← Chapters

လွင့်နေတဲ့လူ

Vol. 98 Ch. 4.985

လွင့်နေတဲ့လူ

Vol. 98 Ch. 4.985

လူတိုင်းသည် လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြပြီး ၎င်းတို့နှစ်ဦးကြား အကွာအဝေးနှင့် လှုပ်ရှားမှုများကို ကြည့်လိုက်သောအခါ ကျားသစ်ခေါင်းက လုရွှမ်ကို လုံးဝ မယှဉ်နိုင်မှန်း သိလိုက်ရသည်။

သူတို့ ပိုလို့တောင် တုန်လှုပ်သွားတာက အခုနတုန်းက ဓားအစွမ်းပါပဲ။ သူတို့ကို ဦးတည် တိုက်ခိုက်လာခြင်း မပြုသော်လည်း ဖြာထွက်နေသော ရောင်ဝါက လူတိုင်းကို ၎င်းရဲ့စွမ်းအင်တွေကို ခံစားနိုင်စေသည်။ ကျားသစ်ခေါင်းသည် ထိုဓားကို မပိတ်ဆို့နိုင်သည့်အပြင် အလားတူပင် ၎င်းတို့လည်း ပို၍ပင် မပိတ်ဆို့နိုင်ပေ။

"ပြေးတော့ဟ!"

ထိတ်လန့် တုန်လှုပ်နေသော လူများသည် လှည့်ကြည့်ကာ တွန်းလှန်လို စိတ်မရှိ​တော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးသွားကြသည်။

"သူတို့ကို တား!"

လုရွှမ် အော်လိုက်သည်။

ကျန့်နမ်နဲ့ ကျန့်ပေတို့ တခဏမျှ ထိတ်လန့်သွားသော်လည်း လုရွှမ်စကားကို နားထောင်ပြီး ထွက်ပြေးသွားသူများကို သတ်ရန် လုရွှမ်နှင့်အတူ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။

သိုလှောင်လက်စွပ်များကို ရိတ်သိမ်းလိုက်တဲ့အခါ အတွင်းမှ ကြွယ်ဝသော စည်းစိမ်တွေကြောင့် သူတို့နှစ်ဦး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ဒီနေရာက အခင်းအကျင်း အားလုံးဟာ အချိန်အတော်ကြာ တီထွင်ထားတဲ့ နေရာတစ်ခုပါပဲ။ လူသုံးယောက် ထွက်သွားပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် ဆုတ်ခွာသွားသော လူသုံးဦး၏ ရုပ်ပုံများကို ကြည့်ကာ သူ့အမူအရာမှာ အလွန်အမင်း ထိတ်လန့်နေခဲ့လေသည်။

"ဟူး.... နတ်တောင်ထဲကို ဝင်လာတဲ့ ဆရာကြီးတွေ ပိုများလာတော့ အန္တရာယ်ကလည်း ပိုများလာတယ်.... မြန်မြန်ထွက်သွားတာပဲ ကောင်းတယ်"

လမ်းလျှောက် ထွက်လာရင်း အခင်းအကျင်း အပြင်ကို ရောက်တဲ့အခါ လူတွေအများကြီး စုဝေးနေကြတာကို တွေ့လိုက်ရသည်။ လုရွှမ်တို့အဖွဲ့ ထွက်လာတာကို တွေ့လိုက်သောအခါတွင် ရုန်းရင်းဆန်ခတ်နှင့် လူသတ်ချင်တဲ့ အငွေ့အသက်များကို ထုတ်လွှတ်လာကြသည်။

လုရွှမ်ရဲ့ စိတ်စွမ်းအားနဲ့အတူ သူ့နောက်မှ နတ်ဓားသည် ကျယ်လောင်စွာ ဟောက်လိုက်ရာ ၎င်းဓားသံသည် တိမ်တိုက်များကဲ့သို့ ပတ်ဝန်းကျင်ကို လှိုင်းခတ်သွား၏။ ပြင်းပြသော ဓားတစ်ချောင်း၏ စွမ်းရည်သည် ပြင်းထန်သော လေထုကို တုန်ခါစေ၍ ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ကို ဖန်တီး​​ပေး​လေ​သည်။

ထိုအခါ လူသတ်ချင်စိတ်တွေ ချက်ချင်း ရပ်သွား၏။ ကျန့်ပေသည် လုရွှမ်နံဘေးသို့ လျင်မြန်စွာ ပြေးသွားပြီး လုရွှမ်လက်ကို ကိုင်လျက် ပျော်ရွှင်မှု အပြည့်နှင့် လွှဲယမ်းနေလေသည်။ ယခုအချိန်တွင် အစ်ကိုဖြစ်သူ လုရွှမ်နဲ့နေရတာက လုံခြုံတယ်လို့ သူမ ခံစားနေရပြီ ဖြစ်သည်။

