← Chapters

သတ်

Vol. 98 Ch. 4.984

သတ်

Vol. 98 Ch. 4.984

သူမက စိတ်လှုပ်ရှားစွာ ပြော​နေခဲ့သည်။

"အစ်ကိုကြီးလုရွှမ်က ဒီအခင်းအကျင်းတွေရဲ့ အခြေခံအုတ်မြစ်တွေကို နှိုင်းယှဉ်ကြည့်နေတာ... အဲဒီအခြေခံ အခင်းအကျင်း ဖွဲ့စည်းပုံတွေက တခြားအရာတွေဆီ ဦးတည်သွားလိမ့်မယ်.... ဒီအခင်းအကျင်း အခြေခံအုတ်မြစ်က ဘေးကင်းတဲ့ လမ်းကြောင်းကို ရှာဖွေနိုင်တယလေ... လမ်းကြောင်းသစ် တစ်ခု ရှာနိုင်ရင် ညီမတို့က တခြားသူတွေ ကျန်ခဲ့တဲ့ အရာတွေကို ကောက်ယူမယ့်အစား ကိုယ်တိုင် နယ်မြေသစ်တစ်ခုဆီ သွားလို့ရပြီ"

ကျန့်နမ်လည်း ဒီထဲဝင်လာတဲ့ လူတစ်ဦးဖြစ်တာကြောင့် နေရာသစ်တစ်ခုကို မစူးစမ်းချင်စိတ် ဘယ်လိုလုပ် မရှိဘဲနေပါ့မလဲ။ ဒါဆို တခြားသူများနှင့် ပြိုင်ဆိုင်ရန် မလိုအပ်တဲ့အပြင် နယ်မြေအတွင်း မြှုပ်နှံထားသော ရတနာများကို ရှာဖွေရုံသာ ရှိသည်။

ဒါပေမဲ့ ဧရိယာတစ်ခု ရှာဖို့ဆိုတာ ဘယ်လောက်​တောင် ခက်လိုက်သလဲ။ လူတော်တော်များများက သူတို့ဘဝနဲ့တောင် စမ်းသပ်ကြရသည်။ ကံကောင်းပါက သူတို့ဟာ နေရာတစ်ခုကို ရှာတွေ့ပြီး ကြီးမားတဲ့ ဆုလာဘ်တွေ ရနိုင်လောက်သည်။

ကံမကောင်းလို့ မဝင်ခင် အန္တရာယ်ရှိတဲ့ နေရာကို ရှာတွေ့ခဲ့ရင်တောင် ဘယ်လို သေသွားရမှန်းတောင် မသိနိုင်လောက်ချေ။

ဒါက အဆိုးဆုံးတော့ မဟုတ်ပါဘူး။ အဆိုးဆုံးကတော့ သူတို့သည် အခင်းအကျင်း ဖွဲ့စည်းမှုထဲမှာ ပိတ်မိနေပြီး ထွက်ပေါက်ကို ကြောင်စီစီနဲ့ ရှာနေတဲ့အချိန်မှာ အချိန်တွေ ကုန်သွားကာ စွမ်းအင် သလင်းကျောက်များ ကုန်ဆုံးသွားသည့် လူသေ အလောင်းခြောက်များ ဖြစ်လာနိုင်သည်။

သို့မဟုတ် စွမ်းအင်သလင်ကျောက် အများအပြား ရှိသော်လည်း ၎င်းတို့သည် အခင်းအကျင်း ဖွဲ့စည်းမှုထဲ၌ လှည့်လည်၍ အသက်ရှင်နေသော လူသေနှင့် တူသွားမည်။

မောင်နှမနှစ်​ယောက်သည် အခင်းအကျင်း အတွက်း လှည့်လည်သွားလာနေသော လူတချို့ကို မိမိတို့မျက်စိဖြင့် တပ်အပ် မြင်ဖူးသည်။ သူတို့ရဲ့ အသိစိတ်တွေက ပျောက်ဆုံးသွားသလိုပဲ နှစ်ယောက်သား သူတို့ပတ်ဝန်းကျင်မှာ ရှိနေရင်တောင် မခံစားနိုင်ကြပါဘူး။

