အနီရောင်ပုတီးစေ့
Vol. 98 Ch. 4.987
"အဲဒါက?"
“ဒါက ဘယ်ကျမ်းပိုဒ်မှန်းတော့ မသိဘူး... သေလွန်သူတွေရဲ့ ဝိညာဉ်တွေကို ကယ်တင်တဲ့ ကျမ်းပိုဒ်မျိုး ဖြစ်နိုင်တယ်.... ဒီမှာ စမ်းကြည့်လိုက်တာ အသုံးဝင်မယ်လို့ မမျှော်လင့်ထားဘူး”
လုရွှမ် ပြောပြလိုက်သည်။
"မြန်မြန် ထွက်သွားရအောင်"
သုံးယောက်သား ဖြည်းဖြည်းချင်း ဆုတ်သွားကာ လုရွှမ်ကတော့ နားမလည်နိုင်သော ကျမ်းများကို ရွတ်ဆိုနေဆဲဖြစ်သည်။ နောက်လမ်းက ပိုအဆင်ပြေပြီး တစ္ဆေဝိညာဥ်တွေက အေးအေးဆေးဆေး လိုက်လာပေမယ့် အရေအတွက်က တဖြည်းဖြည်း နည်းလာပြီး တချို့ကဆို တိုက်ရိုက် ထွက်သွားကြပြီ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့ သုံးယောက်သည် လမ်းကြောင်းမှ ထွက်ခွာကာ နတ်တောင်၏ အတွင်းထဲသို့ ဝင်သွားသကဲ့သို့ပင် သူတို့ ပတ်၀န်းကျင်တွင် မြင်နေရသည့် လမ်းကြောင်းများက ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။
"အံ့သြစရာပဲ!"
လုရွှမ် သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။ ကျန့်ပေက ပြုံးပြီး ပြောလေသည်။
"ဝါး.... ဒီလိုထူးခြားတဲ့ နေရာကို ညီမပထမဆုံး ရောက်ဖူးတာပဲ... နတ်တောင်ထဲကို ပြန်ဝင်လာရသလို ခံစားရတယ်... ဒါပေမဲ့ ရှင်းမပြနိုင်လောက်အောင် ထူးဆန်းနေသလိုပဲ"
လုရွှမ်ရဲ့ နှလုံးခုန်သံကလည်း သူ နတ်တောင်ကို ပြန်ဝင်သွားပြီလားဟု မေးနေသည်။ စိတ်ထဲမှာ အရိပ်အမြွက် ရှိပုံရပေမယ့် အဲဒါက ဘာလဲဆိုတာကို အတိအကျ မပြောနိုင်ချေ။
လက်ရှိနေရာက ဝိညာဥ်စွမ်းအင်နဲ့ လေထုက တိတ်ဆိတ် ငြိမ်သက်နေပြီး ယခင်က ဤနေရာသို့ ဘယ်သူမှ မ၀င်ရောက်ဖူးကြောင်း ထင်ရှားပေသည်။
ကျန့်နမ်နဲ့ ကျန့်ပေတို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ လမ်းကြောင်းများကို မှတ်တမ်း တင်ထားကြသည်။ ဒါက နောင်တွင် လွတ်လပ်စွာ သွားလာရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။
"ငါတို့ ဒီကို ဝင်လာနိုင်ပေမယ့် သတိထားရမယ်... ဘာအန္တရာယ်တွေ ရှိနေလဲ ဘယ်သူမှ မသိနိုင်ဘူး"
သူတို့ သုံးယောက်ဟာ ကောင်းကင်ထက်တွင် သတိထား ပျံသန်းနေကြပြီး သူတို့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့ကြသည်။
"ပန်းကျောက်စိမ်းပဲ... ဘုရားရေ...."
