အာဏာကိုထူထောင်
Vol. 98 Ch. 4.977
အူကြောင်ကြောင်နဲ့ ရပ်နေတဲ့ သူ့ပတ်ဝန်းကျင်က လူတွေ အားလုံး အမြန် ထွက်သွားပေးကြသည်။ လုရွှမ်ကို ကြည့်လိုက်တဲ့ မျက်လုံးတွေက အရင်ကလို အထင်အမြင်သေးတာကို မပြဝံ့တော့ဘဲ ကြောက်စိတ်တစ်ခုလို ဖြစ်သွားလေ၏။
မီးဓားကို ချုပ်တည်းနိုင်တယ်ဆိုတာ သိပ်ခက်ခဲတဲ့ အရာတော့ မဟုတ်ပါ။ သို့သော် နတ်မိုးခြိမ်းသံကို ထိန်းချုပ်တာဟာ မီးဓားထက် ပို၍ခက်ခဲသည်။ လုရွှမ်သည် နတ်မိုးကြိုးနှင့် ကောင်းကင်မီးတို့ကို ပေါင်းစပ်ကာ သုံးသွားတာကြောင့် သူ ဘယ်လောက် အစွမ်းထက်လိုက်မလဲ စိတ်ကူးကြည့်နိုင်သည်။
တခြားအရာများကို ထည့်မတွက်ပါက အနည်းဆုံး ဒြပ်စင်ငါးပါးနှင့် နတ်မိုးကြိုးအပေါ် သူရဲ့ နားလည်မှုက တခြားသူများထက် သာလွန်ပေသည်။ မျှော်စင် နယ်ပယ်ရှိ သခင်ပင် လက်လှမ်းမမီနိုင်သော အရာတစ်ခုကို လုရွှမ်က ရှာတွေ့သွားခဲ့သည်။
အဘိုးအို၏ မျက်နှာမှာလည်း ပြောင်းလဲသွားသည်။
"ငါ့မှာ အားကိုးစရာ လူတစ်ယောက်ပဲ ရှိတယ်... ဒါပေမဲ့ မင်းငါ့သခင်လေးကို သတ်လိုက်ရင်တော့ ကောင်းကင်ဧကရာဇ်မင်း ကြွလာရင်တောင် ငါ့သခင်လေးနဲ့အတူ မင်းကို သင်္ဂြိုဟ်ပေးရမှာပဲ"
သူသည် ဧကရာဇ်လက်နက် ဖြစ်လာသည့် ချိုင်းထောက်တစ်ချောင်းကို ထုတ်လိုက်သည်။ ၎င်းသည် အံ့သြဖွယ် လက်နက်တစ်ခု ဖြစ်သည်။
သူ့ခန္ဓာကိုယ်က ယိမ်းနွဲ့နေပြီး သူ့အသက်အရွယ်အရ မလှုပ်မရှား ဖြစ်နေပေမယ့် သူက အရမ်းထက်မြက်ပြီး သွက်လက်နေဆဲဖြစ်ကာ လုရွှမ်ကို တုတ်နဲ့ ဝေ့ယမ်း ရိုက်ချလိုက်သည်။ မရိုက်ခင်တုန်းက သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ငါးပေကျော်အကွာမှာ ရှိနေတုန်း ဆိုပေမယ့် ချိုင်းထောက်က လုရွှမ်ဦးခေါင်းကို ထိတော့မယ့် အခိုက်၌ သူသည်လည်း လုရွှမ် အနားကို ရောက်နေချေပြီ။
တခြားကျင့်ကြံသူများ အတွက် မျက်စိအဖွင့်အပိတ် လုပ်ချိန်လေးသာ ရှိသည်။ လုရွှမ်၏ ထင်မြင်ချက်ထဲတွင် အဖိုးအို၏ အရှိန်သည် အမှန်တကယ် ကောင်းမွန်သော်လည်း လက်တွေ့တွင်တော့ နှေးလွန်းလှသည်။
'ဒါပေါ့ နှေးလွန်းတယ်'
ယခုအချိန်တွင် လုရွှမ်ရဲ့ ခွန်အားက အလွန်တိုးတက်နေပြီ။ အထူးသဖြင့် နတ်မီးနယ်ပယ် ဝင်ရောက်လာစဥ် ယွမ်ယန်ကျင့်စဥ်ကလည်း အဆင့်၇သို့ ဝင်ရောက်လာခဲ့ရာ သူ့ခွန်အားသည်လည်း အလွန်တိုးတက်လာခဲ့သည်။ ယခင်အခြေအနေနှင့် နှိုင်းယှဉ်ပါက အရည်အသွေး ခုန်တက်လာပြီ ဖြစ်သည်။
