← Chapters

မျက်လုံးတစ်ထောင်သားရဲ

Vol. 98 Ch. 4.979

မျက်လုံးတစ်ထောင်သားရဲ

Vol. 98 Ch. 4.979

စိမ်း​ပြာနဂါး၏ နှလုံးသားသည် တဟုန်ထိုး ခုန်တက်လာပြီး နဂါးစွမ်းအားသည်လည်း စိမ်းပြာရောင် အလင်းတန်းများနှင့် ရွှေရောင် အနည်းငယ် ရောစပ်သွားသည်။ ခွန်အား ပိုသန်မာလာသလို ပိုလည်းခံနိုင်ရည် ရှိလာသည်။

"လူတစ်ယောက်မှာ တစ်ခွက်ပဲ ရှိတာလား"

လုရွှမ် မေးတော့ မောင်နှမ နှစ်ယောက်စလုံးက တစ်ပြိုင်တည်း ရယ်လိုက်ကြ​လေသည်။

"ဟာဟား ပထမခွက်သောက်တုန်းက ရှောင်ပေလည်း ဒီလိုပဲ မေးတယ် အဲဒီတုန်းက ညီမလေးကို ဖြေခဲ့တဲ့ စကားအတိုင်းပဲ မင်းကို ပြန်ပြောမယ်.... ဒါက ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ.... ဒီလိုအခွင့်အ​ရေးမျိုး ရခဲ့တာက ငါတို့အတွက် ဂုဏ်ယူစရာပဲ... ဒုတိယခွက်ကို မမျှော်လင့်သင့်....”

ကျန့်နမ်၏အသံသည် ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးများလည်း ​ပြူးကျယ်သွားသည်။ အကြောင်းမှာ လုရွှမ်ခွက်က တစ်ဖန် ပြည့်သွားတာကို မြင်လိုက်ရလို့ပါပဲ။

"ရှင်ကျ ဘာလို့ လက်ဖက်ရည်တစ်ခွက် ထပ်သောက်ရတာလဲ"

ကျန့်ပေက အော်လိုက်ပြီး ပါးစပ်ကိုဖွင့်ကာ အလွန်ချစ်စရာကောင်းသော သွားဖြူဖြူတန်းများကို ပေါ်လွင်စေတဲ့အထိ ရန်တွေ့လိုက်သည်။

"ငါလည်း မသိဘူး"

လုရွှမ် နှလုံးခုန်သံ တစ်ချက်နဲ့အတူ ရုတ်တရက် သတိရသွားသည်။ ဒါက မတိုင်ခင်က ထိုအဖြစ်အပျက်နှင့် ဆက်စပ်နေနိုင်သည်။ တခြားသူများ မခံစားနိုင်သော ဖိအားကို သူ ခံစားခဲ့ရတယ် မဟုတ်လား။ ဖိအားကို ခံနိုင်ရည်ရှိခဲ့လို့ လက်ဖက်ရည်တစ်ခွက်နဲ့ ထပ်သောက်ရတာ သေချာသလောက်ပင်။

တစ်ကျိုက်တည်း သောက်ပြီးနောက် ညီအကို နှမနှစ်ယောက်ကို ကြည့်လိုက်ရာ သူတို့ အလွန်မနာလို ဖြစ်နေတာကို တွေ့လိုက်ရသည်။

လက်ဖက်ရည်သည် အစာအိမ်ထဲသို့ စိမ့်ဝင်သွားကာ စမ်းချောင်း တစ်ခုအဖြစ် လှည့်ပတ်သွားသည်။ ဝိညာဥ်စွမ်းအင်က သွေးကြောတွေထဲ လှည့်လည်ကာ အတွင်း စိတ်ထဲသို့ တဖြည်းဖြည်း ဝင်​ရောက်လာ၏။

