ပထမတိုက်ပွဲ
Vol. 98 Ch. 4.981
လုရွှမ်သည် ဤနေရာသို့ ဝင်ရောက်ပြီးနောက် သိုလှောင်လက်စွပ်ရှိ သလင်းကျောက်များ အလိုအလျောက် ဆုံးရှုံးသွားတာကို ခံစားခဲ့ရသော်လည်း ထိုကဲ့သို့သော ပြောင်းလဲမှုမျိုးကို သူ မမျှော်လင့်ထားခဲ့တာတော့ အမှန်ပင်။
မောင်နှမ နှစ်ယောက်စလုံး ဘာကြောင့် စိတ်မချမ်းသာနေကြသလဲ နောက်ဆုံးတော့ နားလည်သွားပါပြီ။
ဤနေရာတွင် သလင်းကျောက်များ၏ စားသုံးမှုနှုန်းသည် နှစ်ဆတိုးလာပါက အတွင်းမှ ကျင့်ကြံသူများသည် စွမ်းအင် သလင်းကျောက်များကို ရယူရန် သေချာပေါက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရမှာ ဖြစ်ပြီး အတွင်း၌ ရုန်းကန်မှုမှာလည်း ပိုမိုပြင်းထန်လာမည် ဖြစ်သည်။
အကယ်၍ ၎င်းတို့သည် ယခုအချိန်တွင်မှ ဝင်ရောက်လာပါက ၎င်းတို့ကို လူသစ်များအဖြစ် သတ်မှတ်ခံရနိုင်ပြီး လူတိုင်းဆီမှ စောင့်ကြည့်ခံရကာ အန္တရာယ်ကလည်း အချိန်တိုင်းနီးပါး ရှိလာနိုင်သည်။
အကောင်းတွေ ရောက်မလာခင် အဆိုးတွေ အရင် လာလိမ့်မယ်။ သူတို့ သုံးယောက်သည် မဝေးလှသော အရပ်သို့ အချိန်ကို ရေတွက်ရင်း ပျံသန်းသွားကြသည်။ ထိုစဥ် ခပ်လှမ်းလှမ်းမှ လူပေါင်းများစွာရဲ့ အော်သံကို ကြားလိုက်ရ၏။
"ဟားဟား ငါစောင့်နေတာကြာပြီ... နောက်ဆုံးတော့ လူသစ် ရောက်လာပြီဟေ့!"
"ဟေး.... မိန်းကလေးလည်း ပါတယ်ကွ... ဟေ့ နာခံပြီး စွမ်းအင် သလင်းကျောက်တွေကို ထုတ်ယူပေးလိုက်ရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးလို့ရတယ်"
"မှန်တယ်... ငါတို့အစ်ကိုကြီးက စေတနာကောင်းတယ်... မင်းတို့အခု နတ်တောင်ရဲ့ အတွင်းပိုင်းကို မဝင်ရသေးဘူး.... အပြင်ပြန်ထွက်ဖို့က အရမ်းနောက်မကျသေးပါဘူး... ပြီးမှ ပြန်ဝင်လာလည်း အဆင်ပြေတယ် မလား"
ထိုလူများသည် ပျော်ပျော်ရွှင်ရွှင် ပြောဆိုကြပြီး လုရွှမ်တို့ သုံးဦးကို ဝိုင်းထားကြသည်။ လုရွှမ် မလှုပ်သလို ကျန့်နမ်နဲ့ ကျန့်ပေတို့လည်း မလှုပ်ပေ။ သူတို့က ထိုနေရာတွင် ရပ်နေကာ ထိုလူအနည်းငယ် မဆင်မခြင် ပြုမူနေကြတာကို အေးအေးဆေးဆေး ကြည့်နေကြသည်။
ဒီလူတွေကတော့ သေခြင်းတရားကို ရှာနေကြလေပြီ။
"ဒီသုံးယောက်ကို ငါရှင်းမယ်!"
လုရွှမ်က ရယ်မောပြီး သူ့ရှေ့က လူသုံးယောက်ကို ညွှန်ပြလိုက်သည်။ ထိုစဥ် ကျန့်နမ်ကလည်း ရယ်လိုက်၏။
"ကောင်းပြီ ဒါဆို ဒီသုံးယောက်က ငါပေါ့"
ကျန့်ပေက နှုတ်ခမ်းလေးစူပြီး ဟစ်အော်လိုက်သည်။
"ကိုကို.... ကိုကို ညီမထက် ပိုကောင်းအောင် တိုက်ခိုက်မယ်ပေါ့ ဟုတ်လား... ညီမအတွက် ဒီနှစ်ယောက်ကိုပဲ ချန်ထားပေးတယ်ပေါ့!"
