← Chapters

သလင်းကျောက်တွေ ရှားပါးကုန်ပြီ

Vol. 97 Ch. 4.971

သလင်းကျောက်တွေ ရှားပါးကုန်ပြီ

Vol. 97 Ch. 4.971

ဆိုင်သေးသေးလေးမှာ အစစအရာရာ စျေးနှုန်း သတ်မှတ်ထားသည်။ တည်ဆောင်ရေးသစ်သား နှလုံးသားရဲ့ အပိုင်းတစ်ပိုင်းကို ဝယ်ရန် စွမ်းအင်သလင်းကျောက် ငါးသန်း ဖြစ်တာကြောင့် အလွန်စျေးပေါပါသည်။

ထို့အပြင် ဤသစ်သား၏ အရည်အသွေးသည် မူလလေလံပွဲတွင် ရထားရှိသည့် အရာထက်ပင် ပိုကောင်းသည်။ ကြွယ်ဝသောသစ်သား၏ စွမ်းအင်သည် တက်ကြွမှုအပြည့်ဖြင့် ပတ်ပတ်လည်တွင် ရှိနေသည်။

လူတွေ အများကြီး လာလိုက်ကြကာ တည်ဆောင်ရေးသစ်သား နှလုံးသားကို မျက်လုံး​ပြူး​ကြီးတွေနဲ့ စိုက်ကြည့်ရင်း တုန်လှုပ်သွားပေမယ့် သူတို့အားလုံး တုံ့ဆိုင်းသွားစွာ လူစုခွဲလိုက်ကြသည်။

လုရွှမ် ၎င်းကို တစ်ချက် ကြည့်လိုက်သည်။ ဤနေရာတွင် ပြသထားသည့် အရာအားလုံးနီးပါးသည် ပြင်ပကမ္ဘာထက် များစွာစျေးသက်သာကြောင်း တွေ့​နေရသည်။ ဒါဆို နတ်တောင်တန်းထဲ ဝင်ရောက်ရန် အတွက် စွမ်းအင်သလင်ကျောက် များစွာ လိုအပ်နေလို့လား။

တခြားသူများလည်း စွမ်းအင် သလင်းကျောက်များကို ဂရုတစိုက် သုံးစွဲ​​နေ​​ကြတာကို ကြည့်လျှင် သူခန့်မှန်းတာ မှန်ကြောင်း ထင်ရှားပါသည်။

သူ့ရဲ့ စွမ်းအင်သလင်ကျောက် အများစုဟာ အာကာသကျောက်စိမ်းပြားထဲ၌ ရှိကာ သူ့တွင် ကျောက်စိမ်းတုံး ၁၀ ဘီလီယံကျော် ရှိတာကြောင့် လုံးဝ မကြောက်ပေ။ ယခုလို ကျောက်စိမ်း​ပြားကို ဆက်သွယ်၍ မရသော အခြေအနေမျိုးကို ရှောင်ရှားရန်အတွက် သိုလှောင်လက်စွပ်ထဲတွင် ဘီလီယံနှင့်ချီသော စွမ်းအင်သလင်းကျောက်များကို ထည့်ထားဆဲ ဖြစ်သည်။

ဒီကအရာတွေကို ဝယ်ဖို့ လုံလောက်ပါ၏။

သို့သော် တည်ဆောင်ရေးသစ်သား နှလုံးကို ယူရန် လက်လှမ်းလိုက်သောအခါတွင် ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ပြေးလာပြီး လက်ကိုဆန့်ကာ သစ်သားနှလုံးကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်လေသည်။

လုရွှမ်က ပေါ့ပေါ့ပါးပါးပင်။ ဒီလူ ဒီမှာရှိနေတာဖြင့် ကြာလှပြီ။ သူ လှုပ်ရှားတော့မယ် ဆိုတာကို မြင်လိုက်တာနဲ့ လုရွှမ် သူ့လက်ချောင်းကို အသာလှုပ်ရှားလိုက်သည်။ ခရမ်းရောင် လျှပ်စီးကြောင်းများ လေထဲမှ ထိုးထွက်လာပြီး ထိုလူ၏ လက်ကောက်ဝတ်ကို ထိမှန်သွားကာ လုရွှမ်ကတော့ တည်ဆောင်ရေးသစ်သား နှလုံးကို အေးအေးဆေးဆေး ဆုပ်ကိုင်လိုက်သည်။

