နတ်တောင်တန်း
Vol. 97 Ch. 4.970
"လုရွှမ်!"
အော်ဟစ်သံနဲ့အတူ သက်ပြင်းချသံ တစ်ချက်ကိုပါ ကြားလိုက်ရသည်။
"ချောင်ဖုန်း... စိတ်ပူစရာ မလိုပါဘူး... လုရွှမ်ရဲ့ ခွန်အားနဲ့ဆို သူ အသက်ရှင်လျက် လွတ်မြောက်နိုင်မယ်လို့ ငါယုံကြည်တယ်"
လော့ချောင်ဖုန်း စိတ်ပူပြီး စိတ်ရှုပ်နေခဲ့သည်။ ကျန့်ဝူဝေါ်က ဝင်ပြောတော့မှသာ သူတုံ့ပြန်နိုင်ခဲ့လေသည်။
အမှန်စင်စစ် အကယ်၍ ၎င်းသည် အခြားလူများ ဖြစ်မည်ဆိုလျှင် ၎င်းတို့အနက်မှ တစ်စုံတစ်ယောက်သည် အမည်မသိသော ဇာတိဗိမာန်တစ်ခုထဲသို့ ကျရောက်သွားခဲ့ပေမည်။ ရှင်သန်ဖို့ မျှော်လင့်ချက်က အရမ်းနည်းနေပေမယ့် အခု လုရွှမ်မှာ ဖြစ်သွားတော့ လုရွှမ်ဟာ အန္တရာယ်တွေ အများကြီး ကြုံရနိုင်တယ်လို့ လူတွေက မယုံကြည်နိုင်ကြပေမယ့် နောက်ဆုံးမှာတော့ သူဘေးကင်းပြီး အသံထွက်ကောင်း ထွက်နိုင်ကြောင်း လက်ခံကြသည်။
တခြားသူများကလည်း လော့ချောင်ဖုန်းကို နှစ်သိမ့်ပေးပြီးနောက် လူတိုင်း ထွက်သွားကြသည်။ သူတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က လှောင်အိမ်သခင်ရဲ့ ကိစ္စပါပဲ။ ယခုမူ ဤလှောင်အိမ်သခင်များ တိုက်ရိုက် ပျောက်ကွယ်သွားပြီမလို့ အလုပ် ပြီးမြောက်သွားသည်ဟု ဆိုနိုင်ပါသည်။
ဤနေရာတွင် လက်မလွှတ်စရာ မရှိတော့ပေ။ လုရွှမ် လူတိုင်း၏ အမြင်ထဲမှ လျှို့ဝှက်စွာ ပျောက်ကွယ်သွားတာဟာ ပို၍ပြီးပြည့်စုံသော အရာဖြစ်သည်။
လုရွှမ်ဟာ သူ့အလားအလာကို အချိန်အတန်ကြာ ထုတ်ဖော် ပြသနိုင်ခဲ့ပါက တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးက သူ့ကို ခေါင်းဆောင်အဖြစ် ခေါ်ဆောင်သွားပေလိမ့်မည်။ ထိုသို့သော အမှုသည် ရှိရှိသမျှနှင့် ပင်လယ်သားရဲ အားလုံးအတွက် မကောင်းသော အရာတော့ မဟုတ်ပါ။
ဒီလိုစကားမျိုးကို အပြင်မှာ ထုတ်မပြောနိုင်ပေမယ့် အတွင်းထဲမှာတော့ သူတို့အားလုံး ပျော်ရွှင်သွားကြသည်။
ယခုတော့ လှောင်အိမ်သခင်များ ပျောက်ကွယ် သွားသောအခါ လုံးဝ ပြန်လည် မွေးဖွားလာသော တောင်တစ်သောင်းကမ္ဘာသည် ၎င်းတို့၏နယ်မြေ ဖြစ်လာပြီ ဖြစ်သည်။
ကောင်းကင်က ငှက်တွေ ပျံနိုင်သလောက် ကျယ်တယ်၊ ပင်လယ်က ငါးတွေ ခုန်နိုင်သလောက် ကျယ်တယ်၊ အခု သူတို့က ခေါင်းဆောင် ဖြစ်တော့ ဘာလို့ ကိုယ့်ရဲ့ဂိုဏ်းကို ပြန်လည် မတည်ထောင်ရမှာလဲ။