ကောင်းကင်ဘုံသခင် နယ်ပယ်က အစွမ်းထက်သော်လည်း တိမ်ပင်လယ်နယ်မြေလို သေးငယ်သော နေရာတွင်သာ ထိပ်တန်းရောက်နိုင်သည်။ သို့သော် နတ်မီးနယ်ပယ်က လုံးဝ ခြားနားသွားပြီ။ ၎င်းသည် ဘဝ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖွင့်ပေးကာ ခန္ဓာကိုယ်ရှိ နတ်မီးကို လောင်ကျွမ်းစေရတာကြောင့် အရာအားလုံးက လုံးဝ ခြားနားသည်။
နယ်ပယ်နှစ်ခုတွင် ကွဲပြားမှု တစ်ခုသာ ရှိပုံရသော်လည်း တကယ်တမ်းတော့ ၎င်းတို့သည် ကမ္ဘာနှစ်ခုမှ လုံးဝ ကွဲပြားနေသူများကဲ့သို့ ဖြစ်သည်။ သာမာန်လူများအတွက် အပြောင်းအလဲများသည် အလွန်ကြီးမားသလို လုရွှမ်အတွက်လည်း ၎င်းသည် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသလိုပင်။
နတ်မျက်စိ ပွင့်သွားသလိုမျိုး ကမ္ဘာကြီးက ကြည်လင်လာပြီး မမြင်နိုင်တဲ့ အရာများစွာကို အခုမြင်နေရပြီ။ မခံစားနိုင်တဲ့ အရာများစွာကို အခုအချိန်မှာ ရှင်းရှင်းလင်းလင်းနဲ့ အလိုလို ခံစားလာရပါပြီ။
ယွမ်ယန်ကျင့်စဥ် တိုးတက်မှုနှင့်အတူ လူတစ်ကိုယ်လုံးရှိ ရောင်ဝါသည်လည်း ကမ္ဘာမြေကို တုန်လှုပ်စေသည်။ ဆိုလိုသည်မှာ ဤလူများသည် လုရွှမ်၏ ယခင် အရိပ်အာဝါသနှင့် အခြေအနေကို မသိခဲ့သေးချေ။ မဟုတ်ပါက ၎င်းတို့ လုံးဝ တုန်လှုပ်သွားလိမ့်မည်။
လုရွှမ်သည် တားမြစ်လူသား၊ တားမြစ်မြေကြီး သို့မဟုတ် တားမြစ်ကောင်းကင် စတာတွေ ဘယ်လိုပဲ ရှိစေကာမူ သူ့နှလုံးသားတွင် ယုံကြည်မှု အပြည့်ရှိနေပြီ ဖြစ်သော်လည်း ဒဏ္ဍာရီလာ နတ်ဘုရားတားမြစ်ချက်ကသာ သူ့ကို တားဆီးနိုင်မည် ဖြစ်သည်။
အဘိုးအိုသည် အတော်လေး သန်မာပြီး မျှော်စင်နယ်ပယ် ကျင့်ကြံမှု အဆင့်ရှိသော်လည်း ယခု လုရွှမ်၏ မျက်လုံးများထဲတွင်မူ အလယ်အလတ်မျှသာ ဖြစ်သည်။ ဒါကြောင့် လက်ကို တိုက်ရိုက်ဆန့်ကာ ချိုင်းထောက်ကို ကိုင်ထားလိုက်သည်။
လူတိုင်းက လုရွှမ်ရဲ့ တုံ့ပြန်မှုကို ကြည့်နေကြသည်။ တချို့က လုရွှမ် ရှောင်သွားမယ်လို့ တွေးနေကြပြီး တချို့ကလည်း ဓားဆွဲထုတ်မယ်လို့ တွေးနေကြသည်။ လုရွှမ် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားမှန်း လူတိုင်းမြင်နိုင်သော်လည်း တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ဒါပေမဲ့ ဓားကောင်းတစ်လက် ဆိုတာတော့ သေချာလေသည်။ ဆိုရိုးစကားအတိုင်း ဓားကောင်းတစ်လက်သာ ဓားသမားကောင်းနှင့် ယှဉ်နိုင်သည်။ အရင်က လုရွှမ်ရဲ့ လက်ဖဝါး လျှပ်စီးဓားပဲဖြစ်ဖြစ်၊ အခု လေထုထဲကနေ စိမ့်ထွက်နေတဲ့ နတ်မိုးခြိမ်းသံနဲ့ မီးဓားပဲဖြစ်ဖြစ် ဒါတွေသုံးဖို့ နားလည်မှု မြင့်မားဖို့ လိုအပ်ပါသည်။ မဟုတ်ရင် အဲဒါကို လုပ်ဖို့ မဖြစ်နိုင်ပါဘူး။
ထို့နောက် လုရွှမ်၏ လုပ်ရပ်များသည် လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြန်ပြီ။
နတ်မီးနယ်ပယ် ပထမအဆင့်ရှိ ကျင့်ကြံသူသည် သူ့လက်ဖဝါးကို အသုံးပြု၍ မျှော်စင်နယ်ပယ် သခင်ရဲ့ ချိုင်းထောက်ကို တကယ် ဖမ်းမိခဲ့သည်။ တိုက်ခိုက်မှုကို ခံရဖို့ သူတို့လက်ဖဝါးထဲရှိ နတ်မိုးကြိုးနဲ့ မီးဓားကို အသုံးပြုထားရင်တောင် သူတို့ရဲ့ မျှော်လင့်ချက်ထဲမှာပဲ ရှိနေသေးသည်။
ယခု သူတို့ကို ပိုလို့တောင် မထင်မှတ်ဘဲ ဖြစ်စေခဲ့တာကတော့ လုရွှမ်က ဒါကို တကယ် ဖမ်းမိသွားခဲ့တာပဲ ဖြစ်ပါ၏။ ဒါ့အပြင် ချိုင်းထောက်က တုန်ခါပြီး အဖိုးအိုရဲ့ ခန္ဓာကိုယ်ကလည်း တုန်ခါသွားသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်ကတော့ မလှုပ်မယှက် ရပ်နေဆဲပင်။
"ကျိုးပဲ့တဲ့လက်နက်ကို ဧကရာဇ်လက်နက် တစ်ခုလို့ မှတ်ယူမယ်ဆိုရင် ဘယ်ဧကရာဇ်လက်နက်မှ အသုံးမကျတော့ဘူး!"
လုရွှမ် ရုတ်တရက် ဟောက်လိုက်ပြီး သူ့လက်ဖဝါးကို ဖိချလိုက်သည်နှင့် ချိုင်းထောက်က ဖြောင်းကနဲ ကျိုးသွားလေသည်။ ဖြစ်စဉ်တစ်ခုလုံးက အသက်ရှူချိန် သုံးချက်မျှပင် မကြာလိုက်ဘဲ ချိုင်းထောက်က ကျိုးသွားခဲ့၏။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားကာ အားလုံးလိုလို လုရွှမ်ကို ထိတ်လန့်သွားကြသည်။ ထိုလက်နက်သည် အဆင့်အတန်း နိမ့်သော်လည်း နတ်မီးနယ်ပယ် ပထမအဆင့်က ကျင့်ကြံသူတစ်ယောက် ဖြိုခွင်းနိုင်သော လက်နက် မဟုတ်ပေ။
ဒီလူက အစွမ်းထက် ရက်စက်လွန်းတာလား။ ဒီလက်နက်ကပဲ တကယ်ကို အားနည်းလွန်းလား။ သူပြောသလို ဧကရာဇ်လက်နက်လို့ လုံးဝ မယူဆနိုင်ဘူးလား။
အဘိုးအိုသည် နှစ်ပိုင်းကွဲသွားသော နယ်ချဲ့စစ်သားကို ဗြောင်ကျကျ စိုက်ကြည့်ကာ သူဘာဖြစ်သွားတယ် ဆိုတာကို သဘောပေါက်ရန် အချိန်အတော်ကြာခဲ့သည်။
"ငါ့ရဲ့ ချိုင်းထောက်! ငါဝယ်ဖို့ သန်း 20တောင် ပေးခဲ့ရတာ.... ကောင်လေး မင်းသေပြီပဲ!"
