ဇာတိခံ
Vol. 97 Ch. 4.966
သူမသည် ရုတ်တရက် သူမ၏နားရွက် နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ထိလိုက်ကာ သူမ၏ နားများလည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာတာကို ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ်ရှိ အမာရွတ်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ့ပါးပြင်များဟာ မူလအသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားခဲ့လေပြီ။
ခဏအကြာတွင် လူတစ်ကိုယ်လုံး လုံးဝ ပြောင်းလဲသွားတာကြောင့် လုံးဝ ခြားနားသော လူတစ်ယောက်လို ဖြစ်သွားသည်။
"ကျေးဇူးတင်ပါတယ်!"
ကြောင်လေးသည် သူမပါးစပ်ထောင့်ကို ကိုင်ကာ စိတ်လှုပ်ရှားစွာ ဆိုရင်း အနည်းငယ်လည်း ရှက်သွားသည်။
"ထျန်းရှားနဲ့ငါ ပို့ဆောင်ခြင်းအစီအရင်ထဲမှာပဲ ကွဲသွားတာ...ဒါပေမဲ့ သူအဆင်ပြေမယ်လို့ ငါယုံကြည်တယ်...တောင်တစ်သောင်းကမ္ဘာ နဂိုအခြေအနေ အတိုင်း ပြန်ရောက်သွားရင် သူမလည်း ပြန်လာနိုင်လိမ့်မယ်"
ကြောင်လေးရဲ့ မျက်လုံးတွေ တောက်ပလာပြီး တစ်ဖန် ဆိုလိုက်သည်။
"အရင်က ဖြစ်ပျက်ခဲ့တာကို ရှင် မြင်ပြီးပြီမလား.... ရှင် လူအုပ်ထဲမှာ ရှိနေမယ်လို့ ကျွန်မ ထင်တယ်"
လုရွှမ် ခေါင်းညိတ်လိုက်ပြီး "အားလုံးကို ငါမြင်ပြီးပြီ!"
"ရှင် တောင်တစ်သောင်းကမ္ဘာကို ကယ်တင်နိုင်မယ်ဆိုတဲ့ ဒဏ္ဍာရီက အမှန်ပဲလား? ဒါမှမဟုတ် ရှင် အထူးတလည် ဖန်တီးထားတဲ့ အလိမ်အညာတစ်ခုလား?"
"ထျန်းရှားကတော့ ယုံတယ်!"
ကြောင်လေးက သူ့သွားတွေကို အံကြိတ်ကာ။
"ကောင်းပြီ... အစ်မထျန်းရှားရဲ့ မျက်နှာကြောင့် ရှင့်ကို အကြီးအကဲဆီ ခေါ်သွားပေးမယ်"
ရည်ရွယ်ချက်ရှိရှိ စိုက်ထားတဲ့ ပန်းတွေက မပွင့်တာမှန်ပေမယ့် မရည်ရွယ်ဘဲ စိုက်ထားတဲ့ မိုးမခတွေက အရိပ်ကို ဖန်တီးပေးတတ်ပါသည်။ ကြောင်လေး ကယ်တင်ခံရပြီး သူတို့နောက်ကွယ်က လူတွေကို မိတ်ဆက်ပေးနိုင်လိမ့်မယ်လို့ လုရွှမ် မမျှော်လင့်ထားပါဘူး။
နောက်ကွယ်မှာ အုပ်စိုးမယ့်သူ တကယ်ရှိကောင်းရှိနိုင်သည်။
"ကောင်းပြီ... ငါလည်း ဒီကိုရောက်နေပြီပဲ လူသားကျင့်ကြံသူတွေ ကိုယ်စား မင်းတို့ ပင်လယ်သားရဲတွေနဲ့ မဟာမိတ်ဖွဲ့ချင်တယ်... လှောင်အိမ်ထဲက ထွက်လာတဲ့ လူတွေကို အတူတူ မောင်းထုတ်ပြီး အားလုံးကို သတ်ပစ်မယ်"
"ကောင်းပြီ သွားကြရအောင်"
ကြောင်လေးက လမ်းမှာ ဦးဆောင်နေတာကြောင့် လုရွှမ်ဟာလည်း ပင်လယ်ထဲမှာ ပိုမြန်စွာ လှုပ်ရှားသွားနိုင်သည်။
ဤနေရာသည် ထုံးထျန်းတောင်ထွတ် အတိုင်း ယန္တရားများစွာ မရှိသော်လည်း ဘယ်သူ့ရဲ့ လမ်းညွှန်မှုမှ မရှိဘဲ ဤနေရာအား ပင်လယ်ကျယ်ကြီးတွင် ရှာဖွေရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။
မြေပြင်ကို တိုက်ရိုက် ဝင်ရောက်ပြီးနောက် အတွင်း၌ အခြားကမ္ဘာတစ်ခု ရှိနေတာကို တွေ့ရှိခဲ့ရသည်။ ကြောင်လေးက သူမ၀တ်စုံကို ပြန်လည်ပြင်ဆင်ခဲ့ပြီး လုရွှမ်ကိုလည်း ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောရန် အချက်ပြခဲ့သည်။
ကြောင်လေးက သူ့ကို ကျိန်ဆဲခဲ့သော်လည်း လုရွှမ် ခွင့်လွှတ်၍ တိတ်တဆိတ် ခေါင်းညိတ် ပြလိုက်သည်။
"အစ်မကြောင်လေး... အစ်မကြောင်လေး!"
