← Chapters

အခင်းအကျင်း လမ်းကြောင်း

Vol. 98 Ch. 4.983

အခင်းအကျင်း လမ်းကြောင်း

Vol. 98 Ch. 4.983

လူသုံးယောက် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လူတစ်စုသည့် နတ်တောင်ပေါ်ကနေ ပြေးထွက်လာကြသည်။ ထွက်ပေါက်မှာ လူရှစ်ယောက်ရဲ့ အလောင်းတွေကို တွေ့လိုက်ရတဲ့အခါ သူတို့ရဲ့ အမူအရာတွေ ရုတ်ချည်း ပြောင်းလဲသွားကြသည်။

"ဒီလူယုတ်မာတွေတော့.... တောရိုင်း အစားအစာတွေကို လိုက်မရှာဖို့ ငါပြောထားရဲ့သားနဲ...ညဘက်မှာ လမ်းအရမ်းလျှောက်ရင် နောက်ဆုံးမှာ သရဲတစ္ဆေတွေနဲ့ တွေ့လိမ့်မယ်... ဟမ့် သေထိုက်ပေမယ့် သေသွားတာတော့ သနားစရာပဲ"

ဦးဆောင်သူသည် ကျိန်ဆဲပြီး လူရှစ်ဦး၏ အလောင်းများကို ကြည့်ကာ ထပ်ခါထပ်ခါ ကျိန်ဆဲပြန်သည်။

"အစ်ကိုကြီး... တစ်ခုခုတော့ မှားနေပြီ အရမ်းကြီး မရုန်းကန်ထားဘူး အနီးနားတစ်ဝိုက်မှာ ထင်ရှားတဲ့ အမာရွတ်တွေလည်း မရှိဘူး... ဆရာ​ကြီးတစ်ယောက် ဝင်သွားတဲ့ အတိုင်းပဲ"

"လူ ၃ ယောက်ပဲ ဖြစ်မယ်... သတ်ထားတဲ့ နည်းလမ်းက လုံးဝကို မတူဘူး... လူသုံးယောက်က ပြစ်မှုကျူးလွန်သွားတာပဲ ဖြစ်မယ်"

ခေါင်းဆောင်က ကျိန်ဆဲဆဲတွင် သူ့​လူများပြောတာကို ကြားသောအခါ ထပ်၍ ဆိုပြန်သည်။

"ဒီလူယုတ်မာတွေက သေထိုက်တယ်! ဒါပေမဲ့ သူတို့က ငါတို့ရဲ့ ညီအစ်ကိုတွေလေ... အဲ့တော့ သူတို့ဥစ္စာကလည်း ငါတို့ဥစ္စာပဲ... ပစ္စည်းတွေကို သိမ်းသွားတဲ့လူက ဒီသခင်လေးကို အပြစ်လာလုပ်တာပဲကွ! ပြန်ယူရမယ်..."

“ဟုတ်တယ် အစ်ကိုကြီး!"

ပါးစပ်ချွန်ပြီး မျောက်ပါးပြင်နဲ့ လူတစ်ယောက်က အားရပါးရ ထောက်ခံလိုက်သည်။ ထို့နောက် သူက အလောင်းကို အနံ့ခံပြီး နှာခေါင်းကို ရှုံချည်ပွချည် လုပ်ကာ ခဏကြာတော့ အရပ်မျက်နှာတစ်ဖက်ကို ညွှန်ပြလိုက်သည်။

"ဟိုဘက်!"

သူ ညွှန်ပြသော ဦးတည်ချက်မှာ လုရွှမ်တို့ ထွက်ခွာသွားသွားသော နေရာပဲ ဖြစ်သည်။

"စကားမစပ် ယိရှန်တောင်ကြားထဲကို ဝင်တော့ တောင်ထိပ်တစ်ခုကို ငါ လှမ်းတွေ့လိုက်တယ်... အဲဒါက တော်တော်ကို ဖုံးကွယ်ထားတဲ့ အတိုင်းပဲ ရုတ်တရက် ပြန်ပျောက်သွားတာ မင်းတို့​ရောမြင်ဖူးလား"

ကျန့်ပေက "အစ်ကိုလုရွှမ်... အဲဒါ အံ့ဩစရာ မဟုတ်ပါဘူး... တကယ့် နတ်တောင်တန်းကြီးလေ.... တကယ့် မြင့်မြတ်တဲ့ နတ်တောင်လို့ ခေါ်တယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုထိ မြင့်မြတ်တဲ့ နတ်တောင်လို့ ခေါ်တဲ့ နေရာအစစ်ကို ဘယ်သူမှ ရှာမတွေ့သေးဘူး"

