← Chapters

မောင်နှမ

Vol. 97 Ch. 4.972

မောင်နှမ

Vol. 97 Ch. 4.972

ဤနေရာ၌ နတ်တောင်ပေါ်မှ ရလာသော ပစ္စည်းများကို ရောင်းချသည့် ကျင့်ကြံသူ အများအပြား မရှိပါ။ ပစ္စည်းများက တခြားအရာများနှင့် လဲလှယ်ရန် မဟုတ်ဘဲ စွမ်းအင်သလင်ကျောက် ဖြည့်တင်းရန် အတွက်သာ ဖြစ်သည်။ လုရွှမ်အား ရွေ့လျားနေသော စွမ်းအင်သလင်းကျောက်ပုံများကို ကြည့်နေရသကဲ့သို့ စျေးဆိုင်များစွာရှိ ဆိုင်ပိုင်ရှင်များက သူ့ကို စိုက်ကြည့်နေတာကို သတိပြုမိသည်။

"ဟေ့ ငါ့သူငယ်ချင်း.... ဒါက နတ်တောင်ကနေ ငါရလာတဲ့ ချန်သစ်သားတစ်ထောင်နော်.... သလင်းကျောက်သုံးသန်းပဲ လိုတယ်"

"အနှစ်တစ်ထောင် ဝိညာဉ်သံ သလင်းကျောက်နှစ်သန်း"

"အနှစ်သုံးထောင် ကျားဖြူကျောက်... သလင်းကျောက်ငါးသန်း"

ဤနေရာရှိ စျေးသည်များသည် စွမ်းအင်သလင်ကျောက်များကို ဖြည့်တင်းရန်အတွက် မိမိတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဆင်မြန်းထားကြသော ရတနာများကိုပါ ထုတ်၍ သဘာဝအတိုင်း လဲလှယ်လာကြပါ​တော့သည်။

ထုတ်ယူပြီး စျေးနှုန်းချိုသာစွာ ရောင်းချသော ပစ္စည်းများသည် ပိုမိုကောင်းမွန်သော အစားထိုးမှုများ ရှိနေတာ ထင်ရှားပါသည်။ သူတို့မျက်လုံးထဲမှာတော့ လုရွှမ်ဟာ အခုအချိန်မှာ ကြီးမားတဲ့ ငွေကြေးပံ့ပိုးကူညီသူ တစ်ယောက်ဖြစ်နေပါပြီ။

တစ်ယောက်ပြီး တစ်ယောက် ကျယ်လောင်စွာ အော်လိုက်ကြရင်း လုရွှမ်ရဲ့ အာရုံကို စွဲဆောင်နိုင်အောင် ကြိုးစားနေကြသည်။

လုရွှမ်သည်လည်း စည်းစိမ်ဥစ္စာကို ထုတ်ဖော်မပြသင့်သော နိယာမအကြောင်း သိပါသည်။ အထူးသဖြင့် ဤနေရာတွင် သလင်းကျောက်များ အလွန်ချို့တဲ့နေ​ပြီ​လေ။ သူ လူတိုင်းရှေ့တွင် လက်ရှိပြသနေသော ခွန်အားကို ကြည့်ရလျှင် နတ်မီးနယ်ပယ် ပထမအဆင့်က အငယ်တန်းတစ်ဦး၊ အဆီကျ​​နေတဲ့ သိုးကြီးပဲ မဟုတ်ပါလား။

လုရွှမ်လည်း ဒီအမှန်တရားကို သိတာကြောင့် အခုအချိန်မှာ လူရှေ့သူရှေ့ ငွေထုတ်ဖို့ သတ္တိ မရှိတော့ပေ။ ရတနာတွေ ဝယ်ဖို့ တချို့ဈေးသည်တွေက ဆိုလျှင် သည်းမခံနိုင်ကြတော့ချေ။

လူဘယ်လောက်များများ သူ့သိုလှောင် လက်စွပ်အတွင်းမှ သလင်းကျောက်များကို မည်မျှတပ်မက်နေသလဲ။ သူ့ကိုလှည့်စားဖို့ လူဘယ်နှစ်ယောက် စောင့်ဆိုင်းနေမလဲ တွေးကြည့်နိုင်သည်။

လုရွှမ်သည် ရှားပါးပစ္စည်း မဟုတ်ပါက လှည့်မကြည့်ပေ။ သူ့အတွက် မလိုအပ်ပါက ပစ္စည်းအားလုံးကိုလည်း ဝယ်ရန် မလိုအပ်ပါ။

"ဒါကို ငါလိုချင်တယ်.... ဒါက သလင်းကျောက် နှစ်သန်းပဲရမယ်..."

