ကျောက်ခွက်လက်ဖက်ရည်
Vol. 98 Ch. 4.978
ဟုတ်တယ်။ သူက သူ့အခွင့်အာဏာကို ထူထောင်ဖို့ ကြိုးစားနေပြီး ဒီလူတွေကို သူတို့က အသေးအဖွဲ့ မဟုတ်ဘူး ဆိုတာကို သိအောင် လုပ်နေတာပဲ ဖြစ်သည်။ မဟုတ်ရင် လူတွေက အမြဲတမ်း ကံကောင်းချင်၊ အခွင့်ကောင်းယူချင်၊ တစ်ခုခုကို လိုချင်တိုင်း သူတို့ဆီ ရောက်လာလိမ့်မည်။
သူ့ကို အခွင့်ကောင်းယူဖို့ ဘယ်တော့မှ ခွင့်ပြုပေးမည် မဟုတ်ချေ။
တခြားတစ်ယောက်ယောက်က သူ့လောက် မသန်မာဘူးလို့ ဘယ်လိုလုပ် ပြောနိုင်မလဲ။ ဒီမေးခွန်းအတွက်တော့ အဖြေက ရိုးရှင်းပါသည်။ ကျင့်ကြံမှု အဆင့်အတန်း မြင့်တဲ့လူတွေက သဘာဝအတိုင်း အဆင့်မြင့်မားတဲ့ လူတွေကိုပဲ ရွေးမှာမလို့ သူတို့နဲ့ လာရောမှာတော့ မဟုတ်ချေ။
ဒါ့အပြင် အလွန်အဆင့်မြင့်ပြီး ဝက်ယောင်ဆောင်ကာ ကျားအသား စားသူများလည်း ရှိကြသည်။ သို့သော် အများစုမှာ ခွန်အား အားနည်းသူများကို အခွင့်ကောင်း ယူဖို့ ကြိုးစားကြမှာပင်။
နတ်မီးနယ်ပယ် သုံးယောက် နတ်တောင်ပေါ် တက်လာခဲ့သည်။ နှစ်ဦးမှာ နတ်မီးနယ်ပယ် အဆင့်၅ တွင် ရှိပြီး လုရွှမ်ကတော့ ပထမအဆင့်ဖြစ်သည်။ ဒီလိုပေါင်းစပ်မှုကို မြင်တဲ့သူတိုင်းက ဒါဟာ ထက်မြက်သူတွေလို့ မထင်နိုင်ပါဘူး။
လူတိုင်းက ဒါကိုမြင်တဲ့အခါ သူတို့သုံးယောက် တစ်ချိန်ချိန်မှာတော့ ကျောထောက် နောက်ခံရှိတဲ့ တန်ခိုးရှင်တစ်ယောက်နဲ့ တွေ့ပြီး တိုက်ပွဲကြီးတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းမိကြသည်။ အဲ့လိုပဲ သူတို့ ဒဏ်ရာရသွားသည်နှင့် တခြားသူများထံမှ လုပ်ကြံခြင်းကို ခံရလိမ့်မည်။
ထုံးစံအတိုင်း ဒီလိုမျိုး မဖြစ်လာခင်မှာ အစကတည်းက သူတို့ဟာ အစွမ်းထက်ပြီး အသေးအမွှား လူတွေ မဟုတ်ကြောင်း လူတိုင်းကို အသိပေးရမည်။ စစ်မှန်သော ဒုက္ခများကို မဖယ်ရှားနိုင်သော်လည်း တချို့ ဒုက္ခများစွာကိုတော့ ရှင်းပစ်နိုင်သည်။
"ကောင်းပြီ.... အနာဂတ်မှာ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ဖို့ မင်းတချို့ကိစ္စတွေ လုပ်တဲ့အခါ ကြိုးချည်ထားသင့်တယ်လို့ ငါခံစားရတယ်"