အားလုံးက ဒီကိစ္စကို တွေးပြီး တစ်ယောက်နဲ့တစ်ယောက် ခဏလောက် စကားစမြည် ပြောကာ လမ်းခွဲလိုက်ကြသည်။
လုရွှမ်သည် အချိန်အတော်ကြာတဲ့အထိ မူးဝေသွားတာကို ခံစားရသည်။ ဒါက အချိန်အတော်ကြာ ပို့ဆောင်ခြင်း၏ နောက်ဆက်တွဲဖြစ်ပြီး ယခု သူဘယ်ရောက်နေလဲ ဆိုတာကို ကောင်းကင်ကပဲ သိလိမ့်မည်။ ဘာနန်းတော် ဘာပင်လယ်ကိုမှ မတွေ့ရဘဲ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဗလာလေထုကြီးပဲ ရှိသည်။
မှော်ဆန်သော ကမ္ဘာငယ်လေး တစ်ခုထဲ ရောက်နေသည့်အတိုင်းပင်။ လုရွှမ်သည် သူယခု အာကာသကို ခံစားရတာကြောင့် တောင်တစ်သောင်းကမ္ဘာမှ ထွက်ခွာသွားတာ ထင်ရှားကြောင်း သိလိုက်သည်။
စိတ်ထဲတွင် အတွေးတစ်ခုဖြင့် အာကာသကျောက်စိမ်းပြားသို့ အမြန်ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့လာပေ။ ဒီလောက်ဆို အတွေ့အကြုံရှိတဲ့ သူ သိသွားပါပြီ။ လုရွှမ်လည်း ကျိန်ဆဲပြီး ဦးတည်ရာတစ်ခုကို ကျပန်းရွေးချယ်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။
သူ ဘယ်လောက်ဝေးဝေး ပျံသန်းခဲ့တယ် မသိပေမယ့် နောက်ဆုံးမှာတော့ လုရွှမ် တောင်တန်းတစ်ခုကို တွေ့လိုက်ရသည်။
'ထုံးထျန်းတောင်ထွတ်'
ဤတောင်တန်းသည် တောင်တစ်သောင်းကမ္ဘာတွင် သူ မြင်ခဲ့ဖူးသော ထုံးထျန်းတောင်ထွတ်နှင့် အလွန်ဆင်တူပြီး ထိပ်ပိုင်းသည် ကောင်းကင်သို့ ထိုးဖောက် ဝင်ရောက်သွားပါပြီ။ အဖြူရောင် တိမ်ဖုံးလွှမ်းမှုကြောင့် ထိပ်ပိုင်းက ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေ။
တောင်တန်းများသည် ထက်မြက် တောက်ပနေပြီး ၎င်းတို့အားလုံးတွင် ထူးဆန်းသော အလင်းတန်းများလည်း ရှိသည်။
'အိုး.... ကျင့်ကြံသူပဲ'
လုရွှမ်သည် ဤနေရာ၌ ကျင့်ကြံသူ တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ကျင့်ကြံသူတွေ ရှိတယ်ဆိုတော့ ဒီနေရာက ဘယ်မှာလဲဆိုတာ သိနိုင်လောက်သည်။
လုရွှမ်သည် တောင်များဆီသို့ နီးကပ်စွာ ပျံသန်းရင်း၊ တန်ခိုးကြီးသော ရောင်ဝါ၊ ကြီးကျယ်ခမ်းနားပြီး တောက်ပသော ဝိညာဥ်စွမ်းအင်များက လုရွှမ်၏ ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်သွားသည်။ တစ်ခဏအတွင်း လုရွှမ်ရဲ့စိတ်ထဲမှာ ဒီတောင်က ဘာလဲဆိုတာ ရုတ်တရက် သဘောပေါက်သွား၏။
'ဒါနတ်တောင်တန်းပဲ!'