စိတ်ဝိညာဉ် ပင်လယ်ထဲရှိ တိမ်ဖြူများသည် တစ်ခုနဲ့ တစ်ခု ချည်နှောင်ထားသလိုမျိုး တိမ်ဖြူနှစ်စင်း ပေါ်လာပြီးခဲ့ရာ ယခုအခါ တိမ်ဖြူငါးလုံး ပေါက်နေပြီ ဖြစ်သည်။ တိမ်ဖြူများသည် တဖြည်းဖြည်း အရောင်ပြောင်းလာပြီး မိုး​ရေများအဖြစ်သို့ ကျဆင်းလာသည်။

လုရွှမ်သည် သူ၏ သာမန်မျက်စိဖြင့်ပင် ဝိညာဉ်စွမ်းအား တိုးလာလုနီးပါး မြင့်တက်လာတာကို ခံစားနိုင်သလို ဝိညာဉ်သည် လျင်မြန်စွာ အားကောင်းလာတာကို မြင်တွေ့နေရသည်။ အချိန်အတော် ကြာပြီးနောက် လုရွှမ် နောက်ဆုံးတွင် သူ့​မျက်လုံးများကို ဖွင့်၍ ​ဆိုလိုက်သည်။

"အရမ်းကောင်းတယ်!"

လုရွှမ် လက်တစ်ဖက်ကို လှည့်လိုက်တော့ နတ်ဝိညာဉ်ဒိုင်းတစ်ခု ပေါ်လာပြီး နောက်တစ်ခုလည်း ဆက်ပေါ်လာသည်။ ကောင်းကင်ပြာရောင် တစ်ခု၊ အဝါရောင်တောက်တောက် တစ်ခုပင်။ ထိုနတ်ဝိညာဥ် ဒိုင်းလွှာတွေဟာ သူ့စိတ်တွေထဲ လွတ်လွတ်လပ်လပ် ပြေးလွှားရင်း တစ်ခုနဲ့တစ်ခု ထပ်လျက် လွှမ်းခြုံကာ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

ကျန့်ပေ သူမဓားကို ဆွဲထုတ်ကာ ထိုးချလိုက်လေသည်။ လုရွှမ်လည်း မငြင်းဘဲ သူ့ရဲ့ နတ်ဝိညာဉ်ဒိုင်းအပေါ် တိုက်ခိုက်စေလိုက်သည်။ အသံတစ်သံ ထွက်လာပြီး ကျန့်ပေ၏ ဓားရှည်သည် နောက်သို့ ခုန်ထွက်သွားသည်။

ကျန့်ပေ မည်သည့်အင်အားကိုမျှ အသုံးမပြုထားသော်လည်း လုရွှမ်ရဲ့ နတ်ဝိညာဥ်ဒိုင်းလွှာက အလွန်ကြောက်စရာ ကောင်းကြောင်း ခံစားနေရ၏။

"ကောင်းလိုက်တာ!"

ကျန့်နမ်လည်း ခေါင်းယမ်းရင်း ပြောလိုက်ပါသည်။

"တတိယတစ်ခွက် လက်ဖက်ရည် မရှိတော့တာ နှမြောစရာပဲ"

ကျန့်ပေက နှုတ်ခမ်းစူကာ "ရှင်က တတိယခွက်ကို လိုချင်တုန်းပဲပေါ့!!"

ကျန့်နမ်မှာ ညီမဖြစ်သူကို တစ်ခုခုပြောချင်ပေမဲ့ လုရွှမ်ကတော့ ကျန့်ပေတဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးမလေးတစ်ယောက် ခုန်ဆွခုန်ဆွ လုပ်နေတယ်လို့သာ မြင်လေသည်။ သူမက အမှန်တကယ် စိတ်ဆိုးနေခြင်းတော့ မဟုတ်ချေ။

"ဟွန့်.... ငါ့ကိုယ်ငါ နံပါတ်တစ် ပါရမီရှင်လို့ ထင်ခဲ့ပေမဲ့ သူ့လိုလူနဲ့ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး... ကိုယ့်ထက်သာတဲ့ တခြားသူတွေနဲ့ နှိုင်းယှဥ်ရင် ဘယ်လို ခံစားရတယ် ဆိုတာကို နောက်ဆုံးတော့ နားလည်သွားပါပြီ... ဟမ့် အရမ်းစိတ်တိုချင်စရာ ကောင်းတယ် ဒေါသထွက်လိုက်တာ!!"

