← Chapters

ဘေးဥပဒ်များလာပြီ

Vol. 98 Ch. 4.976

ဘေးဥပဒ်များလာပြီ

Vol. 98 Ch. 4.976

"မင်းတို့မှာ သလင်းကျောက်တွေ ရှိနေပြီဆိုတော့ နတ်တောင်ပေါ်ကို အတူတူ တက်ကြရအောင်... ဘာပဲဖြစ်ဖြစ် တစ်လမ်းတည်းမလား"

သူတို့နှစ်ယောက်မှာ ကောင်းမွန်တဲ့ သဘောသဘာဝတွေ ရှိတာကြောင့် အတူတူသွားရင် ယုံကြည်စိတ်ချနိုင်ပါ၏။ နတ်တောင်ပေါ်က ကျင့်ကြံသူများကြားတွင် အန္တရာယ်များစွာနှင့် လုပ်​ကြံမှုများ ရှိလာမှာ မလွဲမသွေပဲမို့ ရင်းနှီးသူများနှင့် အတူတူလျှောက်ပါက ပိုမိုလုံခြုံမည် ဖြစ်သည်။

နောက်ပြီး မလိုလားအပ်တဲ့ ဒုက္ခတွေအများကြီးကိုလည်း ရှောင်ရှားနိုင်မည်။

"ကောင်းပြီ!"

မောင်နှမနှစ်ယောက်က တစ်ပြိုင်တည်း ခေါင်းညိတ်ကြသည်။ လုရွှမ်က သူတို့နှစ်ဦး၏ ရည်ရွယ်ချက် အမှန်ကို ဆန့်ကျင်သည့် စကားမျိုး လိမ်ညာပြောဆိုမှာ မဟုတ်ကြောင်း သိပါသည်။

မျှော်စင်နယ်ပယ်မှ သခင်တစ်ဒါဇင်လောက် ပြေးတက်လာပြီး သူတို့သုံးဦးဆီက ရိုက်နှက်ခြင်းကို ခံရသောအခါ နောက်မှသာ လမ်းက ရှင်းသွားသည်။

တခြားလူတွေကို ကြားဖြတ်ပြီး လုကြမယ့် ဓားပြတွေ ဆိုလျှင် လုရွှမ်တို့ကို လုယက်မယ့်အစား အနည်းဆုံး တစ်ခုခုတော့ ရနိုင်စေဖို့ မျှော်လင့်ရင်း လုရွှမ်တို့ မြန်မြန်ထွက်သွားဖို့ မျှော်လင့်နေကြသည်။

နောက်ဆုံးတွင် နတ်တောင်ခြေသို့ ရောက်သောအခါ သူတို့သုံးဦးလုံး ပို၍ပင် အမြတ်ထွက်သွားကြသည်။

တောင်ခြေရင်းမှာလည်း ကျင့်ကြံသူတွေ အများကြီးရှိပါသည်။ နတ်တောင်ကို ကြည့်နေတဲ့ မျက်လုံးတွေ အားလုံးက စိတ်လှုပ်ရှားမှု၊ ငြိမ်သက်၊ ကြောက်ရွံ့မှုတွေနဲ့ စုံလင်နေသည်။

“နတ်တောင်မှာ ရတနာတွေ အများကြီး ရှိပေမယ့် အန္တရာယ်ကလည်း မသေးဘူး... အာကာသ အက်ကြောင်းတွေ၊ သားရဲတွေ၊ ရုပ်သေးရုပ်တွေနဲ့ သားရဲယန္တရားတွေ အမျိုးမျိုးရှိတယ်... ပိုအန္တရာယ်များတာက ကျင့်ကြံသူတွေဆီက လုပ်ကြံခံရတာပဲ... အဲဒါကို ကျဉ်းမြောင်းတဲ့ လွတ်မြောက်ရာလမ်းလို့ ပြောလို့ရတယ်"

ကျန့်နမ်က လုရွှမ်အား သတိပေးလာခဲ့သည်။ မည်သည့်နေရာများကို မရွှေ့ရ၊ မည်သည့်နေရာများကို မဝင်ရ၊ မည်သည့်အရာများက တားမြစ်ထားသည် စသဖြင့် အဘွားကြီးတစ်ယောက်လို ပြောနေ၏။

ကျန့်ပေက သူမအစ်ကိုကို ပြက်ရယ်ပြုသော်လည်း လုရွှမ်စိတ်ထဲတော့ လေးနက်စွာ နားထောင်နေခဲ့သည်။ ဒါက ကြီးကြီးမားမား ခြားနားမှုတစ်ခု ဖြစ်နိုင်သည်။ ကျန့်ပေ၏ အရည်အချင်းသည် သာလွန်ထူးခြားသော်လည်း ယနေ့ သူမ၏ အောင်မြင်မှုများသည် ကျန့်နမ်အကူအညီနှင့် လုံးဝခွဲထား၍ မရပေ။