လုရွှမ် ရရှိခဲ့တဲ့ ကမ္ဘာ့ရတနာသုံးပိုင်းထဲက တစ်ခုမှ မဟုတ်သလို ထုံးထျန်းတောင်ထွတ်လည်း မဟုတ်ပါဘူး။ ကြယ်တစ်သောင်းကမ္ဘာရဲ့ အလျားသုံးခုထဲက နတ်တောင်တန်းပါပဲ။
လုရွှမ်မှာ သူ ပို့ဆောင်ခြင်းအစီအရင်ကို ဖြတ်ကျော်လိုက်တာနဲ့ ကြယ်တစ်သောင်းကမ္ဘာက နတ်တောင်တန်းရဲ့ အနီးတစ်ဝိုက်သို့ ရောက်ခဲ့တာကို မယုံနိုင်အောင်ပင် ဖြစ်နေသောကြောင့် ခေါင်းယမ်းလိုက်သည်။
သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေနဲ့ ကောင်းကင်ဘုရင် နန်းတေယ်လို့ ကျော်ကြားသော အန္တရာယ်ရှိသည့် နေရာတစ်ခုအနေဖြင့် လုရွှမ်သည် ၎င်းအား လျှော့မတွက်ဝံ့ပေ။ အထူးသဖြင့် ကောင်းကင်ဘုရင် နန်းတော်၌ ဖြစ်ပျက်ခဲ့ပြီးနောက် သူ့သတိတွေက ပိုရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် ပြင်ပကမ္ဘာမှ ပျံ့နေသော ဒဏ္ဍာရီများသည် နတ်တောင်၏ အခြေအနေမှန်နှင့် လုံးဝ ကွဲပြားနိုင်သည်။ ၎င်းတို့သည် ဤနေရာတွင် ရှင်သန်လိုပါက ကျင့်ကြံမှု၊ အတွေ့အကြုံ၊ အရည်အချင်းတို့နှင့် လုံးဝ သက်ဆိုင်သလို ဉာဏ်ပညာကလည်း မရှိမဖြစ် လိုအပ်ပါသည်။
သူသည် ကြယ်တစ်သောင်းကမ္ဘာမှ ထွက်ခွာသွားခဲ့တာ နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါး ရှိသင့်ပြီ။ ဆန်းကြယ်ကောင်းကင် အိမ်တော်မှ လူများသည် နတ်တောင်ကို စူးစမ်းလေ့လာကြပြီး ရွှီထျန်းလျောက် အမည်ရှိ အမျိုးသားတစ်ဦးနှင့်လည်း သူ ပဋိပက္ခ ဖြစ်ခဲ့သည်။
နတ်တောင်ကို သွားပြီးလျှင် မိမိနှင့် စာရင်းလာရှင်းမည်ဟု တစ်ဖက်လူက အခိုင်အမာ ဆိုခဲ့သည်။ သို့သော် ရွှီထျန်းလျောက်ဟာ ဒီနှစ်နှစ်ကြာပြီးနောက် အသက်ရှင်နေသေးသလား မသိချေ။
နောက်ဆုံးတွင် လုရွှမ် လူတိုင်းရှေ့သို့ ပြေးလာခဲ့သည်။
လူငယ်အရွယ်၊ လူလတ်ပိုင်းအရွယ် စသည်ဖြင့် ကျင့်ကြံသူတွေရဲ့ အသက်အရွယ်က အစုံအလင်ပင်။ ထူးကဲသော နတ်မီးနယ်ပယ်က လူတွေ ရှိသလို မျှော်စင်နယ်ပယ်က လူတွေတောင် အများကြီး ရောက်နေကြပြီ။
လုရွှမ်သည် နတ်မီးနယ်ပယ် ပထမအဆင့်သာ ရှိသော လူတစ်ယောက် ဖြစ်ကြောင်း မြင်လိုက်ရသောအခါ လူအများက လုရွှမ်ကို လုံးဝ စကားမပြောထိုက်သလို လျစ်လျူရှုသွားခဲ့သည်။
လုရွှမ်လည်း ထိုလူများကို လျစ်လျူရှုထားသည်။ ကျင့်ကြံသူတွေဟာ သူတို့ထက် သာလွန်သူကို ကြောက်တတ်သော်လည်း သူတို့ထက် ယုတ်ညံ့သည်ဟု ထင်မြင်နေသူများကို နှိမ့်ချဖို့ နှစ်သက်နေဆဲ ဖြစ်သည်။
အဝေးမှနေ၍ နတ်တောင်ကို လှမ်းကြည့်လိုက်လျှင် ထုံးထျန်းတောင်ထွတ်နှင့် တူညီသော ခံစားချက်ကို ခံစားနိုင်သည်။ ကွာခြားချက်မှာ နတ်တောင်၏ အငွေ့အသက်သည် ယခုအခါ ပိုမိုအားကောင်းလာပြီး အဆိုပါ ပြင်းထန်သောဖိအားများသည် လူတိုင်း၏နှလုံးသားနှင့် ဝိညာဉ်များကို ဖိနှိပ်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။