ကျောက်စားပွဲပေါ်တွင် ခွက်များ ပျောက်ကွယ်သွားသည်။

"သွားကြရအောင်"

သုံးယောက်သား ထွက်လာတော့ ကျောက်စားပွဲတွေလည်း ပျောက်သွား၏။ အရမ်းအံ့သြစရာ ကောင်းလှသည်။ လုရွှမ် သဘောကျစွာဖြင့် သက်ပြင်းချကာ နတ်တောင်ကို လှမ်းကြည့်လိုက်တဲ့အခါ မုခ်ပေါက်တစ်ခုလို တောင်ကြားကို လှမ်းမြင်လိုက်ရသည်။

"အဲဒီမှာ ယိရှန်းတောင်ကြားလို့ ခေါ်တဲ့ နာမည်တစ်ခုရှိတယ်....အဲ့နေရာက ချောက်ကြီးမှာဆို ထူးဆန်းတဲ့ သတ္တဝါတွေ ပြည့်နှက်နေတာ... သူတို့က သိပ်အားမသန်ပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေက အရမ်းထူးဆန်းပြီး အရှိန်ကလည်း အရမ်းမြန်တယ်.... ပိတ်မိမနေစေနဲ့ ပိတ်မိသွားရင်... ဘယ်တော့မှ အပြင်မထွက်နိုင်တော့ဘူး"

"ဟုတ်ပါတယ်... လုရွှမ် ဆိုတဲ့ ရှင့်အတွက်က သိပ်မခက်ခဲ​လောက်ပါဘူး... ဒါပေမဲ့ မင်းသတိထားဖို့တော့ လိုနေသေးတယ်"

ကျန့်ပေက ဆက်ပြော​ပြသည်။ လုရွှမ်လည်း ယိရှန်တောင်ကြား ဆိုသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။ အမှန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး မှိုင်းကျဲနေသော ခံစားချက်က သူ့နှလုံးသားထဲ ဝင်ရောက်လာ၏။

လွင့်စဉ်ထွက်လာသော ရောင်ဝါသည် ထူးခြားသော အငွေ့အသက်များနှင့် ပြည့်နေသည်။ ထိုထူးခြားမှုထဲတွင် ရင်းနှီးမှု အနည်းငယ် ရှိသော်လည်း လုရွှမ် နတ်တောင်ကို စူးစမ်းလေ့လာရန် စိတ်မဝင်စားပါ။ ဤနတ်တောင်သည် မြေကမ္ဘာနှင့် နီးကပ်စွာ ဆက်စပ်နေနိုင်သည်။

ကြယ်တွေကို စူးစမ်းပြီး လိုက်ရှာနေတာတော့ မှန်ပေမယ့် အခု သူ့ခွန်အားက မြေကမ္ဘာထဲ ဝင်နိုင်လောက်တဲ့အထိ လုံလုံလောက်လောက် အားမကောင်းသေးပါဘူး။ ဒါကြောင့် သူ ဝင်ဖို့ မကြိုးစားချင်​သေးဘူး။

ကျန့်နမ်က "ငါ အမြန်သွားချင်တယ်... မင်းတို့ငါ့ရဲ့ အရှိန်နဲ့ လိုက်ခဲ့"

ပြောပြီး သူက အရင် ပြေးထွက်သွားသည်။

"သွားရအောင်!"