"ဟေ့ မင်းဘာဖြစ်နေတာလဲ... မင်းငါ့ပစ္စည်းကို လုယက်တိုက်ခိုက်နေတာလား"

ထိုလူက ဒေါသတကြီး အော်ဟစ်လိုက်၏။ ၎င်းက သူ့လက်ကောက်ဝတ်ကို အုပ်လျက် မျက်နှာမှာလည်သ ဒေါသအပြည့်ဖြင့်။

လုရွှမ်သည် စွမ်းအင်သလင်းကျောက် ငါးသန်းကို ထုတ်ကာ တင်းကုပ်ပိုင်ရှင်ထံ ပေးအပ်ပြီး တည်ဆောင်ရေးသစ်သား နှလုံးကို ဖယ်ထုတ်ပြီးနောက် တစ်ဖက်လူကို ကြည့်လိုက်သည်။

ထိုသူ၏ အသွင်အပြင်သည် အလွန်ရိုးစင်းသော်လည်း မျက်ခုံးများကြားတွင် နတ်မီးအနည်းငယ် ရှိနေသည်။ လုရွှမ်ကို သူ့ရောင်ဝါဖြင့် စိုက်ကြည့်ရာ လုရွှမ်လည်း တစ်ဖက်လူက နတ်မီးနယ်ပယ် ပထမအဆင့်သာဖြစ်ကြောင်း သိလိုက်သည်။

လုရွှမ် ဒီလိုလူတွေ အကြောင်း ကောင်းကောင်း သိပါသည်။ ဒီလူက တည်ဆောင်ရေးသစ်သားကို နှစ်အတော်ကြာ သဘောကျနပေမယ့် ဈေးကြီးလွန်းတယ်လို့ ထင်တဲ့အတွက် တစ်​ယောက်ယောက် လာဝယ်မှာကို အနားမှာ စောင့်နေခဲ့သည်။

ဆိုင်ပိုင်ရှင်သည် စွမ်းအင်သလင်ကျောက်များ လိုအပ်နေတာ သိသာထင်ရှား လှ၏။ အကြောင်းမှာ သူက ဤကဲ့သို့သော ကောင်းမွန်သော အရာများကိုပင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ​နေသည်။

ထိူလူသည် ဈေးလျှော့ပေးမယ့် အချိန်ကို စောင့်မျှော်နေပေမယ့် လုရွှမ်က အလယ်ကနေ ဖြတ်ခုတ်သွားမယ်လို့ သူ မထင်ထားခဲ့ပေ။ ဒါကြောင့် တည်ဆောင်ရေးသစ်သား နှလုံးသားကို အမြန် လှမ်းဆွဲယူလိုက်တာပဲ ဖြစ်သည်။

"မင်းမှာ ပိုက်ဆံမရှိရင် ထွက်သွား!"

လုရွှမ် ဆိုလိုက်သည်။ ဤလူသည် လှည့်ကွက်အနည်းငယ်ကို အသုံးပြု၍ တခြားသူများဆီက လှည့်စားရယူဖို့ နှစ်သက်တာကလွဲလို့ အခြားအရည်အချင်း မရှိပေ။ တစ်ဖက်လူက ဒေါသတကြီး တုန်လှုပ်သွားပြီး လုရွှမ်ကို လက်ညှိုးထိုးလိုက်သည်။

"ကောင်လေး.... မင်းဘယ်သူ့ကို ပြောနေတာလဲ? ပိုက်ဆံမရှိဘူးလို့ ဘယ်သူပြောလဲ... ဦးသူယူဆိုတဲ့ စည်းမျဉ်းကို မင်းနားမလည်ဘူးလား... ငါဒီမှာစောင့်နေတာ ဘယ်လောက်ကြာပြီလဲ သိလား... ဒါက မင်းခိုးတာ မဟုတ်လို့ ဘာလဲ? ငါ့ဥစ္စာ.... မင်းငါ့ကို ခိုးကြောင်ခိုးဝှက်နဲ့တောင် တိုက်ခိုက်လိုက်သေးတယ် ဟမ့် ကောင်လေး မင်းမှာ ဦးနှောက်ရှိတယ် ဆိုရင် သစ်သားကို မြန်မြန် ထုတ်​ပေးလိုက်တာ ပိုကောင်း...."

ဖြောင်း!