အဲဒီလို ကျင့်ကြံသူတွေနဲ့ ကြုံလာတဲ့အခါ ခွန်အားမရှိရင် ကြုံသလို မကယ်တင်တာက အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင် အဲဒီလူတွေက အရူးအမူး ရှေ့ကို ပြေးလာပြီး သူ့ကို ကယ်တင်ခဲ့တဲ့ ကျင့်ကြံသူတွေကို ဆွဲထုတ်ပစ်မယ် ဒါမှမဟုတ် နတ်ဆိုးတွေအဖြစ် သတ်မှတ်ပြီး သေတဲ့အထိ အရူးအမူး သတ်ပစ်​ကြလိမ့်မယ်။

လုရွှမ် နောက်ဆုံးတွင် ပုံသဏ္ဌာန်အားလုံးကို ခွဲထုတ်လိုက်ပြီး အသက်ရှူထုတ်ကာ အနည်းငယ်လေး ခေါင်းကို ခါလိုက်သည်။ သူ့စိတ်ဝိညာဉ်နှင့်ပင် အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်မှုကို တွက်ချက်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။

"ရှိပြီးသား အခင်းအကျင်း ဖွဲ့စည်းပုံတွေက မလုံလောက်သေးဘူး...ငါ အများကြီး နားမလည်သေးဘူး ဒါပေမဲ့ ငါရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ကံကောင်းရင် ငါတို့ စူးစမ်းနိုင်တဲ့ ဧရိယာသုံးခုလောက် ရှိတယ်"

ဧရိယာသုံးခုသည် ၎င်းတို့၏ မျှော်မှန်းချက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

သုံးခုကို မပြောနဲ့ တစ်ခုတောင်မှ ခက်လိမ့်မယ်။ နယ်ပယ်အသစ် တစ်ခုကို စူးစမ်းလေ့လာလိုသော အဖွဲ့များသည် အနည်းဆုံး တစ်လခွဲထက် မနည်း ဖွဲ့စည်းထားရန် လိုအပ်ပြီး တွက်ချက်မှုများနှင့် ခန့်မှန်းချက်များကို ထပ်ခါထပ်ခါ ပြုလုပ်ရန် လိုအပ်ပါသည်။

အဲဒီနောက် ခုနစ်လမ်း သို့မဟုတ် ရှစ်လမ်းခန့်ရှိသော မူကြမ်းတစ်ခုသာ ထုတ်လုပ်နိုင်သည်။ ၎င်းတို့အနက်မှ တစ်ခုသာ မှန်ကန်နိုင်ချေ ရှိသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က နည်းလမ်းရှာထားရန် လိုအပ်​သေးသည်။

အန္တရာယ်လား?

အန္တရာယ် ရှိသော်လည်း အန္တရာယ်ကို အကြီးမားဆုံး အတိုင်းအတာအထိ လျှော့ချထားနိုင်သည်။ နောက်ပိုင်းတွင် အလွန် အန္တရာယ်များသော ဧရိယာ၌ တွေ့ရှိခဲ့သည့် အရာများနှင့် နှိုင်းယှဉ်ပါက အသေအပျောက် အနည်းငယ်သည် ရှိလာကာ လုံးဝ ခံနိုင်ရည်ရှိသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာလိမ့်မည်။

"ဒါဆို ဘာကိုစောင့်နေတာလဲ မြန်မြန် သွားကြည့်ရအောင်လေ"

ကျန့်ပေက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

လုရွှမ် ပြုံးပြီး "ငါစောင့်နေတာက ငါတို့နောက်ကနေ လိုက်လာနေတဲ့ လူတွေကို..."