"အား... အစ်မမျက်နှာ ပြန်ကောင်းသွားပြီ... အစ်မရဲ့ ကျင့်ကြံမှုလည်း ပြန်ကောင်းလာပြီ"
ဤလူအုပ်စုရှိ ကြောင်လေး၏ ဂုဏ်သိက္ခာက မသေးပေ။ ကြောင်လေးရဲ့ အပြောင်းအလဲများကို မြင်သောအခါတွင် အများစုမှာ သူတို့နှလုံးသားထဲမှ ပျော်ရွှင်နေကြတာ ထင်ရှားပါသည်။
သို့သော် လုရွှမ်ကို ဘယ်သူမှ အရေးမစိုက်ဘဲ လျစ်လျူရှုထားသည်။ ပင်လယ် အနက်ပိုင်းထဲသို့ ဆက်လျှောက်ရင်း လူတစ်ယောက် ထွက်လာ၏။
"ကြောင်လေး... မင်းပြန်လာတာ ကောင်းပါတယ် စစ်တပ်တစ်ခုလုံး ရှင်းလုနီးပါး ဖြစ်သွားပြီလား"
ကြောင်လေး အံ့အားသင့်သွားပြီး "ကျန်တဲ့သုံးယောက် ပြန်မလာဘူးလား"
တစ်ဖက်လူက ခေါင်းယမ်းကာ သူမမျက်နှာကိုလည်း ညှိုးငယ်စွာ ကြည့်လိုက်သည်။ ကြောင်လေးကလည်း သက်ပြင်းချရုံသာ တတ်နိုင်လေ၏။
"ကောင်းပြီ အကြီးအကဲနဲ့ သွားတွေ့ပါရစေ"
လူတစ်ဦးကို ကယ်တင်ရန်အတွက် လူသုံးဦး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကြီးလှသည်။ ကြောင်လေးလည်း စိတ်ဓာတ်များ ကျဆင်းသွားခဲ့၏။ လုရွှမ်သာ မကူညီခဲ့ရင် သူမလည်း သေသွားမလား မသိပေ။ ခန်းမကျယ်ကြီးထဲကို ဝင်လိုက်တော့ အထဲမှာ လူတွေအများကြီး ရောက်နေကြပြီ။
အပြင်မှာ ဆူညံသံတွေ ကြားရပြီး သူမကို နှုတ်ဆက်ဖို့ အစပြုခဲ့တာ ထင်ရှားပါသည်။
အထဲမှာ ထျန်းရှားရဲ့ လက်အောက်ငယ်သား အဟောင်းတွေဖြစ်တဲ့ အသိမိတ်ဆွေ တော်တော်များများကို တွေ့ခဲ့ရသည်။ ကောင်းလျှို နောက်သို့ လိုက်ခဲ့သော ပါရမီရှင်အချို့လည်း ရှိပေမယ့် သူတို့အားလုံးသည် ယခုအချိန်တွင် အတူတူပင် ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များက ဒဏ်ရာအသီးသီး ရှိနေကြသည်။
ကြောင်လေးကို တွေ့လိုက်ရတာနဲ့ သူတို့အားလုံး အံ့အားသင့်သွားကြပြီး မျက်လုံးတွေက ပူလောင်ကာ မယုံနိုင်စွာ ကြည့်နေခဲ့သည်။ ကြောင်လေးရဲ့ ပြောင်းလဲမှုတွေက တကယ်ကို မှော်ဆန်နေတာကြောင့် သူတို့အားလုံးဟာ ကြောင်လေးတွေရဲ့ လက်ရှိ ပြောင်းလဲမှုတွေရဲ့ အကြောင်းရင်းတွေကို မေးချင်ကြပါ၏။
ကြောင်လေးရ လူတိုင်းကို လျစ်လျူရှုထားသော်လည်း အကြိမ်အနည်းငယ် ခေါင်းညိတ်ပြပြီး လုရွှမ်ကို အထဲဝင်ခိုင်းသည်။ သူ့မှာ ဘာမှ ရှင်းပြရန် ရည်ရွယ်ချက်ရှိပုံ မရ။ လုရွှမ်ကလည်း သဘာဝကျကျ ပါးစပ်ပိတ်ပြီး ဝင်လာခဲ့သည်။