"အဲဒါ.... ငါလိုချင်တယ်... သလင်းကျောက်ဆယ်သန်းပဲ"

ထိန်းထိန်းသိမ်းသိမ်း သုံးခဲ့ပေမယ့် နတ်တောင်မှာ ရှားပါးရတနာတွေ ဘယ်လောက် ရှိတယ်ဆိုတာ ပြသတဲ့ ရတနာတွေ အများကြီး ဝယ်​နေရတုန်းပါပဲ။ လုရွှမ်၏ ရိုင်းစိုင်းမှု အောက်တွင် စျေးရောင်းသူ တချို့သည် ရှုပ်ပွလာကုန်ကြသည်။

လုရွှမ်သည် တွက်ချက်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့သော်လည်း အခြားဈေးသည်များနှင့် လမ်းလျှောက်က ကျင့်ကြံသူတွေကတော့ မနာလိုဖြစ်နေပြီ ဖြစ်သည်။

အချိန်တိုလေး အတွင်းမှာ လုရွှမ်ဟာ စွမ်းအင်သလင်းကျောက်ပေါင်း သန်း 100 ကို အမှန်တကယ် သုံးခဲ့သည်။ သူ့ရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် သူ့ခန္ဓာကိုယ်မှာ သလင်းကျောက်တွေ ဘယ်လောက်ရှိတယ် ဆိုတာ ခန့်မှန်းရင်း အံ့သြကြကုန်သည်။

လုရွှမ်သည် သူယခင်က ကြားသိခဲ့ရပြီး လိုချင်တောင့်တခဲ့သော အရာအများစုကို ဤနေရာတွင် အမှန်တကယ် ဝယ်ယူ​နေခဲ့၏။

မည်သို့ပင်ဆိုစေကာမူ ဤအရာများကို ရယူလိုပါက ကိုယ်တိုင် ရှာဖွေရန် မဖြစ်နိုင်သလောက်ပင်။ အများစုမှာ တချို့ပစ္စည်းများကို လေလံပွဲတွင် တွေ့မြင်နိုင်သော်လည်း စျေးနှုန်းမှာ တစ်ဘီလီယံဖိုး ရှိလိမ့်မည်။

ဆိုင်များအားလုံးနီးပါးကို လည်ပတ်ပြီးနောက် လုရွှမ်လည်း သူထွက်သွားတော့မယ့် အရိပ်အယောင်ကို ပြသလာခဲ့သည်။

လူနှစ်ယောက် လုရွှမ်ရှေ့မှာ ပိတ်ဆို့လိုက်သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် မောင်နှမကဲ့သို့ မျက်ခုံးချင်း ဆင်တူကြလေသည်။

"အစ်ကို.... ကျွန်တော်တို့ကို အထင်မလွဲပါနဲ့... ခင်ဗျားကို ပြိုင်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး... ကျွန်တော်က ကျန့်နမ်... ဒီဘက်က ကျွန်တော့်ညီမ ကျန့်ပေပါ"

ကျန့်နမ်နဲ့ ကျန့်ပေက နာမည်ကောင်းပါပဲ။ တောင်နဲ့ မြောက်ရဲ့ အသံထွက်ကို ယူထားတာကြောင့် အမည်အတုလား ဒါမှမဟုတ် နာမည်အရင်းလား မသိပါ။ ဒါက သူ့အတွက်တော့ အရေးမကြီးပါဘူး။

"အိုး... တွေ့ရတာ ဝမ်းသာပါတယ်!"