"ဟမ့်... ဟေ့ကောင်တွေ ဘာတွေ ပြောနေတာလဲ...."
လုရွှမ်က ဒီလူတွေကို စကားပြောဖို့ အခွင့်မပေးတော့ဘဲ သူ့လက်ချောင်းတွေကို ကွေးပြီး သုံးကြိမ် ပွတ်သပ်လိုက်သည်။ အနီရောင်တောက်တောက် မီးတောက်သုံးခု ဟုန်းကနဲ ထတောက်လာသည်။
“ဘာကြီးလဲ”
သုံးယောက်သား မြန်မြန်ဆန်ဆန် တုံ့ပြန်ကြသည်။ သူတို့အားလုံးသည် မျှော်စင်နယ်ပယ်ရှိ ကျင့်ကြံသူများ ဖြစ်ကြပြီး မီးတောက်များကို တားဆီးရန် နတ်ဝိညာဥ်ဒိုင်းလွှာကို ချက်ချင်း ဖွင့်လိုက်ကြသည်။
လုရွှမ်၏ မျက်လုံးများ တောက်ပသွားသည်။ အမှန်ပင် ဤလူသုံးယောက်က ပို၍ အားကောင်းနေလေသည်။ သို့သော် လုရွှမ်သည် သူ့လက်ဖဝါးမှ ဓားစွမ်းအင်များကို ထုတ်လွှတ်ကာ သူတို့သုံးယောက်ဆီသို့ တစ်ဖန် ပစ်လွှတ်လိုက်သည်။
ချွင်း!
လူတစ်ယောက်ရဲ့ ပါးစပ်ထောင့်က အထင်အမြင် သေးဟန်ဖြင့် ကွေးညွတ်သွားသည်။ သူ့မျက်လုံးများတွင် လုရွှမ်သည် နတ်မီးနယ်ပယ်သာ ဖြစ်ပြီး လက်ညိုးထိုးလိုက်ရုံနဲ့ လာတိုက်ခိုက်နေတာက ဟာသပဲ မဟုတ်လား။
'ဘာတွေ လာဟန်ဆောင်နေတာလဲ!'
လုရွှမ်သည် တစ်ဖက်လူ တွေးနေတာကို မသိသလို သိနေလည်း လျစ်လျူရှုထားမှာပါပဲ။ ပြိုင်ဘက်ရဲ့ အင်အားက အားနည်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့မျက်လုံးထဲမှာ လုံးဝ ထည့်ထားသင့်တဲ့ အနေအထားလည်း မဟုတ်နေချေ။
မီးလျှံကို အသုံးပြုရသည့် အကြောင်းရင်းမှာ တစ်ဖက်ရန်သူ၏ လက်ရှိ အင်အားကို စစ်ဆေးရန်သာ ဖြစ်သည်။ ယခုမူ လှည့်ကွက်လေး အနည်းငယ်ဖြင့်ပင် မျှော်စင်နယ်ပယ်ထဲက သခင်များသည် သူ့ကိုယှဥ်ရင် အနည်းငယ်နောက်ကျ ကျန်နေသေးကြောင်း ထင်ရှားလေသည်။
လုရွှမ် တစ်ဖက်လူရဲ့ ဓားရှည်ကို လက်ဖဝါး တစ်ဖက်တည်းဖြင့် ကိုင်လိုက်၏။ ၎င်းက လျှို့ဝှက်ဆန်းကြယ်သော အဆင့်ရှိ လက်နက်တစ်ခုသာ ဖြစ်သည်။
"ဟမ့် မင်းသေရတော့မယ်ကွ!!"