တခြားဘာမှမပြောဘဲ ကျန့်နမ်သည် ယခင်တစ်သန်းမှ သလင်းကျောက် ၃သိန်းကိုသာ သိမ်းဆည်းခဲ့ပြီး ကျန်အရာများကို သူ့ညီမအား ပေးခဲ့သည်။ ကျန့်နမ် သူ့ညီမအတွက် ဘယ်လောက် ပေးဆပ်ခဲ့ရတယ်ဆိုတာ အသေးအမွှားကနေ အစ မြင်ရသည်။

"သတိထားပါ... ဒီမှာ လူတွေအများကြီး ရှိနေပြီ"

ကျန့်နမ်က ပြောသည်။ သူပြောပြီးသည်နှင့် လူအများ​ကြီး ရောက်ချလာ၏။ ခေါင်းဆောင်သည် မျက်လုံးများက တောက်ပနေပုံရသည်။

"ညီမပေလေး... ငါတို့ပြန်တွေ့ကြပြီနော်"

ကျန့်ပေ အော်ဟစ်ပြီး သူ့အစ်ကိုနောက်မှာ ဝင်ပုန်းနေလိုက်သည်။

ကျန့်နမ်က "ချောင်ကျန်း မင်းက ဘာလို့ ထပ်လာပြန်တာလဲ... ငါ့ညီမက မင်းကို မတွေ့ချင်ဘူးလို့ ပြောပြီးပြီ... ခပ်ဝေးဝေးမှာ နေစမ်း!"

ထိုလူသည် အနည်းငယ် အဆီပိတ်နေသည့် ဖက်တီးဖြစ်လေ၏။ သူ၏ ကျင့်​ကြံမှုအဆင့်ကြောင့် ဒီနေရာအထိ ရောက်ရှိလာခဲ့သော်လည်း သာမန်လူများကဲ့သို့ပင် ပြုစုပျိုးထောင်နိုင်သည့် အရည်အချင်းမျိုး ရှိနေဆဲပင်။

ချောင်ကျန်းမှာ ကျန့်ပေကို ခက်ခက်ခဲခဲ တွေ့ချင်ပေမယ့် လူနှစ်ယောက်က ဘယ်မှာမှ မမြင်နိုင်လောက်အောင် တင်းကျပ်စွာ ဖုံးအုပ်ထားလေရာ ချောင်ကျန်းမျက်နှာမှာ စိတ်မရှည်တဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး လုရွှမ်နဲ့ ကျန့်နမ်တို့ကို မျက်လုံးနီတွေနဲ့ စိုက်ကြည့်လိုက်သည်။ သူက လုရွှမ်ကို ပို၍ စူးစူးဝါးဝါး စိုက်ကြည့်နေ၏။

"ကောင်လေး မင်းကဘယ်သူလဲ မင်းက ငါတို့ညီမငယ်လေး ကျန့်ပေနဲ့ ထိုက်တန်လို့လား... ဒီကနေထွက်သွားစမ်း!"

သူ့မျက်လုံးတွေက အထင်အမြင်သေးမှုအပြည့်နဲ့။

လုရွှမ်သည် ဤမျှလောက် ယုတ္တိမတန်သော ဘေးဒုက္ခကို ဤနေရာ၌ ခံစားရမည်ဟု မမျှော်လင့်ထားပေ။ သူက သူ့လက်ကို ဆန့်တန်းကာ ချောင်ကျန်းရဲ့ တိုက်ခိုက်လာသော လက်ကို ဆုပ်ကိုင်ကာ တစ်ချက် လိမ်ပစ်လိုက်ရာ လက်ကောက်ဝတ်က ကျိုးသွားလေသည်။

ချောင်ကျန်း အံ့အားသင့်သွားပြီး သူ့နောက်မှ လူအများအပြားလည်း အံ့အားသင့်သွားကာ သူတို့ရှေ့က မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြသည်။ ချောင်ကျန်းမှာ သူ့လက်ဖဝါးတွေကို အုပ်ထားရင်း ညည်းလိုက်၏။

"ကောင်လေး မင်းငါ့ကိုရိုက်ရဲတယ်​​ပေါ့ ဟုတ်လား? မင်းအသက် မရှင်ချင်တော့ဘူးလား! ကျန့်နမ် မင်းလည်းမြင်တယ်နော်... မင်းကာကွယ်ထားတဲ့လူက ငါ့လက်ကောက်ဝတ်ကို ချိုးလိုက်ပြီ... မင်းရဲ့ကိစ္စမဟုတ်ရင် ဝင်မပါနဲ့!!"