ကျန့်နမ်လည်း ပြုံးကာ နောက်မှ လိုက်သွားခဲ့သည်။ သူတို့သည် ယခုလို အခြေအနေများစွာကို ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဆုံတွေ့ပြီးချင်းပင် သူတို့နှစ်ယောက် ထွက်ပြေးသွားခဲ့သည်။ တခြားသူတွေနဲ့ ရန်ဖြစ်ရင် ဒဏ်ရာရစရာ သူတို့ နှစ်ယောက်ပဲ ရှိတယ်လေ။

လက်ရှိ အခိုက်တွင် တစ်စုံတစ်ယောက်သည် လမ်းပိတ်ဆို့ခြင်း လုပ်ငန်းကိုပင် စတင်ခဲ့ပြီး လမ်းအဆုံးတွင် စောင့်ရန် လူတစ်စုကိုလည်း စုရုံးစေခဲ့သည်။ သူတို့ ဆက်သွားချင်ရင် မိမိတို့ပစ္စည်းရဲ့ သုံးပုံတစ်ပုံကို ပေးချေခဲ့ရမည်ဟု ဆိုလေသည်။

ပထမဦးစွာ စွမ်းအင် သလင်းကျောက်ကို စားသုံးခြင်းကြောင့် လူများစွာသည် စိတ်မချမ်းသာသော်လည်း ခံနိုင်ရည်ရှိကြသည်။ တချို့လူတွေက လမ်းကြောင်းတစ်ခုမှာ အင်အားဖြန့်ကျက်၍ ပိတ်ဆို့ထားကာ ငွေကြေးကောက်ခံကြ၏။ အမှန်တကယ်တော့ ဖွံ့ဖြိုးပြီးခါစ ဧရိယာမှာ ဒီလိုလူတွေ ၀င်ချင်တယ် ဆိုရင်တော့ အထဲကို ဝင်ဖို့ စွမ်းအင်သလင်းကျောက်တုံး ၁သိန်း ပေးရမည်။

ထွက်လာတဲ့အခါ ရိတ်သိမ်းပြီးထားတဲ့ ပစ္စည်းရဲ့ သုံးပုံတစ်ပုံကို ပေးရမယ် ဆိုတဲ့ အခြေအနေတွေက ကြမ်းတမ်းလွန်းပေမယ့် ဘယ်သူမှ မပြောရဲကြပါဘူး။

ကံမကောင်းစွာဖြင့် ဤ​နေရာတွင် အားနည်းသူများက သန်မာသူများဆီက စွမ်းအင်သလင်ကျောက် လုယူရန်မှာ ပုံမှန်ကို မဟုတ်​​နေပေ။ ခွန်အားမရှိရင် အနိုင်ကျင့်ခံရဖို့ အလားအလာ အရှိဆုံးပါပဲ။

မောင်နှမ နှစ်ယောက်သည် လွန်စွာ ထက်မြက်ပြီး အစွမ်းထက်လှသည်။ ဒါပေမဲ့ သူတို့က နှစ်ယောက်တည်းပဲ ရှိ၏။ ဒါကြောင့် မျှော်စင်နယ်ပယ် သုံးယောက် လေးယောက်လောက်က ကိုင်တွယ်ဖြေရှင်းဖို့က ပြဿနာ မဟုတ်ပါဘူး။

ဒါပေမဲ့ မျှော်စင်နယ်ပယ်က ခုနစ်ယောက် ရှစ်ယောက်လောက် ဝိုင်းအုံလာရင်တော့ ထွက်ပြေးရတော့မှာပင်။ တကယ်လို့ ပိတ်ဆို့ခံထားရပြီး မလွတ်မြောက်နိုင်ပါက ကောင်းကင် ပစ္စည်းများနှင့် မြေကြီးဘဏ္ဍာများ၏ သုံးပုံတစ်ပုံကိုသာ လွှဲပြောင်းပေးရလိမ့်မည်။

အခုလုရွှမ်ရဲ့ အရှိန်အဟုန်က ပွင့်လန်းလာပြီး သူ့ညီမက ပြောစရာတောင် မလိုလောက်အောင် အရမ်းသဘောကျနေရာ ကျန့်နမ်လည်း မနာလိုဖြစ်သွားသည်။

