← Chapters

ပျောက်သွားပြီ

Vol. 97 Ch. 4.969

ပျောက်သွားပြီ

Vol. 97 Ch. 4.969

ကောင်းကင်က အတိဒုက္ခသည် လူတိုင်း၏ အံ့အားသင့်ဖွယ် မျက်လုံးများထဲရှေ့တွင် နေ့တစ်ဝက်ခန့် ကြာပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးတွင် လုရွှမ်က လုံးဝ မလှုပ်ရှားဘဲ သည်းမခံနိုင်လောက်တဲ့ နတ်မိုးကြိုးတွေကို ခံယူသွားခဲ့သည်။ သူ့ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှု လုံးဝ မရှိသလို ခွန်အားကလည်း အရူးအမူး တိုးလာခဲ့သည်။

သူ့ခန္ဓာကိုယ်က အရင်အတိုင်းပဲ ဖြစ်နေပေမယ့် လုရွှမ်ကတော့ သူအရင်ကထက် ပိုအဆင့်မြင့်နေပြီဆိုတာ သိပါသည်။ ဒန်တန်သည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးနှင့်တူပြီး အတွင်းတွင် ရွှေရောင်စွမ်းအင်များ စီးဆင်းကာ မျက်စိတစ်ဆုံး မမြင်နိုင်သလောက် ဆန့်ထွက်နေသည်။

ရိုးတွင်းခြင်ဆီထဲမှာ တက်ကြွမှုအပြည့်နဲ့ တောက်ပနေတဲ့ နတ်ရောင်ခြည်တွေ ရှိနေသည်။ သူ သူတစ်ပါးကို ပေးခဲ့သော ရိုးတွင်းခြင်ဆီ တစ်စက်ဟာ ယခုရရှိလာသော စွမ်းအင်သည် မြေကြီးမှ စီးဆင်းလာသော ချိုမြိန်သည့် စိမ့်စမ်းပေါက်တစ်ခုထက် မနည်းဘူးဟု ဆိုနိုင်သည်။

အရိုးများသည် နတ်မိုးခြိမ်းသံဖြင့် တဖျတ်ဖျတ် ခတ်နေကာ ပို၍ ပို၍ သန်မာလာသည်။ မီးကျီးကန်း၏ နတ်ဆိုးမီးနှင့် ပေါင်းစပ်ပြီးနောက် လုရွှမ်၏ အရိုးများပေါ်ရှိ မီး​တောက်သည် တစ်ချိန်က မိုးခြိမ်းသံများကို လွှမ်းခြုံသွားခဲ့ပြီး ယခုအခါမှာ​တော့ မိုးကြိုးနိယာမများက ပြန်လည် အသာစီးရနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးတိုင်းနီးပါးကို မိုးကြိုးနိယာမများဖြင့် ထုလုပ်ထားလေပြီ။

အရိုးတွေက အရမ်းသန်မာလာပြီ။ ကြွက်သားတွေ တင်းတင်းမာမာနဲ့ အရေပြားက တင်းမာလာသည်။ ဓားနဲ့ အထိုးခံရရင်တောင် နည်းနည်းလေးမှ ထိခိုက်မှာ မဟုတ်ချေ။

ရှည်လျားသော ဟောက်သံနှင့်အတူ လုရွှမ်၏ မျက်ခုံးကြောများ တင်းမာသွားပြီး သူ့မျက်ခုံးကြားမှ မီးအနည်းငယ် တောက်လာသည်။ ၎င်းက တဖြည်းဖြည်း ပိုပိုတောက်ပလာခဲ့ကာ နတ်မီးတစ်လုံး တောက်လာ၏။ ၎င်းက လေထုအလယ်သို့ ထိုးဖောက်ပြီး မိုင်ပေါင်း ဘယ်လောက်အထိ တောက်လောင်နေသလဲတောင် မပြောတတ်ချေ။

ခဏအကြာတွင် လုရွှမ်သည် ဖြာထွက်သွားသော နတ်မီးကို ပြန်လည်း ရယူလိုက်သည်။ မျက်ခုံးမွှေးများကြားမှ နတ်မီးတစ်လုံး ထွန်းလင်းကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ခရမ်းရောင် အလင်းတန်းများဖြင့် ဖုံးအုပ်ထားသည်။

ခရမ်းရောင်၊ အဖြူ၊ ရွှေ၊ အစိမ်း၊ အနီရောင်၊ အနီရောင်မှစ၍ နတ်မီး၏ အရောင်ငါးမျိုးတို့က ပတ်ဝန်းကျင်သို့ ဖြာထွက် ထွန်းလင်းနေကြသည်။ များစွာသော ကျင့်ကြံသူများသည် နတ်မီးလုံး၏ မီးတောက်ကို ခရမ်းရောင်အဖြစ် ဘဝတစ်လျှောက်လုံး မပြုစုပျိုးထောင်နိုင်ကြပေ။