လုရွှမ် တုံ့ဆိုင်းမနေဘဲ အမြန်ပြေးသွားကာ ကျန့်ပေအနောက်မှ အမြန်လိုက်လာခဲ့သည်။ သူတို့ ရုတ်တရက် အမှောင်ထဲက ရောက်လာခဲ့သလိုမျိုး သူတို့ရှေ့က ထွက်ပေါက်ဟာ သူတို့ရဲ့ တိုးတက်မှုကို ညွှန်ပြနေသည့်အတိုင်း အလင်းရောင် အနည်းငယ် အဖြစ် လှမ်းမြင်ရသည်။

သို့သော် တောင်ကြားရောက်တော့ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထုက နားမလည်နိုင်စွာ ဖုံးအုပ်ထားတာကို တွေ့လာရသည်။ ၎င်းတို့ကြားတွင် နားမလည်နိုင်သော သတ္တဝါတချို့ကို ဝှက်ထားသကဲ့သို့ ထူးဆန်းသော အချက်​ပေးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ၎င်းတို့သည် အချိန်မရွေး တိုက်ခိုက်တော့မလိုပင်။

"မီးမထွန်းနဲ့ မီး မတောက်နဲ့... အလင်းရောင်က ဒီသားရဲတွေကို ရူးသွပ်သွားစေမှာ.... အဲဒီအခါကျရင် ကျွန်မတို့က ဒီသားရဲတွေရဲ့ ပစ်မှတ်ဖြစ်လာမှာ သေချာတယ်"

ကျန့်ပေက သတိလှမ်းပေးသည်။ သို့နှင့် လုရွှမ်လည်း အရိပ်တစ်ခုလို နောက်သို့ လိုက်သွားသည်။ သူတို့ရှေ့တွင်ရှိ ကျန့်နမ်သည် အလွန်လျင်မြန်သော်လည်း သူတို့နောက်က လိုက်လာနိုင်အောင် အငွေ့အသက်တွေ လုံးဝ ချန်ထားခဲ့ပေးသည်။

သူတို့သုံးဦးသည် အဆင့်မြင့်မားသော ကျင့်ကြံမှုနဲ့ အလွန်လျင်မြန်သော အမြန်နှုန်းများ ရှိတာကြောင့် ခဏအတွင်း လမ်းတစ်ဝက်ကို ဖြတ်ကျော်သွားကြသည်။ သူ့ရှေ့က ထွက်ပေါက်ကို မြင်လိုက်ရချိန်မှာ ရှေ့က ကျန့်နမ်မှ ရုတ်တရက် လှည့်အော်လိုက်သည်။

"မင်းတို့ကိုယ်ကိုယ် ကာကွယ်ထားကြ... ငါ မီးစထွန်းတော့မယ်"

ကျန့်ပေမှာ ဘာလို့လဲဟု အော်ဖို့ အချိန်မရှိလိုက်ပေ။ အကြောင်းပြချက်ကို သူအလည်း သိပါသည်။ ထိုအခိုက် လေပြင်းတစ်ချက် တိုက်ခတ်လာ၏။ လေသံက အရမ်းပြင်းထန်ကာ လေထုထဲက အက်ကွဲရာတွေဆီကနေ လေပြင်းတွေ တိုက်ခတ်လာသည့်အတိုင်းပင်။

"ခန္ဓာကိုယ်ကို ကာကွယ်ဖို့ နတ်ဝိညာဉ်ဒိုင်းကို သုံး!!"

