← Chapters

စိတ်ထဲမှ ချို့ယွင်းချက်

Vol. 98 Ch. 4.982

စိတ်ထဲမှ ချို့ယွင်းချက်

Vol. 98 Ch. 4.982

လုရွှမ်သည်လည်း သူ့စွမ်းအားသူ နားလည်ထားပါပြီ။ ယခုအခါတွင် သူသည် မျှော်စင်နယ်ပယ်နှင့် ယှဉ်ပြိုင်ရန် ခွန်အားရှိနေပြီ ဖြစ်သည်။ သူသာ ချင်ထျန်းဓားကို အသုံးပြုမည်ဆိုပါက ၎င်းတို့သည် ကြက်​လေးနှင့် ခွေး​လေးများသာ ဖြစ်သွားနိုင်၏။

ထိုလူများထံမှ သိုလှောင်ကွင်းများနှင့် သိုလှောင်လက်ကောက်များ အားလုံးကို ဖယ်ရှားပြီးနောက် လုရွှမ်သည် ဓားတစ်ချောင်းထုတ်ကာ ကျန်လူများကိုပါ ရှင်းထုတ်ပစ်လိုက်သည်။

"လုရွှမ် သူတို့...."

ကျန့်နမ်၏ မျက်လုံးများက သည်းမခံနိုင်သည့် အရိပ်အမြွက်များကို ဖော်ပြလာသည်။ မောင်နှမ နှစ်ယောက်သည် သဘာဝတွင် ရိုးရိုးရှင်းရှင်းနှင့် ကြင်နာတတ်သောကြောင့် ဒီလိုမြင်ကွင်းကို မခံနိုင်ကြပေ။

“သူတို့အခု နတလတောင်ထဲကို ရောက်သွားရင်တော့ လွှတ်ထားလို့ရတယ်.... အခုက တောင်ခြေကို ပြန်သွားနိုင်တဲ့ အခြေအနေပဲ... သူတို့ကျင့်ကြံမှုနဲ့ဆို ဂိုဏ်းတွေ ဖွဲ့မှာ သေချာတယ်... အနာဂတ်မှာ အမှောင်ထဲကနေ ရုန်းထွက်ပြီး ငါတို့ကို ပြင်းပြင်းထန်ထန် ကိုက်လိမ့်မယ်"

မောင်နှမတွေက ကြင်နာတတ်ပေမယ့် လုရွှမ်ရဲ့စကားကို နားမလည်တာမျိုးတော့ မဟုတ်ပါ။ လုရွှမ်လည်း ခဏလောက်စဉ်းစားပြီး ဆက်ပြောလိုက်သည်။

"မင်းတို့ စိတ်မ၀င်စားရင်တောင် ငါအကြံတစ်ခု ပေးရလိမ့်မယ်... မင်းတို့ရဲ့ရိုးသားမှုက အရမ်းကောင်းပြီး အရည်အချင်းက အနာဂတ် တိုးတက်မှုအတွက် အရမ်း အထောက်အကူ ဖြစ်လိမ့်မယ်.... ဒါပေမဲ့ မင်းတို့ဒီတိုင်း ဆက်လုပ်နေမယ်ဆိုရင် ငါ့အမြင်တော့ ဆက်မလေ့ကျင့်တာ ကောင်းလိမ့်မယ်!”

နှစ်ယောက်သား အစပိုင်းတွင် မအံ့သြဘဲ မနေနိုင်လိုက်ချေ။ သူတို့ရဲ့ လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ဖုံးကွယ်ရန် မဖြစ်နိုင်ဘဲ တိုက်ခိုက်ရေး အတွေ့အကြုံရှိသူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

တချို့က သဘောကျကြကာ တချို့က ချီးကျူးသည်။ တချို့က မထီမဲ့မြင် ပြုကြသလို အထင်အမြင် သေးသူများလည်း ရှိပါသည်။ ဒါပေမဲ့ လူတိုင်းရဲ့ မျက်လုံးထဲက ငြူစူတဲ့ အရိပ်အယောင်တွေကို လျစ်လျူရှုထားနိုင်မယ် ဆိုရင်တောင် ရိုးသားမှုနဲ့ လေ့ကျင့်ရတာ အဆင်ပြေပါသည်။