"ဒါက ဒါက ထျန်းလင်းရေစင်"
သူတို့ သုံးဦးသည် ဤမျှလောက် များစွာသော ရတနာများကို တွေ့ရှိလိုက်ရခြင်း အတွက် အံ့အားသင့်သွားခဲ့ကြပြီး အားလုံးက ထိုရတနာများကို ပျော်ရွှင်စွာ စုဆောင်းခဲ့ကြသည်။
မကြာမီတွင် မြေမျက်နှာပြင်ပေါ်ရှိ အရာများကို မြင်နိုင်တော့မည် မဟုတ်သော်လည်း မြေအောက်၌ ရတနာများ ရှိနေဦးမှာတော့ သေချာပါသည်။
ဤနေရာ၌ တစ်လခွဲလောက် နေထိုင်ပြီးသည့်နောက် ဤထူးခြားသော နေရာ၌ ထူးထူးခြားခြား အန္တရာယ်များစွာ ရှိသော်လည်း သူတို့ သုံးဦးသည် အလုံးစုံနီးပါး တွန်းလှန်နိုင်ခဲ့ကြသည်။
"အဲဒါက ဘာလဲ?"
သူတို့ လေးလေးနက်နက် လျှောက်လာခဲ့ကြသည်။ သူတို့ သုံးယောက်ဟာ လောဘကြီးသူတွေ မဟုတ်သလို ဤဧရိယာထဲက အရာအားလုံးကို လုယက်ချင်စိတ်လည်း မရှိကြပါဘူး။
ကောင်းကင်၊ မြေကြီး၊ တောင်များနှင့် မြစ်များတွင် ဤအံ့ဖွယ်အရာတို့ကို မွေးဖွားပေးသော နတ်ဝိညာဥ်များ ရှိသည်။ ၎င်းကို ရနိုင်ပါက အခွင့်အလမ်းကောင်းပင်။ သို့သော်လည်း အတင်းအကြပ် သို့မဟုတ် အဆုံးမရှိ တောင်းဆိုမှုများ ပြုလုပ်ပါက အပြစ်ပေးခံရလိမ့်မည်။
သူတို့ သုံးယောက်စလုံးလည်း ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း သိပါ၏။
ဒါပေမဲ့ အားလုံးက ထွက်သွားခါနီးမှာပဲ ကျန့်ပေက လေထဲ၌ တိတ်တဆိတ် ထွက်ပေါ်လာသော ပုတီးစေ့လေးကို ညွှန်ပြလိုက်လေသည်။ ပုတီးစေ့လေးသည် လေထုအလယ်တွင် လွင့်မျောနေပြီး ၎င်းပတ်လည်တွင် တိမ်မှုန်များလည်း လွင့်မျောနေ၏။
အနီရောင် အလင်းတန်းက မှိန်ဖျော့သွားသော်လည်း တစ်ချက် ကြည့်လိုက်ပြီးလျှင် မျက်စိ မလွှဲနိုင်လောက်ချေ။
"ငါတို့ဝင်လာတုန်းက ဒီပုတီးစေ့ကို တွေ့လား"
လုရွှမ် မေးလိုက်သည်။ မောင်နှမနှစ်ယောက် ခေါင်းတခါခါဖြင့်။ မတွေ့ခဲ့ရချေ။ အကယ်၍ တွေ့ခဲ့ပါက ဘယ်တော့မှ လွှတ်ထားခဲ့မှာ မဟုတ်။
"နည်းနည်း နောက်ပြန်ဆုတ်"
နားမလည်သော အရာများဟာ သူတို့သည် အခွင့်အလမ်းတစ်ခု သို့မဟုတ် အကျပ်အတည်း တစ်ခုသာ ဖြစ်နိုင်ကာ အန္တရာယ် ရှိမရှိ ဘယ်သူမှ မသိနိုင်ပေ။ သတိထားတာက ဘယ်တော့မှ မှားသွားလိမ့်မည် မဟုတ်ပါ။
ကျန့်နမ်နဲ့ ကျန့်ပေတို့ ဖြည်းညှင်းစွာ နောက်ဆုတ်သွားကြသည်။ လုရွှမ် အသက်ပြင်းပြင်းရှူကာ သူ့ရှေ့တွင် နတ်ဝိညာဉ်ဒိုင်းနှစ်ခုကို တင်းတင်းကြပ်ကြပ် ကာထားရင်း ပြင်ဆင်လိုက်သည်။