ထိုစကားကြောင့် ကျန့်ပေ လုရွှမ်ကို မျက်နှာလွှဲသွားသည်။ ကျန့်ပေသည် မိန်းကလေး တစ်ဦးဖြစ်ပြီး သူမသည် အခြားသူများကို ဒုက္ခမပေးချင်သော်လည်း မိမိကိုယ်ကိုတော့ သေချာပေါက် ဂရုစိုက်တတ်သူ ဖြစ်သည်။
လုရွှမ်ကတော့ အဲဒီလူတွေက သူ့ညီမကို တကယ်အနိုင်ကျင့်ရင် ဓားတွေ၊ လှံတွေနဲ့ မီးအိုင်ထဲ ရောက်သွားစေရမယ်လို့ ကျန့်နမ်တစ်ယောက် ကျုံးဝါးထားနိုင်ကြောင်း ယုံကြည်ထား၏။
အဝေးကတော့ တောင်ကြီးကို လှမ်းကြည့်နိုင်သည်။ နတ်တောင်ခြေကို ရောက်သွားတော့ မြင့်မြတ်တဲ့ နတ်တောင်ကို တက်ချင်ရင် အချိန်အကြာကြီး လမ်းလျှောက်ရဦးမယ် ဆိုတာ ကြည့်တာနဲ့ကို သိသာပါသည်။
ကြီးမားသော ဖိအားလှိုင်းများ သူတို့အပေါ်သို့ ရောက်ရှိလာပြီး တစ်ခဏချင်းတွင် လုရွှမ်သည် ဖိအားအောက်တွင် ဒူးတစ်ဖက် ညွှန့်ကျတော့မတတ် သူ့ခြေထောက်များ တွန့်သွားခဲ့သည်။ လုရွှမ် ခပ်တိုးတိုး ညည်းလိုက်ကာ အင်အားကို တွန်းလှန်ရန် သူ၏ ပြင်းပြသော ဆန္ဒကို အားကိုးလိုက်သည်။
ကောင်းကင်နဲ့ မိဘတွေကို ဒူးထောက်လိုက်တာက အသာထား။ ဒါက တောင်တစ်တောင်ပဲ။ ဒီနတ်တောင် တစ်တောင်က သူ့ကို ဒူးထောက်စေချင်တယ် ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပေ။
လုရွှမ့ခန္ဓာကိုယ်မှ ကြီးမားသော အင်အားတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပစ်လိုက်သည်။ နတ်မိုးကြိုးများ တဖျတ်ဖျတ် ခတ်သွားကာ မီးတောက်များ ရုန်းထ၍ ဖိအားကို တွန်းကန်နေကြသည်။
နတ်တောင်ကြီး တစ်ခုလုံးသည် သူ့ပခုံးပေါ်တွင် ဖိထားသကဲ့သို့ပင်။ လုရွှမ်သည် ဖိအားကို ပြင်းပြင်းထန်ထန် ခံနိုင်ရည်ရှိအောင် ခုခံရင်း သူ့တစ်ကိုယ်လုံး မီးတောက်လူသား ဖြစ်လို့သွားသည်။
"ထ!"
လုရွှမ် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူသည် ဖိအားများကို တိတ်တဆိတ် သုတ်သင်လိုက်ပြီး မှော်အစွမ်းကို ပိတ်ကာ မောင်နှမ နှစ်ယောက်ကို ကြည့်လိုက်သည်။ ဖိအားတွေက ပြင်းထန်လွန်းတော့ သူတို့နှစ်ယောက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ဘာမှခံစားရပုံမပေါ်ဘဲ အေးဆေးတဲ့ လေနုအေးနဲ့ ခြေလှမ်းတွေ သွက်သွက်လေး လျှောက်သွားနေတာပုံဟာ သူတို့နှစ်ယောက်လုံးက ဖိအားတွေအောက် မရောက်နေသလိုပါပဲ။