လုရွှမ်ကလည်း ပြန်နှုတ်ဆက်လိုက်သည်။ ကျန့်ပေသည် ငယ်ရွယ်နုပျိုသော အသွင်အပြင်ဖြင့် မိန်းမငယ်လေး ဖြစ်လေသည်။ သူမက လုရွှမ်ရဲ့ စကားကို ကြားသောအခါ ဝင်ဆိုလာသည်။

"ရှင်ကတကယ် ရယ်စရာကောင်းတာပဲ... ကျွန်မတို့ နာမည်တွေကို တစ်ခါမှ မကြားဖူးဘူး ထင်တယ်.... ရှင်ကျွန်မတို့ နာမည်တွေကို သံသယဖြစ်နေတုန်းပဲမလား...ဒါတောင် တွေ့ရတာ ဝမ်းသာပါတယ် လုပ်နေသေးတယ်.. ဟန်ဆောင်လွန်းတယ်။"

"အဟွတ်!"

ကျန့်နမ်က ချောင်းဆိုးပြီး လက်သီးဆုပ်လိုက်သည်။

"ဒီကအစ်ကို... တောင်းပန်ပါတယ် ကျွန်တော့်ညီမက အလိုလိုက်ထားလို့ ပျက်စီးနေတာ.. နည်းနည်း စကားလွန်သွားရင် ခွင့်လွှတ်​ပေးပါ"

လုရွှမ် ရယ်နေပေမယ့် ဒီမိန်းကလေးက ချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်တယ်လို့ သူ ခံစားရလေသည်။

"မဟုတ်ပါဘူး... မင်းညီမက အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းပါတယ်.... သူမဟာ တခြားသူတွေလို ခေတ်ဆန်နေတယ်ဆိုရင် အရမ်းပျင်းဖို့ မကောင်းနေဘူး... ငါက လုရွှမ်ပါ"

"လုရွှမ်... ဒီနာမည်က မဆိုးပါဘူး ငါ့ထက်တော့ ပိုကောင်းပါတယ် အဲဒီတုန်းက ငါ့မိဘတွေ ဘယ်လို တွေးခဲ့လဲဆိုတာ တကယ် စဥ်းစားလို့ကို မရဘူး"

ကျန့်ပေက ပြောပြန်ရာ ကျန့်နမ်က တောင်းပန်ဟန်ဖြင့် ပြုံးရင်း သူ့ညီမကို ပြန်ဆွဲထုတ်လိုက်၏။

"အစ်ကိုကြီလု....ဒီလိုပါပဲ ခင်ဗျားအရင်က ခမ်းနားတဲ့ အသုံးစရိတ်က လူတော်တော်များများရဲ့ လောဘကို နှိုးဆွပေးနေတာ မြင်မယ်လို့ ကျွန်တော် ပြောရဲတယ်....ခင်ဗျား ဒီက ထွက်သွားတာနဲ့ ခင်ဗျား နောက်​ကို လိုက်​ပြီး ခင်ဗျားကို တိတ်​တ​ဆိတ် ကြံ​စည်​နေ​တော့မှာ သေချာတယ်... အဲဒါ ကျွန်တော်တို့ မောင်နှမက ဝန်ဆောင်မှု​ပေး​နိုင်​ပါတယ်”

"ကျွန်တော်တို့ သက်တော်စောင့်လုပ်ပြီး အစ်ကိုလု နတ်တောင်ကို လုံခြုံစွာ တက်နိုင်မယ်လို့ အာမခံပါတယ်... သလင်းကျောက် တစ်သန်းပါပဲ... ဘယ်လိုလဲ စျေးသက်သာတယ်မလား"

ဒါပေမဲ့ ကျန့်ပေကတော့ သူမအစ်ကို ပေါက်ကရ စကားတွေ အရမ်းပြောနေတာလို့ ခံစားရတာကြောင့် အော်ငေါက်ပြန်တော့သည်။ ကျန့်နမ်မှာ ထပ်ပြီး ချောင်းဆိုးပြန်၏။

"အင်း.... အဲဒါ ပြောချင်လို့ပါ"