သို့သော် လုရွှမ်ရဲ့ မျက်လုံးထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ ပေါင်းစပ်သိုင်းပညာက ဘာမှမရှိသလို သူ့မျက်လုံးတွေက ဘာမှမထူးခြားလာပါဘူး။ သေချာသည်မှာ ဤစကားသည် လုရွှမ်ရဲ့ နှလုံးသားမှ ဆင်းသက်လာမှ ဆင်းသက်လာသည့် သဘောတရားတစ်ခု ဖြစ်နိုင်သည်။

"ဘာလို့လဲ" ကျန့်နမ်က မေးသည်။

"ဟုတ်တယ်... ကျွန်မတို့ရဲ့ ပေါင်းစပ်သိုင်းက မဆိုးဘူးမလား" ကျန့်​​ပေကလည်း အော်​မေးသည်။

တစ်ယောက်နဲ့ တစ်ယောက် အချိန်တိုတိုလေးပဲ သိကြပေမယ့် လုရွှမ်ရဲ့ စရိုက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပါပြီ။ သူက မောက်မာပြီး ဘဝင်မြင့်နေတတ်ပေမယ့် အမြဲတမ်း ပြက်ပြက်သားသား လုပ်ဆောင်တတ်သည်။

"မင်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းက တကယ်ကို အဆင့်မြင့်ဆုံး စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုလို့ မှတ်ယူနိုင်ပါတယ်... ဒါပေမဲ့ ကြီးပြင်းလာဖို့က အလွန်ခက်ခဲတယ် လေ့ကျင့်ရခက်ပြီး ရန်သူ့ဘက်က ချိုးဖျက်ဖို့ လွယ်ကူတယ်...မလေ့ကျင့်ရင် အရေးမကြီး​​​တော့​ပါဘူး"

"ငါဘာလို့ဒီလို ပြောရတာလဲ ဆိုရင် မင်းတို့ရဲ့ နောက်ကွယ်မှာ နောက်ခံ ခွန်အားမရှိလို့ပဲ... အစ်ကိုကျန့် မင်းက ကိုယ့်ကိုကိုယ် အားကိုးလွန်းတယ်... ကျန့်ပေကလည်း ကိုယ့်ကိုကိုယ် အားကိုးလွန်းတယ် ဒါက အကျိုးရှိပေမယ့်လည်း ရောင်ပြန်ဟပ်နေတဲ့ မှန်လိုပဲ... မင်းတို့မှာ နောက်ခံမရှိသလို မင်းတို့ရဲ့နောက်မှာ ဘယ်သူမှမရှိဘူးလား"

"မင်းတို့ဒီလို စိတ်ပိုင်းဆိုင်ရာ နည်းလမ်းကို လေ့ကျင့်ချင်ရင် နောက်ကွယ်က တစ်စုံတစ်ယောက်ရဲ့ ပံ့ပိုးမှုနဲ့ ဂိုဏ်းဆရာတွေရဲ့ အကာအကွယ်ကို လိုအပ်တယ်.... ဒါပေမဲ့ မင်းတို့မှာ မရှိဘူး... ကိုယ်တိုင်ကပဲ အများကြီး လုပ်ယူရတယ်.... ကျန့်နမ် မင်းရဲ့ခွန်အားက ပိုသိသာတယ်... မင်းအဲဒါကို ဖိနှိပ်ထားပြီး မင်းညီမကို မင်း တတ်နိုင်သလောက် ဂရုစိုက်နေတာ... သူမ စိတ်မကောင်း ဖြစ်သွားမှာကြောက်လို့"