ယခုမူ လုရွှမ်သည် ပထမဆုံး နတ်မျှော်စင်မီးလုံးကို ထွန်းညှိလိုက်ပြီး မီးတောက်သည်လည်း ခရမ်းရောင်အဖြစ် ပေါင်းစပ်သွားခဲ့သည်။ အဝေးမှ ကြည့်နေသော အကြီးအကဲများပင် ခံစားချက်အပြည့်နှင့်။

လုရွှမ်သည် ဉာဏ်ရည်ထက်မြက်သော ပါရမီရှင်ဖြစ်ကြောင်း သူတို့သိသော်လည်း လုရွှမ်သည် ၎င်းတို့၏ မျှော်လင့်ချက်များကို အကြိမ်ကြိမ် ချိုးဖျက်ခဲ့သည်။ လုရွှမ် လေကို ပြင်းပြင်းထန်ထန် ရှူရှိုက်ရင်း နောက်ဆုံးတွင် နတ်မီးနယ်ပယ် အဆင့်သို့ ရောက်ရှိသွားခဲ့​ပေ၏။

လူတိုင်းရှေ့မှာ ပျံဝဲနေတဲ့ ဂိုဏ်းချုပ်တွေ၊ ခေါင်းဆောင်တွေတောင် မယုံကြည်နိုင်စွာ ကြည့်နေကြတုန်းပါပဲ။

"လုရွှမ်.... မင်းရဲ့ ကျင့်ကြံမှု လမ်းကြောင်းက တောက်ပတဲ့ အနာဂတ်တစ်ခုရဖို့ ဦးတည်နေပြီ... ငါ့မှာ ပစ္စည်းတစ်ခုရှိတယ် အဲဒါက ဘာလဲဆိုတာ ငါမသိဘူး မတော်တဆ ရခဲ့တာ... အခုတောင် အဲဒါက ဘာလဲဆိုတာ ငါမသိသေးဘူး... ဒါပေမဲ့ ငါခံစားရသလောက်တော့ ပစ္စည်းက ထူးထူးခြားခြား ဖြစ်နိုင်တယ် ငါမင်းကို ငါပေးလိုက်မယ်... အဲဒါက မင်းအတွက် အနာဂတ်မှာ အထောက်အကူ ဖြစ်လာနိုင်တယ်"

ရှဲ့ယွင်ထျန်းက သက်ပြင်းရှည်ကြီး ထုတ်လိုက်ပြီး ပြောလေ၏။ ဒီလို ပါရမီရှင် တစ်ယောက်သာ သူ့ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ရင် အရမ်းကောင်းမှာပဲ။

လုရွှမ်လည်း မာနကြီးခြင်းမရှိဘဲ သူ့ကို ကျေးဇူးတင်ပြီး ပစ္စည်းကို လက်ခံလိုက်သည်။

"ဒါဆို ဆန်းကြယ်သလင်းပဲ... ဒီဟာက ဧကရာဇ်လက်နက်တွေကို နတ်လက်နက်တွေ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ပစ္စည်းပဲ... ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်"

ဂိုဏ်းချုပ်ရှဲ့​သည်လည်း ခဏတာ အံ့အားသင့်သွားပြီး ရှိုက်ကြီးတငင် ပြုံးလိုက်ပါသည်။ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သူ့ဘဝရဲ့ ကြိုးပမ်းမှု အားလုံးကို ကုန်ဆုံးခဲ့ပြီးတာတောင် ဒီပစ္စည်းက ဘာလဲဆိုတာ မသိချေ။

လုရွှမ်က အဲဒါကို ကောက်ကိုင် ကြည့်လိုက်ရုံနဲ့ ပစ္စည်းနာမည်ကို အော်ပြော လိုက်နိုင်သည်။ ခဏလောက်တော့ သူ ရုတ်တရက် အထီးကျန်သွားသလို ခံစားလိုက်ရသည်။

လော့ချောင်ဖုန်းလည်း ရယ်မောပြီး ရှဲ့ယွင်ထျန်းရဲ့ ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။

"အစ်ကို စိတ်မပျက်ပါနဲ့ သူက မ​ကောင်းဆိုးဝါးတစ်ကောင်လေ... သူ့ဆီက မျက်နှာသာရတာက မရတာထက် ပိုကောင်းတာ မဟုတ်ဘူးလား"