"ဟမ့်... ဘယ်လိုလူလဲဟ...အခွင့်အရေးရတုန်း ခိုးထားတဲ့ ပစ္စည်းတွေကို ရောင်းချခဲ့တာ ဖြစ်မယ်"
"ဟမ့်... နောက်တစ်ခါ တာဝန်တစ်ခုနဲ့ သွားရင် ငါ သူမကို လွှတ်ပေးရမယ်.... အဲဒါက သူ့ကိုယ်ပိုင် အရည်အချင်းကြောင့် မဟုတ်ဘူးလေ... သူမ သေဖို့ ထိုက်တန်တယ်"
ဒီလူတွေက နှိမ့်ချမပြောတတ်ပေမယ့် ကြောင်လေးကတော့ သူမ ကြားတာတွေကို ဂရုမစိုက်ပါဘူး။
"ဟား ဟားဟား.... မင်းမြင်တယ်မလား... အဲဒါတွေကို ယုံကြည်မှု လွန်ကဲနေတဲ့ လူတချို့ကပဲ လုပ်တတ်တာ... ပြီးရင် ဘယ်လိုသေလို့ သေသွားမှန်းတောင် မသိကြဘူး...."
လုရွှမ်လည်း နေရာတိုင်းမှာ အကောင်းရော အဆိုးပါ ရှိနေတာကြောင့် ခေါင်းပဲ ညိတ်နေလိုက်သည်။ ဝင်လာလေ သူတို့ကြားက စိတ်ဝင်စားစရာတွေက ပိုပြင်းထန်လေပါပဲ။ တံခါးကြီးများစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် ခန်းမတစ်ခုသို့ သူတို့ ရောက်လာခဲ့သည်။
၎င်းခန်းမ ရှေ့မှာတော့ တိတ်ဆိတ်မှုတစ်ခုက ကြီးစိုးနေသည်။ လူတစ်ယောက်သည် ခန်းမရှေ့ရှိ ကုလားထိုင်ပေါ်တွင် ထိုင်လျက် ရှိကာ ကြောင်လေးနဲ့ လုရွှမ်နဲ့ လုရွှမ်ကို လှမ်းကြည့်လိုက်သည်။
"မင်းတကယ်တော့ လူတစ်ယောက်ကို ပြန်ခေါ်လာခဲ့တာပဲ.... မင်းခေါ်လာပေးတဲ့လူက လုရွှမ် လို့တော့ ငါ့ကိုမပြောနဲ့...."
သူ့အသံက နည်းနည်း အိုဟောင်းနေပြီ။ ဒေါသတကြီးနဲ့ ပြောတဲ့အခါ အနည်းငယ် တုန်တုန်ယင်ယင်နဲ့ အသက်ရှုကြပ်သွားပုံရ၏။ ဒါပေမဲ့ သူ့စကားထဲက ယုံကြည်မှု အပြည့်နဲ့ အခိုင်အမာ စိတ်ဓာတ်ကြောင့် လုရွှမ် ထိုသူ့ကို တိတ်တဆိတ် ချီးကျူးမိသွားသည်။
အဆင့်တစ်ခု ရောက်ထားတဲ့ ထိုအဘိုးအိုက သူ့နာမည်ကို ပြောပြီးကတည်းက သူဘယ်သူလဲ ဆိုတာကို သိနေပြီးသားလို့ ဆိုလိုလိုက်တာပါပဲ။ တခြားနည်းလမ်းများ မသုံးဘဲ အဘိုးအိုသည် ဤအချက်ဖြင့်ပင် သူ့ထူးခြားမှုကို ပြသခဲ့သည်။
"အကြီးအကဲက တကယ်ကို အံ့သြစရာပါပဲ"
"ကောင်းပြီ ကြောင်လေး.... မင်းရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ် အခု ထွက်သွားလို့ရပြီ... ငါနဲ့လုရွှမ် စကားကောင်းကောင်း ပြောလိုက်ဦးမယ်"
ကြောင်လေးသည် ညွှန်ကြားသည့်အတိုင်း ပြန်ဆုတ်သွားသည်ကို တွေ့နိုင်သော်လည်း သူမသည် အလွန်သိချင်စိတ်နှင့် ပို၍ပင် စိတ်ရှုပ်ထွေးနေ၏။ သို့သော်လည်း ဤအဘိုးအိုသည် သူမ၏ နှလုံးသားထဲတွင် အလွန်အရေးကြီးသည့် အနေအထားဖြင့် ရှိထားတာကြောင့် ခေါင်းငုံ့လျက် ထွက်သွားခဲ့သည်။