ကျန့်နမ်ကို သတိပေးပြီးနောက် ချောင်ကျန်းမျက်နှာက လုံးဝ မည်းတူးသွားကာ သူ့လက်ကောက်ဝတ်ကို နောက်ပြန် လှည့်၍ လုရွှမ်၏ခေါင်းကို လက်နှစ်ဘက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

လုရွှမ် ချောင်ကျန်းကို အနိုင်ယူနိုင်သည်ဖြစ်စေ မယူနိုင်သည်ဖြစ်စေ ကျန့်နမ် တုန်လှုပ်သွားပြီး လှုပ်ရှားတော့မည်။ နောက်ဆုံးတော့ ဒါက သူတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ​ပြဿနာမို့ သူသဘာဝအတိုင်း ထိုင်ပြီး လျစ်လျူရှုထားလို့ မရပါဘူး။

ဒါပေမဲ သူ လှုပ်ရှားလိုက်တဲ့အချိန်မှာ ချောင်ကျန်းရဲ့ သူငယ်ချင်း တစ်ယောက်ကလည်း လှုပ်ရှားသွားပြီး ကျန့်နမ်ကို အချိန်မီ တားထားလိုက်သည်။ ထိုစဥ် အမျိုးသမီး တစ်ယောက်ကလည်း သူမ၏ ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး ကျန့်ပေရှေ့ ရပ်တန့်လိုက်၏။

"ညီမလေး... ဘာလို့အရမ်း စိတ်လှုပ်ရှားနေတာလဲ"

လုရွှမ် သူ့စိတ်ထဲတွင် လှောင်ရယ်နေ၏။ ချောင်ကျန်း၏ လှုပ်ရှားမှုသည် ၎င်းမျက်လုံးထဲတွင် သူ့အသက်ကို လုံးဝ မထည့်တွက်ထားကြောင်း ပြသနေသည်။ ဒါကြောင့် ဤကိစ္စတွင် လုရွှအ့သည်လည်း သဘာဝအတိုင်း ကရုဏာပြမည် မဟုတ်ပေ။

လက်ဖဝါးကို ရှေ့သို့ တွန်းလိုက်သည်။ ဓားရည်ရွယ်ချက်က သူ့လက်ဖဝါးထဲမှ ပြန့်ကျဲသွားပြီး ဓားစွမ်းအင် တစ်ခု စုစည်းလာကာ ချောင်ကျန်းရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးလိုက်တယ်။

"ဘယ်လောက်​တောင် သတ္တိရှိ​နေတာလဲကွ!!"

ချောင်ကျန်း အော်လိုက်သည်။ သူ့လက်ဖဝါးက အရှိန်တက်လာပြီး သူ့ရင်ဘတ်ထဲက ဝိညာဉ်ဒိုင်းတစ်ခုက သူ့ရှေ့မှာပြေး၍ ကာကွယ်ပေးထားလိုက်သည်။

လုရွှမ် ပြုံးလိုက်သည်။ နတ်ဝိညာဥ်ဒိုင်းလွှာဖြင့် တားဆီးရန် ရည်ရွယ်ထားတာကြောင့် သူ့ကို အလေးအနက် မထားခဲ့တာ ထင်ရှားသည်။ ရန်သူကို အထင်သေးရင် သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို ထည့်မစဉ်းစားရင် သေဖို့ တောင်းဆို​နေတာ မဟုတ်လို့ ဘာလဲ။

လုရွှမ် သူ့လက်ဖဝါးကို ရှေ့သို့တွန်းကာ အရှိန်မြှင့်လိုက်သည်။ ဓားစွမ်းအင်သည် အလွန်အစွမ်းထက်လှပြီး ချောင်ကျန်း၏ ဝိညာဉ်ဒိုင်းသည် ၎င်းကို ခုခံနိုင်စွမ်း မရှိသောကြောင့် လုရွှမ်ရဲ့ ဓားစွမ်းအင်သည် အတားအဆီးမရှိ ထိုးဖောက်သွားလေ၏။

ချောင်ကျန်းမှာ မယုံကြည်နိုင်စွာ ခေါင်းငုံ့ကာ သူ့​ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ သူ့ပါးစပ်မှ သွေးများ ထွက်ကျလာပေမယ့် သူ့လက်က နောက်မဆုတ်သွားဘဲ လုရွှမ်ပုခုံးကို ဆုပ်ကိုင်ထားသည်။

လုရွှမ်ဆီမှ နတ်ဆိုးမီးတောက် ရုတ်တရက် ထိုးထွက်လာသည်။ ချောင်ကျန်း၏ ခန္ဓာကိုယ်သည် ပြင်းထန်သော တွန်းအားကြောင့် မြေပြင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

