုက်နေကြသည်။

ဒီအခိုက်အတန့်မှာ ကွပ်မျက်ရေး စင်မြင့်ရှေ့မှာ အလင်းရောင်နဲ့ အရိပ်တစ်ခု တိတ်တဆိတ် ပေါ်လာပြီး သခင်လေးရှင်းလောင်ကို ဆွဲကိုင်ကာ အဝေးကို အရှိန်ပြင်းပြင်းနဲ့ ထွက်ပြေးသွားပါ၏။ ကျန်လေးယောက်ကလည်း သူတို့အောင်မြင်ကြောင်းကို မြင်သောအခါ ဓားတစ်ချောင်းစီဆွဲကာ လှည့်ထွက် ပြေးသွားကြသည်။

မျှော်စင် နယ်ပယ်၏ သခင်သည်လည်း ဒေါသတကြီး ကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။

"သူ့ကို လိုက်ခဲ့!"

သူ့ကာကွယ်မှုအောက်တွင် တစ်စုံတစ်ယောက်သည် သူ့အကျဥ်းသားကို အမှန်တကယ် ကယ်တင်နိုင်ခဲ့တာ သူ့အတွက် ရှက်စရာကြီးပင်။

လုရွှမ်လည်း လူစုထဲမှ တိတ်တဆိတ် ထွက်သွားပြီး ယခုအချိန်တွင် အခြေအနေများ ပြောင်းလဲသွားသဖြင့် သူကူညီနိုင်လျှင် လိုက်သွားရမည်။

သူတို့လေးယောက် တစ်ဖန် ပြန်ခွဲခွာသွားကာ ပင်လယ်သားရဲအုပ်စု တစ်ခုစီကလည်း သူတို့နောက်ကို လိုက်သွားကြသည်။ လူလေးယောက်ဟာ သူတို့ကိုယ်တိုင် အသက်စတေးဖို့ စီစဉ်ခဲ့ကြတာ ထင်ရှားပါ၏။

လုရွှမ်သည် မိန်းကလေးကို တိတ်တဆိတ် ချီးကျူးမိရင်း ထိုမိန်းကလေးကို ရွေးချယ်ကာ သူမနောက်သို့ လိုက်သွားခဲ့သည်။ လှည့်စားခြင်း သို့မဟုတ် တစ်စုံတစ်ခု ရှိမလား မသိသော်လည်း သူသည် ပင်လယ်သားရဲ မိန်းကလေးကို အနည်းငယ် ရင်းနှီးနေသလို ခံစားမိသည်။

လက်တစ်ဖက်ကို လှီးဖြတ်ခံလိုက်ရတာက သနားစရာကောင်းပြီး သူ့ပုံသဏ္ဌာန်လည်း သိသိသာသာ ပြောင်းလဲသွားတဲ့အတွက် လုရွှမ် သူဘယ်သူလဲဆိုတာ မပြောနိုင်ပါဘူး။

သခင်လေးရှင်းလောင်ကိုတော့ မျှော်စင်နယ်ပယ် သခင်တစ်ယောက်က ခေါ်ဆောင်သွားတာကြောင့် လွတ်မြောက်ရန် မျှော်လင့်ချက်ကြီးစွာ ရှိသည်။ ဒီလူလေးယောက်က လွတ်မြောက်ပြီးတာနဲ့ သူတို့ဟာ တခြားသူတွေနဲ့ မလွဲမသွေ ပူးပေါင်းကြမှာမို့လို့ သူတို့နောက်ကို လိုက်ပြီးတော့ မသေသွားဖို့ သေချာအောင် လုပ်ရမည်။

ထို့အပြင် သူသည် သူ၏အဓိက စွမ်းအားအများစုကို ထုတ်သုံးဖို့ ရှောင်ရှားခဲ့တာကြောင့် သူ၏အထောက်အထားနှင့် အလွယ်တကူ ဖော်ထုတ်မိမည် မဟုတ်ပေ။ လိုက်ဖမ်းစဉ်တွင် လူအချို့ ပြန်လည် တိုက်ခိုက်ခံရပြီး တချို့မှာ လိုက်ဖမ်းနေဆဲ ဖြစ်သည်။