ကျန့်ပေ စကားမပြော​တော့ပေမယ့် လုရွှမ်သည် သူတို့နှစ်ယောက်ဟာ ရက်စက်တဲ့လူလို မဟုတ်ကြောင်း မှန်းဆမိနေပါပြီ။ လူဆိုးတွေက ဒီလိုဖြူစင်တဲ့စိတ်ကို ဘယ်တော့မှ ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူးလေ။

လုရွှမ် သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုကို ကြည့်လိုက်ရာ မပျော့ညံ့တာကြောင့် ပါရမီရှင်တွေ ​ဖြစ်ပုံရကြောင်း သိလိုက်သည်။

“ကောင်းပြီ... ကျွန်​တော်တို့ မောင်နှမတွေက ကျင့်ကြံမှု ဘယ်လောက်မြင့်တယ်လို့ မပြောနိုင်ပေမယ့် ကျွန်​တော်တို့ရဲ့ မောက်မာမှုက မဆိုးလှပါဘူး... ကျွန်တော်က တားမြစ်လူသား အဆင့်နဲ့ ညီမလေးက တားမြစ်မြေကြီး အဆင့်ပါ အစ်ကိုလု စိတ်မပူပါနဲ့...."

လုရွှမ်ကလည်း ၎င်းတို့နှစ်ဦးစလုံးသည် နတ်မီးနယ်ပယ် အဆင့်၅တွင် ရှိနေကြောင်း မြင်ပြီးသား ဖြစ်သော်လည်း ဤအဆင့်သည်လည်း အစစ်အမှန် ဆိုတာ မသေချာဆုံးဘူးဟု ဆိုနိုင်သည်။ ဤနယ်ပယ်တွင် တစ်စုံတစ်ယောက်သည် မျှော်စင်နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်တော့မည့် ခွန်အားအဆင့်ကို ပြောပြရန် လုံးဝ မဖြစ်နိုင်ပေ။

သို့သော် တချို့သော လူများသည် အဆင့်၆၊ အဆင့်၇ သို့မဟုတ် မြင့်မြတ်သော နတ်မီးနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်ရန် မျှော်လင့်လျက် တခြားနတ်မီးများကို ရှာဖွေနေကြဆဲ ဖြစ်သည်။

တားမြစ်လူသားနှင့် တားမြစ်မြေကြီး ဟူသည့် တားမြစ်ဇုန်အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်းနေသော ပါရမီရှင် တချို့လည်း ရှိပါ​သေးသည်။

မထင်မှတ်ပဲ ထင်သာမြင်သာရှိသော ဤမောင်နှမနှစ်ယောက်ကိုလည်း ပါရမီရှင်များဟု ခေါ်နိုင်သည်။ နောက်တစ်ခုက တားမြစ်လူသားနဲ့ တားမြစ်မြေကြီးက ဘယ်လောက်ခက်လဲ တွေးကြည့်နိုင်၏။ တစ်သောင်းမှာ တစ်ယောက်ပဲ ရှိကောင်းရှိနိုင်သည်။ အဲဒီလို တွက်ချက်တာကလည်း မတန်တဆ ဖြစ်နေပြီ။

လုရွှမ် သူတို့နှစ်ဦးကို အံ့သြတကြီး ကြည့်ကာ ချက်ချင်း ရပ်လိုက်သည်။

သူတို့ရဲ့ ကျင့်ကြံမှုကို သာမက သူတို့ရဲ့ စိတ်နေစိတ်ထားကိုလည်း လေးစားမိပါသည်။ သူ့ဘဝသစ်တွင် သူသည် အရာများကို ပေါ့ပေါ့တန်တန် ယူဆောင်သွားသော်လည်း သူယခင်ဘဝတွင်သာ ရှိခဲ့ပါက ဤမျှ လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။

ဒီမောင်နှမ နှစ်ယောက်ရဲ့ သဘောသဘာဝက မထူးခြားပေမယ့် အရည်အချင်းကတော့ ပိုလို့တောင် အဖိုးတန်ကာ ချီးကျူးစရာ ကောင်းလှပေသည်။

All Chapters