သို့သော် မီးတောက်သည် လုံးဝ မရပ်တန့်သွားပေ။ သူသည် မှော်လက်နက်များကို အသုံးပြုကာ အသည်းအသန် ကာကွယ်နေချိန် သူ့သူငယ်ချင်းများကလည်း တစ်ခုခု မှားနေပြီဆိုတာကို သိလိုက်ကြပြီး အားလုံးက အေးစက်စက် စွမ်းအင်များ၊ အနက်ရောင်ရေခဲ စသည့်အရာများကို ဖြန်းပစ်လိုက်ကြသည်။

ဒါပေမဲ့ အချိန်တိုအတွင်းမှာပဲ ချောင်ကျန်းတစ်ကိုယ်လုံး မီးလောင်သွားလေသည်။ ထိုစဥ် ကျန့်ပေက လက်ခုပ်ထတီးပြီး ပြောလာ၏။

"နင်က ငါ့ကို ဘာလို့ စိတ်လှုပ်ရှားနေတာလဲလို့ မေးတယ်... ငါက သူ့ကို ဒေါသထွက်အောင် မလုပ်မိဖို့ ပေါ့ပေါ့တန်တန် သတိပေးချင်ခဲ့တာ... အခု မြင်ပြီမလား...ငါကတော့ ရလဒ်ကို ကျေနပ်တယ်!"

"မင်းက ငါတို့သခင်လေးကို သတ်ရဲ​လောက်အောင် မောက်မာနိုင်တယ်ပေါ့ ဟုတ်လား... ကောင်လေး မင်း သေပြီသာမှတ်... မင်းမှာ သတ္တိရှိရင် မင်းနာမည်ကို ထုတ်ပြောလိုက်စမ်း!"

ကျင့်ကြံသူ အော်ဟစ်ကာ မျက်နှာက ဖြူဖျော့သွား၏။ သူသည် မြေပြင်ပေါ်ရှိ မီးသွေးတစ်စုံကို မယုံနိုင်စွာ လှမ်းကြည့်လိုက်သည်။ သခင်လေး သေပြီ။ သူတို့ပြန်သွားတဲ့အခါ အကြီးအကဲတွေကို ဘယ်လို ရှင်းပြရတော့မလဲ။

"သတ်!! သခင်လေးအတွက် သူ့ကိုသတ်ပြီး လက်စားချေရမယ်"

လူခုနစ်ဦး သို့မဟုတ် ရှစ်ယောက်က ရှေ့သို့ ပြေးလာပြီး လုရွှမ်တို့ သုံးယောက်ကို ဝိုင်းထားလိုက်သည်။ လူသုံးယောက်ကို အမုန်းတရားတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ကာ ဒေါသတွေ ပြေပျောက်သွားဖို့ သူတို့ သုံးယောက်ကို သတ်ပစ်ပြီး မြန်မြန် ထွက်သွားချင်ကြပြီ ဖြစ်သည်။

လုရွှမ်က "လျှို့ဝှက်ချက်တွေကို စူးစမ်းဖို့ ထွက်လာတယ်တဲ့.... တုတ်တစ်ချောင်းနဲ့ ကျွန်တစ်ယောက်ကိုတောင် သယ်လာလိုက်သေးတယ်... သေမင်းကို ရှာရင်တာ မင်းတို့ လက်စားချေချင်ရင် အတူတူ တက်လာခဲ့လိုက်... ပို့ပေးမယ်!!"

"အထူးသဖြင့် မင်းပဲ... အဘိုးကြီး ပုန်းမနေနဲ့!!"

လုရွှမ် အော်ပြီး လူအုပ်ထဲက အဘိုးအိုကို ညွှန်ပြလိုက်ရာ အဘိုးအိုကလည်း လိမ္မာပါးနပ်စွာ ထွက်လာခဲ့သည်။

"ကောင်လေး... မင်းမှာ လှည့်ကွက်တွေ ရှိနေတာပဲ.. ငါ ဂရုမစိုက်မိခဲ့ဘူး မင်းတကယ် ငါ့ကို မြင်နိုင်သားပဲ... ဒီလိုဆိုမှတော့ မြေအောက်ကို ဆင်းပြီး သခင်လေးကို အဖော်ပြုပေးလိုက်တော့"

"ဟာဟား ငါလည်း မင်းကို ဒီစကားပြောဖို့ ပြင်ဆင်ထားပြီးသား!"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။ ထိုအခိုက် သူ့လက်ဖဝါးကို နတ်မိုးကြိုးတွေ ဖုံးလွှမ်းနေတဲ့ မီးဓားတစ်လက် ထွက်လာခဲ့လေ၏။

All Chapters