"ရှေ့ကလူ.... မပြေးနဲ့တော့.... မင်း ပြေးလို့ မလွတ်တော့ဘူး"

နာရီအတော်ကြာအောင် လိုက်ဖမ်းပြီးနောက်တွင် လူသုံးဦးသာ ကျန်ရှိတော့သည်။ ၎င်းတို့အားလုံးသည် နတ်မီးနယ်ပယ်တွင် ရှိနေကြသော်လည်း အခက်အခဲက မရှိသလောက်ပါပဲ။

မိန်းကလေးသည်း ငိုယိုကာ ရပ်တန့်လိုက်သည်။ သူမ ထွက်ပြေးနိုင်မှန်း သိသာထင်ရှားနေပါပြီ။ လက်ငါးချောင်းပေါ်ရှိ ချွန်ထက်သော ခြေသည်း လက်သည်းများ ပြန့်ကျဲနေသည့် လက်ဖဝါးတစ်ခုတည်းသာ ကျန်တော့သည်။

"ကြောင်လက်သည်း?"

လုရွှမ်ရဲ့ နှလုံးခုန်သံက တစ်ချက် ဆောင့်ခုန်သွားသည်။ ဒီမိန်းကလေးက ကြောင်လေး ဖြစ်နိုင်ပါ့မလား။ သူမသည် ယခင်က လုရွှမ်နှင့်အတူ နဂါးလှောင်အိမ်၌ အတူတကွ ပိတ်မိနေခဲ့ကြသော ထျန်းရှားလက်အောက်က လူဖြစ်လေသည်။

သူမတွင် ထူးထူးခြားခြား အရည်အချင်းရှိပြီး ကြံ့ခိုင်သန်မာသော ပင်လယ်သားရဲ မျိုးနွယ်က ထိပ်တန်း ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသူပင်။ သူသည် နှစ်အနည်းငယ်ကြာအောင် မတွေ့ခဲ့ရပြီးနောက် ယနေ့ တွေ့လိုက်ရလေပြီ။

"ကြောင်ရိုင်း.... ဟားဟား တကယ်ပဲ မင်းဖြစ်နေတာကိုး... ကျစ် ကျစ် အားလုံး... ရှင်းရှင်းလင်းလင်း မြင်တယ်မလား? သူမက အဲဒီတုန်းက ငါတို့ရဲ့ ပင်လယ်မျိုးနွယ်စု မျိုးဆက်သစ် လူငယ်တွေထဲက ထိပ်ဆုံးဆယ်ယောက်မှာ အဆင့်သတ်မှတ်ခံရနိုင်တဲ့ ပါရမီရှင်တစ်ယောက်ပဲ... အခုတော့ လက်ကျိုးသွားပြီ... အဲဒါထက် ဘာမှမပို​တော့ဘူး!"

"ဟမ့်.... မင်းရဲ့ခေါင်းမာတဲ့စိတ်နဲ့ ဆက်လုပ်နေရင် ထျန်းရှား... ငါတို့ ပင်လယ်သားရဲ မျိုးနွယ်စုကို သစ္စာဖောက်လို့ သေဒဏ် အပေးခံလိုက်ရသလို မင်းလည်း သေသင့်နေပြီ!"

"ဟမ့် နင်တို့ကသာ ငတုံးတွေ... သူတို့က နင်တို့ကို ကျွန်တွေလို အသုံးချပြီး နင်တို့က ကရုဏာကို ဝမ်းသာအားရ တောင်းနေကြတာ...ဒီအဘွားကြီး ငါက နင်တို့နဲ့ လက်တွဲဖို့တောင် စိတ်မ၀င်စားဘူး"

"အစ်မထျန်းရှားက သစ္စာဖောက် မဟုတ်ဘူး.... သူပြန်လာလိမ့်မယ် သူမကိုငါ မတွေ့ရတော့ဘူး ဆိုရင်တောင် ငါဖြစ်ခဲ့တာကို သိရင် သေချာပေါက် လက်စားချေလိမ့်မယ်"

"ငါ မင်းကို လက်စားချေ​ပေးဖို့က နောက်မှထား.... အခုတော့ သေလိုက်တော့"