ဖြစ်နိုင်မလား ဒါမှမဟုတ် သူလမ်းလျှောက်ခဲ့တဲ့ နေရာက မတူတာများလား။ လုရွှမ် သူ့ခြေထောက်တွေကို ပြန်ကြည့်ပေမယ့် ဘာမှ မတူတာမရှိပေ။
"လုရွှမ် မင်း ဘာလုပ်နေတာလဲ... တောင်ပေါ်ကို မြန်မြန်တက်တော့လေ"
လုရွှမ် လျင်မြန်စွာ တုံ့ပြန်ပြီး အမြန်နောက်က လိုက်ခဲ့သည်။ သူ မေးချင်ပေမယ့် ပါးစပ်ပြန်ပိတ်ထားလိုက်၏။
နတ်တောင်ကြီး တစ်ခုလုံးကို လှည့်ပတ်လုနီးနီးတွင် နောက်ဆုံးတွင် သူတို့သုံးဦးသည် ကျောက်ပြားတစ်ခု ရှိရာသို့ ရောက်လာခဲ့လေသည်။ ၎င်းပေါ်၌ 'နတ်တောင်' ဟု ရေးထားသော စကားလုံးနှစ်လုံး ရှိပေသည်။
ဒီကိုရောက်မှသာလျှင် နတ်တောင်ကို တကယ် ရောက်နိုင်တယ်လို့ ဆိုရမည်။
"ဟေး ငါအရင်တစ်ခေါက် ဒီကို ရောက်လာတုန်းက ခံစားချက်နဲ့ မတူဘူး"
ကျန့်ပေက ရေရွတ်လိုက်လေသည်။ လုရွှမ် ကြည့်လိုက်တော့ ကျောက်ဆိုင်းဘုတ် မရှိတော့ဘဲ ကျောက်စားပွဲသုံးခုသာ ရှိသည်။ ကျန့်ပေ ကျောက်တုံးစားပွဲပေါ်တွင် ထိုင်ကာ လက်ဖဝါးကို လှန်လိုက်၏။ ထိုစဥ် ကျောက်စားပွဲပေါ်၌ လက်ဖက်ရည်ခွက်သုံးခွက် ပေါ်လာခဲ့သည်။
"ဟာဟား အံ့သြစရာ ကောင်းတယ်လို့ ထင်နေတယ်မလား? တကယ်တော့ ဒါက နတ်တောင်ကြီးရဲ့ ထူးခြားမှုပဲ... အခု ကျွန်မတို့လေးယောက်ရှိရင် ကျောက်တိုင်လေးတိုင်နဲ့ လက်ဖက်ရည်ခွက်လေးခု ရှိလာလိမ့်မယ်"
လုရွှမ် ကျောက်စားပွဲပေါ်တွင် ထိုင်ကာ လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။ ပထမတော့ ဘာမှ အနံ့မရှိပေမယ့် ခွက်ကို လက်ထဲမှာ ကိုင်လိုက်တော့ မွှေးကြိုင်တဲ့ ရနံ့တစ်ခု ထွက်လာသည်။
အထူးသဖြင့် သာယာသော ကောင်းကင်ကလာတဲ့ မွှေးရနံ့ကဲ့သို့ နှာတံတစ်လျှောက် တိုးဝေ့သွားသည်။ တစ်ဖက်က မောင်နှမနှစ်ယောက်ကတော့ တစ်ကျိုက်တည်း သောက်လိုက်ပြီး တစ်စက်ကလေးမှ မဖြုန်းတီးပစ်ချေ။
"လုရွှမ် ကျေးဇူးပြုပြီး လက်ဖက်ရည်ကို သောက်လိုက်ပါ.... ဒီလက်ဖက်ရည်က အရမ်းအစွမ်းထက်တဲ့ အာနိသင်ရှိတယ်လို့ ခံစားရလိမ့်မယ်... ဒါက ငါတို့ရဲ့ လေ့ကျင့်မှုအတွက် အများကြီး အထောက်အကူဖြစ်မှာ..."