အကြင်နာတရားတွေကနေ သူရှာခဲ့တဲ့ ကျပန်းပစ်မှတ်ဟာ တကယ်ကို အစွမ်းထက်တဲ့ ခွန်အားတွေ ရှိလိမ့်မယ်လို့ သူတကယ် မမျှော်လင့်ထားခဲ့ပါဘူး။ ပြီးတော့ သေးငယ်တဲ့ အတွေးအမြင်လေးတစ်ခုက သူတို့ကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေပင် ဖြစ်လာစေခဲ့သေးသည်။

သူတို့သုံးယောက် ထွက်သွားပြီးနောက် လုရွှမ် အသက်ရှူထုတ်လိုက်ပြီး သူ့ရဲ့ ​အရှိန်အဟုန်လည်း လျော့ပါးသွားခဲ့သည်။ ကျန့်ပေရဲ့ မျက်လုံးများထဲက ရှုပ်ထွေးမှုများကို မြင်လိုက်ရသည်နှင့် လုရွှမ်က ပြုံးကာ။

"ငါတကယ် မကြောက်ဘူးလို့ ထင်​နေတာလား? သူတို့ကအယောက် လူသုံးဆယ်ကျော်လောက် ရှိတယ်... သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရင် ငါတို့ သေဖို့ လမ်းရှာနေတာပဲ"

ထိုသို့ပြောပြီးနောက် သုံးယောက်သား ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ဘယ်သူမှ သူတို့နောက်က မလိုက်လာကြကြောင်း သတိပြုမိပြီးမှသာ သုံးယောက်သား ဖွဲ့စည်းမှုထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားခဲ့ကြသည်။

လုရွှမ်သည် စီစဉ်ထားသော အခင်းအကျငိး ဖွဲ့စည်းမှုပုံစံများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိသော်လည်း ၎င်းတို့ထဲမှ အမှန်တကယ် ရုန်းထွက်ရန်မှာ အလွန်ခက်ခဲလှသည်။ ဂရုမစိုက်ရင် သူတို့သုံးယောက် အန္တရာယ်ထဲ ကျသွားနိုင်သည်။

လမ်းတစ်လျှောက်ရှိ တောင်ကုန်းများက ရှုပ်ထွေးနေပြီး လမ်းကြောင်းအားလုံးကို ဖြန့်ကျက်ထားသည်။ ၎င်းတို့အားလုံးသည် အတိအကျ တူညီသော်လည်း တစ်စုံတစ်ခုကို ရယူလိုက်ပါက လုံးဝ ကွဲပြားခြားနားသော လမ်းကြောင်းဆီသို့ ဦးတည်သွားစေသည်။

"တစ်ယောက်ယောက် လာနေပြီ!"

လုရွှမ် ဆိုလိုက်သည်။

လမ်းသေးသေးလေးအတိုင်း လျှောက်လာရင်း သူ့စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်ထားသော်လည်း ကန့်သတ် ဆုပ်ကိုင်ထားသလို လက်ရှိ ဝိညာဉ်စွမ်းအားဖြင့်ပင် ခပ်ဝေးဝေးကို မတွေ့နိုင်လောက်အောင် ​ဖြစ်နေသည်။

အနီးနားရှိ အန္တရာယ်များကို သိရှိလိုပါက အမြင်နှင့် အာရုံများကိုသာ အားကိုးရတော့မည်။

တကယ်တော့ လုရွှမ်သည် သူ့စိတ်ဝိညာဉ် စွမ်းအားကို ဖိနှိပ်ထားတာက လမ်းကြောင်းများ မဟုတ်ဘဲ ပတ်ပတ်လည်ရှိ ထူထပ်သော တောင်ကုန်းများ ဖြစ်ကြောင်း ရှာတွေ့သွားခဲ့သည်။ ၎င်းတို့သည် နားမလည်နိုင်သော ရောင်ဝါများကို ဖြန့်ကျက်ထား၏။ အနီးကပ်ကြည့်လျှင် ထိုတောင်ကုန်းများသည် တောင်ကုန်းများမဟုတ်သော်လည်း ချောမွေ့စွာ ပေါင်းစပ်ထားသော ကျောက်တုံးများ အ​​နေ​ဖြင့်ပင် တွေ့ရလိမ့်မည်။

ဒီနေရာကို ဘယ်လို အခင်းအကျင်းနဲ့ စီစဉ်ထားသလဲ ကောင်းကင်ကပဲ သိနိုင်သည်။ ၎င်းသည် ကောင်းကင်ဘုရင်ကဲ့သို့ သဘာဝလွန် စွမ်းအားကြီးသော အကြီးအကဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ဤအရာအားလုံးကို ကောင်းကင်နှင့် မြေကြီးတို့က ဖန်တီးထားပြီး ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော နေရာကို သဘာဝက ဖန်တီးထားခြင်းလည်း ဖြစ်နိုင်သည်။