"မင်းကိုယ့်ကိုကိုယ် စတေးနေတာက နောက်ဆုံးမှာ တစ်ခုခု အောင်မြင်ပါ့မလား ငါမပြော​တော့ဘူး.... ဒါပေမဲ့ မင်းဆက်​ပြီး သည်းခံနေနိုင်မှာ မဟုတ်ဘူးဆိုတာတော့ ငါသေချာ ပြောရဲတယ်... ဒီနတ်တောင်ကို ကြည့်လိုက်ရင် အန္တရာယ်တွေ အများကြီးရှိတာ အသိသာကြီး... အထဲရောက်ရင် မင်း ဒဏ်ရာရသွားနိုင်တယ် ဒါမှမဟုတ် တစ်ချိန်ချိန်မှာ သေဆုံးသွားပြီး မင်းညီမကို တစ်ယောက်တည်း ထားခဲ့ရနိုင်တယ်... သူမရဲ့ အပြစ်ကင်းစင်တဲ့ နှလုံးသားကို သူမ ဘယ်လို ထိန်းသိမ်းထားနိုင်မလဲ ဆိုတာ မင်း တွေးမိလား?"

ကျန့်နမ် ဘာမှပြန်မပြောဘဲ သူ့အမူအရာက တိတ်ဆိတ်နေသည်။ ဒီပြဿနာကို သူစဉ်းစားပြီးပြီဆိုတာ သိသာပါ၏။ ကျန့်ပေလည်း သူ့အစ်ကိုကို အံ့အားသင့်စွာ ကြည့်ရင်း နောက်ဆုံးတွင် လုရွှမ် ပြောတာ မှန်​​နေကြောင်း သိသွားခဲ့သည်။

"ကိုယ့်စိတ်နှလုံးကို လိုက်နာပေမယ့် ကိုယ့်လမ်းကိုယ်လည်း ရှာရမယ်... အပြစ်ကင်းတဲ့ နှလုံးသားကို ငါကြားဖူးတယ် မိုက်မဲတဲ့နှလုံးသားလည်း ငါ့မှာ ရှိဖူးတယ်.... မောက်မာတဲ့ စိတ်တွေလည်း ရှိဖူးတယ်....အဲဒီ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းကို သင်ယူ လေ့ကျင့်တာက နှလုံးသားနဲ့ သက်ဆိုင်နေလိမ့်မယ်.."

"အခုအချိန်မှာတော့ ဒီလို အတွေးမျိုးတွေ လူတော်တော်များများဆီမှာ ပျောက်ကွယ်သွားပြီ..... ငါ့မှာ တာအိုဝါဒီတွေရဲ့ နှလုံးသားပဲ ရှိတယ် ကိုယ်သွားချင်တဲ့ အတွေးတွေကို လိုက်လုပ်နိုင်တယ် ပွင့်လင်းတယ် ရိုးသားတယ်၊ စည်းမဲ့ကမ်းမဲ့ ချုပ်တည်းတယ် ငါ့ရဲ့ လုပ်ရပ်နဲ့ အတွေးအားလုံးက ငါ့နှလုံးသားကို အခြေခံထားတယ်... နှလုံးသား တစ်ခုတည်းအတိုင်း လိုက်နာပြီး စိတ်တွေ ကြည်လင်လာမယ် ကြမ်းတမ်းတဲ့လမ်း ဖြစ်ရင်တောင် မာနနဲ့ ကျော်လွှားနိုင်လိမ့်မယ်"

"ဒါက စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုတင် မကဘူး... စိတ်ရဲ့ အခြေအနေတစ်ခု ဆိုလည်း ဟုတ်တယ်... အနာဂတ် လမ်းကြောင်းကို မမြင်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဘာလို့ ကိုယ့်အတွက်ကိုယ် စိတ်ကန့်သတ်ချက် တစ်ခု ထည့်ထားရမှာလဲ"

"ငါက ငါပဲ.... ဒါငါ့ရဲ့ တာအို နှလုံးသားပဲ... ငါ့ကိုယ်ပိုင်လမ်းကို ငါလျှောက်မယ်!"