“ဒီလက်ဖက်ရည်ရဲ့ မူလဇစ်မြစ်ကို ဘယ်သူမှ မသိပေမယ့် ဒီကိုလာသူတိုင်း လက်ဖက်ရည်တစ်ခွက်တေယာ့ ရလိမ့်မယ်”
လုရွှမ် ဤလက်ဖက်ရည် ရနံ့ကို ခံစားရပြီးပြီ ဖြစ်သည်။ သူသည် ဤလက်ဖက်ရည်များ၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများနှင့် ကုန်ကြမ်းများကို ခွဲခြမ်းစိတ်ဖြာနေသော်လည်း စိတ်ပျက်စွာ ခေါင်းခါလိုက်ရတဲ့အထိ လုံးဝ မခွဲခြမ်းနိုင်ခဲ့ချေ။
ဤလက်ဖက်ရည်၏ ဆေးဖက်ဝင် အာနိသင်နှင့် ပတ်သက်လျှင်တော့ လုရွှမ်သည် သူသန့်စင်ထားသော မှော်အရည်များထက် ပိုကောင်းမည်ဟု ခန့်မှန်းခဲ့သည်။ တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် သူ့ပါးစပ်ထဲမှာ မွှေးပျံ့နေတဲ့ ရနံ့တွေ ထွက်ပေါ်လာတော့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များ တစ်ချိန်တည်းနီးပါး ပွင့်လာပြီး တစ်စုံတစ်ရာ ပေါက်ထွက်တော့မည် ကဲ့သို့ပင် သူ့ရင်ထဲတွင် တင်းတင်းကျပ်ကျပ် ခံစားလိုက်ရသော်လည်း ၎င်းခံစားချက်က ချက်ချင်းပင် ပျောက်သွား၏။
တောက်ပပြီး အစွမ်းထက်သော စွမ်းအားတစ်ခု သူ့နှလုံးသားမှ ရုတ်တရက် ထွက်ပေါ်လာပြီး လုရွှမ်မျက်နှာသည် မယုံကြည်နိုင်စရာ တစ်ခုခု တွေ့လိုက်ရသလို အရိပ်အမြွက်မျိုး ပြသလာသည်။
စိမ်းပြာနဂါး နှလုံးထဲရှိ လက်သည်းငါးချောင်း ရွှေနဂါး၏ အနှစ်သာရ သွေးတစ်စက်သည် ယခုအချိန်တွင် စိမ်းပြာနဂါး နှလုံးသားနှင့် လုံးလုံး ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
ဒါတင်မကသေးဘဲ ခန္ဓာကိုယ်တွင်းရှိ ဖီးနစ်နတ်မီးရဲ့ သွေးတစ်စက်ကလည်း ဖီးနစ်သွေးလိုင်းနဲ့ ပေါင်းစပ်နေပါသည်။ ဖီးနစ်နတ်မီးသည် ရွှင်မြူးစွာ ခုန်နေသကဲ့သို့ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
"လုရွှမ် မင်း နားမလည်နိုင်တဲ့ အရာတစ်ခုကို ရလိုက်တယ်လို့ ခံစားရတယ်မလား... ဟားဟား အဲဒါက လက်ဖက်ရည်တစ်ခွက်ရဲ့ အကျိုးသက်ရောက်မှုပဲ.... ပထမအကြိမ်က အမြဲတမ်း အစွမ်းထက်ဆုံး ဖြစ်ပြီး အဲဒီနောက်ပိုင်း အကျိုးသက်ရောက်မှုက ပိုကောင်းလာလိမ့်မယ်"
"ကောလဟာလတွေအရ တချို့လူတွေက ကိုယ်ခံပညာကို ပထမဆုံးအကြိမ် ထိုးထွင်း သိမြင်လာကြတယ် တချို့က မှော်အစွမ်းကို ရုတ်တရက် သိလိုက်ကြတာ တချို့က တစ်ဆို့သွားတာမျိုး ဖြစ်တတ်တယ်... လုရွှမ် မင်းကို ကြည့်လိုက်ရင် မင်း တစ်ခုခုတော့ ကြီးကြီးမားမား ရသွားပြီထင်တယ်!”
လုရွှမ် ခေါင်းညိတ်လိုက်သည်။ ဒီရိတ်သိမ်းမှုက တကယ့်ကို မမျှော်လင့်ထားတဲ့ အံ့သြစရာပါပဲ။ သူသည် ဖီးနစ်အနှစ်သာရနှင့် သွေးကို ကာလအတန်ကြာ လက်ခံရရှိ ထားခဲ့သော်လည်း ၎င်းကို ဖီးနစ်သွေးလိုင်းထဲ အပြည့်အဝ ပေါင်းစပ်နိုင်ခြင်း မရှိခဲ့ဘဲ သွေးလိုင်းအပြင်ဘက်တွင် အမြဲရှိနေခဲ့သည်။
သူတို့ လုံးလုံး ပေါင်းစည်းသွားလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။
စိမ်းပြာနဂါးရဲ့ နှလုံးသားတွင် ပေါင်းစည်းထားသော လက်သည်းငါးချောင်း ရွှေနဂါး၏သွေးအနှစ်သာရသည် အနာဂတ် ကျင့်စဉ်အတွက် များစွာအထောက်အကူ ဖြစ်မည်မှာ အသေအချာပင်။ ဘယ်လောက်တောင် တိုးတက်လိမ့်မလဲ ဆိုတာတော့ လုရွှမ် တွေးတောင် မတွေ့ရဲချေ။