လုရွှမ်က သူ့ စကားမဆုံးခင် သူ့ကိုပါးကို ရိုက်ချပစ်လိုက်သည်။

ထို့ သူ့ပတ်ဝန်းကျင်တွင် အံ့သြနေသော အကြည့်များကို လျစ်လျူရှုကာ ဆိုင်ပေါ်ရှိ အရာများကို ဆက်လက် ကြည့်ရှု​နေခဲ့သည်။ စွမ်းအင်သလင်းကျောက် တစ်သန်းခန့် ကုန်ကျပြီး အလွန်စျေးသက်သာသော ပစ္စည်းကောင်း နှစ်ခုကိုလည်း သူ ထပ်တွေ့ခဲ့သည်။

ဆိုင်ပိုင်ရှင်က စွမ်းအင်သလင်ကျောက်ကို ယူသောအခါတွင် သူ့အား တိုးတိုးလေး ပြောပါ၏။

"သူငယ်ချင်း... မင်းရဲ့အသံကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အဲဒီလူရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိတယ်... သွားရှုပ်ဖို့မလွယ်ဘူး... အလင်းအမှောင်ကို ရှောင်ဖို့ မြန်မြန်ထွက်သွားတာ ကောင်းမယ်”

"စိတ်မပူပါနဲ့ ကျုပ် နားလည်ပါတယ်"

လုရွှမ်လည်း သူ့ကို ကျေးဇူးတင်စကား ပြောပြီး ပစ္စည်းတွေကို သိမ်းကာ တခြားဆိုင်တွေဆီ လျှောက်သွားလိုက်သည်။ အဲဒီလူရဲ့နောက်မှာ တစ်ယောက်ယောက်ရှိနေရင် ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ အများကြီး ရှိနေတော့ရော ဘာဖြစ်လဲ။

"အား....."

ဒေါသတကြီး ဟောက်သံနှင့်အတူ ကျင့်ကြံသူတစ်ယောက် နောက်သို့ ဆုတ်သွားလေသည်။ ထိုသူသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ လဲကျသွားသော်လည်း ချက်ချင်း ထကာ လုရွှမ်ရဲ့ ဦးခေါင်းကို ဓားဖြင့် ခုတ်ချလိုက်သည်။

"ကောင်လေး... သွားသေပေတော့"

လုရွှမ်၏ ပါးစပ်ထောင့်မှ လှောင်ပြောင်သရောလိုက်သည့် အရိပ်အယောင် ထွက်ပေါ်လာသည်။ လုရွှမ် သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး ဓားရှည်ကြီးကို ဖမ်းထားလိုက်သည်။

၎င်းသည် လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်တစ်ခု ဖြစ်ပြီး တစ်ဖက်လူရဲ့ အရှိန်အဝါလိုပဲ ကြောက်မက်ဖွယ် ကောင်းလှ​ပေသည်။

လူတစ်ယောက်က သူ့ဓားရှည်​ကြီးကို လက်ဗလာဖြင့် သို့မဟုတ် လက်နှစ်ချောင်းဖြင့် တားဆီးနိုင်တယ် ဆိုတာ လွန်စွာရှားပါသည်။ ဒါကို လုပ်နိုင်တယ် ဆိုတော့ ရှင်းရှင်းလင်းလင်း ပြောရရင် လုရွှမ်ရဲ့ ခွန်အားက သူ့ထက်သာလွန်နေတာ ထင်ရှားပါသည်။ ရင်တထိတ်ထိတ်နဲ့ ထိုလူက ရုတ်တရက် ဒူးထောက်ချလိုက်၏။

"သခင်လေး... ကျွန်တော် မျက်စိမှုန်နေလို့ စော်ကားခဲ့မိပါတယ်... ခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ”

ထိုလူ မြေပြင်ပေါ်တွင် ဒူးထောက် တောင်းပန်လိုက်သည်နှင့် ကဲ့ရဲ့ လှောင်ပြောင်သံများက အနီးနားရှိ ကျင့်ကြံသူများထံမှ ထွက်ပေါ်လာခဲ့သည်။

သူ့ပတ်ဝန်းကျင်က ကျင့်ကြံသူတွေရဲ့ စကားကို နားထောင်ရင်း လုရွှမ် ဒီလူကို မူလက ချောင်အာ့လို့ ခေါ်ပြီး ယုတ်မာတဲ့ ကျင့်ကြံသူတစ်ယောက် ဆိုတာ သိလိုက်ရသည်။ သူ့အကောင်းဆုံးအရာက လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရေး တည်ဆောက်တာဖြစ်ပြီး သူ့မျက်နှာထဲ ငွေထည့်နေတာပဲ ဖြစ်သည်။

သူ့သူငယ်ချင်းတွေနဲ့ ညီအကိုတွေက သူ့ကို ဝင်ကယ်တာ လုံးဝမတွေ့ရပါဘူး။

"မင်းရဲ့ သလင်းကျောက်တွေ ဘယ်မှာလဲ? သလင်းကျောက်ငါးသန်းပေး!"