လူသုံးဦးသည် ရှေ့သို့ ပြေးသွားကာ ကြောင်လေးအား သတ်ဖြတ်တော့မည့်နှယ် ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။

လုရွှမ်သည် သူတို့ နဂါးလှောင်အိမ်ထဲက ကိစ္စ ပြီးဆုံးချိန်တွင် ထျန်းရှားဟာ ကြောင်​လေးနှင့် အခြားသူများကို လောဘစိတ် မ၀င်စားစေရန် တားဆီးရန်အတွက် ၎င်းတို့အား နှင်ထုတ်ခဲ့ကြောင်း ပြန်မြင်ယောင် ကြည့်နိုင်သည်။

မမျှော်လင့်ဘဲ ကြောင်လေးဟာ သူမကို လုံးဝ အပြစ်မတင်ဘဲ အခု ထျန်းရှားဘက်ကနေ ပြော​ပေးနေတုန်းပါပဲ။ ထျန်းရှား ဘာဖြစ်သွားမှန်း မသိ​ပေမယ့်လည်း သူမ နှလုံးသားထဲက တောင့်တတဲ့ အရိပ်အယောင်ကို လုရွှမ် ခံစားလိုက်ရသည်။

အနာဂတ်မှာ ထျန်းရှား ပြန်လာတဲ့အခါ ကြောင်လေးကို ဂရုစိုက်နိုင်ရင် သူမလည်း အရမ်းပျော်သွားမှာ သေချာပါတယ်။

နောက်ဆုံးတော့ ကြောင်လေးဟာ လက်တစ်ဖက်ကို ကျိုးသွားပြီ။ သူမရဲ့ အဲဒီလက်က လျှို့ဝှက် မှော်ပညာတစ်ခုခုကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်မယ်။ မဟုတ်ရင် လက်က ပြန်ကြီးထွားလာမှာပင်။

သူတို့ သုံးယောက်ရဲ့ ခွန်အားက မဆိုးပါဘူး။ နတ်မီးနယ်ပယ်တွေကြားမှာ သူတို့က အားနည်းတာတော့ မဟုတ်ပေ။ ဒါပေမဲ့ ကြောင်လေးသာ သူမရဲ့ မူလခွန်အားကို အားကိုးရင် သူတို့သုံးယောက်ကို သတ်ဖို့ သူ့ဖိနပ်ကို မြှောက်ဖို့တောင် မလိုပါဘူး။

ယခု အချိန်တွင် သူသည် အစကတည်းက လဲကျသွားပြီး လက်တစ်ဖက်က ရှက်ရွံ့စွာ ဝေ့ယမ်းရင်း ကြိမ်ဖန်များစွာ အော်ဟစ်နေခဲ့သည်။

"ဘယ်သူလဲ... ထွက်သွား!"

ထိုလူရဲ့ စကားများ ရုတ်ခြည်း ရပ်တန့်သွားသည်။ သူ့မျက်လုံးများသည် ထိတ်လန့်နေသည့် အရိပ်အမြွက်များဖြင့် ပြည့်နှက်နေသေးသည်။ သူ့တစ်ကိုယ်လုံး လဲကျသွားကာ သူ့လည်ချောင်းမှ သွေးများ တဖျပ်ဖျပ် ထွက်နေသည်။

ကျန်နှစ်ဦးမှာလည်း ထိတ်လန့် ကြောက်ရွံ့သွားပြီး ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့အနက် တစ်ဦးမှာ ရုတ်တရက် လဲကျကာ သေဆုံးသွားခဲ့ကြောင်း သိလိုက်ရသည်။

ကြောင်လေးသည် အလွန်စိတ် လျော့ကျသွား၏။ သူမအမြင်မှာ တစ်စုံတစ်ဦးက သူမကို တိတ်တဆိတ် ကူညီနေသည်မှာ ထင်ရှားသည်။ သူမသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ နောက်ဆုံးလူ၏ နှလုံးသားကို လက်သည်းတစ်ချောင်းဖြင့် တူးထုတ်ကာ ဒေါသတကြီးဖြင့် ၎င်းကို အသားပုပ် ဘောလုံးတစ်လုံးအဖြစ် ကြေမွပစ်ခဲ့သည်။