တစ်ဖက်လူက အော်ဟစ်လိုက်ကာ လုရွှမ် ဓားစွမ်းအင်များဖြင့် အပိုင်းပိုင်း ဖြတ်လိုက်တော့မလို ဝေ့ယမ်းလိုက်၏။ လုရွှမ် အရင်က မီးတောက်တွေကို သုံးလိုက်တာဟာ သူ့ကို အထင်သေးနေတာပဲ ဆိုတာ ထင်ရှားပါသည်။ အခုလည်း သူ့လက်ဖဝါးဗလာနဲ့ သူ့ဓားတစ်ချောင်းကို ကိုင်ထားပြန်ပြီ။
လုရွှမ်ရဲ့ အရှိန်အဟုန်ကြောင့် သူ့နှလုံးသားထဲတွင် သေလောက်အောင် ကြောက်နေခဲ့ပြီ ဖြစ်သည်။ လုရွှမ်က ဆန်းကြယ်အဆင့် လက်နက်ကို လက်ဗလာဖြင့် ကိုင်ထားပြီး ကျန်လက်ဖဝါးပေါ်တွင် မြေကြီးအဝါရောင် နတ်ဝိညာဉ်ဒိုင်း ရှိနေသည်။ ဒါက ဓားတစ်လက် ဖြစ်ပြီး ဓားစွမ်းအင်နဲ့ ဓားစွမ်းအားတွေ ပါဝင်နေတာတောင် လုရွှမ်က ဓားကို လက်ဗလာဖြင့် ကိုင်ထားလေ၏။
လုရွှမ် သူ့ဓားချက်ကို တကယ်ပဲ ပိတ်ဆို့ခဲ့တာကို တွေ့လိုက်ရတာကြောင့် အလွန်အမင်း အံ့သြသွားခဲ့သည်။
“မင်း..... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထိုလူက မယုံကြည်နိုင်စွာ ဟစ်အော်လိုက်သည်။ လုရွှမ်ကတော့ အသာပဲ ခေါင်းညိတ်လိုက်၏။ တစ်ဖက်လူရဲ့ လက်ရှိ အင်အားကို သူ နားလည်နေပြီ ဖြစ်သောကြောင့် အများကြီး အားစိုက်စရာ မလိုတော့ပါ။
"ကောင်းပြီ မင်းသွားသေလို့ ရပြီ"
လုရွှမ် ဆိုရင်း သူ့လက်ဖဝါးပေါ်က ပြင်းထန်တဲ့ အင်အားနဲ့ ဆန်းကြယ်အဆင့် လက်နက်ကို ပြိုင်ဘက်ရဲ့ လက်ထဲကနေ အတင်းဆွဲယူလိုက်သည်။
ယခုတော့ သူ့စွမ်းအားသည် အလွန်ကြီးမားလွန်းလာသောကြောင့် တစ်ဖက်လူမှာ အတင်း ကြိုးစားသော်လည်း မရပေ။ လုရွှမ်သည် သူ့အမြင်တွင် လူသား မဟုတ်တဲ့ တုန်လှုပ်ချောက်ချားစရာ ဧရာမသားရဲကြီးကဲ့သို့ပင် လုံးဝ အနိုင်မယူနိုင်တာကို တွေ့ရှိလာခဲ့ရသည်။
လုရွှမ်နှင့် နှိုင်းယှဥ်လျှင် သူ၏ ခွန်အားသည် လုံးဝ ဘာမှမဟုတ်တော့သလိုပင်။
"ဒါက ဘယ်လို သန့်စင်ထားတဲ့ ပစ္စည်းလဲ"
လုရွှမ် ရေရွတ်လိုက်သည်။ ဒီဓားဟာ တကယ်ကို ပေါ့ပေါ့တန်တန် သန့်စင်ထားတယ်ဆိုတာ တစ်ချက်လောက် ကြည့်ရုံဖြင့် ပြောနိုင်ပါ၏။ အတွင်းပိုင်းဖွဲ့စည်းပုံကို မပြောဘဲ၊ ပါဝင် ပစ္စည်းများကို အပူပေး သန့်စင်ထားတာကို ကြည့်ရုံနဲ့ကို ချို့ယွင်းချက်တချို့ ရှိနေတာကို မြင်တွေ့နိုင်သည်။
"ဘာဓားလဲ..."