ကျန့်နမ်နဲ့ ကျန့်ပေတို့ နှစ်ယောက်လုံးမှာ ဘယ်သူ့ကိုမှ မတွေ့လိုက်ရတာကြောင့် ကြောက်ရွံ့သွားကြသည်။

ဒါပေမဲ့ သိပ်မကြာခင်မှာ လူတစ်ယောက်ဟာ တောင်ကုန်းတစ်ခုပေါ်ကနေ ဖြည်းညှင်းစွာ လျှောက်လာပြီး သူတို့နားကို ရောက်လာလေ၏။ သူ့မျက်လုံးများသည် တစ်စုံတစ်ခုသော လှည့်ဖြားမှုအောက်၌ နှစ်မြုပ်နေသကဲ့သို့ မှုန်မှိုင်းနေသည်။

ကျန့်ပေ သူ့နှုတ်ခမ်းကို လက်ညိုးထိုးပြလိုက်သည်။ လုရွှမ်ကို ခေါင်းခါပြပြီး စကားပြောကြမလားလို့ မေးခြင်းပင်။ လုရွှမ်ကတော့ ထိုလူကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ ဆိုတဲ့ အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုလူက ဖြည်းညှင်းစွာ ယိမ်းနွဲ့နေ၏။ သူ၏ရောင်ဝါမှာ အလွန်အားကောင်းသောကြောင့် သူသည် မျှော်စင်နယ်ပယ်က တန်ခိုးကြီးသော အရှင်သခင် ဖြစ်နိုင်သည်။ ထိုလူက လူသုံးယောက်ကို မမြင်ရပေမယ့် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမယ်ဆိုတာ ဘယ်သူက သိပါ့မလဲ။

ထိုလူက ကျန့်ပေဆီသို့ ဦးတည်သွား​နေသည်။

လုရွှမ်လည်း ကျန့်ပေထံ အလျင်အမြန် လက်ဝှေ့ယမ်းကာ သူမ၏ အနေအထားကို ရွှေ့ရန် ပြောသော်လည်း ထိုလမ်းကနေ ဘယ်လိုမှ ထွက်သွားလို့ မရဘဲ ​ဖြစ်နေသည်။ သူတို့သုံးယောက်ကို ကျော်လာသောအခါ လုရွှမ် လမ်းအကျယ်က လျော့ကျလာတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်သည် မတော်တဆ ဝေးရာလမ်းမှ ထွက်ခွာသွားပါက သူသည် ဤလူကဲ့သို့ အခြေအနေမျိုးသို့ ကျရောက်သွားနိုင်သည်။

ကျန့်နမ်က လျင်မြန်စွာ ဂရုတစိုက် ရွေ့လျားလျက် သူ့ညီမကို ဆွဲထုတ်လိုက်သည်။ ဒါက တစ်ခုခုကြောင့်လားမသိ။ ထိုကျင့်ကြံသူသည် ဆွဲဆောင်ခံနေရတဲ့ လူတစ်ယောက်လိုပဲ ကျန့်ပေဆီသို့သာ လျှောက်သွားပြန်တယ်။

သူမရဲ့ အပြစ်ကင်းသော စိတ်သည် ကြည်လင်တောက်ပ၏။ 'တောက်ပသော စင်မြင့်သည် ကျယ်လောင်သော်လည်း ပျောက်ကွယ်သွားသော ကျင့်ကြံသူအား နားမလည်နိုင်သော ဆွဲဆောင်မှုကို ဖြစ်စေသည်' ဟူသော စကားတစ်ခွန်းက လုရွှမ်စိတ်ထဲ ရုတ်ချည်း ထွက်ပေါ်လာလေသည်။

ကျန့်နမ်နဲ့ယှဥ်ရင် ကျန့်ပေရဲ့ အပြစ်ကင်းတဲ့နှလုံးသားက ပိုသန့်စင်ပြီး ဖြူစင်တာကြောင့် သဘာဝအတိုင်း ပိုဆွဲဆောင်မှု ပိုရှိပါသည်။

ကျန့်နမ်နဲ့ ကျန့်ပေတို့ မောင်နှမဟာလည်း ဤပြဿနာကို သတိပြုမိကြသည်။ နှစ်ယောက်သား ဖြည်းဖြည်းချင်း နောက်ပြန် ဆုတ်သွားကြပါ၏။ တစ်ဖက်လူ၏ ခြေလှမ်းများသည် နှေးကွေးကာ တုန်လှုပ်သွားသော်လည်း ဆက်လက်၍ လိုက်လာနေတုန်းပါပဲ။

All Chapters