လုရွှမ် အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး နတ်ဝိညာဉ်ဒိုင်းနှစ်ခုကို ထုတ်လိုက်သည်။ ရှေ့က အလင်းရောင်က တောက်ပနေပြီ။ ကျန့်နမ်က အလင်းကို လွှတ်ထားပြီးသား ဖြစ်တာကြောင့် သူတို့ သုံးယောက်ရှေ့မှာ နတ်ဆိုးသားရဲ တစ်ကောင်က ရှိနေတာကို တွေ့လိုက်ရ၏။

အလင်းရောင် အောက်တွင် သားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မျက်လုံးများဖြင့် ဖုံးအုပ်ထားသည်။ ထိုမျက်လုံးများထဲက တချို့ဆိုလျှင် အလင်းရောင်တချို့ ရှိနေကာ အချိန်မရွေး တိုက်ခိုက်တော့မလိုပင်။

"သတိထားပါ... သူ့မျက်လုံးထဲက အလင်းရောင်ကို သွားမထိမိစေနဲ့... ရှင့်ရဲ့ဝိညာဉ်ကို စုပ်ယူသွားလိမ့်မယ်"

ကျန့်ပေက လှမ်းအော်လိုက်သည်။

"ငါသူ့ကို တားထားလိုက်မယ်.... ပေလေး လုရွှမ်ကို ခေါ်ပြီး အမြန်ထွက်သွားတော့"

အန္တရာယ်တွေရှေ့မှာ ရှိနေချိန် တစ်ယောက်တည်း ကိုယ်လွတ်ရုန်းတာမျိုးက လုရွှမ်ရဲ့ စရိုက်မျိုး မဟုတ်ချေ။

"အားလုံးပဲ ကျေးဇူးပြုပြီး အလျှော့မပေးပါနဲ့.... ငါတို့ရဲ့ ခွန်အားနဲ့ဆို ငါတို့လမ်းကို တားနိုင်တဲ့ သူတွေ အများကြီး မရှိဘူးလို့ ငါယုံကြည်တယ်... ဒီနတ်ဆိုးက ဘယ်လို သားရဲမျိုးလဲ... သူ့မှာ ဘယ်လို ရတနာတွေ ရှိနေပါစေ...လမ်းမှာ ပိတ်နေရင် သတ်ပစ်ဖို့ပဲ လိုတယ်"

လုရွှမ်မျက်လုံးထဲကို ကြည့်လိုက်လျှင် သူ့အကျင့်ကို မြင်လွယ်ပါသည်။ သူများတွေ သူ့ကို မစော်ကားရင် သူလည်း မစော်ကားဘူး။ ဒါပေမဲ့ ဒါမျိုးဖြစ်လာရင်တော့ နောက်ဆုတ်သွားတော့မှာ မဟုတ်ချေ။ အခု​လေလှိုင်းတွေက သူတို့သွားရာလမ်းကို ပိတ်ဆို့ထားတာကြောင့် သဘာဝ​ကျကျ ဖျက်စီးသင့်တဲ့ အရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ကျန့်နမ်တို့ မောင်နှမနှစ်ယောက်မှာ တခဏတာမျှ အံ့အားသင့်သွားကာ သူတို့၏ မျက်လုံးများထဲ မျှော်လင့်ချက် အရိပ်အမြွက်မျိုး ပေါ်ထွက်လာသည်။

"ဟုတ်တယ် ငါတို့သုံးယောက်ရဲ့ အင်အားနဲ့ဆို ဒီအကောင်ကို သတ်ဖို့ လုံလောက်နေပြီ"

ထိုစဥ် သားရဲကြီး၏ ဒေါသတကြီးနဲ့ ကြည့်နေသော ရာနဲ့ချီတဲ့ မျက်လုံးအစုံက သူတို့သုံးယောက်ကို စိုက်ကြည့်လာ၏။ ထိုမျက်လုံးများက အလင်းတန်းများ ထိန်ထိန်လင်းသွားကာ လူသုံးယောက်ဆီ ပစ်လွှတ်လိုက်သည်။

လူသုံးဦး လျင်မြန်စွာ အတူတကွ ရှောင်ထွက်သွားကာ အလင်းတန်းကို ပိတ်ဆို့ရန် နတ်ဝိညာဥ်ဒိုင်းလွှာကိုပါ အသက်သွင်းလိုက်သည်။

All Chapters