သေချာပါတယ်။ သိပ်မကြာခင်မှာပဲ လူတစ်စု သူတို့အနောက်ကနေ တဖြည်းဖြည်း ပေါ်လာပြီး သူတို့ကို ရက်စက်ကြမ်းကြုတ်စွာ လိုက်ရှာနေကြလေသည်။

၎င်းတို့က လူသုံးယောက်ကို မြင်လိုက်ရသဖြင့် အမြန်ပဲ ပြေးလာခဲ့သည်။ အရှေ့က ကျင့်ကြံသူက သူ့နှာခေါင်းကို တဆတ်ဆတ် ရှုံ့ပြပြီး "အစ်ကိုကြီး ဒီသုံးယောက်ပဲ" လို့ အော်လိုက်၏။

"ဟမ့် ငါ့ညီအစ်ကိုကို သတ်ရဲတဲ့လူတွေက နတ်မီးနယ်ပယ်က အငယ်တန်း သုံးယောက် ဖြစ်နေတာပဲ... တော်တော်လေး သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား ငါ့မှာ ကျားသစ်ခေါင်းလို့ နာမည်ဆိုး ရှိနေတာကို မင်းတို့ မသိဘူးလား"

လူတစ်ခုက သူတို့သုံး​ယောက်ကို မြန်မြန်ဝိုင်းပြီး ကျားသစ်ခေါင်း ဆိုတဲ့ နာမည်ပြောင်နဲ့ ယောက်ျားက သူတို့သုံးယောက်ရှေ့မှာ လျှောက်သွားလေသည်။ ကျားသစ် မျက်လုံးတစ်စုံက သူတို့သုံးယောက်ကို အကဲခတ်ပြီးနောက် နောက်ဆုံး လုရွှမ် အပေါ်သို့ ရောက်သွားခဲ့သည်။

"အပြစ်ကင်းတဲ့ နှလုံးသားလား...ဟမ့် ဒါဆို တရားခံက မင်းပဲ ဖြစ်မယ် ဟုတ်တယ်မလား ကောင်လေး... မင်းရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်ဘူး ဒါပေမဲ့ မင်းရဲ့ လူသတ်ချင်စိတ်ကတော့ ပြင်းထန်တယ်!"

လုရွှမ် မောင်နှမနှစ်​​ယောက်​ကို ကြည့်​လိုက်​သည်​။ ကျန့်နမ်နဲ့ ကျန့်ပေတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လေးနက်စွာ ခေါင်းညိတ်ပြကြသည်။ လုရွှမ် ပြောတာ မှန်ပါ၏။ တစ်ဖက်လူတွေက သူတို့ရဲ့ အတွင်းစိတ်တွေကို အလွယ်တကူ မြင်နိုင်ကြလေသည်။

ပေါင်းစပ်သိုင်းက လေ့ကျင့်ရခက်ပြီး ချိုးဖျက်ရတာလည်း လွယ်တာမို့ မလေ့ကျင့်တာ ပိုကောင်းပါသည်။

တီးတိုးသံနှင့်အတူ ကျန့်နမ်သည် သူ့ဓားရှည်​ကြီးကို ထုတ်လိုက်ပြီး ကျန့်ပေကလည်း ဓားကို ထုတ်ကာ ပထမဦးစွာ တိုက်ခိုက်လေသည်။ သူမ၏ လှုပ်ရှားမှုများသည် ထက်မြက်ပြီး ရောင်ဝါက ပြင်းထန်သဖြင့် သူမ၏ ယခင် ငြိမ်သက်ပြီး ဘာမှမထူးခြားသော အသွင်အပြင်ကို ပြောင်းလဲသွားစေသည်။

ကျားသစ်ခေါင်းက "ဒီနေ့ခေတ် လူငယ်တွေက ကောင်းကင်က ဘယ်လောက်မြင့်တယ် ဆိုတာ မသိကြတော့ဘူး....ငါ..."