လုရွှမ် ဓားသွားကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်သည်။ လက်တစ်ဖက်က ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားကာ ဓားရဲ့ အဆိုးဆုံး အပိုင်းဖြစ်တဲ့ နေရာကို လက်ချောင်းဖြင့် တောက်ချလိုက်တဲ့အခါ ဓားမှာ ဖြောင်းကနဲ ကျိုးသွား၏။ ဤတစ်ကြိမ်တွင် မျှော်စင်နယ်ပယ် သခင်ခမျာ တစ်ဖက်လူကို လုံးဝ အံ့အားသင့်သွားခဲ့သည်။
သူ့ဓားအစွမ်းကို သဘာဝကျကျ သူ့ဘာသာသူ သိသော်လည်း မျှော်စင်နယ်ပယ်မှ သခင်တစ်ဦး အတွက် လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်ကို ဆက်လက် အသုံးပြုနေသည်မှာ အနည်းငယ် ရှက်စရာကောင်းလှသည်။
ဒါပေမဲ့ တစ်လျှောက်လုံးမှာ ငွေကြေးအရင်းအနှီးက မလုံလောက်ခဲ့ပေ။ ယခု နောက်ဆုံးတော့ နတ်တောင်ထဲသို့ ဝင်ရောက်ခွင့် ရခဲ့ပြီး ကောင်းကင်ပစ္စည်းများ၊ မြေကြီးရတနာများနှင့် သလင်းကျောက် အမျိုးမျိုးတို့ကို ပြင်းပြင်းထန်ထန် ရှာဖွေနေခဲ့သည်။
ဒီကိုရောက်လာတဲ့အခါ ပါရမီရှင်တွေ အများကြီးကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ သူသည် ဓားကောင်းတစ်လက်ကို ရယူရန် ပို၍ စိတ်အားထက်သန်လာသည်။ ယခု ဓားသည် ဓားကောင်း မဟုတ်သော်လည်း သူ့ကိုယ်ပိုင် ဓားဖြစ်သည်။
ဓားကို ချိုးဖဲ့လိုက်သူက နတ်မီးနယ်ပယ်က အငယ်တန်းလေး ဖြစ်နေလေရဲ့။
အထူးသဖြင့် သူ့ကို ဖြတ်သွားဖြတ်လာ အဖြစ် ဆက်ဆံခဲလိုက်ရသည့် ခံစားချက်က ယခုအချိန်တွင် ဒေါသများအဖြစ် ပေါက်ကွဲထွက်လာကာ လုရွှမ်ကို လွန်စွာ မုန်းတီးသွားခဲ့သည်။ သူသည် တစ်ချိန်က သူ့မွေးရပ်မြေတွင် ထိပ်တန်း အရည်အချင်းရှိသူ ဖြစ်ပေ၏။
"ကောင်လေး မင်းသေပြီသာမှတ်!"
"တိုက်ဆိုင်လိုက်တာ.. ငါလည်း မင်းကိုဒီစကား ပြောချင်နေတာ"
သူ့ဘေးနားရှိ ကျန့်ပေသည် လူနှစ်ယောက်ကို ဖြိုခွင်းပြီးပြီ ဖြစ်၍ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ရတနာများကို ရှာဖွေပြီးနောက် လောဘကြီးသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
လုရွှမ် သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ယွမ်ယန်ဓားကိုးစင်း ပြေးထွက်သွားသည်။ မျှော်စင်နယ်ပယ်က လျင်မြန်စွာ ခုခံထားလိုက်သည်။ လုရွှမ်၏ လှုပ်ရှားမှုသည် အလွန်အားကောင်းကြောင်း သူသိလိုက်ပြီးပြီ။
သို့သော် ဓားသိုင်းက ဤမျှ လျင်မြန်လိမ့်မည်ဟု မမျှော်လင့်ထားသလို သူ့ခမျာ လုံးဝ မတုံ့ပြန်ဘဲ ဓားစွမ်းအင်က သူ့နှလုံးထဲသို့ ထိုးဖောက်သွားခဲ့လေသည်။
လုရွှမ်ရဲ့ တခြားဓားနှစ်ချောင်းကလည်း သူတို့ဘေးနားရှိ ပစ္စည်းတွေကို လုယက်နေသော လူနှစ်ယောက်ကို အပြတ်ရှင်းပစ်လိုက်သည်။ လူသုံးယောက်ကို သတ်ပြီးနောက် ကျန့်နမ်တို့ဘက်ကို ကြည့်လိုက်၏။
လုရွှမ်မှ ရွေးချယ်ထားသော လူသုံးဦးသည် အပြင်းထန်ဆုံး ဖြစ်သည်။ အထူးသဖြင့် လုရွှမ် ပထမဆုံး တိုက်ခိုက်သော လူပင်။ ဒါပေမဲ့ လုရွှမ်လည်း တစ်ဖက်လူက လွယ်လွယ်နဲ့ ရှုံးသွားမယ်လို့ မမျှော်လင့်ထားပါဘူး။
လုရွှမ်၏ အမြန်နှုန်းသည် အလွန်လျင်မြန်သောကြောင့် ကျင့်ကြံမှုကို ထိန်းသိမ်းထားသည့် အတိုင်းပင်။ ကျန့်နမ်တို့မှာ လုရွှမ်ရဲ့ လေ့ကျင့်ပုံနှင့် အရည်အချင်းတွေကို ကြည့်ပြီး သူဘယ်လောက် အစွမ်းထက်နေတာလဲဟု တွေးကြည့်ကာ ပို၍စိတ်ရှုပ်လာခဲ့သည်။