သူ့မုန်းတီးမှုကို မဖြေဖျောက်နိုင်သေးဘဲ ကြောင်လေးသည် သံတူနဲ့ ထုနေသလို လူသုံးယောက်ရဲ့ အလောင်းတွေကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်ရင်း မျက်ရည်တွေလည်း စီးကျလာခဲ့သည်။

သူ့မျက်ရည်တွေကို သုတ်ပြီးနောက် ကြောင်လေးက သူ့လက်ခုပ်ကို ဆုပ်ရင်း။

“ဘယ်က သူငယ်ချင်းလဲ မသိပေမယ့် ကျွန်မအသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး”

လုရွှမ်ရဲ့ ခန္ဓာကိုယ် ပေါ်လာပြီး ကြောင်လေး၏ မျက်လုံးများသည်လည်း မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။ ထို့နောက် သူ့မျက်နှာမှ မျက်နှာဖုံးကို ခွာလိုက်ပြီး ကြောင်လေး၏ မျက်နှာအစစ်ကို ထုတ်ဖော်လိုက်သည်။

သူမ၏ မျက်နှာသည် ခြစ်ရာများဖြင့် ဖုံးလွှမ်းနေပြီး တစ်ချိန်က သူမ၏ နူးညံ့သိမ်မွေ့သော ပါးပြင်မှာ လုံးဝ ပျက်စီးသွားခဲ့ပြီ။ နားနှစ်ဖက်ကို ဖြတ်တောက်ပြီး အပေါက်သေးသေးလေး နှစ်ပေါက်သာ ကျန်ရစ်ခဲ့သည်။

လုရွှမ်သည် ကြောင်ကလေး ပိုင်ဆိုင်သော ကောင်းကင်နားရွက်၏ မှော်အစွမ်းကို ယခုအချိန်တွင် လုံးဝ မရနိုင်တော့ကြောင်း ကောင်းကောင်း သိသည်။

"ကျွန်မအစ်မ ဘယ်မှာလဲ... ဘာလို့ ရှင်တစ်ယောက်တည်း ပြန်လာတာလဲ... ရှင့်သူ့ကို ထားခဲ့တာလား... ဟားဟား ရှင်တို့လူသားတွေက သစ္စာမဲ့ပြီး ကျေးဇူးကန်းတဲ့ဟာတွေပဲ"

ကြောင်လေးသည် အထူးရန်လိုပြီး ဒေါသကို ပြေပျောက်စေရန် ကြိမ်းမောင်းနေခဲ့သည်။

လုရွှမ်သည် ကြောင်လေး၏ ဒဏ်ရာများကို စေ့စေ့ကြည့်လိုက်သည်။ စကားမပြောဘဲတောင် ကြောင်လေး ဘယ်လောက် ဝမ်းနည်းကြေကွဲခဲ့ရလဲ စိတ်ကူးကြည့်နိုင်သည်။ ဇာတ်လမ်း တစ်ခုလုံးတွင် သူမနှင့် ထျန်းရှားက ညီအစ်မကောင်းတွေ ဖြစ်ကြောင်း သိသာထင်ရှားသည်။

နောက်ဆုံးတော့ ကြောင်လေးက ပါးစပ်ကို ပိတ်ပြီး လုရွှမ်ကို ရှိုက်ကြီးတငင် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ရှင် စကားမပြောတော့ဘူးလား?"

လုရွှမ်သည် သူ့လက်ထိပ်ကို ကုတ်လိုက်ပြီး ကြောင်လေးရဲ့ ပါးစပ်ထဲသို့ သွေးတစ်စက် ထည့်ပေးလိုက်သည်။

"ရှင်...."

သူမ ပါးစပ်ကို ရုတ်တရက် ပိတ်ထားလိုက်သည်။ သူမခန္ဓာကိုယ်က ပူလာကာ အသက်စွမ်းအင်များ တဟုန်ထိုး တက်လာပြီး သူမ၏ ချိတ်ပိတ်နေသော စွမ်းအင်များ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ ဖြတ်လိုက်သော လက်မောင်းသည် အပူရှိန်များနှင့် ပြည့်နေကာ တဖြည်းဖြည်းနှင့် အသားများ ပြန်တက်လာခဲ့သည်။

All Chapters