"ကြောင်လေးကို လိုက်သတ်နေတဲ့ အချိန်တုန်းက ငါက သူမကို ကယ်ခဲ့တဲ့သူပဲ"
အဘိုးအိုက ရှင်းပြပြီးနောက် လှည့်ကြည့်လိုက်သည်။ သူ့မှာ ခြေထောက်မရှိသလို သူ့ခန္ဓာကိုယ်အောက်ပိုင်းကို သံကြိုးများနဲ့ သော့ခတ်ထား၏။ သံကြိုးက သံချေးတက်နေပြီး သူ့ပုံစံက အရမ်းသနားဖို့ ကောင်းနေသည်။
"ဟာဟား စိတ်မပူပါနဲ့ ဒါက အရမ်းကြာနေခဲ့ပါပြီ... မင်း မြင့်မြတ်တဲ့ နတ်တောင်ပေါ်ကနေ လက်သည်းငါးချောင်းရှိတဲ့ နဂါးအနှစ်နဲ့ အသွေးကို ရခဲ့ရင်တောင် ငါ့ဒဏ်ရာတွေကို ဘယ်တော့မှ ကုစားနိုင်မှာ မဟုတ်ဘူး"
"စကားမစပ် ငါ့ကိုယ်ငါ မမိတ်ဆက်ရသေးဘူး... ငါက တောင်တစ်သောင်းကမ္ဘာရဲ့ နောက်ဆုံးလက်ကျန် ဇာတိခံ ယွမ်ယီး..."
"တောင်တစ်သောင်းကမ္ဘာရဲ့ ဇာတိခံတွေက ဘယ်သူတွေလဲလို့ မင်းတွေးနေတယ်မလား? လူတွေ၊ ကျင့်ကြံသူတွေဉ မင်းမြင်ခဲ့ရတဲ့ နဂါးတွေ၊ ဖီးနစ်တွေ.... ဟူး... ငါနေဖို့ အချိန်သိပ် မရှိတော့ဘူး ငါ မင်းရောက်လာတာကို စောင့်နေခဲ့တာ... အခု မင်းဒီကို ရောက်လာပြီဆိုတော့ ဒီဟာက ငါ့ရဲ့ သင်္ကေတပဲ.... ယူသွားပြီး လက်ရှိ ပင်လယ်သားရဲ ခေါင်းဆောင်ကို သွားရှာ... သူ ဘာလုပ်ရမယ်ဆိုတာ သိတယ်"
အဘိုးအို စကားပြီးသောအခါတွင် သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်ကိက ရစ်ပတ်ထားသော သံကြိုးများသည်လည်း မြေကြီးထဲသို့ တဖြည်းဖြည်း ပြုတ်ကျလာခဲ့သည်။
ကောင်းကင်ထက်သို့ တောက်ပတဲ့ အလင်းတန်းတစ်ခု ထွန်းလင်းသွားပြီး အပြာရောင် ပင်လယ်ရေတွေ လှုပ်ခတ်သွားသည်။
လုရွှမ် သူ့လက်ထဲ ကျလာသော ပုတီးစေ့ကို ဆုပ်ကိုင်လိုက်သည့် အခိုက်တွင် နားမလည်နိုင်သော အသက်ရှူသံတစ်ခု ထွက်ပေါ်လာတာကို ခံစားလိုက်ရ၏။ ပုတီးစေ့အတွင်းမှ ထွက်သက်ဝင်သက်သည် လုရွှမ်ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်သို့ ရစ်ပတ်ကာ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်။
"ရွှမ်ဝူ....!"
လုရွှမ်သည် ဤသည်မှာ နတ်သားရဲ ဆင်းသက်လာခြင်း ဖြစ်ကြောင်း အမှန်တကယ်ပင် စိတ်ကူးမယဉ်နိုင်ခဲ့ပေ။ သွေးလိုင်းက အလွန်ပါးသွားသည်မှာ သိသာ ထင်ရှားသော်လည်း ဤပုတီးစေ့သည် သူ၏သွေးလိုင်း အားလုံးကို ပေါင်းစည်းထားပြီး ထိုသွေးကြိုးများသည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။