လုရွှမ်က ဆိုလိုက်သည်။ ချောင်အာ့ အံ့အားသင့်သွားပြီး သိုလှောင်လက်စွပ်ကို တစ်ချက် ကြည့်လိုက်ရာ အထဲမှာ သလင်းကျောက်သုံးသန်းပဲ ရှိတာကို တွေ့လိုက်ရ၏။ လုရွှမ် ရယ်လိုက်တော့ ချောင်အာ့ကလည်း သူနဲ့အတူ ရယ်မောလိုက်သည်။ လုရွှမ် စွမ်းအင် သလင်းကျောက်​တွေကို ပေါ့ပေါ့ဆဆ သိမ်းယူလိုက်ပြီး။

"မင်း ထွက်သွားနိုင်ပြီ!"

လုရွှမ် ထိုသို့သော လူများနှင့် ဆက်ဆံရာတွင် အတွေ့အကြုံ များစွာရှိပြီးသားပင်။ ဒီလိုလူတွေဟာ အရှက်မကွဲအောင် သို့မဟုတ် ဂုဏ်သိက္ခာ ရှိအောင် ဆိုတာကို မလိုချင်ဘဲ သလင်းကျောက်များကိုသာ လိုချင်ကြသည်။ ဒါကြောင့် သူအနှစ်သက်ဆုံး အရာကို ဖယ်ထုတ်လိုက်တာက လွယ်ပါ၏။

ထို့အပြင် ချောင်အာ့၏ မျက်လုံးများထဲက မကျေမနပ် ဖြစ်နေသည်ကို မြင်ရသဖြင့် လုရွှမ်သည် ဤကိစ္စက မပြီးသေးကြောင်း၊ မကြာမီတွင် အခြားတစ်ယောက်မှ သူ့ကိုလိုက်ရှာတော့မည် ဖြစ်ကြောင်း သိလိုက်သည်။

'အရမ်းကောင်းတယ်... အခုတလော လူတချို့ကို သင်ခန်းစာတစ်ခု သင်ပေးချင်နေတာနဲ့ အတော်ပဲ!'

လုရွှမ်သည် ဈေးဝယ်ထွက်ရင်း နတ်တောင်ရဲ့ လက်ရှိအခြေအနေကို မေးမြန်းသည်။ သို့သော် သူ ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။ သူ့လိုပဲ နတ်တောင်၏ လှုပ်ရှားမှုသည် ကျင့်ကြံသူ အားလုံးကို ထိတ်လန့်သွားစေပါ၏။

ရဲရင့်သော ကျင့်ကြံသူတစ်ယောက်သည် နတ်တောင်တန်းသို့ ဝင်ရောက်သွားပြီးနောက် နတ့တောင်ဟာ ချဲ့ထွင်ထားပုံရပြီး တစ်ချိန်တည်းမှာ မြူမှိုင်းများ ကျဆင်းနေသော နေရာများစွာကိုလည်း တွေ့ရှိခဲ့ရသည်။

ထိုအထဲတွင် ကောင်းကင်ပစ္စည်းများနှင့် မြေကြီးရတနာများ အများအပြား ရရှိသော်လည်း နတ်တောင်တွင် နေထိုင်လိုပါက စွမ်းအင်သလင်းကျောက် အမြောက်အမြား လိုအပ်ပါသည်။ ဒါပေမဲ့ တစ်ခု ထူးဆန်းတာက နတ်တောင်ထဲကို ဝင်ပြီးရင် ဘယ်တော့မှ ပြန်မလာနိုင်တော့တာပါပဲ။

ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမှ အပြင်မထွက်ချင်ကြသလို စွမ်းအင် သလင်းကျောက်တွေက သဘာဝအတိုင်း ဈေးပိုကြီးလာပါတော့သည်။

All Chapters