ကျန့်နမ်နဲ့ ကျန့်ပေတို့မှာ အံ့အားသင့်နေကြလေသည်။ လုရွှမ်ရဲ့ နောက်ကျောကို ကြည့်လိုက်သည့် အခိုက်တွင် လုရွှမ်က သူ့လက်များကို ဖြန့်ကာ သူတို့ကိုအရှေ့မှ ပွေ့ဖက်ထားသလိုမျိုးပင် ခံစားရသည်။

နေမင်းကြီးသည် တောက်ပနေတာကြောင့် လုရွှမ်၏ ကိုယ်ခန္ဓာသည် ရွှေရောင်ခြယ်သသကဲ့သို့ ဝင်းလတ်နေ၏။

"အရမ်းလှတာပဲ!" ကျန့်ပေ ရုတ်တရက် ထအော်လိုက်သည်။

ငြူစူခြင်း နှင့် မျှော်လင့်ချက် သဲလွန်စတစ်ခုက သူမနှလုံးသားထဲတွင် တွန်းအားတစ်ခုလို တိုးလာခဲ့ပြီး သူမသည်လည်း ထိုကဲ့သို့သော ဘဝမျိုးကို ခံစားချင်လာသည်။ ကျန့်ပေ ကျန့်နမ်ကို ကြည့်ပြီး ကျန့်နမ်သည်လည်း လုရွှမ်ရဲ့ နောက်ကျောကို ကြည့်ကာ အံ့သြနေခဲ့သည်။

လုရွှမ်၏ စကားများသည် သူ့အတွက် များစွာ အဓိပ္ပာယ်ရှိပြီး စိတ်ဓာတ် အနည်းငယ်ကျနေသည့် သူ့အတွေးများကို ဆန့်ကျင်သွား​စေခဲ့သည်။ ဒါပေမဲ့ သူ့ညီမကို ပြုစုစောင့်ရှောက်ဖို့အတွက် ဂရုစိုက်ဖို့အတွက်က သူ့အတွက် စိတ်ပူစရာတစ်ခုလိုပါပဲ။

တစ်ချိန်က သူတို့၏ အလေ့အကျင့်များသည် အတူတူပင် ဖြစ်သော်လည်း သူကတော့ တဖြည်းဖြည်း နောက်ကျကျန်ခဲ့သည်။

ကျန့်ပေသည် တားမြစ်မြေကြီကို လွယ်လွယ်ကူကူ ဖြတ်ကျော် နိုင်ခဲ့သော်လည်း သူကတော့ တားမြစ်လူသားကိုသာ ချိုးဖျက်နိုင်ခဲ့သည်။ ဒါက အရည်အချင်းလား။ ကျန့်နမ်လည်း သူ့စိတ်ထဲ တော်တော် တွေးနေမိပြီဆိုတာ သူ့ကိုယ်သူ ​သိပြီး အဲဒီလုပ်ရပ်တွေက သူ့နှလုံးသားရဲ့ ချည်နှောင်မှု တစ်ခုလို ဖြစ်လာကာ သူ့ရှေ့ဆက်ရမယ့် လမ်းကို ပိတ်ဆို့လိုက်ပါ၏။

"သူငယ်ချင်း တစ်ယောက်အနေနဲ့ မင်းတို့​​ကို အသိပေးဖို့ ငါ့မှာ တာဝန်ရှိတယ်လို့ ငါထင်တယ်.... အနာဂတ်မှာ ကပ်ဆိုးနဲ့ နောင်တတွေ မဖြစ်စေရအောင်ပေါ့"