တခြားလူများစွာကလည်း ရယ်မောကာ လုရွှမ်ကို လက်ဆောင်များ ပေးကြသည်။ ယခုအချိန်တွင် လုရွှမ်သည် သူ၏အတောင်ပံများကို ဖြန့်ကာ အမြင့်အထိ ပျံသန်းနိုင်စွမ်းကို ဖိနှိပ်ထားနိုင်တော့မည် မဟုတ်ပေ။

လူရှစ်ယောက်ဟာ လုရွှမ်၏ လက်ရှိကျင့်ကြံမှု အဆင့်ကို ခန့်မှန်းနိုင်ရုံသာ ရှိပြီး သူတို့သည် လုရွှမ်ရဲ့ ရန်သူ မဖြစ်နိုင်ကြောင်း သူသည် ၎င်းတို့ထက်သာလွန်ကြောင်း ထင်ရှား​​နေသည်။

"လှောင်အိမ်ထဲက ဟိုလူတွေကို သွားတွေ့ရအောင်"

သူ စကားပြောနေစဉ်တွင် လုရွှမ်သည် ခေါင်းဆောင်တစ်​ယောက်ရဲ့ ပုံစံကို မထိန်းနိုင်ဘဲ ထုတ်ဖော်ပြသမိသွားသည်။ သူတို့သည် ပင်လယ်သားရဲ ခေါင်းဆောင်များနှင့် ဂိုဏ်းကြီးရှစ်ခု၏ အကြီးအကဲများ ဖြစ်သော်လည်း ဘယ်သူမှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။

လုရွှမ်က သူတို့ကို အမိန့်ပေးဖို့ လာခဲ့တာ ဆိုရင်တောင် အခု လုရွှမ်မှာ ဒီအရည်အချင်း တကယ်ရှိနေပြီ ဖြစ်သည်။

"ကောင်းပြီ လှောင်အိမ်ထဲက လူတွေကို သွားသတ်လိုက်ရအောင်!"

လှောင်အိမ်သခင်ရဲ့ စကားကို နားထောင်ပြီး လူသားကျင့်ကြံသူတွေနဲ့ သေတဲ့အထိ တိုက်ခဲ့ကြလို့ သူတို့ရဲ့ သားရဲပေါင်းများစွာလည်း သေကုန်ကြသည်။ ထိုလူများသည် လူသားကျင့်ကြံသူများကို အချည်းနှီး စော်ကားပြီး သူတို့အတွက်လည်း ကြီးလေးသော ဆုံးရှုံးမှုကို ခံစားခဲ့ရကြောင်း ယခုမှပင် သဘောပေါက်ခဲ့သည်။

နဂါးအိုကြီးသည် နားမလည်နိုင်သော ရေအောက်က နန်းတော်အကြောင်း လူတိုင်းကို ပြောပြလိုင်သည်။ သိချင်စိတ် ပြင်းပြနေသော လှောင်အိမ်လူသား ထိုလူတစ်စုသည် နန်းတော်ဆီသို့ အပြင်းအထန် ဦးတည်သွားနေကြလေသည်။

သူမှလွဲ၍ အနီးနားတွင် တခြား ကျင့်ကြံသူတွေနဲ့ ပင်လယ်သားရဲများ မရှိပေ။

"ဒီနေရာက တစ်ခုခုမှားနေပြီ"

လုရွှမ် လူတိုင်းကို အရူးအမူးမလုပ်ဖို့ အချက်ပြလိုက်သည်။ ဤနေရာသည် ပင်လယ်ရေထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေ၏။ ကုန်းမြေ အများအပြားကို ဖော်ထုတ်ပြီးနောက်တွင်ပင် ၎င်းက ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်နေသေးသည်။

အားလုံးကလည်း လှည့်ကြည့်လိုက်ရင်း သူတို့ပတ်ဝန်းကျင်မှာ တစ်ခုခု မှားနေပြီဆိုတာ သတိထားမိလိုက်သည်။ ရေအောက်က တောင်ထိပ်များသည် အင်အားဖြင့် ရွေ့သွားသကဲ့သို့ ပျက်စီးသွားသည့် အရိပ်အယောင်များကို ထင်ရှားစွာ ပြသခဲ့သည်။

ရေအောက်ထဲရှိ တောင်များ၊ ကျောက်ဆောင်များ၊ မြက်ပင်များ နန်းတော်ဆီသို့ လွင့်မျောနေတာကို ဘာကြောင့်ရယ်မသိ ထူးဆန်းနေသည်။ လူတိုင်းသည် လှောင်အိမ်ထဲမှ လူများနှင့် ပင်လယ်သားရဲများ အားလုံးကို စုပ်ယူသွားသည့် ပြင်းပြသော စုပ်ယူမှုအားက နန်းတော်ဆီမှ ထွက်လာကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