လုရွှမ်သည် ချိုင်းထောက်တစ်ခြမ်းကို ပေါ့ပေါ့ဆဆ ဆုပ်ကိုင်လိုက်ပြီး တုတ်အဖြစ် အသုံးပြုကာ အဘိုးအိုကို ရိုက်ရန် နဂါးတုတ်ချောင်းသိုင်းကို သုံးလိုက်သည်။ ယခုသုသည် နယ်ပယ်များ တိုးတက်လာသလို တုတ်သိုင်းအပေါ် နားလည်မှုသည်လည်း များစွာ တိုးတက်လာခဲ့ပြီ။
တူညီသော တုတ်သိုင်းကို သုံးလိုက်ချိန်၌ အဖိုးအိုသည် ခုခံရန် ခွန်အားမရှိပေ။ လက်နက်က အဆင်မပြေဖြစ်ပြီး လူတိုင်း ထိတ်လန့်သွားချိန်မှာတော့ အဘိုးအိုဟာ လုရွှမ်ရဲ့ လျင်မြန်သော ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ပြန်လည် တိုက်ခိုက်ဖို့ စွမ်းအားပင် မရှိခဲ့ပါဘူး။
"သွားစမ်း!"
အဘိုးကြီးရဲ့ ချို့ယွင်းချက်ကို ဆုပ်ကိုင်လိုက်ရင်း လုရွှမ်သည် ချိုင်းထောက်ကို တိုက်ရိုက် ပစ်ချလိုက်သည်။ အဘိုးအိုကို ကန်ထုတ်လိုက်ပြီးတဲ့အခါ ချိုင်းထောက်ကို မြေပြင်မှာ သံတုတ်တစ်ချောင်းလို ထိုးဖောက် ပစ်လိုက်သည်။
လုရွှမ်သည် သူ့လက်ကောက်ဝတ်ကို ကိုင်လျက် အနည်းငယ် အကြောလျှော့နေ၏။ ချောင်ကျန်း၏ လူများသည် တိုက်ပွဲဝင်ရန် အော်ဟစ်နေခဲ့ကြသော်လည်း ယခုတော့ လုရွှမ်ကို အံ့ဖွယ်အကြည့်များ ကြည့်နေကြသည်။
"ဘယ်သူငါ့ကို ပြဿနာ ရှာချင်သေးလဲ"
လုရွှမ် လှည့်ကြည့်ရင်း မေးလိုက်သည်။ နတ်မီးနယ်ပယ်က သခင်များစွာသည် မူလက ပတ်ဝန်းကျင်တွင် ရှိနေသော်လည်း ယခုအချိန်တွင်တော့ လုရွှမ်ကို ကြည့်ကာ တစ်ယောက်ပြီး တစ်ယောက် ရှောင်လိုက်သည်။
ဧကရာဇ်လက်နက်များကို ချိုးဖဲ့ပြီး မျှော်စင်နယ်ပယ်က သခင်ကို အသက်ရှူချိန် အကြိမ်သုံးဆယ်အတွင်း ရိုက်နိုင်ခဲ့သည်မှာ တကယ့် အံ့ဖွယ် ပါရမီရှင်ဖြစ်ပြီး ဘယ်ဆရာကြီး တစ်ယောက်က လေ့ကျင့်ပေးကာ လွှတ်ပေးခဲ့သလဲ မသိနိုင်ပေ။
သူတို့အတွက် ဝေးဝေးနေလိုက်တာ ပိုကောင်းတာပေါ့။ မဟုတ်ရင် မဆီမဆိုင် ဝင်ပါမိရင် သူတို့ရဲ့ သေဆုံးမှုက အချည်းနှီး ဖြစ်သွားလိမ့်မယ်။
"ဟုတ်ပြီ... တောင်ပေါ်တက်ကြရအောင်"
လုရွှမ် ဆိုတော့ ကျန့်ပေ၏ မျက်လုံးများသည် ကြယ်လေးများဖြင့် ပြည့်နှက်နေပြီး သူမအစ်ကိုကို ဆွဲထုတ်ကာ ဝမ်းသာအားရ လိုက်သွားခဲ့သည်။ ကျန့်နမ် ရေရွတ်လိုက်လေ၏။
"လုရွှမ် ဒီလိုလုပ်လိုက်တာက သိပ်မကောင်းဘူးလားလို့?"
"အစ်ကိုငတုံးကြီး.... လုရွှမ်က သူ့အာဏာကို ထူထောင်ဖို့ ကြိုးစားနေတာ!"
လုရွှမ် ပြုံးလိုက်သည်။ ဒီကလေးမလေးသည် အမှန်တကယ်ပင် ထက်မြက်လှပေ၏။