နတ်တောင်တန်းက မပျံသန်းနိုင်တဲ့ ကောင်းကင်ဘုရင် နန်းတော်နဲ့ မတူပါဘူး။ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ပြီး ပတ်ဝန်းကျင်ကို ခံစားနိုင်သလို ဘေးအန္တရာယ် ဆိုတာလည်း အချိန်မရွေး ကြုံလာနိုင်လေသည်။
ဤနည်းအားဖြင့် အခြေအနေသည် ဤမျှဆိုးရွားပုံ မပေါ်သော်လည်း ထိုကဲ့သို့သော အန္တရာယ်ရှိသော နေရာတွင် ပင်ကိုယ် အရည်အချင်းရ အလွန်အရေးကြီးပါသည်။ ပင်ကိုယ်အရည်အချင်း တစ်ခု သို့မဟုတ် ရွေးချယ်မှုတစ်ခုသာ ရှိနိုင်သော်လည်း ၎င်းသည် လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ပေသည်။
သို့သော် ဤနေရာတွင်တော့ ထိုအသိဉာဏ်မျိုးက ပျောက်ကွယ်သွားခဲ့လောက်ပါပြီ။ တောင်ခြေသို့ ရောက်သောအခါ ကျင့်ကြံသူ များစွာတို့သည် ဤနေရာ၌ စုဝေးနေကြပြီး အထက်ကောင်းကင်ကို မျှော်ကြည့်နေကြတာ တွေ့လိုက်ရသည်။
မနီးမဝေးတွင် ရွာငယ်လေးများ တစ်ခုပြီးတစ်ခု ဆောက်ကာ ကျင့်ကြံသူ အမြောက်အမြား နေထိုင်ကြပြီး စျေးကွက်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲထားကြသည်။
"ဒီကသူငယ်ချင်း ဒီနေရာက ဘယ်လို နေရာများလဲ?"
လုရွှမ်ခမျာ မယုံနိုင်လောက်အောင် ဖြစ်နေသည်။ နတ်တောင်ကြီးဟာ အရင်တုန်းက အန္တရာယ်အရှိဆုံး နေရာငါးခုထဲက တစ်ခုဖြစ်ပြီး တစ်စုံတစ်ယောက်က ဒီမှာရွာကို တကယ်ဆောက်ခဲ့တာလား ဆိုတာ စဥ်းစားမရဘူး ဖြစ်နေသည်။
ထိုလူက လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်ကာ။
"မင်းက ဒီမှာ လူသစ်လား... ကောင်လေး မင်း ဘာမှမသိဘဲ သန့်ရှင်းသော နတ်တောင်ထဲကို ဖောက်ဝင်ရဲတယ်ပေါ့... မင်းအသက်ကို စွန့်စားရလိမ့်မယ်ကွ... နတ်တောင်ကို ဖြတ်ချင်ရင် မင်းအဲ့ဈေးကွက်ထဲကို အရင် သွားကြည့်တာ ပိုကောင်းလိမ့်မယ်... အဲဒါကို လေ့လာကြည့်ရင် ဈေးကွက်က မင်းအတွက် အများကြီး အကျိုးရှိလိမ့်မယ်လို့ အာမခံတယ်!"
ဒီလူက ရိုင်းရိုင်းစိုင်းစိုင်းပြောပေမယ့် စိတ်ကောင်း ရှိလေသည်။ လုရွှမ်သည် သူ့အား ကျေးဇူးတင်စကားဆိုကာ စျေးထဲသို့ ဝင်လာခဲ့သည်။ အပြင်က လူများကဲ့သို့ပင် ဆူညံသံများထွက်၍ ကုန်ပစ္စည်းမျိုးစုံကို ရောင်းချခြင်း၊ အသက်မွေးဝမ်းကြောင်း ပြုခြင်းများ၊ ကောင်းကင် ပစ္စည်းများနှင့် မြေကြီးရတနာများ ရောင်းဝယ် ဖောက်ကားနေကြသည်။
သူတို့အထဲမှာ လုရွှမ်ရဲ့ မျက်လုံးတွေကို တောက်ပစေခဲ့တဲ့ အရာတွေလည်း အများကြီး ရှိပါသည်။
လုရွှမ် သစ်သားတစ်စကို မျက်စိကျသွားသည်။ သူသည် တည်ဆောက်ရေး သစ်သားနှလုံးသားကို တောင်တစ်သောင်းကမ္ဘာမှာ စွန့်လွှတ်လိုက်သည်မှာ အမှန်ပင်။ တည်ဆောင်ရေးသစ်သားက ဘယ်လောက် တန်ဖိုးရှိသလဲ သူသိခဲ့ပါပြီ။ ယခုလည်း တင်းကုပ်သေးသေးလေး ရှေ့တွင် ရောင်းချနေတာအား မြင်လိုက်ရသောအခါ သဘာဝအတိုင်း သိမ်းယူထားလိုက်၏။