"နတ်တောင်မှာ အူတိုင်ရှိတယ်... တချို့လူတွေကတော့ နတ်တောင်က သူ့ကိုယ်သူ နတ်ဘုရားအဖြစ် မွေးဖွားထားပြီတဲ့... အဲဒါကိုတော့ နတ်ဝိညာဥ်တောင်လို့ ခေါ်ကြတယ်... ညီမတို့ ကျင့်ကြံသူတွေလိုပဲ သူ့ကိုယ်သူ အဆင့်မြင့်ထားတာပေါ့... ဒဏ္ဍာရီအရဆိုရင် နတ်တောင်က အသိအမှတ်ပြုခံရတဲ့ ပါရမီရှင်ကပဲ နတ်ဝိညာဥ်တောင်ပေါ် တက်နိုင်မှာ"

"ဒါပေမဲ့ ဒီဒဏ္ဍာရီက မှန်လားမှာလား ဘယ်သူမှ မသ်ဘူး...တကယ်တော့ အခုချိန်ထိ နတ်ဝိညာဥ်တောင်ပေါ်ကို တကယ် ဆင်းသက်ခဲ့တဲ့ ဒဏ္ဍာရီတစ်ခုမှ မပြနိုင်သေးဘူးလေ... အဲဒါ လှပတဲ့ စိတ်ကူးလေး တစ်ခုလို ဖြစ်နေတုန်းပဲ"

ထိုစကားတွေ ကြားပြီးနောက် လုရွှမ် သူ့စိတ်ထဲတွင် နားမလည်နိုင်သော အတွေးတစ်ခု ရုတ်တရက် ဝင်လာခဲ့သည်။ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ၌ ထူးဆန်းစွာ ဖြစ်ပျက်သွားသည်။ သူ ကောင်းကင်ဘုရင် နန်းတော်သို့ ရောက်သောအခါ ကောင်းကင်ဘုရင် နန်းတော်က ပြောင်းလဲသွားရာ ယခု သူသည် နတ်ဝိညာဉ်တောင်တန်းသို့ ရောက်ရှိလာဦးမည်လား မသိ။

သူရောက်တာနဲ့ နတ်ဝိညာဥ်တောင်က ပွင့်လာမလားဆိုတာ ပြောရခက်တာကြောင့် ခဏလောက် ပြုံးပြီး ခေါင်းခါယမ်းလိုက်လေသည်။ ၎င်း ဖွင့်လိုက်သည်နှင့် မည်မျှ ကြီးကျယ်သော အခွင့်အလမ်း ဖြစ်လာမည်ကို တွေးကြည့်နိုင်သော်လည်း မည်မျှ အန္တရာယ်ရှိမည်ကိုလည်း တွေးကြည့်နိုင်ပါသည်။

အခုထိ ဒီကို ဘယ်လိုလုပ် ရောက်လာမှန်း မသိသေးချေ။ တောင်တစ်သောင်းကမ္ဘာကနေ လွတ်လာတဲ့ လူတွေရော ဒီကို ရောက်လာကြသလား။ နတ်တောင်ထဲကို နက်နက်နဲနဲ ဝင်သွားကြပြီလား မသိ။

သူတို့သည် လှောင်အိမ်ထဲမှာ အကျဉ်းချမခံခင်မှာ အားလုံးက ပါရမီရှင်တွေ ဖြစ်သည်။ ယခုမူကား နောက်ဆုံးတွင် သူတို့သည် ဤလောကသို့ ပြန်လာခဲ့ပြီ။ ကောင်းကင်နှင့် မြေကြီး၏ ရတနာများဖြင့်ပင် သူတို့၏ ကျင့်ကြံမှု အဆင့်သည် လျင်မြန်စွာ မတိုးတက်သေးချေ။

သို့သော် မရေမတွက်နိုင်သော အတွေ့အကြုံများကြောင့် သူတို့ ကျိန်းသေ အောင်နိုင်မည်ဟု ယူဆမိသည်။ လုရွှမ်လည်း ထိုလူများကို လျှော့မတွက်သင့်သော အင်အားတစ်ခုအဖြစ် သတ်မှတ်ထားကာ နတ်တောင်သည် ၎င်းတို့၏ မီးခိုးများနှင့် ပြည့်​နေ​ပြီဟုပင် တွေးကြည့်နိုင်သည်။

သွေးများသည် မြစ်ကဲ့သို့ စီးသွားလျှင်ပင် သူ လုံးဝ မအံ့သြ​တော့ပေ။ အခုတော့ တောင်ကုန်းတွေကြားမှာ လမ်းလျှောက်ရတာက ဝင်္ကပါထဲ လမ်းလျှောက်ရတာနဲ့ အတူတူပဲ။