ထို့နောက် သူ့လက်ချောင်းများကို ပွတ်သပ်လိုက်ရာ စိတ်ဝိညာဥ် မီးစလေးက အနီရောင်ပုတီးစေ့ကို ထိမှန်သွားသည်။
မီးတောက်က ပြန်လှည့်ပြေးလာ၏။ ၎င်းက အလွန်လျင်မြန်စွာ ပြန်လှည့်လာခဲ့ကာ စွမ်းအားသည်လည်း နှစ်ဆကျော် သိသိသာသာ တိုးလာသည်။ ထွက်သွားချိန်မှာတော့ မီးတောက်ငယ်တစ်ခုသာဖြစ်ပြီး ပြန်ထွက်လာတဲ့ အခါမှာတော့ မီးလုံးကြီးတစ်ခု ဖြစ်နေပြီ။
ကံကောင်းထောက်မစွာနဲ့ လုရွှမ်သည် အသင့်ပြင်ဆင်ထားခဲ့သည်။ နတ်ဝိညာဥ်ဒိုင်းလွှာက သူ့ကို ကာကွယ်ပေးထား သောကြောင့်သာ မဟုတ်ပါက ရလဒ်မှာ ရယ်စရာ ဖြစ်နေပေလိမ့်မည်။
ကျန့်နမ်နဲ့ ကျန့်ပေတို့ မောင်နှမ နှစ်ယောက်လည်း မီးတောက်တွေရဲ့ အစွမ်းကြောင့် သူတို့ စိတ်ထဲ ထိတ်လန့်သွားခဲ့သည်။ အကာအကွယ်မပါဘဲ ခန္ဓာကိုယ်မှာ မီးလောင်သွားရင် မသေရင်တောင် သူတို့ရဲ့ အရေပြားက ကျွတ်ထွက်မှာ သေချာပါ၏။
လုရွှမ် ဓားစွမ်းအင်ကို ထပ်မံ ပစ်ခတ်လိုက်ရာ ဓားစွမ်းအင်၏ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ယခင်ကထက် သုံးဆပို၍ ပြင်းထန်သော ဓားစွမ်းအင် တစ်ချက် ပြန်လည် ပစ်လွှတ်လိုက်သည်။
လုရွှမ်သည် အဆက်မပြတ် နောက်ပြန်ဆုတ်သွားကာ နောက်ဆုံးတွင် ရောင်ပြန်ဟပ်လာသော ဓားသွားကို ချေမှုန်းပစ်လိုက်သည်။
"ညီအစ်ကိုလု...ငါလာစမ်းကြည့်မယ်!"
ကျန့်နမ် တက်လာခဲ့သည်။ တခြားသူတစ်ဦးကို အစားထိုးလိုက်လျှင် အကျိုးသက်ရောက်မှုသည် လုံးဝ ကွဲပြားသွားပေမလား မပြောတတ်ချေ။ ကျန့်နမ်လည်း အကာအကွယ်ဖြင့် ဓားတစ်ချက် ထိုးလိုက်သည်။
သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က နောက်ပြန် ဆုတ်သွားခဲ့ရသည်။ လျင်မြန်စွာ မဆုတ်မခွာလျှင် သူတော့ သေလိမ့်မည်။ အကြောင်းမှာ သူ ရပ်နေခဲ့သည့် နေရာကို ခုတ်လှဲလိုက်သည့် အလွန်ကြီးမားသော ဓားတစ်ချောင်းကို မြင်လိုက်ရသောကြောင့်ပင်။
တိုက်ခိုက်မှု၏ စွမ်းအားနှင့် နှိုင်းယှဉ်ပါက ဤတစ်ကြိမ်သည် ဆယ်ဆထက် ပိုမိုအားကောင်းလာတာ သေချာပါသည်။
"ဒီပုတီးစေ့က သိပ်ထူးဆန်းနေပြီ"
ကျန့်နမ်က ကြောက်လန့်တကြား အော်ဆဲ။
လုရွှမ်ရဲ့ အတွေ့အကြုံကို မြင်ပြီးနောက် ဤပုတီးစေ့သည် အလွန်ထူးဆန်းသည်။ ထို့ကြောင့် သူ့တိုက်ခိုက်မှုက လုံးဝ အသုံးမဝင်သလို ရယူနိုင်တဲ့ အခြေအနေလည်း မရှိနိုင်ကြောင်း သူ သိလိုက်သည်။ ပုတီးစေ့မှ ရောင်ပြန်ဟပ်လာသည့် စွမ်းအားက အစောကထက် ပိုမိုအားကောင်းလာမယ်လို့ ဘယ်သူက ထင်ပါမလဲ။