“အဲဒါဆို အဲ့လူတွေအားလုံး ဝင်သွားပြီပေါ့”

နဂါးအိုကြီးက ရုတ်တရက် ရယ်ကာ ဆိုလိုက်သည်။

"သိသာပါတယ်... ဒီနန်းတော်က ထူးထူးခြားခြား လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်... ဒါပေမဲ့ အတွင်းထဲမှာ လျှို့ဝှက်ထားတဲ့ ကြီးမားတဲ့ အန္တရာယ်တွေလည်း ရှိနိုင်တယ် ငါ ဒီမှာ စောင့်နေခဲ့တာ ကြာလှပြီ... ဒါပေမဲ့ ဒီမှာဖြစ်လာတဲ့ အပြောင်းအလဲကို မခံစားခဲ့ရဘူး... တောင်တစ်သောင်းကမ္ဘာက ရုတ်တရက် ပြုပြင်ပြီးသွားပြီ... ဒါကြောင့် အခုလို အပြောင်းအလဲတွေ ဖြစ်လာပြီ!"

"အို ကျောင်းလုံ မင်းဆိုလိုတာက ငါတို့ကို ဝင်စရာ မလိုဘူး.... ငါတို့လည်း ဝင်လို့ မရဘူး သူတို့ဘာသာသူတို့ အထဲမှာ သေသေရှင်ရှင်ပေါ့..."

"ဟုတ်တယ် ဒီနန်း​တော်ဆီကနေ ထွက်လာတဲ့ ကြောက်စရာ ဝေဒနာကို လူတိုင်း ခံစားကြရမယ်လို့ ထင်ပါတယ်"

လုရွှမ်ရဲ့ ခံစားချက်က အထိခိုက်မခံနိုင်ဆုံး ဖြစ်သည်။ အမှန်မှာ ဤနန်းတော်က သူ့ကိုပေးသော ခံစားချက်သည် ယခင်က သူကြုံတွေ့ခဲ့ရသော လှောင်အိမ်နှင့် မတူပေ။ ခြားနားချက် တစ်ခုရှိလျှင် ဤနေရာတွင် သူ့အားပေးသော ရောင်ဝါက ပို၍အန္တရာယ်များတာ ထင်ရှားပါသည်။

ဒါပေမဲ့ ပထမတစ်ခေါက် ရောက်လာတုန်းကတော့ ဒီလိုမျိုး မခံစားရပါဘူး။

"နဂါးအို​ကြီး ပြောတာ မှန်တယ်ထင်တယ်... ဒီနေရာက ထူးဆန်းလွန်းတယ် ကျွန်​တော်တို့ အန္တရာယ်တွေကို မယူသင့်ဘူး... တောင်တစ်သောင်းကမ္ဘာက အမှိုက်တွေနဲ့ ပြည့်နေပြီ... နေရာ အရာတော်တော်များများက လူတွေကလည်း ကျွန်တော်တို့ကို စောင့်နေတုန်းပဲ"

လုရွှမ်သည် သူ့အနောက်ဘက်ရှိ နန်းတော်ဆီမှ ပြင်းပြင်းထန်ထန် စုပ်ယူလိုက်သော တွန်းအားကို ရုတ်တရက် ခံစားလိုက်ရရာ နန်း​တော်ဆီသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်သည်။

ရောင်ဝါက ကြီးမားလွန်းသဖြင့် လုရွှမ် ၎င်းကို လုံးဝ မထိန်းနိုင်ပေ။ သူ အခြားလူများကို ကြည့်လိုက်သောအခါ သူတို့အားလုံး စုပ်ယူမှုကို မခံစားရပေ။ လော့ချောင်ဖုန်းက အလွန်လျင်မြန်စွာ တုံ့ပြန်ပြီး လုရွှမ့ကို ဖမ်းရန် အမြန်လက်လှမ်းလိုက်သည်။

ထိုအခိုက် ရုတ်​တရက်​ နတ်​မိုးခြိမ်းသံ​ကြောင့်​ လော့ချောင်ဖုန်းရဲ့ လက်​ဖဝါးက နောက်ပြန်ဆုတ်သွားရကာ လုရွှမ်တစ်ယောက် နန်းတော်ထဲထဲသို့ စုပ်​ယူခံလိုက်​ရ​တော့သည်​။ အလင်းရောင်များ ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားကာ နန်းတော်လည်း ပျောက်သွား၏။

ဤနေရာတွင် ဘာအဆောက်အအုံမှ မရှိထားသကဲ့သို့ ဘာမှမကျန်ခဲ့​​​တော့ပေ။

All Chapters