"ဒါပေမဲ့ သတိထားပါ... ဒီလမ်းက အရမ်းထူးဆန်းတယ် ငါတို့လမ်းမှားသွားရင် သတ်မှတ်ထားတဲ့ ဧရိယာထဲကို ဝင်နိုင်မှာ မဟုတ်ဘူး"

လုရွှမ်သည် သတိမမူဝံ့ဘဲ ပူလောင်သောမျက်လုံးများဖြင့် လမ်းကြောင်းကို စိုက်ကြည့်နေသည်။ သူ့နှလုံးသားထဲတွင် လမ်းကြောင်းတွေကို တိတ်တဆိတ် မှတ်သားရင်း တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်ကို စောင့်ကြည့်လေ့လာနေ၏။

"ဒါက အခင်းအကျင်း ဖွဲ့စည်းမှုပုံစံတစ်ခုပဲ!"

တောင်တန်းများပေါ်ရှိ လမ်းများသည် အခင်းအကျင်းများကို ပုံဖော်ထားခြင်း ဖြစ်သည်။ အခင်းအကျင်းဖြင့် တောင်တက်လမ်းကို ပိုင်းခြားထားပြီး လမ်းကြောင်းများစွာတွင် မှန်ကန်သော လမ်းကို လျှောက်မှသာ မှန်ကန်သော နေရာကို ရောက်ရှိနိုင်မည်။

တချို့နေရာများသည် အလွန်အန္တရာယ် များနိုင်ပြီး တချို့နေရာများသည် ရတနာများ ဝှက်ထားသည့် နေရာများဟု ယူဆနိုင်သည်။ ဤနေရာသည် တစ်ချက် ကြည့်လိုက်လျှင် လမ်းက ရှင်းနေပုံရသော်လည်း ရှုပ်ထွေးမှုများက အခင်းအကျင်းကြောင့် ဖုံးလွှမ်းနေပုံရသည်။

ကောင်းကင်ဘုရင် နန်းတော်နှင့် နှိုင်းယှဉ်ပါက ဤနေရာ၌ ဖြစ်ပေါ်လာသော အခင်းအကျင်း အောင်မြင်မှုများက သိသိသာသာ မြင့်မားသည်။ ထို့အပြင် ဒြပ်စင်ငါးခုနှင့် ပါကွာ ဖွဲ့စည်းမှုများကို ထင်ရှားစွာ အသုံးပြုထားပြီး ချီမန်သွမ့်ကျာကလည်း ကောင်းကင်ဘုရင် နန်းတော်အထက်၌ ရှိသည်။

"တခြားသူတွေ စူးစမ်းလေ့လာဖူးတဲ့ နေရာတွေ နတ်တောင်ကြီးထဲမှာ အများကြီး ရှိရမယ် ဒါပေမဲ့ အပြင်လူတွေကို သူတို့အသိမပေးခဲ့ဘူး ဟုတ်တယ်မလား?"

"ဒါပေါ့!" ကျန့်ပေက ခေါင်းညိတ်သည်။

"တချို့နေရာတွေကို စူးစမ်းကြည့်မယ်ဆိုရင်တောင် သူများတွေကို လွယ်လွယ်နဲ့ မပြောတတ်ပါဘူး... ဒါပေမဲ့ အခင်းအကျင်း ဖွဲ့စည်းမှုကို မသိတဲ့ လူ​​တွေအတွက်ကတော့ သနားစရာပဲ"

လုရွှမ် ပြုံးပြီး "ငါနားလည်တယ်!"

မောင်နှမနှစ်ယောက်ရဲ့ မျက်လုံးများ တောက်ပလာသည်။ အခင်းအကျင်း နားလည်သော လူတစ်ယောက်ရှိလျှင် နတ်တောင်ကို စူးစမ်းသောအခါ အလွန်အကျိုး ရှိပေလိမ့်မည်။ ဥပမာအားဖြင့် မြို့ငယ်လေးဈေးတွင် လမ်းကြောင်းကို ရှာဖွေရန် အခင်းအကျင်း ပညာရှင်များကို အထူးရှာဖွေနေသူများ ရှိပါသည်။

သူတို့ စကားပြောနေစဉ်တွင် လုရွှမ်သည် သူလက်ချောင်းပေါ်၌ မီးအလင်းရောင်ကို ထွန်းညှိလိုက်ပြီး လေထုထဲက အခင်းအကျင်း လိုင်းများကို ဆွဲထုတ်လိုက်သည်။