ဓားတစ်ချောင်းက သူ့ခေါင်းကို ပျံသန်း တိုက်ခိုက်လာတာကြောင့် ကျားသစ်ခေါင်းက တုန်လှုပ်သွားပြီး အမြန် လှိမ့်ကာ ရှောင်လိုက်လေသည်။ လုရွှမ်က သူ့လက်ထဲမှာ ဓားတစ်လက်ကို ကိုင်ထားလျက် သူ့ကို လှောင်ရယ်သံနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။

"မင်း စကားများလွန်းတယ်!"

"နတ်လက်နက်?" ကျားသစ်ခေါင်းက ဟစ်အော်လိုက်သည်။

"သူကိုသတ်! နတ်လက်နက်ကို လုကြ!"

"ကြည့်... ဒီလိုလူတွေကို အသက်ရှင်ခိုင်းထားလို့ ဘာအကျိုးရှိမှာလဲ... တခြားသူတွေကို ဒုက္ခပေးရုံကလွဲလို့ ဘာအကျိုးမှ မရှိဘူး လောဘကြီးတယ် လောဘကြီးလွန်းတယ်... အကျိုးအမြတ် နည်းနည်းရရင် ဘာကိုမှ မစဥ်းစားတတ်ကြတော့ဘူး..."

လုရွှမ် ဆိုတော့ ကျန့်နမ်နဲ့ ကျန့်ပေတို့ မောင်နှမ နှစ်ယောက်က ကျားသစ်ခေါင်းရဲ့ ဆိုးရွားတဲ့ မျက်လုံးတွေဟာ တကယ့်ကို ရွံရှာဖွယ်ကောင်းလှကြောင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

"သတ်ပစ်!" လုရွှမ် အော်လိုက်သည်။

ယွမ်ယန်ဓားကိုးစင်း၏ ပထမဆုံးသော ဓားဖြစ်သည့် လူနဲ့ဓားပေါင်းစည်းမှုက လွင့်ထွက်သွားသည်။ ကျင့်ကြံမှု တိုးတက်လာလေ ဓားသွားလမ်းကို ပိုနားလည်လာလေ ဖြစ်တာကြောင့် အားထုတ်တဲ့ စွမ်းအားက သဘာဝအတိုင်း ပိုအားကောင်းလာလေပြီ။

စူးရှသော ဓားစွမ်းအင်များ ထွက်လာသည်နှင့် တပြိုင်နက် တစ်ကမ္ဘာလုံး တုန်လှုပ်သွားသည့်နှယ် တုန်ခါသွား၏။

ချက်ချင်းပင် ကျားသစ်ခေါင်း ငြိမ်သက်သွားပြီး သူ၏ စိတ်ထဲတွင် ပူလောင်သော လောဘစိတ်များက အေးစက်သော ချွေးများဖြင့် ဖုံးအုပ်သွားခဲ့သည်။ သူ့ရှေ့က နတ်မီးနယ်ပယ်မှ ကောင်လေး ထုတ်လွှတ်လိုက်သော ဓားစွမ်းအားသည် သူ့စိတ်ကူးကို လုံးဝ ကျော်လွန်သွားခဲ့ပြီ။

သူသည် နတ်မီးနယ်ပယ်က လူတစ်ယောက်နဲ့ ရင်ဆိုင်နေရတာ သေချာသော်လည်း သူ့ထက်သန်မာသော သခင်တစ်ယောက်ဆီက ဒေါသကြီး လည်ပင်းညှစ်ခံနေရသလို သိသိသာသာ ခံစားနေရသည်။

နတ်ဓားကို သူ ဘယ်လောက်တောင် တောင်းဝံ့ခဲ့တာလဲ။

ဒီညီအစ်ကိုတွေ အတွက်တော့ သူတို့က သစ္စာဖောက်ဖို့ ဝန်မလေကြဘူးလေ။

ကျားသစ်ခေါင်းက သူ့လက်ကို ဝှေ့ယမ်းကာ အရင်တစ်ခေါက်က နတ်တောင်၌ တွေ့ရှိခဲ့သော မှော်လက်နက်တစ်ခုကို ဆွဲထုတ်လိုက်သည်။ သို့သော် သူသည် ဤအခိုက်အတန့်ကို ဂရုမစိုက်နိုင်တော့ဘဲ နတ်ဓားကို ပစ်ပေါက်လိုက်သည်။

"ပေါက်ကွဲ!"