လုရွှမ်သည် လူနှစ်ယောက်အပေါ် တကယ်ကို အထင်ကြီးပြီး သူတို့ကို နှလုံးသားထဲက သူငယ်ချင်းအဖြစ် မှတ်ယူလိုက်သည်။ အတိတ်ကို ပြန်တွေးကြည့်မိတော့ အမြဲနောင်တ ရမိပါသည်။ အရင်ဘဝက သူ့မှာ သူငယ်ချင်း များများစားစား မရှိခဲ့ဘူးမလား။ ဒီထက်ပိုပြီး သူငယ်ချင်းလုပ်ခဲ့ရင် သူငယ်ချင်းရဲ့ ရလဒ်က သူ့ကို ပြောင်းလဲသွား​စေနိုင်သည်။

"ဒါဆို အစ်ကိုလုရွှမ် ညီမတို့ ဘာလုပ်သင့်လဲ"

လုရွှမ်ကို သူမအစ်ကိုလို ခံစားလာရတာကြောင့် ကျန့်ပေ အစ်ကိုဟုဟာ အကောင်းဆုံး အစားထိုး ခေါ်လိုက်သည်။ ထိုစကား ထွက်လာပြီးနောက် ကျန့်​ပေမျက်နှာက နီရဲလာ၏။

"မင်းကို ငါ့ညီမအဖြစ်ထားရတာ အရမ်းဂုဏ်ယူပါတယ်.... ဘာလုပ်ရမလဲ ဆိုတော့ ကိုယ့်နှလုံးသားနဲ့ ကိုယ့်လမ်းကိုယ်သွားပါ... အဲဒါကို ပြောင်းလဲပြီး မင်းရဲ့ကိုယ်ပိုင် အကြံဉာဏ်တွေကို လိုက်နာရင် အဆင်ပြေလာလိမ့်မယ်"

​မောင်နှမနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ချိန်တည်း ခေါင်းညိတ်သည်။ အပြောင်းအလဲ လုပ်လိုပါက ဖြစ်နိုင်ချေရှိသော အပြောင်းအလဲများကို လိုက်လုပ်လျှင် ကြီးမားသော ရလဒ်တစ်ခု ဖြစ်လာလိမ့်မည်။

"ကောင်းပြီ သိပ်စဉ်းစားနေဖို့ မလိုပါဘူး.... ဒီလိုပြောင်းလဲမှုမျိုးက တစ်ရက်နှစ်ရက် အတွင်း မဖြစ်လာနိုင်ဘူး... အတွေ့အကြုံကနေ တစ်ဆင့် ကိုယ့်အသိဥာဏ်နဲ့ကို သင်ယူရမှာ... ဖြည်းဖြည်းချင်း သွားရမယ်..."

"ဟုတ်ပြီ ငါတို့ဘယ်ကို သွားသင့်တယ်ဆိုတာ ဆန်းစစ်ကြည့်ရအောင်... နောက်ဆုံးတော့ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူးလေ ငါတို့မှာ သလင်းကျောက်တွေ ဘယ်လောက်ပဲရှိရှိ ငါတို့က အဲဒါတွေကို ဖြုန်းတီးပစ်လို့မရဘူး... မြေပုံပေါ်က ဧရိယာကို အမြန်ကြည့်ကြည့်လိုက်... ရတနာတွေ အများဆုံးထွက်တဲ့ နေရာကို သွားကြရအောင်”

ထုံးစံအတိုင်း မောင်နှမနှစ်ယောက်ကလည်း ရတနာတွေရှာဖို့ ဒီကိုလာခဲ့ကြတာမလို့ ချက်ချင်း သဘောတူလိုက်ကြသည်။

"ပြီးခဲ့တဲ့ အချိန်တုန်းက ဧရိယာ၁၃မှာ ကောင်းတဲ့အရာတွေ အများကြီး တွေ့ခဲ့တယ်... ဒါပေမဲ့ တော်တော် အန္တရာယ်များတယ် အခု အစ်ကိုလုရွှမ်နဲ့ ပူးပေါင်းလိုက်နိုင်တဲ့ အတွက်.... ငါတို့သေချာပေါက် အများကြီး ရနိုင်လောက်တယ်"

"ကောင်းပြီ ဒါဆို ဧရိယာ၁၃ကို သွားမယ်"

All Chapters