အခင်းအကျင်း ပုံစံကို အလိုအလျောက် အကြိမ်အနည်းငယ် ဆန့်ထုတ်လိုက်ပြီး သူတို့နှစ်ဦးရှေ့တွင် အခင်းအကျင်း တစ်ခုကို တည်ဆောက်ခဲ့သည်။ ထို့နောက် မောင်နှမနှစ်ယောက်၏ ရှုပ်ယှက်ခတ်သော မျက်လုံးများရှေ့တွင်ပင် အခင်းအကျင်းများ တစ်ပြီးတစ်စ ပြိုကွဲသွားကာ အခြေခံ အကျဆုံးနှင့် အရိုးရှင်းဆုံး ပုံစံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အရမ်း ရှုပ်ထွေးလွန်းတယ်... ဒီနေရာက ခန့်မှန်းလို့ မရတာ အံ့ဩစရာ​တော့ မဟုတ်ပါဘူးလေ"

ကျန့်ပေ ဒေါသတကြီးပြုံးကာ ခေါင်းခါလိုက်သည်။ တစ်ချိန်က အခင်းအကျင်းကို သူ့ဘာသာသူ သင်ယူချင်ခဲ့ပြီး အခြေခံတွေကို သဘာဝကျကျ လေ့လာခဲ့သည်။ အခုတော့ တော်တော်လေး ရှုပ်ထွေးနေတာ တွေ့လိုက်ရသည်။

သို့သော် လုရွှမ်သည် အလွန်ရှုပ်ထွေးသော ပုံစံများကို အခြေခံ အခင်းအကျင်း ဖွဲ့စည်းပုံများအဖြစ် တစ်ခုပြီးတစ်ခု ဖြိုခွဲလိုက်ျယ မြင်လိုက်ရသောအခါတွင် သူမ မပါဝင်နိုင်သည့် အခက်အခဲကို လုံးလုံး နားလည်သွားခဲ့သည်။

အခင်းအကျင်း ဖွဲ့စည်းမှုဆရာ တစ်ဦးကို အလွန်လေးစား​ကြတာ အံ့သြစရာ မဟုတ်ပါ။ အခင်းအကျင်း ပညာရှင်တချို့က ကောင်းကင်နှင့်မြေကြီး ရတနာများစွာကို လျင်မြန်စွာ ရှာဖွေနိုင်သော်လည်း တခြားလူများစွာသည် အချိန်အတော်ကြာအောင် အလုပ်များပြီးသည့် နောက်မှသာ တခြားသူများ ယူသွားသည့် လမ်းကိုသာ လိုက်လျှောက်နိုင်ခဲ့ကြသည်။

တခြားသူများ မေ့လျော့သွားတာ သို့မဟုတ် လျစ်လျူရှုထားသော ရတနာ အနည်းငယ်အတွက် တိုက်ပွဲဝင်ရခြင်းက ကွာဟချက်က အမှန်တကယ်ပင် ကြီးမားပါသည်။

"မင်းတို့အားလုံး တခြားလမ်းတွေကို မှတ်မိကြသေးရဲ့လား.... အဲဒါတွေကို ဆွဲပြီး စည်းမျဉ်းတွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်"

ကျန့်​ပေ၏ မြေပုံပေါ်တွင် မှတ်တမ်းတင်ထားသော ဧရိယာစုစုပေါင်း ဆယ့်သုံးခုရှိပြီး သူမက လမ်းဆယ့်သုံးလမ်း တိတိကို ဆွဲခဲ့သည်။

လုရွှမ်သည် သူ့နှလုံးသားထဲတွင် မျဉ်းကြောင်းများကို မှတ်တမ်းတင်ထားခဲ့သည်။ လက်များကို ကျွမ်းကျင်စွာ ဝေ့ယမ်းလိုက်စဥ် ဝိညာဥ်စွမ်းအင် အစီအရီက လေထဲတွင် တောက်လောင်နေလေ၏။ ၎င်းတို့၏ မျက်စိရှေ့တွင် တိတ်တဆိတ် ပြိုကွဲသွားသော အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုသည် အခြေခံ အခင်းအကျင်း အဖြစ်သို့ ပြောင်းလဲသွား​ပေသည်။

"ပေလေး....လုရွှမ် မင်းတို့ ဘာတွေလုပ်နေ​ကြတာလဲ"

လုရွှမ်ဟာ သူတို့ရဲ့ မူလအခြေအနေ အတိုင်း တစတစ ပြန်လည် တည်ဆောက်နေတာကို မြင်လိုက်ရတော့ ကျန့်နမ် မတတ်နိုင်ဘဲ မေးလိုက်သည်။

နောက်ဆုံးတော့ ကျန့်ပေက အခင်းအကျင်း ပုံသဏ္ဌာန်အနည်းငယ်ကို သင်ယူခဲ့သည်။ လုရွှမ်ရဲ့ အခင်းအကျင်း ပညာက အစပိုင်းမှာတော့ အနည်းငယ် ရှုပ်ထွေးနေခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူနားလည်လာခဲ့ပါသည်။

All Chapters