မှော်လက်နက်က အားကောင်းပေမယ့် ဒီနတ်ဓားကို တွန်းလှန်ချင်တယ် ဆိုရင်တော့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေကို ဖယ်ထားမှ ရလိမ့်မည်။ နတ်လက်နက်တွေက အဖိုးတန်ပေမယ့် ကိုယ့်အသက်ကို လွတ်မြောက်ဖို့က ပိုအရေးကြီးတယ် မဟုတ်လား။

ဝုန်းကနဲ အသံနှင့်အတူ ကျားသစ်ခေါင်း၏ မှော်လက်နက်သည် ပြင်းထန်သော အလင်းရောင်ဖြင့် တောက်ပစွာ ပေါက်ကွဲထွက်သွားသည်။ ဖြူဖွေးသော အလင်းရောင်များကြောင်း လူတိုင်း မျက်လုံးများကို မှိတ်ကာ အော်ဟစ်နေလေသည်။

ကျားသစ်ခေါင်း ပြန်လှည့်ကြည့်လိုက်သည်။ လုရွှမ်၏ မျက်လုံးများက ပူလောင်နေပြီး နေမျက်လုံးနှင့်ပင် စူးစူးရဲရဲ တောက်ပြောင်နေသော ထိုအလင်းရောင်ကြောင့် နောက်ဆုတ်ရန် လုပ်နေရဆဲ။ သို့သော် နတ်ဓားကို ထိခိုက်ခြင်းအတွက် လုံးဝ ဖြစ်နိုင်ချေ မရှိသေးပါဘူး။

ထက်ရှသော ဓားစွမ်းအင်သည် ကျားသစ်ဦးခေါင်း၏ မယုံကြည်နိုင်သော မျက်လုံးများရှေ့တွင် သူ့ဝိညာဉ်ဒိုင်းလွှားနှင့် မှော်လက်နက်ကို ထိုးဖောက်ကာ နှလုံးတည့်တည့် ထိုးစိုက်သွားလေ၏။

ပိုကြောက်စရာ ကောင်းတာက ဓားစွမ်းအင်က ခန္ဓာကိုယ်ထဲကို ဝင်လာပြီးတာနဲ့ ဒန်တန်ဆီအထိ ဦးတည် ထိုးဖောက်ဝင်ရောက် သွားခဲ့လေသည်။

သူ့စိတ်ထဲက ပေါက်ကွဲသံ ထွက်လာသည်နှင့်အမျှ ကျားသစ်ခေါင်းမှာ ထာဝရ သတိလစ်သွားခဲ့​တော့သည်။

အလင်းရောင် မှိန်ဖျော့သွားသည်နှင့် တခြားသူများသည် လုရွှမ် အဝေးသို့ လွင့်သွားမှာကို ထိတ်လန့်စွာ စောင့်ကြည့် နေကြသော်လည်း သူ့ခန္ဓာကိုယ်က တစ်နေရာတည်းတွင် မတ်တပ်ရပ်နေကာ ကျားသစ်ခေါင်းကတော့ မလှုပ်မယှက် ဖြစ်ကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဘာသာပြန် - ဒန်တန်ကို နောက်ပိုင်းမှာ ကျင့်ကြံခြင်းအမြုတေဟု ပြောင်းလဲ ဘာသာပြန်သွားပါမယ်။

All Chapters