ယခု တိုက်ခိုက်မှုသည် ဆယ်ဆဖြစ်နေပြီမလို့ ထပ်မံ ကြိုးစားပါက ပြန်လည် တုံ့ပြန်မှုသည် ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလိုက်မလဲ မတွေးရဲပေ။ တခြားအကြောင်းပြချက် ရှိနေနိုင်သည်။
ဤပုတီးစေ့သည် ထူးဆန်းသော်လည်း ထူးကဲသော အစွမ်များလည်း ပါရှိသည်ဟူသော အချက်ကို သေချာစွာ သက်သေပြနိုင်၏။ ၎င်းကိုသာ ထိန်းချုပ်နိုင်လျှင် ကျင့်ကြံသူ တစ်ယောက်ရဲ့ ခွန်အားကိုလည်း အလွန်တိုးတက်စေမည်မှာ သေချာပါသည်။
သူတို့နှစ်ယောက်က ကျန့်ပေကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။ ဖြစ်နိုင်တာက ဒီပုတီးလုံးက ယောက်ျားတွေကို မကြိုက်တာများလား။
"ဟင့်အင်း ညီမ မလိုချင်ဘူး.... ဒီပုတီးစေ့က အရမ်းအန္တရာယ်များတယ်"
ကျန့်ပေက ခေါင်းတွင်တွင်ခါရင်း အော်လိုက်သည်။
"ပေလေး... စမ်းကြည့်လိုက်ပါ.... မင်းမှာ မင်းကိုကာကွယ်ဖို့ ဒီပုတီးစေ့သာ ရှိနေရင် အပိုဘဝတစ်ခု ရလိုက်သလိုပဲ တကယ် ကံကောင်းလိမ့်မယ်"
ကျန့်ပေ ဒီအမှန်တရားကို သိပေမယ့် တကယ် ကြိုးစားရမယ် ဆိုရင်တော့ နည်းနည်း ကြောက်မိမှာ သေချာပါ၏။ သူမအရင်က မြင်ရသလောက်ဆို သူမအစ်ကိုက အဲဒါကြောင့် အန္တရာယ်ရောက်လုနီးပါး ရှောင်ခဲ့ရသည်လေ။
"စိတ်မပူပါနဲ့ ငါတို့ မင်းကို အနောက်ကနေ ကာကွယ်ထားပေးမယ်.... ဒီပုတီးစေ့က ရုတ်တရက် ဒီမှာပေါ်လာပြီး မင်းက ပထမဆုံး ရှာတွေ့ခဲ့တာ...သူက မင်းနဲ့အတူရှိဖို့ ရည်မှန်းထားတာ ဖြစ်နိုင်တယ် !"
ကျန့်ပေလည်း ထိုစကားကြောင့် ပုတီးစေ့အောက်တွင် ဂရုတစိုက် ရပ်လိုက်ပြီး ဓားနှင့် ထိုးချလိုက်သည်။ လုရွှမ်နဲ့ ကျန့်နမ်က သူမကိုဖမ်းပြီး ချက်ချင်း ပြေးထွက်သွားပေမယ့် သူတို့ကို ထိတ်လန့်စေတဲ့ ဓားစွမ်းအင်တွေက ပြန်မလည်ဖြစ်ခဲ့ပါဘူး။
ကျန့်ပေ - "ဘာတွေဖြစ်နေတာလဲ"
"ထပ်ကြိုးစားကြည့်!" လုရွှမ် အကြံပေးလိုက်သည်။
ကျန့်ပေလည်း သူ့ဓားကို ထပ်မံထိုးစိုက်လိုက်ရာ ပုတီးစေ့က ပေါက်သွားပြီး ရေအိုင်တစ်ခု ထွက်လာ၏။ လုရွှမ်နဲ့ ကျန့်နမ်တို့ အလွန်လျင်မြန်စွာ တုံ့ပြန်ကြပြီး ရှောင်ပေကို လှမ်းဆွဲလိုက်သည်။ မထင်မှတ်ပဲ ရေစီးကြောင်းက ပိုမိုမြန်ဆန်နေကာ ကျန့်ပေရဲ့ မျက်ခုံးထဲသို့ တိုက်ရိုက် ထိုးကျသွားလေသည်။